Accessibility links

Breaking News

အီရန္ကုိ ပိတ္ဆုိ႔အေရးယူျခင္း


(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

ကုလသမဂၢလုံၿခဳံေရးေကာင္စီဆုံးျဖတ္ခ်က္အမွတ္ ၂၂၃၁ ပါ အခြင့္အေရးအရ၊ ေအာက္တိုဘာလ ၁၈ ရက္ေန႔မွာ သက္တမ္းကုန္ဆုံးမယ့္ ကုလသမဂၢရဲ႕ အီရန္အေပၚ လက္နက္ေရာင္းဝယ္ေရး ပိတ္ဆို႔မႈကို အေမရိကန္ျပည္ေထာင္စုက ျပန္လည္အေရးယူလိုက္ပါတယ္။ သမၼတ Donald Trump ကလည္း အုပ္ခ်ဳပ္မႈအာဏာလုပ္ပိုင္ခြင့္အရ အီရန္ကို ေနာက္ထပ္ပိတ္ဆို႔မႈေတြနဲ႔ အေရးယူေၾကာင္း အမိန႔္ထုတ္ျပန္လိုက္ပါတယ္။ ဒီပိတ္ဆို႔မႈအမိန႔္အရအီရန္ရဲ႕ ႏ်ဴကလီးယားအစီအစဥ္၊ မစ္ဇိုင္းဒုံးလက္နက္နဲ႔ သမ႐ိုးက်လက္နက္စုေဆာင္းတာေတြကို ပံ့ပိုးေနတဲ့ ပုဂၢိဳလ္တဦးခ်င္းစီနဲ႔ ဒါဇင္နဲ႔ခ်ီတဲ့ အဖြဲ႕အစည္းေတြရဲ႕ ျပည္ပပို႔ကုန္ေတြကို ထိန္းခ်ဳပ္ အေရးယူဖို႔ျဖစ္ပါတယ္။

သမၼတရဲ႕ ဒီအမိန႔္ဟာ အီရန္ကို လက္နက္ေရာင္းဝယ္ေရးနဲ႔ ပတ္သက္တဲ့၊ ကုလသမဂၢရဲ႕ အေရးယူမႈကို အားျဖည့္ေပးတဲ့ အစြမ္းထက္တဲ့ လက္နက္ အသစ္ျဖစ္ၿပီး၊ ကုလသမဂၢအေရးယူမႈကို ေရွာင္လႊဲဖို႔ ႀကံစည္သူေတြကို တာဝန္ခံေစဖို႔ တြန္းအားျဖစ္တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo က သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုလိုက္ပါတယ္။

“က်ေနာ္တို႔ရဲ႕ ဒီကေန႔ အေရးယူမႈကို သတိေပးခ်က္တရပ္အျဖစ္နဲ႔ ကမာၻတဝန္းက ၾကားသိ သင့္ပါတယ္။ ဘယ္သူဘဲျဖစ္ျဖစ္၊ အီရန္အေပၚ လက္နက္ေရာင္းဝယ္မႈ ပိတ္ဆို႔တဲ့ ကုလသမဂၢရဲ႕ အေရးယူမႈကို ေဖာက္ဖ်က္ခဲ့ရင္၊ ဒဏ္ခတ္မႈေတြနဲ႔ ရင္ဆိုင္မွာျဖစ္ပါတယ္။"

ကုလသမဂၢဆိုင္ရာ အေမရိကန္အၿမဲတန္းကိုယ္စားလွယ္ Kelly Craft ကလည္း လုံၿခဳံေရးေကာင္စီက အီရန္အေပၚလက္နက္ေရာင္းဝယ္ေရး ပိတ္ဆို႔မႈသက္တမ္းတိုးဖို႔ ပ်က္ကြက္ခဲ့ၿပီးေနာက္၊ အေမရိကန္က မၾကာခင္က အခုလို အေရးယူရတာျဖစ္တယ္လို႔ ေထာက္ျပပါတယ္။

“က်မ ထပ္ခါတလဲလဲေျပာဘူးသလိုပါဘဲ၊ ဘယ္သူဘဲပ်က္ကြက္ပါေစ၊ က်မတို႔ကေတာ့ မပ်က္ကြက္ေစရပါဘူး။JCPOA - အီရန္ႏ်ဴကလီယားအေရးညႇိႏႈိင္းတဲ့ ပူးတြဲေကာ္မတီမွာ ပါတဲ့လုံၿခဳံေရးေကာင္စီအဖြဲ႕ဝင္ေတြက အီရန္အေနနဲ႔ ႏ်ဴကလီယားအႀကံႀကီးမႈကို ထိန္းထိန္းသိမ္းသိမ္းလုပ္ေကာင္း လုပ္ႏိုင္တယ္လို႔ ေလွ်ာ့တြက္ခဲ့ၾကပါတယ္။ ဒါဟာ ဆုံးျဖတ္ခ်က္အမွတ္ ၂၂၃၁ ရဲ႕ မူေဘာင္ပါ ပိတ္ဆို႔မႈ ထပ္သက္တမ္းတိုးေရး ပ်က္ကြက္ဖို႔အတြက္ အေၾကာင္းျပလို႔မရပါဘူး။အခု က်မတို႔ရဲ႕ ေမွ်ာ္လင့္ခ်က္ကေတာ့ အီရန္ကို ထပ္ၿပီး အေရးယူေရးမွာ ကုလသမဂၢအဖြဲ႕ဝင္ေတြအားလုံး ဥပေဒနဲ႔အညီ လိုက္နာေဆာင္ရြက္ၾကဖို႔ျဖစ္ပါတယ္။ ”

အမ်ိဳးသားလုံၿခဳံေရးအႀကံေပး Robert O'Brien ကလည္း ကုလသမဂၢရဲ႕ အီရန္အေပၚအေရးယူမႈ ကို အေမရိကန္က ျပန္လည္အသက္သြင္းႏိုင္စြမ္းဟာ ၂၀၁၅ ခုႏွစ္က အေမရိကန္ သေဘာတူခဲ့တဲ့ JCPOA - အီရန္ႏ်ဴကလီယားအေရးညႇိႏႈိင္းတဲ့ပူးတြဲေကာ္မတီဆုံးျဖတ္ခ်က္ရဲ႕ အခရာက်ေၾကာင္း၊ အီရန္အစိုးရက ဒီသေဘာတူညီမႈကို လိုက္နာဖို႔ ပ်က္ကြက္ခဲ့ရင္ ထပ္အေရးယူခံရမွာျဖစ္တယ္လို႔ ေျပာပါတယ္။

“အီရန္အစိုးရက သူ႔ရဲ႕ ႏ်ဴကလီယားအစီအစဥ္နဲ႔ ပတ္သက္ၿပီး ထပ္ခါတလဲလဲ လိမ္ေနတာပါ။ ႏိုင္ငံတကာ စစ္ေဆးေရးအဖြဲ႕ေတြကို သူတို႔ သိုေလွာင္ထားတဲ့ေနရာေတြကို သြားခြင့္မျပဳပါဘူး။ ဒီကေန႔ အေရးယူတာဟာ အီရန္ရဲ႕ ဒီလို လုပ္ရပ္ေတြအတြက္ ေနာက္ထပ္သည္းခံမွာမဟုတ္ဘူးဆိုတဲ့ ျပတ္သားတဲ့ အမွာစကားပါးလိုက္တာပါ။အီရန္ရဲ႕ မေကာင္းႀကံတဲ့ လႈပ္ရွားမႈေတြကို ေရရွည္ ခိုင္ၿမဲေအာင္ မသိက်ိဳးကၽြန္ျပဳေနၾကတဲ့ ႏိုင္ငံတကာအသိုင္းအဝိုင္းကိုလည္း အေမရိကန္ျပည္ေထာင္စု က အမွားမပါတဲ့ အမွာစကား ပါးလိုက္တာျဖစ္ပါတယ္။”

အီရန္ဟာ ႏ်ဴကလီယားဗံုးတလံုး ဒါမွမဟုတ္ ေဒသတြင္းၾသဇာလႊမ္းမိုးႏိုင္ေရးအတြက္ အရင္းအျမစ္ေတြကို ျဖဳန္းတီးပစ္မယ့္အစား၊ အီရန္ျပည္သူေတြလိုခ်င္တာ၊ ရသင့္ရထိုက္တာ၊ ဖြံ႔ၿဖိဳးတိုးတက္မႈနဲ႔ သာယာဝေျပာေရးအတြက္ ပံ့ပိုးသင့္တယ္လို႔ဆိုပါတယ္။ အီရန္အေနနဲ႔ ၿငိမ္းခ်မ္းေရးလမ္းေၾကာင္းကို လိုလိုလားလားေရြးခ်ယ္မယ္ဆုိရင္ အေမရိကန္က ေဘးကေန အတူတြဲ ေလွ်ာက္လွမ္းမွာျဖစ္ေၾကာင္း၊ သမၼတက အျပတ္ေျပာထားၿပီးသားျဖစ္ပါတယ္လို႔ အမ်ိဳးသားအႀကံေပးပုဂၢိဳလ္ O'Brien ကေျပာဆိုလိုက္ေၾကာင္းပါ။

...............

အီရန်ကို ပိတ်ဆို့အရေးယူခြင်း

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် ၂၂၃၁ ပါ အခွင့်အရေးအရ၊ အောက်တိုဘာလ ၁၈ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမယ့် ကုလသမဂ္ဂရဲ့ အီရန်အပေါ် လက်နက်ရောင်းဝယ်ရေး ပိတ်ဆို့မှုကို အမေရိကန်ပြည်ထောင်စုက ပြန်လည်အရေးယူလိုက်ပါတယ်။ သမ္မတ Donald Trump ကလည်း အုပ်ချုပ်မှုအာဏာလုပ်ပိုင်ခွင့်အရ အီရန်ကို နောက်ထပ်ပိတ်ဆို့မှုတွေနဲ့ အရေးယူကြောင်း အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ဒီပိတ်ဆို့မှုအမိန့်အရအီရန်ရဲ့ နျူကလီးယားအစီအစဉ်၊ မစ်ဇိုင်းဒုံးလက်နက်နဲ့ သမရိုးကျလက်နက်စုဆောင်းတာတွေကို ပံ့ပိုးနေတဲ့ ပုဂ္ဂိုလ်တဦးချင်းစီနဲ့ ဒါဇင်နဲ့ချီတဲ့ အဖွဲ့အစည်းတွေရဲ့ ပြည်ပပို့ကုန်တွေကို ထိန်းချုပ် အရေးယူဖို့ဖြစ်ပါတယ်။

သမ္မတရဲ့ ဒီအမိန့်ဟာ အီရန်ကို လက်နက်ရောင်းဝယ်ရေးနဲ့ ပတ်သက်တဲ့၊ ကုလသမဂ္ဂရဲ့ အရေးယူမှုကို အားဖြည့်ပေးတဲ့ အစွမ်းထက်တဲ့ လက်နက် အသစ်ဖြစ်ပြီး၊ ကုလသမဂ္ဂအရေးယူမှုကို ရှောင်လွှဲဖို့ ကြံစည်သူတွေကို တာဝန်ခံစေဖို့ တွန်းအားဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

“ကျနော်တို့ရဲ့ ဒီကနေ့ အရေးယူမှုကို သတိပေးချက်တရပ်အဖြစ်နဲ့ ကမ္ဘာတဝန်းက ကြားသိ သင့်ပါတယ်။ ဘယ်သူဘဲဖြစ်ဖြစ်၊ အီရန်အပေါ် လက်နက်ရောင်းဝယ်မှု ပိတ်ဆို့တဲ့ ကုလသမဂ္ဂရဲ့ အရေးယူမှုကို ဖောက်ဖျက်ခဲ့ရင်၊ ဒဏ်ခတ်မှုတွေနဲ့ ရင်ဆိုင်မှာဖြစ်ပါတယ်။"

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်အမြဲတန်းကိုယ်စားလှယ် Kelly Craft ကလည်း လုံခြုံရေးကောင်စီက အီရန်အပေါ်လက်နက်ရောင်းဝယ်ရေး ပိတ်ဆို့မှုသက်တမ်းတိုးဖို့ ပျက်ကွက်ခဲ့ပြီးနောက်၊ အမေရိကန်က မကြာခင်က အခုလို အရေးယူရတာဖြစ်တယ်လို့ ထောက်ပြပါတယ်။

“ကျမ ထပ်ခါတလဲလဲပြောဘူးသလိုပါဘဲ၊ ဘယ်သူဘဲပျက်ကွက်ပါစေ၊ ကျမတို့ကတော့ မပျက်ကွက်စေရပါဘူး။JCPOA - အီရန်နျူကလီယားအရေးညှိနှိုင်းတဲ့ ပူးတွဲကော်မတီမှာ ပါတဲ့လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေက အီရန်အနေနဲ့ နျူကလီယားအကြံကြီးမှုကို ထိန်းထိန်းသိမ်းသိမ်းလုပ်ကောင်း လုပ်နိုင်တယ်လို့ လျှော့တွက်ခဲ့ကြပါတယ်။ ဒါဟာ ဆုံးဖြတ်ချက်အမှတ် ၂၂၃၁ ရဲ့ မူဘောင်ပါ ပိတ်ဆို့မှု ထပ်သက်တမ်းတိုးရေး ပျက်ကွက်ဖို့အတွက် အကြောင်းပြလို့မရပါဘူး။အခု ကျမတို့ရဲ့ မျှော်လင့်ချက်ကတော့ အီရန်ကို ထပ်ပြီး အရေးယူရေးမှာ ကုလသမဂ္ဂအဖွဲ့ဝင်တွေအားလုံး ဥပဒေနဲ့အညီ လိုက်နာဆောင်ရွက်ကြဖို့ဖြစ်ပါတယ်။ ”

အမျိုးသားလုံခြုံရေးအကြံပေး Robert O'Brien ကလည်း ကုလသမဂ္ဂရဲ့ အီရန်အပေါ်အရေးယူမှု ကို အမေရိကန်က ပြန်လည်အသက်သွင်းနိုင်စွမ်းဟာ ၂၀၁၅ ခုနှစ်က အမေရိကန် သဘောတူခဲ့တဲ့ JCPOA - အီရန်နျူကလီယားအရေးညှိနှိုင်းတဲ့ပူးတွဲကော်မတီဆုံးဖြတ်ချက်ရဲ့ အခရာကျကြောင်း၊ အီရန်အစိုးရက ဒီသဘောတူညီမှုကို လိုက်နာဖို့ ပျက်ကွက်ခဲ့ရင် ထပ်အရေးယူခံရမှာဖြစ်တယ်လို့ ပြောပါတယ်။

“အီရန်အစိုးရက သူ့ရဲ့ နျူကလီယားအစီအစဉ်နဲ့ ပတ်သက်ပြီး ထပ်ခါတလဲလဲ လိမ်နေတာပါ။ နိုင်ငံတကာ စစ်ဆေးရေးအဖွဲ့တွေကို သူတို့ သိုလှောင်ထားတဲ့နေရာတွေကို သွားခွင့်မပြုပါဘူး။ ဒီကနေ့ အရေးယူတာဟာ အီရန်ရဲ့ ဒီလို လုပ်ရပ်တွေအတွက် နောက်ထပ်သည်းခံမှာမဟုတ်ဘူးဆိုတဲ့ ပြတ်သားတဲ့ အမှာစကားပါးလိုက်တာပါ။အီရန်ရဲ့ မကောင်းကြံတဲ့ လှုပ်ရှားမှုတွေကို ရေရှည် ခိုင်မြဲအောင် မသိကျိုးကျွန်ပြုနေကြတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်း အမေရိကန်ပြည်ထောင်စု က အမှားမပါတဲ့ အမှာစကား ပါးလိုက်တာဖြစ်ပါတယ်။”

အီရန်ဟာ နျူကလီယားဗုံးတလုံး ဒါမှမဟုတ် ဒေသတွင်းသြဇာလွှမ်းမိုးနိုင်ရေးအတွက် အရင်းအမြစ်တွေကို ဖြုန်းတီးပစ်မယ့်အစား၊ အီရန်ပြည်သူတွေလိုချင်တာ၊ ရသင့်ရထိုက်တာ၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ သာယာဝပြောရေးအတွက် ပံ့ပိုးသင့်တယ်လို့ဆိုပါတယ်။ အီရန်အနေနဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းကို လိုလိုလားလားရွေးချယ်မယ်ဆိုရင် အမေရိကန်က ဘေးကနေ အတူတွဲ လျှောက်လှမ်းမှာဖြစ်ကြောင်း၊ သမ္မတက အပြတ်ပြောထားပြီးသားဖြစ်ပါတယ်လို့ အမျိုးသားအကြံပေးပုဂ္ဂိုလ် O'Brien ကပြောဆိုလိုက်ကြောင်းပါ။

XS
SM
MD
LG