Accessibility links

Breaking News

ကေမၻာဒီးယားမွာ စီးပြားလုပ္ေနတဲ့ တရုတ္ကုမၸဏီ ကန္ အေရးယူ


တရုတ္ႏိုင္ငံပိုင္ UGD Union ဖြံ႔ၿဖိဳးမႈအဖြဲ႔ ကေနဦးေဆာင္တဲ့ ကေမၻာဒီးယားႏိုင္ငံအတြင္း ေလဆိပ္ေဆာက္လုပ္ေရးလုပ္ငန္းတခု
တရုတ္ႏိုင္ငံပိုင္ UGD Union ဖြံ႔ၿဖိဳးမႈအဖြဲ႔ ကေနဦးေဆာင္တဲ့ ကေမၻာဒီးယားႏိုင္ငံအတြင္း ေလဆိပ္ေဆာက္လုပ္ေရးလုပ္ငန္းတခု

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

တရုတ္ျပည္သူ႔သမၼတႏိုင္ငံဟာ ကေမၻာဒီးယားအပါအဝင္ ကမၻာတဝန္းႏိုင္ငံေတြရဲ႕ သဘာဝသယံဇာတ အရင္းအျမစ္ေတြကို ေခါင္းပံုျဖတ္ၿပီး ရင္းႏွီးျမွဳပ္ႏွံတဲ့ အေလ့အက်င့္ေတြနဲ႔ အလြဲသံုးစားလုပ္ေနတာကို အေမရိကန္ျပည္ေထာင္စုက ပစ္မွတ္ထားအေရးယူေနပါတယ္။

အေမရိကန္ဘ႑ာေရးဝန္ႀကီးဌာနရဲ႕ OFAC လို႔ေခၚတဲ့ ႏိုင္ငံျခားေငြရင္းေငြႏွွွီး ထိန္းခ်ဳပ္ေရးဌာနကေန တရုတ္ႏိုင္ငံပိုင္ UGD Union ဖြံ႔ၿဖိဳးမႈအဖြဲ႔ ကို အေရးယူလိုက္ပါတယ္။ UDG ဟာ Dara Sakor ဖြံ႔ၿဖိဳးမႈစီမံကိန္းအတြက္ ေဒသခံေတြရဲ႕ ေျမေတြကို သိမ္းယူ၊ အိမ္ရာေတြကို ဖ်က္စီးခဲ့တဲ့အတြက္ အေမရိကန္က ပစ္မွတ္ထားတာပါ။ လူ႔အခြင့္အေရးကို ျပင္းထန္စြာခ်ိဳးေဖါက္သူေတြ၊ အဂတိလိုက္စားသူေတြနဲ႔ သူတို႔ကိုေထာက္ခံသူေတြအေပၚ ပစ္မွတ္ထားတဲ့ Global Magnitsky ကမၻာတဝန္း လူ႔အခြင့္အေရး တာဝန္ခံမႈဆိုင္ရာအက္ဥပေဒအရ အုပ္ခ်ဳပ္မႈအာဏာအမိန္႔အမွတ္ ၁၃၈၁၈ နဲ႔ UDG ကို ပိတ္ဆို႔အေရးယူလိုက္တာျဖစ္ပါတယ္။

ကေမၻာဒီယားေတာ္ဝင္အမိန္႔နဲ႔ သာလႊဲေျပာင္းေပးခြင့္ရွိတဲ့ Botum Sakor အမ်ိဳးသားသဘာဝဥယ်ာဥ္ပိုင္ ေျမဧရိယာတခ်ဳိ႕ကို UGD က လုပ္ပိုင္ခြင့္ရရွိခဲ့ပါတယ္။ ဒီလိုလုပ္ပိုင္ခြင့္ရဖို႔အတြက္ UDG က ကေမၻာဒီးယားႏိုင္ငံသားဦးေဆာင္တဲ့ ကေမၻာဒီးယားပိုင္ ကုမၼဏီအေနနဲ႔ မွတ္ပံုတင္ခဲ့ၿပီး၊ ခြင့္ျပဳခ်က္ရၿပီး ၃ ႏွစ္အၾကာမွာ တရုတ္ပိုင္အျဖစ္ေျပာင္းခဲ့ၿပီး၊ ျပႆနာ တစံုတရာမတက္ဘဲ လုပ္ငန္းလည္ပတ္ခဲ့ပါတယ္။

ကမၻာမွာ တရုတ္ရဲ႕ အႀကံႀကီးမႈ ေရွ႔တိုးလုပ္ႏိုင္ေအာင္၊ တရုတ္ျပည္သူ႔သမၼတႏိုင္ငံက ကေမၻာဒီးယားႏိုင္ငံမွာ UDG ရဲ႕ စီမံကိန္းေတြကို အသံုးခ်ခဲ့ပါတယ္။UDG ရဲ႕ ရန္ပံုေငြနဲ႔စီမံကိန္းေတြေၾကာင့္ ကေမၻာဒီးယားျပည္သူေတြ ေျမနဲ႔ အိုးအိမ္စြန္႔ခဲ့ရသလို သဘာဝပတ္ဝန္းက်င္ပ်က္စီးခဲ့ရပါတယ္။ကေမၻာဒီးယားျပည္သူေတြအတြက္ ေဒသဖြံ႔ၿဖိဳးေရးနဲ႔ ကမၻာလွည့္ခရီးသြားလုပ္ငန္းတြင္က်ယ္ေအာင္ ေျပာင္းလဲေပးတဲ့ စီမံကိန္းေတြလို႔ UDG က နာမည္ေကာင္းယူ အေၾကာင္းျပခဲ့တာပါ။

တရုတ္ႏိုင္ငံက ဒီလို မၾကာခဏလုပ္ေနတာဘဲျဖစ္ပါတယ္။ေဒသတြင္း ဖြံ႔ၿဖိဳးေရးအတြက္ ဦးစီးေဆာင္ရြက္မယ္ဆိုၿပီး တရုတ္ရဲ႕ One Belt One Road - ခါးပတ္လမ္းစီမံကိန္းဟာလည္း ကေမၻာဒီးယားျပည္သူေတြကို အသံုးခ်ၿပီး တရုတ္အတြက္ မတန္တဆအခ်ိဳးနဲ႔အျမတ္ထုတ္မွာျဖစ္ပါတယ္။

Dara Sakor စီမံကိန္းေျမေနရာအတြက္ အင္အားသံုးရွင္းလင္းခဲ့ရာမွာ ကေမၻာဒီးယားစစ္တပ္ အရာရွိေဟာင္း ခြန္ကင္မ္က ပူးေပါင္းေဆာင္ရြက္ခဲ့ပါတယ္။ ကင္မ္ဟာ UDG ဖြံ႔ၿဖိဳးေရးစီမံကိန္းမွာ အေရးပါၿပီး၊ သူ႔ရဲ႕ ဦးေဆာင္မႈအတြက္ ဘ႑ာေငြေၾကး အျမတ္ေငြအေတာ္မ်ားမ်ားရရွိခဲ့ပါတယ္။ကေမၻာဒီးယားဝန္ႀကီးမ်ားေကာင္စီအဖြဲ႔ကေန UDG အေနနဲ႔ ရြာသားေတြ ပိုင္ဆိုင္တဲ့ေျမနဲ႔ အိုးအိမ္ေတြ ဖ်က္ဆီးတာကို ရပ္တန္းကရပ္ဖို႔ ညႊန္ၾကားခဲ့ေပမဲ့ UDG က ဂရုမစိုက္ဘဲ ဆက္ၿပီး ဖ်က္ဆီးခဲ့ပါတယ္။

၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလတုန္းက Global Magnitsky အက္ဥပေဒအရ ကင္မ္ကို အဂတိလိုက္စားမႈနဲ႔ အေရးယူထားၿပီးျဖစ္ပါတယ္။ ကေမၻာဒီးယားနဲ႔ တျခားႏိုင္ငံေတြမွာ တရုတ္ျပည္သူ႔သမၼတႏိုင္ငံရဲ႕ ရင္းႏွွီးျမွဳပ္ႏွံမႈ ေခါင္းပံုျဖတ္ေနတာေတြကို ေရွာင္လႊဲႏိုင္ေရး ဆက္လက္ အေရးယူႏိုင္ဖို႔၊ မိတ္ဖက္ေတြနဲ႔ေရာ၊ အေရွ႔ေတာင္အာရွ မဟာမိတ္ႏိုင္ငံေတြနဲ႔ ပါ အေမရိကန္ျပည္ေထာင္စုက အတူရပ္တည္သြားမွာျဖစ္ေၾကာင္းပါ။

..................

ကမ္ဘောဒီးယားမှာ စီးပွားလုပ်နေတဲ့ တရုတ်ကုမ္ပဏီ ကန် အရေးယူ

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ ကမ္ဘောဒီးယားအပါအဝင် ကမ္ဘာတဝန်းနိုင်ငံတွေရဲ့ သဘာဝသယံဇာတ အရင်းအမြစ်တွေကို ခေါင်းပုံဖြတ်ပြီး ရင်းနှီးမြှုပ်နှံတဲ့ အလေ့အကျင့်တွေနဲ့ အလွဲသုံးစားလုပ်နေတာကို အမေရိကန်ပြည်ထောင်စုက ပစ်မှတ်ထားအရေးယူနေပါတယ်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ OFAC လို့ခေါ်တဲ့ နိုင်ငံခြားငွေရင်းငွေနှီး ထိန်းချုပ်ရေးဌာနကနေ တရုတ်နိုင်ငံပိုင် UGD Union ဖွံ့ဖြိုးမှုအဖွဲ့ ကို အရေးယူလိုက်ပါတယ်။ UDG ဟာ Dara Sakor ဖွံ့ဖြိုးမှုစီမံကိန်းအတွက် ဒေသခံတွေရဲ့ မြေတွေကို သိမ်းယူ၊ အိမ်ရာတွေကို ဖျက်စီးခဲ့တဲ့အတွက် အမေရိကန်က ပစ်မှတ်ထားတာပါ။ လူ့အခွင့်အရေးကို ပြင်းထန်စွာချိုးဖေါက်သူတွေ၊ အဂတိလိုက်စားသူတွေနဲ့ သူတို့ကိုထောက်ခံသူတွေအပေါ် ပစ်မှတ်ထားတဲ့ Global Magnitsky ကမ္ဘာတဝန်း လူ့အခွင့်အရေး တာဝန်ခံမှုဆိုင်ရာအက်ဥပဒေအရ အုပ်ချုပ်မှုအာဏာအမိန့်အမှတ် ၁၃၈၁၈ နဲ့ UDG ကို ပိတ်ဆို့အရေးယူလိုက်တာဖြစ်ပါတယ်။

ကမ္ဘောဒီယားတော်ဝင်အမိန့်နဲ့ သာလွှဲပြောင်းပေးခွင့်ရှိတဲ့ Botum Sakor အမျိုးသားသဘာဝဥယျာဉ်ပိုင် မြေဧရိယာတချို့ကို UGD က လုပ်ပိုင်ခွင့်ရရှိခဲ့ပါတယ်။ ဒီလိုလုပ်ပိုင်ခွင့်ရဖို့အတွက် UDG က ကမ္ဘောဒီးယားနိုင်ငံသားဦးဆောင်တဲ့ ကမ္ဘောဒီးယားပိုင် ကုမ္မဏီအနေနဲ့ မှတ်ပုံတင်ခဲ့ပြီး၊ ခွင့်ပြုချက်ရပြီး ၃ နှစ်အကြာမှာ တရုတ်ပိုင်အဖြစ်ပြောင်းခဲ့ပြီး၊ ပြဿနာ တစုံတရာမတက်ဘဲ လုပ်ငန်းလည်ပတ်ခဲ့ပါတယ်။

ကမ္ဘာမှာ တရုတ်ရဲ့ အကြံကြီးမှု ရှေ့တိုးလုပ်နိုင်အောင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ကမ္ဘောဒီးယားနိုင်ငံမှာ UDG ရဲ့ စီမံကိန်းတွေကို အသုံးချခဲ့ပါတယ်။UDG ရဲ့ ရန်ပုံငွေနဲ့စီမံကိန်းတွေကြောင့် ကမ္ဘောဒီးယားပြည်သူတွေ မြေနဲ့ အိုးအိမ်စွန့်ခဲ့ရသလို သဘာဝပတ်ဝန်းကျင်ပျက်စီးခဲ့ရပါတယ်။ကမ္ဘောဒီးယားပြည်သူတွေအတွက် ဒေသဖွံ့ဖြိုးရေးနဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွင်ကျယ်အောင် ပြောင်းလဲပေးတဲ့ စီမံကိန်းတွေလို့ UDG က နာမည်ကောင်းယူ အကြောင်းပြခဲ့တာပါ။

တရုတ်နိုင်ငံက ဒီလို မကြာခဏလုပ်နေတာဘဲဖြစ်ပါတယ်။ဒေသတွင်း ဖွံ့ဖြိုးရေးအတွက် ဦးစီးဆောင်ရွက်မယ်ဆိုပြီး တရုတ်ရဲ့ One Belt One Road - ခါးပတ်လမ်းစီမံကိန်းဟာလည်း ကမ္ဘောဒီးယားပြည်သူတွေကို အသုံးချပြီး တရုတ်အတွက် မတန်တဆအချိုးနဲ့အမြတ်ထုတ်မှာဖြစ်ပါတယ်။

Dara Sakor စီမံကိန်းမြေနေရာအတွက် အင်အားသုံးရှင်းလင်းခဲ့ရာမှာ ကမ္ဘောဒီးယားစစ်တပ် အရာရှိဟောင်း ခွန်ကင်မ်က ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ကင်မ်ဟာ UDG ဖွံ့ဖြိုးရေးစီမံကိန်းမှာ အရေးပါပြီး၊ သူ့ရဲ့ ဦးဆောင်မှုအတွက် ဘဏ္ဍာငွေကြေး အမြတ်ငွေအတော်များများရရှိခဲ့ပါတယ်။ကမ္ဘောဒီးယားဝန်ကြီးများကောင်စီအဖွဲ့ကနေ UDG အနေနဲ့ ရွာသားတွေ ပိုင်ဆိုင်တဲ့မြေနဲ့ အိုးအိမ်တွေ ဖျက်ဆီးတာကို ရပ်တန်းကရပ်ဖို့ ညွှန်ကြားခဲ့ပေမဲ့ UDG က ဂရုမစိုက်ဘဲ ဆက်ပြီး ဖျက်ဆီးခဲ့ပါတယ်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလတုန်းက Global Magnitsky အက်ဥပဒေအရ ကင်မ်ကို အဂတိလိုက်စားမှုနဲ့ အရေးယူထားပြီးဖြစ်ပါတယ်။ ကမ္ဘောဒီးယားနဲ့ တခြားနိုင်ငံတွေမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု ခေါင်းပုံဖြတ်နေတာတွေကို ရှောင်လွှဲနိုင်ရေး ဆက်လက် အရေးယူနိုင်ဖို့၊ မိတ်ဖက်တွေနဲ့ရော၊ အရှေ့တောင်အာရှ မဟာမိတ်နိုင်ငံတွေနဲ့ ပါ အမေရိကန်ပြည်ထောင်စုက အတူရပ်တည်သွားမှာဖြစ်ကြောင်းပါ။

XS
SM
MD
LG