Accessibility links

Breaking News

တရုတ္အလုပ္သမားေတြကုိ ေစလြတ္ျခင္းရဲ႕ ျပႆနာ


မွတ္တမ္ဓါတ္ပံု-အီသီယိုးပီးယားမွာ ေတြ႔ရတဲ့ ေဒသခံ နဲ႕ တရုတ္အလုပ္သမားမ်ား (ေမလ ၅ ရက္ေန႔၊ ၂၀၁၄ )
မွတ္တမ္ဓါတ္ပံု-အီသီယိုးပီးယားမွာ ေတြ႔ရတဲ့ ေဒသခံ နဲ႕ တရုတ္အလုပ္သမားမ်ား (ေမလ ၅ ရက္ေန႔၊ ၂၀၁၄ )

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

ကမာၻ႔ႏိုင္ငံေတြမွာ အစိုးရ တာဝန္ရွိသူေတြက တ႐ုတ္အစိုးရနဲ႔ တ႐ုတ္ကုမၸဏီေတြနဲ႔ သေဘာတူ စာခ်ဳပ္ေတြ ခ်ဳပ္ဆိုရင္ ေတာ္ေတာ္မ်ားမ်ားက ဝမ္းေျမာက္ ေပ်ာ္႐ႊင္ခဲ့ၾကပါတယ္။ ရံဖန္ရံခါ အေျခခံ အေဆာက္အအုံ လုပ္ငန္းေတြျဖစ္တဲ့ စက္႐ုံေတြ ဆိပ္ကမ္းေတြ ေဆာက္တဲ့ သေဘာတူစာခ်ဳပ္ေတြ ရယူခဲ့ၾကတာပါ။

ဒါေပမဲ့ ဒီ သေဘာတူစာခ်ဳပ္ေတြကေန ေပါက္ဖြားလာမယ္လို႔ ေမွ်ာ္လင့္ထားတဲ့ ေဒသခံေတြ အလုပ္ရေရး အိပ္မက္ေတြကေတာ့ မၾကာခဏဆိုသလို ေပ်ာက္ဆုံးသြားၾကရေၾကာင္း ဒီမိုကေရစီ၊ လူ႔အခြင့္အေရးနဲ႔ အလုပ္သမားေရးရာ လက္ေထာက္ဝန္ႀကီး Robert Destro က ေျပာပါတယ္။

ဥပမာအားျဖင့္ အီသီယိုးပီးယားႏိုင္ငံကို ၾကည့္ပါ။ တ႐ုတ္လုပ္သားေတြကို ေခၚလာၿပီး အီသီယိုးပီးယား လုပ္သားေဈးကြက္နဲ႔ ေဈးအၿပိဳင္ေလွ်ာ့ၿပီး အသုံးျပဳခဲ့ၾကပါတယ္ လို႔ လက္ေထာက္ ဝန္ႀကီး Robert Destro က ေျပာပါတယ္။

ဗီယက္နမ္ကေန ဂ်ေမကာအထိ ကမာၻ႔ တျခားႏိုင္ငံေတြမွာလည္း ဒီလို အေျခအေနမ်ိဳးေတြ ျဖစ္ေနတာပါ။ တ႐ုတ္တို႔ သူ႔ လုပ္သား ေထာင္ေပါင္းမ်ားစြာ ေခၚယူ အသုံးျပဳေနတာ ျဖစ္ပါတယ္။

တ႐ုတ္အစိုးရနဲ႔ တ႐ုတ္ကုမၸဏီေတြ က်င့္သုံးေနတဲ့ ဒီလို မူေတြေၾကာင့္ ထိခိုက္ေနတာက ေဒသခံ လုပ္သားေတြတင္မကဘဲ တ႐ုတ္လုပ္သားေတြ ကိုယ္တိုင္လည္း ထိခိုက္ခံေနရတာ ျဖစ္ပါတယ္။

ေဘးမကင္း စိတ္ခ်မ္းေျမ့စရာမေကာင္းတဲ့ လုပ္ငန္းခြင္မွာ အဓမၼေစခိုင္းခံေနရတာလည္း ျဖစ္ပါတယ္။

လုံၿခဳံေရး အာမခံေငြေတြ ေပးရတာေၾကာင့္ ေႂကြးၿမီနဲ႔ ေျခခ်ဳပ္ခံရႏိုင္တဲ့ အေျခအေနကို လြယ္လြယ္ကူကူ ေရာက္ႏိုင္သလို သူတို႔ရဲ႕ အလုပ္ခ်ိန္ေတြကလည္း ရွည္လ်ားလွပါတယ္။ လုပ္ခလစာ နည္းလြန္းတဲ့အျပင္ လစာထုတ္ဖို႔ ေစာင့္ရခ်ိန္ကလည္း တေမ့တေမာ ၾကာျမင့္တတ္ပါတယ္။

တ႐ုတ္လုပ္သားေတြကို လူေတြလိုမဟုတ္ဘဲ ကုန္ပစၥည္းေတြလိုသာ သေဘာထား ဆက္ဆံေနတာ ျဖစ္ေၾကာင္းလည္း လက္ေထာက္ ဝန္ႀကီး Destro ကေျပာပါတယ္။

အဲဒီလိုမ်ိဳး မမွန္မကန္လုပ္တဲ့ကိစၥတစ္ခု အေမရိကန္ႏိုင္ငံမွာ ျဖစ္ပြားခဲ့ပါေသးတယ္။ ၂၀၁၉ ခုႏွစ္က တ႐ုတ္ သံတမန္ေဟာင္းလည္း ျဖစ္၊ တ႐ုတ္ ေဆာက္လုပ္ေရး ကုမၸဏီရဲ႕ လုပ္ငန္းလည္ပတ္ေရး အႀကီးအကဲလည္း ျဖစ္သူ Dan Zhong ဟာ အဓမၼ လုပ္အား ေစခိုင္းမႈနဲ႔ စြဲခ်က္တင္ခံခဲ့ရပါတယ္။ နယူးေယာက္ ျပည္ေထာင္စု တရားသူႀကီး အဖြဲ႕က စြဲခ်က္တင္ခဲ့တာပါ။

Dan Zhong ရဲ႕ အလုပ္သမားေတြဟာ လူသားေတြ ျဖစ္ပါတယ္။ ဒါေပမဲ့ သူတို႔ လုပ္ခလစာမရဘဲ တပတ္ ၇ ရက္ အလုပ္လုပ္ၾကရတဲ့ အျပင္ ဒါဇင္နဲ႔ခ်ီတဲ့ လုပ္သားေတြ ပ်ံက်ေနရာေတြမွာ အေစာင့္အၾကပ္ေတြနဲ႔ ထားရွိေၾကာင္း၊ ထြက္ေျပးရင္ ျပန္ လိုက္ဖမ္းေၾကာင္း ျပည္ေထာင္စု စုံစမ္းစစ္ေဆးေရး ဗ်ဴ႐ို FBI လက္ေထာက္ ၫႊန္ၾကားေရးမႉး William Sweeney က ေျပာပါတယ္။

ဥပေဒကို မ်က္ကြယ္ျပဳထားတဲ့ တ႐ုတ္ အစိုးရေၾကာင့္ လူေမွာင္ခိုမႈနဲ႔ အဓမၼ ေစခိုင္းမႈ ျပစ္မႈေတြကေန လြတ္ေျမာက္လိမ့္ မယ္လို႔ Mr. Zhong နဲ႔ သူ႔လူေတြက ထင္ေကာင္း ထင္ေနၾကမွာပါ။ ဒါေပမဲ့ အခုေတာ့ သူတို႔တစ္ေတြ တရားရင္ဆိုင္ေနၾကရၿပီ ျဖစ္ပါတယ္။

တရား ဥပေဒ စိုးမိုးေရးကို မ်က္ကြယ္ျပဳတဲ့ တ႐ုတ္ အစိုးရနဲ႔ အဲဒီလို လုပ္တာကို လိုက္နာ က်င့္သုံးသူေတြ ေၾကာင့္ တ႐ုတ္ အစိုးရရဲ႕ ရက္စက္ၾကမ္းၾကဳတ္တဲ့ အုပ္ခ်ဳပ္မႈေအာက္မွာ ေနရတဲ့ တ႐ုတ္ ျပည္သူေတြသာ မကဘူး တစ္ကမာၻလုံးက တ႐ုတ္လုပ္သားေတြ အပါအဝင္ လုပ္သားအမ်ားအျပား အေပၚမွာ အႏၲရာယ္ ရွိေစပါတယ္။

အေမရိကန္ ျပည္ေထာင္စု အေနနဲ႔ကေတာ့ ပြင့္လင္းၿပီး တာဝန္ခံမႈေတြရွိလာေစဖို႔ ဖိအားေပးမႈေတြဆက္လက္ ျပဳလုပ္သြားမွာျဖစ္ ပါတယ္။ ဒီလို ဖိအားေပးမွာသာ အလုပ္သမား အခြင့္အေရးေတြ အပါအဝင္ လူသားတိုင္းရဲ႕ အေျခခံအခြင့္အေရး နဲ႔ လြတ္လပ္မႈေတြ ေလးစား အသိအမွတ္ျပဳ ခံရမွာ ျဖစ္ပါတယ္။

............

တရုတ်အလုပ်သမားတွေကို စေလွတ်ခြင်းရဲ့ ပြဿနာ

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

ကမ္ဘာ့နိုင်ငံတွေမှာ အစိုးရ တာဝန်ရှိသူတွေက တရုတ်အစိုးရနဲ့ တရုတ်ကုမ္ပဏီတွေနဲ့ သဘောတူ စာချုပ်တွေ ချုပ်ဆိုရင် တော်တော်များများက ဝမ်းမြောက် ပျော်ရွှင်ခဲ့ကြပါတယ်။ ရံဖန်ရံခါ အခြေခံ အဆောက်အအုံ လုပ်ငန်းတွေဖြစ်တဲ့ စက်ရုံတွေ ဆိပ်ကမ်းတွေ ဆောက်တဲ့ သဘောတူစာချုပ်တွေ ရယူခဲ့ကြတာပါ။

ဒါပေမဲ့ ဒီ သဘောတူစာချုပ်တွေကနေ ပေါက်ဖွားလာမယ်လို့ မျှော်လင့်ထားတဲ့ ဒေသခံတွေ အလုပ်ရရေး အိပ်မက်တွေကတော့ မကြာခဏဆိုသလို ပျောက်ဆုံးသွားကြရကြောင်း ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက်ဝန်ကြီး Robert Destro က ပြောပါတယ်။

ဥပမာအားဖြင့် အီသီယိုးပီးယားနိုင်ငံကို ကြည့်ပါ။ တရုတ်လုပ်သားတွေကို ခေါ်လာပြီး အီသီယိုးပီးယား လုပ်သားဈေးကွက်နဲ့ ဈေးအပြိုင်လျှော့ပြီး အသုံးပြုခဲ့ကြပါတယ် လို့ လက်ထောက် ဝန်ကြီး Robert Destro က ပြောပါတယ်။

ဗီယက်နမ်ကနေ ဂျမေကာအထိ ကမ္ဘာ့ တခြားနိုင်ငံတွေမှာလည်း ဒီလို အခြေအနေမျိုးတွေ ဖြစ်နေတာပါ။ တရုတ်တို့ သူ့ လုပ်သား ထောင်ပေါင်းများစွာ ခေါ်ယူ အသုံးပြုနေတာ ဖြစ်ပါတယ်။

တရုတ်အစိုးရနဲ့ တရုတ်ကုမ္ပဏီတွေ ကျင့်သုံးနေတဲ့ ဒီလို မူတွေကြောင့် ထိခိုက်နေတာက ဒေသခံ လုပ်သားတွေတင်မကဘဲ တရုတ်လုပ်သားတွေ ကိုယ်တိုင်လည်း ထိခိုက်ခံနေရတာ ဖြစ်ပါတယ်။

ဘေးမကင်း စိတ်ချမ်းမြေ့စရာမကောင်းတဲ့ လုပ်ငန်းခွင်မှာ အဓမ္မစေခိုင်းခံနေရတာလည်း ဖြစ်ပါတယ်။

လုံခြုံရေး အာမခံငွေတွေ ပေးရတာကြောင့် ကြွေးမြီနဲ့ ခြေချုပ်ခံရနိုင်တဲ့ အခြေအနေကို လွယ်လွယ်ကူကူ ရောက်နိုင်သလို သူတို့ရဲ့ အလုပ်ချိန်တွေကလည်း ရှည်လျားလှပါတယ်။ လုပ်ခလစာ နည်းလွန်းတဲ့အပြင် လစာထုတ်ဖို့ စောင့်ရချိန်ကလည်း တမေ့တမော ကြာမြင့်တတ်ပါတယ်။

တရုတ်လုပ်သားတွေကို လူတွေလိုမဟုတ်ဘဲ ကုန်ပစ္စည်းတွေလိုသာ သဘောထား ဆက်ဆံနေတာ ဖြစ်ကြောင်းလည်း လက်ထောက် ဝန်ကြီး Destro ကပြောပါတယ်။

အဲဒီလိုမျိုး မမှန်မကန်လုပ်တဲ့ကိစ္စတစ်ခု အမေရိကန်နိုင်ငံမှာ ဖြစ်ပွားခဲ့ပါသေးတယ်။ ၂၀၁၉ ခုနှစ်က တရုတ် သံတမန်ဟောင်းလည်း ဖြစ်၊ တရုတ် ဆောက်လုပ်ရေး ကုမ္ပဏီရဲ့ လုပ်ငန်းလည်ပတ်ရေး အကြီးအကဲလည်း ဖြစ်သူ Dan Zhong ဟာ အဓမ္မ လုပ်အား စေခိုင်းမှုနဲ့ စွဲချက်တင်ခံခဲ့ရပါတယ်။ နယူးယောက် ပြည်ထောင်စု တရားသူကြီး အဖွဲ့က စွဲချက်တင်ခဲ့တာပါ။

Dan Zhong ရဲ့ အလုပ်သမားတွေဟာ လူသားတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ လုပ်ခလစာမရဘဲ တပတ် ၇ ရက် အလုပ်လုပ်ကြရတဲ့ အပြင် ဒါဇင်နဲ့ချီတဲ့ လုပ်သားတွေ ပျံကျနေရာတွေမှာ အစောင့်အကြပ်တွေနဲ့ ထားရှိကြောင်း၊ ထွက်ပြေးရင် ပြန် လိုက်ဖမ်းကြောင်း ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရို FBI လက်ထောက် ညွှန်ကြားရေးမှူး William Sweeney က ပြောပါတယ်။

ဥပဒေကို မျက်ကွယ်ပြုထားတဲ့ တရုတ် အစိုးရကြောင့် လူမှောင်ခိုမှုနဲ့ အဓမ္မ စေခိုင်းမှု ပြစ်မှုတွေကနေ လွတ်မြောက်လိမ့် မယ်လို့ Mr. Zhong နဲ့ သူ့လူတွေက ထင်ကောင်း ထင်နေကြမှာပါ။ ဒါပေမဲ့ အခုတော့ သူတို့တစ်တွေ တရားရင်ဆိုင်နေကြရပြီ ဖြစ်ပါတယ်။

တရား ဥပဒေ စိုးမိုးရေးကို မျက်ကွယ်ပြုတဲ့ တရုတ် အစိုးရနဲ့ အဲဒီလို လုပ်တာကို လိုက်နာ ကျင့်သုံးသူတွေ ကြောင့် တရုတ် အစိုးရရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အုပ်ချုပ်မှုအောက်မှာ နေရတဲ့ တရုတ် ပြည်သူတွေသာ မကဘူး တစ်ကမ္ဘာလုံးက တရုတ်လုပ်သားတွေ အပါအဝင် လုပ်သားအများအပြား အပေါ်မှာ အန္တရာယ် ရှိစေပါတယ်။

အမေရိကန် ပြည်ထောင်စု အနေနဲ့ကတော့ ပွင့်လင်းပြီး တာဝန်ခံမှုတွေရှိလာစေဖို့ ဖိအားပေးမှုတွေဆက်လက် ပြုလုပ်သွားမှာဖြစ် ပါတယ်။ ဒီလို ဖိအားပေးမှာသာ အလုပ်သမား အခွင့်အရေးတွေ အပါအဝင် လူသားတိုင်းရဲ့ အခြေခံအခွင့်အရေး နဲ့ လွတ်လပ်မှုတွေ လေးစား အသိအမှတ်ပြု ခံရမှာ ဖြစ်ပါတယ်။

XS
SM
MD
LG