Accessibility links

Breaking News

ျပည္ပလူ႔အခြင့္အေရးျမင့္မားဖုိ႔ အေမရိကန္ေဆာင္ရြက္ေန


မွတ္တမ္းဓါတ္ပံု - ၂၀၁၉ ေအာက္တိုဘာတုန္းက ေဟာင္ေကာင္တြင္ ေက်ာင္းသားမ်ားက အေမရိကန္အလံကို ကိုင္ေဆာင္ၿပီး ဆႏၵျပေနစဥ္
မွတ္တမ္းဓါတ္ပံု - ၂၀၁၉ ေအာက္တိုဘာတုန္းက ေဟာင္ေကာင္တြင္ ေက်ာင္းသားမ်ားက အေမရိကန္အလံကို ကိုင္ေဆာင္ၿပီး ဆႏၵျပေနစဥ္

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

ႏိုင္ငံအတြင္း ေမြးရာပါလူ႔အခြင့္အေရးနဲ႔ ပတ္သက္ၿပီး အေမရိကန္ရဲ႕ သႏၷိ႒ာန္ခိုင္ၿမဲမႈဟာ ႏိုင္ငံရပ္ျခားက အမ်ိဳးသားနဲ႔ အမ်ိဳးသမီးေတြ လြတ္လပ္မႈ ရရွိႏိုင္ေရးေမွ်ာ္လင့္ခ်က္အတြက္ မီးရွဴးတန္ေဆာင္ ျဖစ္တယ္ဆိုတာကို သက္ေသျပခဲ့ၿပီးျဖစ္ပါတယ္။

ေမြးရာပါအခြင့္အေရးဆိုင္ရာေကာ္မရွင္ရဲ႕ မၾကာခင္ကထုတ္ျပန္လိုက္တဲ့ အစီရင္ခံစာမွာ အေမရိကန္ေခါင္းေဆာင္ေတြရဲ႕ လူ႔အခြင့္အေရးအတြက္ စြမ္းစြမ္းတမံ ေဆာင္ရြက္ခ်က္ေတြ အေရးႀကီးတဲ့အေၾကာင္း မီးေမာင္းထိုးေဖၚျပထားၿပီး၊ ဒီေဆာင္ရြက္ခ်က္ေတြဟာ အေမရိကန္ႏိုင္ငံျခားေရးမူဝါဒရဲ႕ လမ္းညႊန္ခ်က္အေျခခံမူေတြျဖစ္ပါတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ မူဝါဒစီမံကိန္းေရးရာ ညႊန္ၾကားေရးမွဴး Peter Berkowitz ကေျပာဆိူလိုက္ပါတယ္။

"အေမရိကန္လြတ္လပ္ေရးေၾကညာစာတမ္းမွာ အုဋ္ျမစ္ခ်ခဲ့တဲ့အတိုင္း အေမရိကန္ႏိုင္ငံဟာ အုပ္ခ်ဳပ္ခံေတြရဲ႕ သေဘာတူညီမႈအရ ေပါက္ဖြားလာတဲ့ အားလံုးေသာ တရားဝင္ႏိုင္ငံေရးအာဏာနဲ႔ အစိုးရဖြဲ႔စည္းထားတယ္ဆိုတာကို က်ေနာ္တို႔ေခါင္းေဆာင္ေတြက အနည္းဆံုး အင္တိုက္အားတိုက္ေျပာဆိုဖို႔ အေရးႀကီးပါတယ္။ အစိုရးရဲ႕ ပထမဆံုးရည္ရြယ္ခ်က္က လူတိုင္းအတြက္ ကိုယ္စီအခြင့္အေရးရွိေအာင္ စိတ္ခ်ရေစဖို႔ျဖစ္ပါတယ္။ ဒီအခ်က္ကို စြမ္းစြမ္းတမံေဆာင္ရြက္ဖို႔က အေမရိကန္ႏိုင္ငံျခားေရးမူဝါဒရဲ႕ အေရးႀကီးတဲ့ အစိတ္အပိုင္းျဖစ္ပါတယ္။"

အေမရိကန္ျပည္ေထာင္စုဟာ ျပည္တြင္းမွာ အခြင့္အေရးေတြကို ကာကြယ္ေပးေနတဲ့တခ်ိန္တည္းမွာဘဲ ျပည္ပက လူ႔အခြင့္အေရးေတြနဲ႔ ပတ္သက္လို႔ အကာအကြယ္ေပးရာမွာ အထိေရာက္ဆံုး ေဆာင္က်ဥ္းေပးႏိုင္တယ္လို႔လည္းေကာ္မရွင္ရဲ႔ အစီရင္ခံစာမွာ သံုးသပ္ထားတယ္လို႔ Mr. Berkowitz ကေျပာပါတယ္။

ေနာက္ဆံုးေတာ့ ႏိုင္ငံေရးယဥ္ေက်းမႈမွာ အျမစ္တြယ္ေအာင္၊ လူ႔ေဘာင္အသိုင္းအဝိုင္းကေန လူ႔အခြင့္အေရးကို မျဖစ္မေန ပ်ိဳးေထာင္ေပးၾကရမယ္လို႔ ညႊန္ၾကားေရးမွဴး Berkowitz ကေျပာပါတယ္။

“လူ႔အခြင့္အေရးအကာအကြယ္ေပးတာ၊ လူ႔အခြင့္အေရးအတြက္ သူမတူေအာင္ေဆာင္က်ဥ္းေပးတဲ့ လုပ္ရပ္ေတြဟာ အလိုအေလ်ာက္ေပၚေပါက္လာတာမဟုတ္ပါဘူး။ ျပဳစုပ်ိဳးေထာင္ေပးဖို႔လိုပါတယ္။ ဘယ္လိုျပဳစုပ်ိဳးေထာင္ေပးရမွာလဲဆိုေတာ့ လူ႔အခြင့္အေရးကိုေလးစားရမွာပါ။ မိသားစုေတြ၊ အသိုင္းအဝိုင္းေတြအၾကား ပ်ိဳးေထာင္းေပးရမွာပါ။ လူတိုင္းမွာ အေမြအျဖစ္ပါလာတဲ့ အခြင့္အေရးကို ေလးစားတတ္ေအာင္၊ လူထုအၾကားႏိုင္ငံေရးယဥ္ေက်းမႈတရပ္ ေပါက္ဖြားလာေအာင္ ပညာေရးစနစ္ကေနလည္း သင္ၾကားေပးဖို႔လိုပါတယ္။"

ျပည္ပမွာ လူ႔အခြင့္အေရးျမွင့္တင္ေရး ေအာင္ျမင္ဖို႔ အေမရိကန္လြတ္လပ္ေရးေၾကညာစာတမ္းကိုသာ အာရံုစိုက္ဖို႔ မဟုတ္ဘဲ၊ ဘယ္ႏိုင္ငံေရးမွာမဆို စံထားရမယ့္၊ အေျခခံလူ႔အခြင့္အေရးရဲ႕ ပင္မအဓိပၸါယ္ဖြင့္ဆိုခ်က္ပါဝင္တဲ့၊ အျပည္ျပည္ဆိုင္ရာလူ႔အခြင့္အေရးေၾကညာစာတမ္းကိုပါ အာရံုစိုက္ရပါမယ္လို႔ ညႊန္ၾကားေရးမွဴး Berkowitz ကေျပာဆိုလိုက္ေၾကာင္းပါခင္ဗ်ား။

..............

ပြည်ပလူ့အခွင့်အရေးမြင့်မားဖို့ အမေရိကန်ဆောင်ရွက်နေ

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

နိုင်ငံအတွင်း မွေးရာပါလူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ သန္နိဋ္ဌာန်ခိုင်မြဲမှုဟာ နိုင်ငံရပ်ခြားက အမျိုးသားနဲ့ အမျိုးသမီးတွေ လွတ်လပ်မှု ရရှိနိုင်ရေးမျှော်လင့်ချက်အတွက် မီးရှူးတန်ဆောင် ဖြစ်တယ်ဆိုတာကို သက်သေပြခဲ့ပြီးဖြစ်ပါတယ်။

မွေးရာပါအခွင့်အရေးဆိုင်ရာကော်မရှင်ရဲ့ မကြာခင်ကထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ အမေရိကန်ခေါင်းဆောင်တွေရဲ့ လူ့အခွင့်အရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ချက်တွေ အရေးကြီးတဲ့အကြောင်း မီးမောင်းထိုးဖေါ်ပြထားပြီး၊ ဒီဆောင်ရွက်ချက်တွေဟာ အမေရိကန်နိုင်ငံခြားရေးမူဝါဒရဲ့ လမ်းညွှန်ချက်အခြေခံမူတွေဖြစ်ပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ မူဝါဒစီမံကိန်းရေးရာ ညွှန်ကြားရေးမှူး Peter Berkowitz ကပြောဆိူလိုက်ပါတယ်။

"အမေရိကန်လွတ်လပ်ရေးကြေညာစာတမ်းမှာ အုဋ်မြစ်ချခဲ့တဲ့အတိုင်း အမေရိကန်နိုင်ငံဟာ အုပ်ချုပ်ခံတွေရဲ့ သဘောတူညီမှုအရ ပေါက်ဖွားလာတဲ့ အားလုံးသော တရားဝင်နိုင်ငံရေးအာဏာနဲ့ အစိုးရဖွဲ့စည်းထားတယ်ဆိုတာကို ကျနော်တို့ခေါင်းဆောင်တွေက အနည်းဆုံး အင်တိုက်အားတိုက်ပြောဆိုဖို့ အရေးကြီးပါတယ်။ အစိုရးရဲ့ ပထမဆုံးရည်ရွယ်ချက်က လူတိုင်းအတွက် ကိုယ်စီအခွင့်အရေးရှိအောင် စိတ်ချရစေဖို့ဖြစ်ပါတယ်။ ဒီအချက်ကို စွမ်းစွမ်းတမံဆောင်ရွက်ဖို့က အမေရိကန်နိုင်ငံခြားရေးမူဝါဒရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။"

အမေရိကန်ပြည်ထောင်စုဟာ ပြည်တွင်းမှာ အခွင့်အရေးတွေကို ကာကွယ်ပေးနေတဲ့တချိန်တည်းမှာဘဲ ပြည်ပက လူ့အခွင့်အရေးတွေနဲ့ ပတ်သက်လို့ အကာအကွယ်ပေးရာမှာ အထိရောက်ဆုံး ဆောင်ကျဉ်းပေးနိုင်တယ်လို့လည်းကော်မရှင်ရဲ့ အစီရင်ခံစာမှာ သုံးသပ်ထားတယ်လို့ Mr. Berkowitz ကပြောပါတယ်။

နောက်ဆုံးတော့ နိုင်ငံရေးယဉ်ကျေးမှုမှာ အမြစ်တွယ်အောင်၊ လူ့ဘောင်အသိုင်းအဝိုင်းကနေ လူ့အခွင့်အရေးကို မဖြစ်မနေ ပျိုးထောင်ပေးကြရမယ်လို့ ညွှန်ကြားရေးမှူး Berkowitz ကပြောပါတယ်။

“လူ့အခွင့်အရေးအကာအကွယ်ပေးတာ၊ လူ့အခွင့်အရေးအတွက် သူမတူအောင်ဆောင်ကျဉ်းပေးတဲ့ လုပ်ရပ်တွေဟာ အလိုအလျောက်ပေါ်ပေါက်လာတာမဟုတ်ပါဘူး။ ပြုစုပျိုးထောင်ပေးဖို့လိုပါတယ်။ ဘယ်လိုပြုစုပျိုးထောင်ပေးရမှာလဲဆိုတော့ လူ့အခွင့်အရေးကိုလေးစားရမှာပါ။ မိသားစုတွေ၊ အသိုင်းအဝိုင်းတွေအကြား ပျိုးထောင်းပေးရမှာပါ။ လူတိုင်းမှာ အမွေအဖြစ်ပါလာတဲ့ အခွင့်အရေးကို လေးစားတတ်အောင်၊ လူထုအကြားနိုင်ငံရေးယဉ်ကျေးမှုတရပ် ပေါက်ဖွားလာအောင် ပညာရေးစနစ်ကနေလည်း သင်ကြားပေးဖို့လိုပါတယ်။"

ပြည်ပမှာ လူ့အခွင့်အရေးမြှင့်တင်ရေး အောင်မြင်ဖို့ အမေရိကန်လွတ်လပ်ရေးကြေညာစာတမ်းကိုသာ အာရုံစိုက်ဖို့ မဟုတ်ဘဲ၊ ဘယ်နိုင်ငံရေးမှာမဆို စံထားရမယ့်၊ အခြေခံလူ့အခွင့်အရေးရဲ့ ပင်မအဓိပ္ပါယ်ဖွင့်ဆိုချက်ပါဝင်တဲ့၊ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းကိုပါ အာရုံစိုက်ရပါမယ်လို့ ညွှန်ကြားရေးမှူး Berkowitz ကပြောဆိုလိုက်ကြောင်းပါခင်ဗျား။

XS
SM
MD
LG