Accessibility links

Breaking News

သမၼတ Trump ရဲ႕ ကုလမိန္႔ခြန္း


အေမရိကန္သမၼတ Donald Trump ရဲ႕ ကုလသမဂၢအေထြေထြညီလာခံ မိန္႔ခြန္း
အေမရိကန္သမၼတ Donald Trump ရဲ႕ ကုလသမဂၢအေထြေထြညီလာခံ မိန္႔ခြန္း

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

ကမၻာတဝန္း အႀကီးအက်ယ္ရုန္းကန္ လႈပ္ရွားေနရတဲ့ အျဖစ္နဲ႔ ရင္ဆိုင္ေနရတယ္လို႔ အေမရိကန္သမၼတ Donald Trump က သူ႔ရဲ႕ ကုလသမဂၢအေထြေထြညီလာခံ မိန္႔ခြန္းမွာ ေျပာဆိုလိုက္ပါတယ္။ ႏိုင္ငံေပါင္း ၁၈၈ ႏိုင္ငံမွာ မျမင္ရတဲ့ ရန္သူလက္ခ်က္နဲ႔ လူ႔အသက္ေတြ မေရတြက္ႏိုင္ေလာက္ေအာင္ ဆံုးရံႈးခဲ့ရတာေၾကာင့္၊ ဒီ မျမင္ရတဲ့ ရန္သူ - တရုတ္ Virus ကို က်ေနာ္တို႔ အျပင္းအထန္ တိုက္ထုတ္ေနၾကရတယ္လို႔ဆိုပါတယ္။

COVID-19 ကပ္ေရာဂါ တိုက္ဖ်က္ေရးအတြက္ ႏိုင္ငံေတြ လိုအပ္ေနတဲ့ ထိေရာက္တဲ့ ကုထံုးနဲ႔ အေမရိကန္မွာ ပိုလွ်ံစြာထုတ္လုပ္ေနတဲ့ အသက္ရွဴ အကူစက္ Ventilators ေတြ အပါအဝင္၊ အေမရိကန္ျပည္ေထာင္စုက အင္တိုက္အားတိုက္ ကူညီေနပါတယ္။ အခုဆိုရင္ ကာကြယ္ေဆး ၃ မ်ိဳး ဟာ စမ္းသပ္တဲ့ ေနာက္ဆံုးအဆင့္ကို ေရာက္ေနပါၿပီလို႔ သမၼတ ထရမ့္က အခုလိုေျပာပါတယ္။

“က်ေနာ္တို႔ ကာကြယ္ေဆးျဖန္႔ျဖဴးသြားမွာပါ။ Virus ပိုးကိုႏိုင္ေအာင္ တိုက္ထုတ္သြားမွာပါ။ ကပ္ေရာဂါအဆံုးသတ္ေအာင္လုပ္သြားမွာပါ။ က်ေနာ္တို႔တေတြ မႀကံဳဘူးတဲ့ သာယာဝေျပာမႈ၊ ပူးေပါင္းေဆာင္ရြက္မႈနဲ႔ ၿငိမ္းခ်မ္းတဲ့ ေခတ္သစ္ကို ခ်ဥ္းနင္းဝင္ေရာက္ၾကေတာ့မွာျဖစ္တယ္လို႔ ေျပာသြားတာပါ။"

တခ်ိန္တည္းမွာဘဲ တရုတ္ႏိုင္ငံက ေခါင္းေဆာင္ေတြ သူတို႔လုပ္ရပ္အတြက္ မျဖစ္မေန တာဝန္ခံၾက ရမွာျဖစ္တယ္လို႔ သမၼတထရမ့္က ေျပာဆိုလိုက္ပါတယ္။

“Virus ကပ္ေရာဂါစျဖစ္ျဖစ္ျခင္း၊ တရုတ္ျပည္တြင္းခရီးသြားတာေတြကို ပိတ္ပစ္လိုက္ေပမဲ့ ေလယာဥ္ခရီးစဥ္ေတြကို ထြက္ခြာခြင့္ျပဳၿပီး တကမၻာလံုးကို ကူးစက္ေစခဲ့ပါတယ္။တရုတ္အစိုးရနဲ႔ တရုတ္က လံုးဝထိန္းခ်ဳပ္ထားတဲ့ WHO ကမၻာ့က်န္းမာေရးအဖြဲ႔ႀကီးက ဒီ Virus ဟာ လူကေန လူကိုကူးတဲ့ ေထာက္အထားမရွိပါဘူးလို႔ သတင္အမွားကို ေၾကညာခဲ့တာလို႔ သမၼတထရမ့္က ေထာက္ျပလိုက္တာပါ။"

ကုလသမဂၢအေနနဲ႔ သဘာဝပတ္ဝန္းက်င္ပ်က္စီးေအာင္လုပ္ေနတဲ့ တရုတ္ႏိုင္ငံကို အေရးယူေပးဖို႔ကိုလည္း သမၼတထရမ့္က တိုက္တြန္းလိုက္ပါတယ္။

“တရုတ္ႏိုင္ငံက တန္ခ်ိန္ သန္းနဲ႔ခ်ီတဲ့ Plastic နဲ႔ အမိႈက္ေတြ ပင္လယ္သမုဒၵရာထဲ ႏွစ္စဥ္ စြန္႔ပစ္ေနတာပါ။ တျခားႏိုင္ငံေတြရဲ႕ ေရပိုင္နက္မွာလည္း တရုတ္က ငါးေတြကို မတန္တဆဖမ္းေနတာေၾကာင့္ အေျပာက်ယ္လွတဲ့ သႏၱာေက်ာက္တန္းေတြ ပ်က္စီးကုန္ၿပီး၊ ကမၻာတဝန္း ဘယ္ေနရာမွာဘဲျဖစ္ျဖစ္ ႏိုင္ငံေတြမွာ ျပဒါးအဆိပ္သင့္ ညစ္ျငမ္းမႈ ျဖစ္ေစပါတယ္။ တရုတ္ရဲ႕ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ဓါတ္ေငြ႔ ထုတ္လႊင့္မႈဟာ အေမရိကန္ထက္ ၂ ဆ နီးပါးမ်ားေနၿပီး၊ အလ်င္အျမန္တိုးလာတယ္”လို႔ ေျပာသြားတာပါ။

တကယ္လို႔သာ ကုလသမဂၢဟာ ထိေရာက္တဲ့ အဖြဲ႔အစည္းျဖစ္ခဲ့မယ္ဆိုရင္ ကမၻာရဲ႕ တကယ့္ျပႆနာေတြကို မျဖစ္မေန အာရံုစိုက္ရပါလိမ့္မယ္လို႔ သမၼတထရမ့္ကေျပာပါတယ္။ အၾကမ္းဖက္ဝါဒ၊ အမ်ိဳးသမီးေတြကို ဖိႏွိပ္တာ၊ အဓမၼအလုပ္ခိုင္းေစတာ၊ မူးယစ္ေဆးဝါး ေရာင္းဝယ္တာ၊ လူကုန္ကူးမႈနဲ႔ လိင္ကုန္ကူးတာ၊ လူနည္းစုရဲ႕ ဘာသာေရးဖိႏွိပ္တာနဲ႔ လူမ်ိုးစုအလိုက္ ရွင္းလင္းဖယ္ရွားတဲ့ ျပႆနာေတြကို အာရံုစိုက္ရမွာျဖစ္တယ္လို႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ေျပာဆိုလိုက္ေၾကာင္းပါ။

.............

သမ္မတ Trump ရဲ့ ကုလမိန့်ခွန်း
(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

ကမ္ဘာတဝန်း အကြီးအကျယ်ရုန်းကန် လှုပ်ရှားနေရတဲ့ အဖြစ်နဲ့ ရင်ဆိုင်နေရတယ်လို့ အမေရိကန်သမ္မတ Donald Trump က သူ့ရဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ မိန့်ခွန်းမှာ ပြောဆိုလိုက်ပါတယ်။ နိုင်ငံပေါင်း ၁၈၈ နိုင်ငံမှာ မမြင်ရတဲ့ ရန်သူလက်ချက်နဲ့ လူ့အသက်တွေ မရေတွက်နိုင်လောက်အောင် ဆုံးရှုံးခဲ့ရတာကြောင့်၊ ဒီ မမြင်ရတဲ့ ရန်သူ - တရုတ် Virus ကို ကျနော်တို့ အပြင်းအထန် တိုက်ထုတ်နေကြရတယ်လို့ဆိုပါတယ်။

COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် နိုင်ငံတွေ လိုအပ်နေတဲ့ ထိရောက်တဲ့ ကုထုံးနဲ့ အမေရိကန်မှာ ပိုလျှံစွာထုတ်လုပ်နေတဲ့ အသက်ရှူ အကူစက် Ventilators တွေ အပါအဝင်၊ အမေရိကန်ပြည်ထောင်စုက အင်တိုက်အားတိုက် ကူညီနေပါတယ်။ အခုဆိုရင် ကာကွယ်ဆေး ၃ မျိုး ဟာ စမ်းသပ်တဲ့ နောက်ဆုံးအဆင့်ကို ရောက်နေပါပြီလို့ သမ္မတ ထရမ့်က အခုလိုပြောပါတယ်။

“ကျနော်တို့ ကာကွယ်ဆေးဖြန့်ဖြူးသွားမှာပါ။ Virus ပိုးကိုနိုင်အောင် တိုက်ထုတ်သွားမှာပါ။ ကပ်ရောဂါအဆုံးသတ်အောင်လုပ်သွားမှာပါ။ ကျနော်တို့တတွေ မကြုံဘူးတဲ့ သာယာဝပြောမှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ ငြိမ်းချမ်းတဲ့ ခေတ်သစ်ကို ချဉ်းနင်းဝင်ရောက်ကြတော့မှာဖြစ်တယ်လို့ ပြောသွားတာပါ။"

တချိန်တည်းမှာဘဲ တရုတ်နိုင်ငံက ခေါင်းဆောင်တွေ သူတို့လုပ်ရပ်အတွက် မဖြစ်မနေ တာဝန်ခံကြ ရမှာဖြစ်တယ်လို့ သမ္မတထရမ့်က ပြောဆိုလိုက်ပါတယ်။

“Virus ကပ်ရောဂါစဖြစ်ဖြစ်ခြင်း၊ တရုတ်ပြည်တွင်းခရီးသွားတာတွေကို ပိတ်ပစ်လိုက်ပေမဲ့ လေယာဉ်ခရီးစဉ်တွေကို ထွက်ခွာခွင့်ပြုပြီး တကမ္ဘာလုံးကို ကူးစက်စေခဲ့ပါတယ်။တရုတ်အစိုးရနဲ့ တရုတ်က လုံးဝထိန်းချုပ်ထားတဲ့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဒီ Virus ဟာ လူကနေ လူကိုကူးတဲ့ ထောက်အထားမရှိပါဘူးလို့ သတင်အမှားကို ကြေညာခဲ့တာလို့ သမ္မတထရမ့်က ထောက်ပြလိုက်တာပါ။"

ကုလသမဂ္ဂအနေနဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးအောင်လုပ်နေတဲ့ တရုတ်နိုင်ငံကို အရေးယူပေးဖို့ကိုလည်း သမ္မတထရမ့်က တိုက်တွန်းလိုက်ပါတယ်။

“တရုတ်နိုင်ငံက တန်ချိန် သန်းနဲ့ချီတဲ့ Plastic နဲ့ အမှိုက်တွေ ပင်လယ်သမုဒ္ဒရာထဲ နှစ်စဉ် စွန့်ပစ်နေတာပါ။ တခြားနိုင်ငံတွေရဲ့ ရေပိုင်နက်မှာလည်း တရုတ်က ငါးတွေကို မတန်တဆဖမ်းနေတာကြောင့် အပြောကျယ်လှတဲ့ သန္တာကျောက်တန်းတွေ ပျက်စီးကုန်ပြီး၊ ကမ္ဘာတဝန်း ဘယ်နေရာမှာဘဲဖြစ်ဖြစ် နိုင်ငံတွေမှာ ပြဒါးအဆိပ်သင့် ညစ်ငြမ်းမှု ဖြစ်စေပါတယ်။ တရုတ်ရဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ ထုတ်လွှင့်မှုဟာ အမေရိကန်ထက် ၂ ဆ နီးပါးများနေပြီး၊ အလျင်အမြန်တိုးလာတယ်”လို့ ပြောသွားတာပါ။

တကယ်လို့သာ ကုလသမဂ္ဂဟာ ထိရောက်တဲ့ အဖွဲ့အစည်းဖြစ်ခဲ့မယ်ဆိုရင် ကမ္ဘာရဲ့ တကယ့်ပြဿနာတွေကို မဖြစ်မနေ အာရုံစိုက်ရပါလိမ့်မယ်လို့ သမ္မတထရမ့်ကပြောပါတယ်။ အကြမ်းဖက်ဝါဒ၊ အမျိုးသမီးတွေကို ဖိနှိပ်တာ၊ အဓမ္မအလုပ်ခိုင်းစေတာ၊ မူးယစ်ဆေးဝါး ရောင်းဝယ်တာ၊ လူကုန်ကူးမှုနဲ့ လိင်ကုန်ကူးတာ၊ လူနည်းစုရဲ့ ဘာသာရေးဖိနှိပ်တာနဲ့ လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားတဲ့ ပြဿနာတွေကို အာရုံစိုက်ရမှာဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုလိုက်ကြောင်းပါ။

XS
SM
MD
LG