Accessibility links

Breaking News

ကမၻာ့က်န္းမာေရး အေမရိကန္ေဆာင္ရြက္ခ်က္


USAID မွ Ukraine ႏိုင္ငံအတြင္း ေထာက္ပံ႔ပစၥည္းမ်ား ေပးေနစဥ္
USAID မွ Ukraine ႏိုင္ငံအတြင္း ေထာက္ပံ႔ပစၥည္းမ်ား ေပးေနစဥ္

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

ကမၻာတဝန္းကျပည္သူေတြအတြက္ က်န္းမာေရးနဲ႔ စာနာမႈအေထာက္အပံ့ေတြ ပံ့ပိုးရာမွာ ကမၻာမွာ အေမရိကန္ျပည္ေထာင္စုဟာ ရက္ေရာဆံုး အျဖစ္ရပ္တည္ခဲ့တာၾကာခဲ့ပါၿပီ။အကူအညီ လိုအပ္ေနသူေတြ၊ အေထာက္အပံ့ေတြရရွိေစေရး ရည္ရြယ္ခ်က္နဲ႔ေမွ်ာ္မွန္းၿပီး အေမရိကန္အခြန္ထမ္းေတြရဲ႕ ရန္ပံုေငြနဲ႔ အသံုးတည့္ေအာင္ ပံ့ပိုးခဲ့တာျဖစ္ပါတယ္။

ကံမေကာင္း အေၾကာင္းမလွစြာပါဘဲ။ WHO ေခၚ ကမၻာ့က်န္းမာေရးအဖြဲ႔ႀကီးက လိုအပ္သူေတြဆီ အေထာက္အပံ့ေတြေရာက္ေအာင္၊ ေဆာင္က်ဥ္းေပးဖို႔ အႀကီးအက်ယ္ပ်က္ကြက္ခဲ့ၿပီး၊ COVID-19 ကပ္ေရာဂါတုန္႔ျပန္ရာမွာတင္မကပါဘူး၊ လြန္ခဲ့တဲ့ ၁၀ စုႏွစ္ေတြအတြင္း က်န္းမာေရးျပႆနာေတြ ကိုလည္း မကိုင္တြယ္ႏိုင္ခဲ့ပါဘူးလို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာခြင့္ရ Morgan Ortagus ရဲ႔ ထုတ္ျပန္ခ်က္မွာေဖၚျပထားပါတယ္။

ဒါတင္မကေသးပါဘူး၊ တရုတ္ကြန္ျမဴနစ္ပါတီရဲ႕ လႊမ္းမိုးမႈမပါဘဲ သီးျခားလြတ္လပ္တယ္ဆိုတာကို စတင္ ျပသတဲ့အေနနဲ႔ ျပဳျပင္ေျပာင္းလဲေရး အေရးတႀကီးလုပ္ဖို႔ ကိုလည္း ျငင္းဆန္ခဲ့တယ္လို႔ ဆိုပါတယ္။ ဒါ့ေၾကာင့္၊ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ WHO ကမၻာ့က်န္းမာေရးအဖြဲ႔ႀကီးကေန ၂၀၂၁ ခုႏွစ္ ဇူလိုင္လကစၿပီး တရားဝင္ႏုတ္ထြက္ဖို႔ ေၾကညာလိုက္ပါတယ္။

ဒါေပမဲ့ တျခားလိုအပ္တဲ့ႏိုင္ငံေတြအတြက္ က်န္းမာေရးအေထာက္အပံ့ေပးေရးမွာေတာ့ အေမရိကန္ရဲ႕ သႏၷိ႒ာန္က ခိုင္မာဆဲပါပဲ။WHO ကမၻာ့က်န္းမာေရးအဖြဲ႔ႀကီးကထြက္ၿပီးေနာက္ပိုင္း၊ တျခားႏိုင္ငံေတြမွာ ကူးစက္ေရာဂါျဖစ္ခဲ့ရင္၊ ကာကြယ္ဖို႔၊ ေရာဂါရွာေဖြဖို႔နဲ႔ အေရးေပၚစာနာမႈအကူအညီ လိုအပ္တာေတြကို၊ အစိုးရဌာနေတြနဲ႔ ေအဂ်င္စီေတြအျပင္ ပုဂၢလိကက႑ကပါအျမန္ဆံုး ဘယ္လိုကူညီႏိုင္မလဲဆိုတဲ့ နည္းလမ္းေတြကို အေမရိကန္အစိုးရက ရွာေဖြေနပါတယ္။

၂၀၀၁ ခုႏွစ္ကစၿပီး ကမၻာတဝန္း HIV/AIDS ၊ ငွက္ဖ်ားေရာဂါ၊ အဆုတ္ေရာဂါ၊ အီဘိုလာနဲ႔ တျခား အသက္အႏၱရာယ္စိုးရိမ္ရတဲ့ေရာဂါေတြ ကာကြယ္ေရး၊ ေရာဂါရွာေဖြေရးနဲ႔ ကုသေရးအတြက္ အေမရိကန္ျပည္ေထာင္စုက ေဒၚလာ ၁၄၂ ဘီလီယံ ပံ့ပိုးခဲ့ၿပီးျဖစ္ပါတယ္။ကမၻာတခြင္ က်န္းမာေရးအတြက္ ပ်မ္းမွ် ႏွစ္စဥ္ ေဒၚလာ ၁၀ ဘီလီယံ ပံ့ပိုးေနၿပီး၊ ဒီနွစ္အတြင္း COVID-19 တိုက္ဖ်က္ေရးအတြက္ ပါသံုးစြဲေနရတာေၾကာင့္၊ ႏွစ္ဆ တိုးၿပီး ပ့့ံပိုးေနပါတယ္လို႔ USAID အေမရိကန္ႏိုင္ငံတကာ ဖြ႔ံၿဖိဳးမႈေအဂ်င္စီရဲ႕ ကမၻာ့က်န္းမာေရးဆိုင္ရာ လက္ေထာက္အုပ္ခ်ဳပ္ေရးမွဴး Dr. Alma Golden ကေျပာပါတယ္။

အေမရိကန္ျပည္ေထာင္စုအေနနဲ႔ WHO ကမၻာ့က်န္းမာေရးအဖြဲ႔ႀကီးကႏုတ္ထြက္မယ္ဆိုေပမဲ့လည္း အထိခိုက္လြယ္ဆံုးျပည္သူေတြအတြက္ က်န္းမာေရးအေထာက္အပံ့ ေပးေနတဲ့ အေနအထား မထိခိုက္ေအာင္ ေသခ်ာေစဖို႔ စိတ္ပိုင္းျဖတ္ထားပါတယ္။ အေမရိကန္ႏိုင္ငံသားအားလံုးရဲ႕ ႀကိဳးပမ္းမႈကတဆင့္ ကမၻာတခြင္ က်န္းမာေရးနဲ႔ စာနာမႈ အေထာက္အပံ့အတြက္ အေမရိကန္က ျပည္ေထာင္စုက ဦးေဆာင္ေနၿပီး၊ အေမရိကန္ျပည္ေထာင္စုရဲ႕ ရက္ေရာ တဲ့ အေထာက္အပံ့ေတြကို ကမၻာတဝန္းက ျပည္သူေတြဆီ တိုက္ရိုက္ပံ့ပိုးႏိုင္ေရး သံဓိဌာန္ခ်မွတ္ထားပါတယ္လို႔ USAID ကမၻာ့က်န္းမာေရးဆိုင္ရာ လက္ေထာက္ညႊန္ၾကားေရးမွဴး Dr. Golden က ေျပာဆိုလိုက္ေၾကာင္းပါ။

............

ကမ္ဘာ့ကျန်းမာရေး အမေရိကန်ဆောင်ရွက်ချက်

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

ကမ္ဘာတဝန်းကပြည်သူတွေအတွက် ကျန်းမာရေးနဲ့ စာနာမှုအထောက်အပံ့တွေ ပံ့ပိုးရာမှာ ကမ္ဘာမှာ အမေရိကန်ပြည်ထောင်စုဟာ ရက်ရောဆုံး အဖြစ်ရပ်တည်ခဲ့တာကြာခဲ့ပါပြီ။အကူအညီ လိုအပ်နေသူတွေ၊ အထောက်အပံ့တွေရရှိစေရေး ရည်ရွယ်ချက်နဲ့မျှော်မှန်းပြီး အမေရိကန်အခွန်ထမ်းတွေရဲ့ ရန်ပုံငွေနဲ့ အသုံးတည့်အောင် ပံ့ပိုးခဲ့တာဖြစ်ပါတယ်။

ကံမကောင်း အကြောင်းမလှစွာပါဘဲ။ WHO ခေါ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက လိုအပ်သူတွေဆီ အထောက်အပံ့တွေရောက်အောင်၊ ဆောင်ကျဉ်းပေးဖို့ အကြီးအကျယ်ပျက်ကွက်ခဲ့ပြီး၊ COVID-19 ကပ်ရောဂါတုန့်ပြန်ရာမှာတင်မကပါဘူး၊ လွန်ခဲ့တဲ့ ၁၀ စုနှစ်တွေအတွင်း ကျန်းမာရေးပြဿနာတွေ ကိုလည်း မကိုင်တွယ်နိုင်ခဲ့ပါဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ Morgan Ortagus ရဲ့ ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။

ဒါတင်မကသေးပါဘူး၊ တရုတ်ကွန်မြူနစ်ပါတီရဲ့ လွှမ်းမိုးမှုမပါဘဲ သီးခြားလွတ်လပ်တယ်ဆိုတာကို စတင် ပြသတဲ့အနေနဲ့ ပြုပြင်ပြောင်းလဲရေး အရေးတကြီးလုပ်ဖို့ ကိုလည်း ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့်၊ အမေရိကန်ပြည်ထောင်စုအနေနဲ့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကနေ ၂၀၂၁ ခုနှစ် ဇူလိုင်လကစပြီး တရားဝင်နုတ်ထွက်ဖို့ ကြေညာလိုက်ပါတယ်။

ဒါပေမဲ့ တခြားလိုအပ်တဲ့နိုင်ငံတွေအတွက် ကျန်းမာရေးအထောက်အပံ့ပေးရေးမှာတော့ အမေရိကန်ရဲ့ သန္နိဋ္ဌာန်က ခိုင်မာဆဲပါပဲ။WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကထွက်ပြီးနောက်ပိုင်း၊ တခြားနိုင်ငံတွေမှာ ကူးစက်ရောဂါဖြစ်ခဲ့ရင်၊ ကာကွယ်ဖို့၊ ရောဂါရှာဖွေဖို့နဲ့ အရေးပေါ်စာနာမှုအကူအညီ လိုအပ်တာတွေကို၊ အစိုးရဌာနတွေနဲ့ အေဂျင်စီတွေအပြင် ပုဂ္ဂလိကကဏ္ဍကပါအမြန်ဆုံး ဘယ်လိုကူညီနိုင်မလဲဆိုတဲ့ နည်းလမ်းတွေကို အမေရိကန်အစိုးရက ရှာဖွေနေပါတယ်။

၂၀၀၁ ခုနှစ်ကစပြီး ကမ္ဘာတဝန်း HIV/AIDS ၊ ငှက်ဖျားရောဂါ၊ အဆုတ်ရောဂါ၊ အီဘိုလာနဲ့ တခြား အသက်အန္တရာယ်စိုးရိမ်ရတဲ့ရောဂါတွေ ကာကွယ်ရေး၊ ရောဂါရှာဖွေရေးနဲ့ ကုသရေးအတွက် အမေရိကန်ပြည်ထောင်စုက ဒေါ်လာ ၁၄၂ ဘီလီယံ ပံ့ပိုးခဲ့ပြီးဖြစ်ပါတယ်။ကမ္ဘာတခွင် ကျန်းမာရေးအတွက် ပျမ်းမျှ နှစ်စဉ် ဒေါ်လာ ၁၀ ဘီလီယံ ပံ့ပိုးနေပြီး၊ ဒီနှစ်အတွင်း COVID-19 တိုက်ဖျက်ရေးအတွက် ပါသုံးစွဲနေရတာကြောင့်၊ နှစ်ဆ တိုးပြီး ပံ့ပိုးနေပါတယ်လို့ USAID အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးမှုအေဂျင်စီရဲ့ ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ လက်ထောက်အုပ်ချုပ်ရေးမှူး Dr. Alma Golden ကပြောပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကနုတ်ထွက်မယ်ဆိုပေမဲ့လည်း အထိခိုက်လွယ်ဆုံးပြည်သူတွေအတွက် ကျန်းမာရေးအထောက်အပံ့ ပေးနေတဲ့ အနေအထား မထိခိုက်အောင် သေချာစေဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။ အမေရိကန်နိုင်ငံသားအားလုံးရဲ့ ကြိုးပမ်းမှုကတဆင့် ကမ္ဘာတခွင် ကျန်းမာရေးနဲ့ စာနာမှု အထောက်အပံ့အတွက် အမေရိကန်က ပြည်ထောင်စုက ဦးဆောင်နေပြီး၊ အမေရိကန်ပြည်ထောင်စုရဲ့ ရက်ရော တဲ့ အထောက်အပံ့တွေကို ကမ္ဘာတဝန်းက ပြည်သူတွေဆီ တိုက်ရိုက်ပံ့ပိုးနိုင်ရေး သံဓိဌာန်ချမှတ်ထားပါတယ်လို့ USAID ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး Dr. Golden က ပြောဆိုလိုက်ကြောင်းပါ။

XS
SM
MD
LG