Accessibility links

Breaking News

အေနာက္ကမၻာျခမ္း ဖြံ႔ၿဖိဳးေရးကုိ အားေပးျခင္း


ဓါတ္ပံု-America Crece
ဓါတ္ပံု-America Crece

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

လက္တင္အေမရိကႏိုင္ငံေတြ အေနနဲ႔ ေဒသတြင္း COVID-19 ကပ္ေရာဂါ ဆက္လက္ ကာကြယ္တိုက္ဖ်က္ေနရသလို နာလံျပန္ထူႏိုင္ေရး ေရွ႕ရႈေနရခ်ိန္မွာ စီးပြားေရးတိုးတက္ဖို႔အတြက္ အားထုတ္ၾကဖို႔ အထူးအေရးႀကီးပါတယ္လို႔ ကမၻာ့အေနာက္ျခမ္းေရးရာ ယာယီ အေမရိကန္လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီး၊ သံအမတ္ႀကီး Michael Kozak ကေျပာဆိုလိုက္ပါတယ္။

အေမရိကန္ျပည္ေထာင္စုဟာ ကမၻာ့အေနာက္ျခမ္းႏိုင္ငံေတြအနက္၊ ႏိုင္ငံ သံုးပံုႏွစ္ပံုေက်ာ္နဲ႔ ကုန္သြယ္ဘက္ အမ်ားဆံုးျဖစ္ပါတယ္။ ေဒသတြင္းစီးပြားေရးဖြံ႔ၿဖိဳးတဲ့ႏိုင္ငံႀကီးေတြ စီးပြားေရး ျပန္ၿပီးလည္ပတ္ဖို႔ စတင္ခ်ိန္မွာ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ COVID လြန္ကာလအတြက္ America Crece Initiative လို႔ေခၚတဲ့ အေမရိကတိုက္ႏိုင္ငံမ်ား ဖြံၿဖိဳးတိုးတက္ေရးဦးေဆာင္ဦးရြက္ျပဳတဲ့ အစီအစဥ္ကတဆင့္ပါဝင္ကူညီမွာျဖစ္ပါတယ္။ အဲဒီေဒသတြင္းႏိုင္ငံေတြဟာ အေျခခံအေဆာက္အအံု ကြာဟခ်က္နဲ႔ အေရးတႀကီး ရင္ဆိုင္ေနရပါတယ္။ အေမရိကတိုက္ႏိုင္ငံမ်ား ဖြံၿဖိဳးတိုးတက္ေရး အစီအစဥ္ကတဆင့္ အရင္းအျမစ္ေတြနဲ႔ ကၽြမ္းက်င္သူေတြကို လက္လွမ္းမွီေအာင္၊ ေဒသတဝန္း စြမ္းအင္၊ သယ္ယူပို႔ေဆာင္ေရးနဲ႔ ဆက္သြယ္ေရးလုပ္ငန္း အေျခခံအေဆာက္အအံုေတြအတြက္ အေမရိကန္ျပည္ေထာင္စုက ပုဂၢလိက က႑ကို ရင္းႏွီျမွဳတ္ႏွံဖို႔ ဆြဲေဆာင္စည္းရံုးေပးမွာျဖစ္ပါတယ္။

ဒီေန႔အထိ၊ အေမရိကန္ျပည္ေထာင္စုဟာ America Crece အေမရိကတိုက္ႏိုင္ငံမ်ား ဖြံၿဖိဳးတိုးတက္ေရး သေဘာတူညီခ်က္ေတြကို မိတ္ဖက္ ၁၀ ႏိုင္ငံနဲ႔ လက္မွတ္ေရးထိုးခဲ့ၿပီးျဖစ္ပါတယ္။ အဲဒီ ၁၀ ႏိုင္ငံကေတာ့ ပနားမား၊ ခ်ီလီ၊ အာဂ်င္တီးနား၊ ကိုလံဘီယာ၊ အယ္လ္ဆယ္ဗယ္ေဒါ၊ အီေကြေဒါ၊ ဘရာဇီးလ္၊ ဟြန္ဒူးရပ္စ္နဲ႔ ဘိုလီဗီးယား ႏိုင္ငံတို႔ျဖစ္ၾကပါတယ္။ ဒီသေဘာတူညီခ်က္ေတြထဲမွာ၊ အေကာင္းဆံုးႏိုင္ငံတကာလုပ္ထံုးလုပ္နည္းေတြနဲ႔အညီ မိတ္ဖက္ႏိုင္ငံေတြနဲ႔ ယွဥ္ၿပိဳင္ရာမွာ ခိုင္မာေရးနဲ႔ ပြင့္လင္းျမင္သာမႈရွိေစဖို႔ တာဝန္ခံေရး ပါဝင္ပါတယ္။

DFC ေခၚ အေမရိကန္ႏိုင္ငံတကာဖြြံ႔ၿဖိဳးမႈဘ႑ာေရးေကာ္ပိုေရးရွင္းဟာ အေမရိကန္ဖြံ႔ၿဖိဳးမႈဘဏ္ျဖစ္ၿပီး၊ America Crece သေဘာတူညီခ်က္ေတြကို ပံ့ပိုးေရးမွာ ရင္းႏွွီးျမွဳပ္ႏွံဖို႔ တြန္းအားေပးတဲ့ အေရးပါတဲ့ အခန္းကေနပါဝင္ပါတယ္။ DFC ဘဏ္ကေန လာမယ့္ ၅ ႏွစ္အတြင္း အနည္းဆံုး အေမရိကန္ေဒၚလာ ၁၂ ဘီလီယံတန္ဖိုးရွိတဲ့ ရင္းႏွီးျမွဳပ္ႏွံမႈေတြ ေဆာင္က်ဥ္းေပးလိမ့္မယ္လို႔ အေမရိကန္ျပည္ေထာင္စုက ခန္႔မွန္းထားပါတယ္။

အေနာက္ကမၻာျခမ္းစီးပြားေရးျပန္လည္ရွင္သန္ေရးကူညီရာမွာ Inter-American ဖြ႔ံၿဖိဳးေရးဘဏ္အပါအဝင္ေနာက္ထပ္ အေရးပါတဲ့ ႏိုင္ငံတကာဘ႑ာေရးအဖြဲ႔အစည္းေတြလည္းရွိပါေသးတယ္။ အေမရိကတိုက္ႏိုင္ငံေတြရဲ႕ အနာဂတ္စီးပြားဖြံ႔ၿဖိဳးတိုးတက္ေရးအတြက္၊ စိတ္ခ်အားထားရမယ့္ အေျခခံအေဆာက္အအံုေတြ တည္ေဆာက္ရာမွာ ဒီမိုကေရစီနည္းက်ဖို႔ လိုအပ္ပါတယ္။

ကုန္ပစၥည္းစီးဆင္းမႈ စိတ္ခ်ရဖို႔ ယံုၾကည္ရတဲ့ မိတ္ဖက္ေတြရွိဖို႔လိုတယ္ဆိုတာကို COVID-19 ကပ္ေဘးက မီးေမာင္းထိုးျပခဲ့ၿပီးပါၿပီ။ အေမရိကန္အပါအဝင္၊ ႏိုင္ငံေတြအေနနဲ႔ တရုတ္ထုတ္ကုန္အားကိုးေနရတာကို ေလွ်ာ့ခ်မွျဖစ္မယ္လို႔ သံအမတ္ႀကီး Kozak က အေလးအနက္ေျပာပါတယ္။ ဒါ့ေၾကာင့္မို႔လို႔ ကမၻာ့ေျမာက္ျခမ္းနဲ႔ ေတာင္ျခမ္း ကုန္ပစၥည္းစီးဆင္းမႈ ျပန္လည္ထူေထာင္ေရး အေမရိကန္အေနနဲ႔ အဘက္ဘက္က အားသြန္ခြန္စိုက္ႀကိဳးပမ္းေနၿပီး၊ အရင္းအျမစ္နဲ႔ ထုတ္ကုန္ေတြကို အေမရိကန္ျပည္ေထာင္စုနဲ႔ ပိုနီးတဲ့ေနရာက ရယူဖို႔ ရည္မွန္းတာျဖစ္ပါတယ္။

အေနာက္ကမၻာျခမ္းမွာ COVID-19 ကပ္ေရာဂါစိန္ေခၚမႈကို ေက်ာ္လႊားႏိုင္ဖို႔ အေမရိကန္က မိတ္ဖက္အျဖစ္ရပ္တည္ၿပီး၊ ဆက္လက္ကူညီသြားမွာျဖစ္ပါတယ္။ တခ်ိန္တည္းမွာဘဲ၊ ဒီမိုကေရစီအေျခခိုင္မာေရးအတြက္ ဖြံ႔ၿဖိဳးတိုးတက္မႈဟာ မရွိမျဖစ္လိုအပ္ခ်က္ျဖစ္သလို၊ အေနာက္ကမၻာတခြင္လြတ္ေျမာက္ေရး ေမွ်ာ္မွန္းခ်က္အတြက္ ၿပီးျပည့္စံုေအာင္ ေဆာင္က်ဥ္းေပးမွာျဖစ္တယ္လို႔ သံအမတ္ႀကီး Kozak ကေျပာဆိုလိုက္ေၾကာင္းပါခင္ဗ်ား။

..............

အနောက်ကမ္ဘာခြမ်း ဖွံ့ဖြိုးရေးကို အားပေးခြင်း

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

လက်တင်အမေရိကနိုင်ငံတွေ အနေနဲ့ ဒေသတွင်း COVID-19 ကပ်ရောဂါ ဆက်လက် ကာကွယ်တိုက်ဖျက်နေရသလို နာလံပြန်ထူနိုင်ရေး ရှေ့ရှုနေရချိန်မှာ စီးပွားရေးတိုးတက်ဖို့အတွက် အားထုတ်ကြဖို့ အထူးအရေးကြီးပါတယ်လို့ ကမ္ဘာ့အနောက်ခြမ်းရေးရာ ယာယီ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး၊ သံအမတ်ကြီး Michael Kozak ကပြောဆိုလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာ့အနောက်ခြမ်းနိုင်ငံတွေအနက်၊ နိုင်ငံ သုံးပုံနှစ်ပုံကျော်နဲ့ ကုန်သွယ်ဘက် အများဆုံးဖြစ်ပါတယ်။ ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတဲ့နိုင်ငံကြီးတွေ စီးပွားရေး ပြန်ပြီးလည်ပတ်ဖို့ စတင်ချိန်မှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ COVID လွန်ကာလအတွက် America Crece Initiative လို့ခေါ်တဲ့ အမေရိကတိုက်နိုင်ငံများ ဖွံဖြိုးတိုးတက်ရေးဦးဆောင်ဦးရွက်ပြုတဲ့ အစီအစဉ်ကတဆင့်ပါဝင်ကူညီမှာဖြစ်ပါတယ်။ အဲဒီဒေသတွင်းနိုင်ငံတွေဟာ အခြေခံအဆောက်အအုံ ကွာဟချက်နဲ့ အရေးတကြီး ရင်ဆိုင်နေရပါတယ်။ အမေရိကတိုက်နိုင်ငံများ ဖွံဖြိုးတိုးတက်ရေး အစီအစဉ်ကတဆင့် အရင်းအမြစ်တွေနဲ့ ကျွမ်းကျင်သူတွေကို လက်လှမ်းမှီအောင်၊ ဒေသတဝန်း စွမ်းအင်၊ သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးလုပ်ငန်း အခြေခံအဆောက်အအုံတွေအတွက် အမေရိကန်ပြည်ထောင်စုက ပုဂ္ဂလိက ကဏ္ဍကို ရင်းနှီမြှုတ်နှံဖို့ ဆွဲဆောင်စည်းရုံးပေးမှာဖြစ်ပါတယ်။

ဒီနေ့အထိ၊ အမေရိကန်ပြည်ထောင်စုဟာ America Crece အမေရိကတိုက်နိုင်ငံများ ဖွံဖြိုးတိုးတက်ရေး သဘောတူညီချက်တွေကို မိတ်ဖက် ၁၀ နိုင်ငံနဲ့ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါတယ်။ အဲဒီ ၁၀ နိုင်ငံကတော့ ပနားမား၊ ချီလီ၊ အာဂျင်တီးနား၊ ကိုလံဘီယာ၊ အယ်လ်ဆယ်ဗယ်ဒေါ၊ အီကွေဒေါ၊ ဘရာဇီးလ်၊ ဟွန်ဒူးရပ်စ်နဲ့ ဘိုလီဗီးယား နိုင်ငံတို့ဖြစ်ကြပါတယ်။ ဒီသဘောတူညီချက်တွေထဲမှာ၊ အကောင်းဆုံးနိုင်ငံတကာလုပ်ထုံးလုပ်နည်းတွေနဲ့အညီ မိတ်ဖက်နိုင်ငံတွေနဲ့ ယှဉ်ပြိုင်ရာမှာ ခိုင်မာရေးနဲ့ ပွင့်လင်းမြင်သာမှုရှိစေဖို့ တာဝန်ခံရေး ပါဝင်ပါတယ်။

DFC ခေါ် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှုဘဏ္ဍာရေးကော်ပိုရေးရှင်းဟာ အမေရိကန်ဖွံ့ဖြိုးမှုဘဏ်ဖြစ်ပြီး၊ America Crece သဘောတူညီချက်တွေကို ပံ့ပိုးရေးမှာ ရင်းနှီးမြှုပ်နှံဖို့ တွန်းအားပေးတဲ့ အရေးပါတဲ့ အခန်းကနေပါဝင်ပါတယ်။ DFC ဘဏ်ကနေ လာမယ့် ၅ နှစ်အတွင်း အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံတန်ဖိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဆောင်ကျဉ်းပေးလိမ့်မယ်လို့ အမေရိကန်ပြည်ထောင်စုက ခန့်မှန်းထားပါတယ်။

အနောက်ကမ္ဘာခြမ်းစီးပွားရေးပြန်လည်ရှင်သန်ရေးကူညီရာမှာ Inter-American ဖွံ့ဖြိုးရေးဘဏ်အပါအဝင်နောက်ထပ် အရေးပါတဲ့ နိုင်ငံတကာဘဏ္ဍာရေးအဖွဲ့အစည်းတွေလည်းရှိပါသေးတယ်။ အမေရိကတိုက်နိုင်ငံတွေရဲ့ အနာဂတ်စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်၊ စိတ်ချအားထားရမယ့် အခြေခံအဆောက်အအုံတွေ တည်ဆောက်ရာမှာ ဒီမိုကရေစီနည်းကျဖို့ လိုအပ်ပါတယ်။

ကုန်ပစ္စည်းစီးဆင်းမှု စိတ်ချရဖို့ ယုံကြည်ရတဲ့ မိတ်ဖက်တွေရှိဖို့လိုတယ်ဆိုတာကို COVID-19 ကပ်ဘေးက မီးမောင်းထိုးပြခဲ့ပြီးပါပြီ။ အမေရိကန်အပါအဝင်၊ နိုင်ငံတွေအနေနဲ့ တရုတ်ထုတ်ကုန်အားကိုးနေရတာကို လျှော့ချမှဖြစ်မယ်လို့ သံအမတ်ကြီး Kozak က အလေးအနက်ပြောပါတယ်။ ဒါ့ကြောင့်မို့လို့ ကမ္ဘာ့မြောက်ခြမ်းနဲ့ တောင်ခြမ်း ကုန်ပစ္စည်းစီးဆင်းမှု ပြန်လည်ထူထောင်ရေး အမေရိကန်အနေနဲ့ အဘက်ဘက်က အားသွန်ခွန်စိုက်ကြိုးပမ်းနေပြီး၊ အရင်းအမြစ်နဲ့ ထုတ်ကုန်တွေကို အမေရိကန်ပြည်ထောင်စုနဲ့ ပိုနီးတဲ့နေရာက ရယူဖို့ ရည်မှန်းတာဖြစ်ပါတယ်။

အနောက်ကမ္ဘာခြမ်းမှာ COVID-19 ကပ်ရောဂါစိန်ခေါ်မှုကို ကျော်လွှားနိုင်ဖို့ အမေရိကန်က မိတ်ဖက်အဖြစ်ရပ်တည်ပြီး၊ ဆက်လက်ကူညီသွားမှာဖြစ်ပါတယ်။ တချိန်တည်းမှာဘဲ၊ ဒီမိုကရေစီအခြေခိုင်မာရေးအတွက် ဖွံ့ဖြိုးတိုးတက်မှုဟာ မရှိမဖြစ်လိုအပ်ချက်ဖြစ်သလို၊ အနောက်ကမ္ဘာတခွင်လွတ်မြောက်ရေး မျှော်မှန်းချက်အတွက် ပြီးပြည့်စုံအောင် ဆောင်ကျဉ်းပေးမှာဖြစ်တယ်လို့ သံအမတ်ကြီး Kozak ကပြောဆိုလိုက်ကြောင်းပါခင်ဗျား။

XS
SM
MD
LG