Accessibility links

Breaking News

လစ္ဘရယ္ဒီမုိကေရစီဟာ လူ႔အခြင့္အေရးကုိ အထိေရာက္ဆုံးကာကြယ္ႏုိင္


အေမရိကန္ ဖြဲ႔စည္းပံု အေျခခံဥပေဒ ျပင္ဆင္ခ်က္အမွတ္ (၁)
အေမရိကန္ ဖြဲ႔စည္းပံု အေျခခံဥပေဒ ျပင္ဆင္ခ်က္အမွတ္ (၁)

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

ဘာသာေရးလြတ္လပ္ခြင့္ဆိုတာ အေျခခံအခြင့္အေရးတရပ္ျဖစ္တယ္လို႔ အေမရိကန္ ဖြဲ႔စည္းပံု အေျခခံဥပေဒ ျပင္ဆင္ခ်က္အမွတ္ (၁) မွာ ေဖၚညႊန္းထားပါတယ္။ ကြန္ကရက္လႊတ္ေတာ္အေနနဲ႔ဘာသာတရပ္ထူေထာင္ၿပီး ေလးစားလိုက္နာတာ၊ ဒါမွမဟုတ္ လြတ္လပ္စြာ ယံုၾကည္ကိုးကြယ္တာကို ဟန္႔တားဖို႔ ဘယ္လိုဥပေဒမ်ိဳးကိုမွ မျပဌာန္းရဘူးလို႔ ေဖၚျပထားပါတယ္။

ဘာသာေရးလြတ္လပ္ခြင့္ကို အကာအကြယ္ေပးဖို႔နဲ႔ တျခားအေျခခံအခြင့္အေရးေတြကို ေလးစားဖို႔အတြက္ ႏိုင္ငံေတြအၾကား ဆက္ႏြယ္မႈရွိပါတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ မူဝါဒစီမံကိန္းေရးရာ ညႊန္ၾကားေရးမွဴး Peter Berkowitz က အခုလိုေျပာပါတယ္။

“က်ေနာ္တို႔ သိၾကတဲ့အတိုင္းအေမရိကန္ျပည္ေထာင္စုဟာ၊ ႏိုင္ငံေတြအၾကား ဘာသာေရးလြတ္လပ္ခြင့္ကို အကာအကြယ္ေပးဖို႔ အေလးအနက္ ဆက္စပ္မႈရွိေနတာနဲ႔၊ တျခားလြတ္ေျမာက္မႈေတြအားလံုး၊ အကာအကြယ္ေပးေနတဲ့ ႏိုင္ငံေတြအေပၚ အစဥ္အလာအတိုင္း အေလးေပး ဂရုစိုက္ေနတာဟာ အေတြ႔အႀကံဳကေပးတဲ့ အေရးပါတဲ့ လက္ေတြ႔က်င့္စဥ္ျဖစ္ပါတယ္။လူသားေတြ တိုက္အယူရဆံုးထဲက အေရးပါဆံုးတခုျဖစ္တဲ့ မတူကြဲျပားတဲ့ ထင္ျမင္ယူဆခ်က္ကို လြတ္လပ္စြာထုတ္ေဖၚႏိုင္ဖို႔ အကာအကြယ္ေပးေနတာဆိုရင္ေတာ့၊ ဒါဟာ တကယ့္ကို အဓိပၸါယ္ရွိပါတယ္။ ဘုရားသခင္နဲ႔ ပတ္သက္ၿပီး မတူကြဲျပားတဲ့ ထင္ျမင္ယူဆခ်က္ေတြျဖစ္တယ္လို႔ ေျပာသြားတာပါ။”

တရုတ္၊ အီရန္နဲ႔ ရုရွားအပါအဝင္ အာဏာရွင္အုပ္ခ်ဳပ္တဲ့ ႏိုင္ငံေတြက အေမရိကန္ဟာ ျပည္တြင္းမွာေတာင္ လူ႔အခြင့္အေရးကို အျပည့္အဝ ေလးစားလိုက္နာတာမဟုတ္လို႔ တျခားႏိုင္ငံေတြမွာ ဒီလိုအခြင့္အေရးမ်ိဳးအတြက္ အားေပးစရာအေၾကာင္းမရွိဘူးလို႔ ေျပာၾကပါတယ္။

ဒါေပမဲ့ ညႊန္ၾကားေရးမွဴး Berkowitz ကေတာ့ ဒီလိုေျပာတာဟာ စိတ္ပ်က္ဖို႔ ေကာင္းတယ္လို႔ တုန္႔ျပန္လိုက္ပါတယ္။

“လူ႔အခြင့္အေရးကို အေျခခံၿပီး အေမရိကန္ျပည္ေထာင္စုလို အခြင့္အေရးေလးစားလိုက္နာတဲ့ ဒီမိုကေရစီႏိုင္ငံေတြနဲ႔ လူ႔အခြင့္အေရးကို လက္မခံတဲ့ အယူအဆမ်ိဳးရွိတဲ့ တရုတ္၊ အီရန္နဲ႔ ရုရွားလို ႏိုင္ငံေတြအၾကား အေျခခံက်တဲ့ ကြာျခားခ်က္တရပ္ရွိပါတယ္။ မွန္ပါတယ္။ တရုတ္၊ အီရန္နဲ႔ ရုရွားႏိုင္ငံမွာ သတၱိရွိတဲ့ အတိုက္အခံေတြမရွိဘူးလို႔ က်ေနာ္ဆိုလိုတာမဟုတ္ပါဘူး။ သူတို႔ရွိေနတာကို က်ေနာ္တို႔သိပါတယ္။ ဒါေပမဲ့ ၿခံဳေျပာရရင္၊ ဒီလိုစကားမ်ိဳးေျပာဆိုဖို႔ႏိုင္ငံေရးအသိုင္းအဝိုင္းက ခြင့္မျပဳပါဘူးလို႔ ေျပာသြားတာပါ။"

အေမရိကန္လြတ္လပ္ေရး ေၾကညာစာတမ္းနဲ႔ ကုလသမဂၢလူ႔အခြင့္အေရးေၾကညာစာတမ္းဟာ၊ အစိုးရပံုစံအမ်ိဳးမ်ိဳးအတြက္ အျပည္ျပည္ဆိုင္ရာစံအျဖစ္ သတ္မွတ္ဖို႔ ေလ်ာ္ကန္သင့္ျမတ္ၿပီး၊ အစိုးရတိုင္းက အားက်အတုယူသင့္ပါတယ္လို႔ ညႊန္ၾကားေရးမွဴး Berkowitz က ဆိုပါတယ္။အခြင့္အေရးအားလံုးကို အကာအကြယ္ေပးတဲ့ ဒီမိုကေရစီဟာ လူ႔အခြင့္အေရး ေလးစားလိုက္နာတဲ့ အစိုးရဖြဲ႔စည္းေရးအတြက္ အသင့္ေတာ္ဆံုးျဖစ္တာေၾကာင့္ ျပည္သူေတြ သေဘာက်ၾကမယ္လို႔ ေမွ်ာ္လင့္ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ မူဝါဒစီမံကိန္းေရးရာ ညႊန္ၾကားေရးမွဴး Peter Berkowitz က အေလးအနက္ ေျပာဆိုလိုက္ေၾကာင္းပါခင္ဗ်ား။

...............

လစ်ဘရယ်ဒီမိုကရေစီဟာ လူ့အခွင့်အရေးကို အထိရောက်ဆုံးကာကွယ်နိုင်

(Unicode)
အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

ဘာသာရေးလွတ်လပ်ခွင့်ဆိုတာ အခြေခံအခွင့်အရေးတရပ်ဖြစ်တယ်လို့ အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ချက်အမှတ် (၁) မှာ ဖေါ်ညွှန်းထားပါတယ်။ ကွန်ကရက်လွှတ်တော်အနေနဲ့ဘာသာတရပ်ထူထောင်ပြီး လေးစားလိုက်နာတာ၊ ဒါမှမဟုတ် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်တာကို ဟန့်တားဖို့ ဘယ်လိုဥပဒေမျိုးကိုမှ မပြဌာန်းရဘူးလို့ ဖေါ်ပြထားပါတယ်။

ဘာသာရေးလွတ်လပ်ခွင့်ကို အကာအကွယ်ပေးဖို့နဲ့ တခြားအခြေခံအခွင့်အရေးတွေကို လေးစားဖို့အတွက် နိုင်ငံတွေအကြား ဆက်နွယ်မှုရှိပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ မူဝါဒစီမံကိန်းရေးရာ ညွှန်ကြားရေးမှူး Peter Berkowitz က အခုလိုပြောပါတယ်။

“ကျနော်တို့ သိကြတဲ့အတိုင်းအမေရိကန်ပြည်ထောင်စုဟာ၊ နိုင်ငံတွေအကြား ဘာသာရေးလွတ်လပ်ခွင့်ကို အကာအကွယ်ပေးဖို့ အလေးအနက် ဆက်စပ်မှုရှိနေတာနဲ့၊ တခြားလွတ်မြောက်မှုတွေအားလုံး၊ အကာအကွယ်ပေးနေတဲ့ နိုင်ငံတွေအပေါ် အစဉ်အလာအတိုင်း အလေးပေး ဂရုစိုက်နေတာဟာ အတွေ့အကြုံကပေးတဲ့ အရေးပါတဲ့ လက်တွေ့ကျင့်စဉ်ဖြစ်ပါတယ်။လူသားတွေ တိုက်အယူရဆုံးထဲက အရေးပါဆုံးတခုဖြစ်တဲ့ မတူကွဲပြားတဲ့ ထင်မြင်ယူဆချက်ကို လွတ်လပ်စွာထုတ်ဖေါ်နိုင်ဖို့ အကာအကွယ်ပေးနေတာဆိုရင်တော့၊ ဒါဟာ တကယ့်ကို အဓိပ္ပါယ်ရှိပါတယ်။ ဘုရားသခင်နဲ့ ပတ်သက်ပြီး မတူကွဲပြားတဲ့ ထင်မြင်ယူဆချက်တွေဖြစ်တယ်လို့ ပြောသွားတာပါ။”

တရုတ်၊ အီရန်နဲ့ ရုရှားအပါအဝင် အာဏာရှင်အုပ်ချုပ်တဲ့ နိုင်ငံတွေက အမေရိကန်ဟာ ပြည်တွင်းမှာတောင် လူ့အခွင့်အရေးကို အပြည့်အဝ လေးစားလိုက်နာတာမဟုတ်လို့ တခြားနိုင်ငံတွေမှာ ဒီလိုအခွင့်အရေးမျိုးအတွက် အားပေးစရာအကြောင်းမရှိဘူးလို့ ပြောကြပါတယ်။

ဒါပေမဲ့ ညွှန်ကြားရေးမှူး Berkowitz ကတော့ ဒီလိုပြောတာဟာ စိတ်ပျက်ဖို့ ကောင်းတယ်လို့ တုန့်ပြန်လိုက်ပါတယ်။

“လူ့အခွင့်အရေးကို အခြေခံပြီး အမေရိကန်ပြည်ထောင်စုလို အခွင့်အရေးလေးစားလိုက်နာတဲ့ ဒီမိုကရေစီနိုင်ငံတွေနဲ့ လူ့အခွင့်အရေးကို လက်မခံတဲ့ အယူအဆမျိုးရှိတဲ့ တရုတ်၊ အီရန်နဲ့ ရုရှားလို နိုင်ငံတွေအကြား အခြေခံကျတဲ့ ကွာခြားချက်တရပ်ရှိပါတယ်။ မှန်ပါတယ်။ တရုတ်၊ အီရန်နဲ့ ရုရှားနိုင်ငံမှာ သတ္တိရှိတဲ့ အတိုက်အခံတွေမရှိဘူးလို့ ကျနော်ဆိုလိုတာမဟုတ်ပါဘူး။ သူတို့ရှိနေတာကို ကျနော်တို့သိပါတယ်။ ဒါပေမဲ့ ခြုံပြောရရင်၊ ဒီလိုစကားမျိုးပြောဆိုဖို့နိုင်ငံရေးအသိုင်းအဝိုင်းက ခွင့်မပြုပါဘူးလို့ ပြောသွားတာပါ။"

အမေရိကန်လွတ်လပ်ရေး ကြေညာစာတမ်းနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကြေညာစာတမ်းဟာ၊ အစိုးရပုံစံအမျိုးမျိုးအတွက် အပြည်ပြည်ဆိုင်ရာစံအဖြစ် သတ်မှတ်ဖို့ လျော်ကန်သင့်မြတ်ပြီး၊ အစိုးရတိုင်းက အားကျအတုယူသင့်ပါတယ်လို့ ညွှန်ကြားရေးမှူး Berkowitz က ဆိုပါတယ်။အခွင့်အရေးအားလုံးကို အကာအကွယ်ပေးတဲ့ ဒီမိုကရေစီဟာ လူ့အခွင့်အရေး လေးစားလိုက်နာတဲ့ အစိုးရဖွဲ့စည်းရေးအတွက် အသင့်တော်ဆုံးဖြစ်တာကြောင့် ပြည်သူတွေ သဘောကျကြမယ်လို့ မျှော်လင့်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ မူဝါဒစီမံကိန်းရေးရာ ညွှန်ကြားရေးမှူး Peter Berkowitz က အလေးအနက် ပြောဆိုလိုက်ကြောင်းပါခင်ဗျား။

XS
SM
MD
LG