Accessibility links

Breaking News

ေထာက္လွမ္းေရးနည္းပညာ တလြဲအသုံးျပဳမႈ တားဆီးေရး


ရွန္ဟိုင္းၿမိဳ႕တေနရာက ကင္မရာမ်ား
ရွန္ဟိုင္းၿမိဳ႕တေနရာက ကင္မရာမ်ား

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

ေထာက္လွမ္းေစာင့္ၾကည့္မႈ နည္းပညာေတြ အရွိန္အဟုန္နဲ႔ တိုးလာေနခ်ိန္မွာ ၊ ဒါကို လူအခ ြင့္အေရး ခ်ဳိးေဖါက္ရာမွာ တလဲြ အသုံးခ်လာႏိုင္ေျခလဲ မ်ားလာပါတယ္။

ဒါေၾကာင့္ အေမရိကန္ကုမၸဏီေတြထုတ္တဲ့ နည္းပညာပစၥည္းနဲ႔ ဝန္ေဆာင္မႈေတြကုိ သုံးၿပီး ႏိုင္ငံျခားအစိုးရေတြက လူ႔အခြင့္အေရးခ်ဳိးေဖါက္မႈနဲ႔ ဖိႏွိပ္မႈေတ ြက်ဴးလြန္တာမ်ဳိး မျဖစ္ရေအာင္ ဘယ္လို တားဆီးရမလဲဆိုတဲ့ လမ္းညႊန္ခ်က္ကို အေမရိကန္ ႏိုင္ငံျခားေရးဌာနက ထုတ္ျပန္ထားတယ္လို႔ ဒီမိုကေရစီ လူ႔အခြင့္ေရးနဲ႔ အလုပ္သမားေရးရာ ဒု-လက္ေထာက္ ႏိုင္ငံျခားေရးဝန္ႀကီး Scott Busby က ေျပာပါတယ္။

ရည္ရြယ္သည္ျဖစ္ေစ မရည္ရြယ္ပဲျဖစ္ေစ ထုတ္လိုက္တဲ့ ေစာင့္ၾကည့္-နည္းပညာပစၥည္းနဲ႔ ဝန္ေဆာင္မႈေတြဟာ တုိင္းျပည္တခုရဲ႕ စီးပြားေရး ကာကြယ္ေရး လူအဖဲြ႔အစည္းေကာင္းက်ဳိးအတြက္ အျပဳသေဘာ ေဆာင္တဲ႔ အလားအလာရွိပါတယ္။ ဥပမာ ေရြးေကာက္ပဲြ ေတြမွာ ဝင္ေရာက္စြက္ဖက္မႈကို ကာကြယ္ဖုိ႔ အသုံးျပဳတာမ်ဳိး ျဖစ္ပါတယ္။

ဒါေပမဲ႔ မ်ားေသာအားျဖင့္ေတာ့ ႏိုင္ငံျခားအစိုးရေတြဟာ ေစာင့္ၾကည့္နည္းပညာနဲ႔ ပစၥည္းေတြကုိ တလြဲအသုံးခ်ၿပီး သေဘာထားကဲြသူေတြ၊ လူ႔အခြင့္အေရးလႈပ္ရွားသူေတ ြနဲ႔ လူနည္းစုေတြကို ၿခိမ္းေျခာက္ထိန္းခ်ဳပ္ဖို႔ ၊ သတင္းေပးေတြ လြတ္လပ္စြာထုတ္ေဖၚသူေတြ ႏိုင္ငံေရးၿပဳိင္ဖက္ေတြ၊ သတင္းေထာက္နဲ႔ ေရွ႕ေနေတ ြကိုလည္း ေၾကာက္ရ ြံ့သ ြားေအာင္ ေႏွာက္ယွက္တားဆီးဖို႔နဲ႔ သူတို႔ကိုယ္ေရးကိုယ္တာကို တရားလက္လ ြတ္ စ ြက္ဖက္တာမ်ဳိးေတြသာ လုပ္ေနပါတယ္။

တခ်ဳိ႕ျဖစ္ရပ္မွာေတာ့ ႏိုင္ငံျခားအစိုးရေတြဟာ သူ႔ျပည္သူတရပ္လုံးကို အာဏာရွင္ဆန္စြာ တရားဥပေဒနဲ႔မကိုက္ညီတဲ႔ ေထာက္လွမ္းေစာင္႔ၾကည္႔ဖို႔အတြက္ နည္းပညာပစၥည္းနဲ႔ ၀န္ေဆာင္မႈေတြကို တလြဲအသုံးခ်ေနပါတယ္။ တ႐ုတ္ႏိုင္ငံဟာ အင္တာနက္ကို အလြန္အမင္း ထိန္းခ်ဳပ္ေရးမွာ ေစာင့္ၾကည့္နည္းပညာကို က်ယ္ျပန္႔စြာသုံးရင္း ႏိုင္ငံတကာ လူ႔အခ ြင့္ေရးစံႏႈန္းေတြကို ခ်ဳိးေဖါက္ေနပါတယ္လို႔ Busby က ေျပာပါတယ္။

Xinjiang ျပည္နယ္မွာဆိုရင္ အဆင့္ျမင့္နည္းပညာသုံး ေစာင့္ၾကည့္ေရးကင္မရာေတြ ေနရာတကမွာ ခ်ထားၿပီး ၀ီွဂါလူမ်ဳိးစုကို ဖိႏွိပ္တဲ့ လုပ္ေဆာင္မႈေတြကို အေကာင္ထည္ေဖၚေနတာပါ။ တျခားအစိုးရေတြျဖစ္တဲ့ အီရန္ ဗန္နီဇဲြလားတို႔ဟာလည္း သူတို႔ျပည္သူေတြေပၚ အလားတူနည္းပညာမ်ဳိးသုံးၿပီး ဖိႏွိပ္ေနပါတယ္။ ၂၀၁၉ခုႏွစ္ Wall Street Journal ရဲ႕စုံစမ္းေဖၚထုတ္မႈအရ Algeria, Uganda, and Zambia ႏုိင္ငံေတြမွာလည္း အလားတူ ျဖစ္ေနတာပါ။

သူတို႔ရဲ႕နည္းပညာပစၥည္း တလဲြ အသုံးခ်ခံေနရတာကို ကာကြယ္ဖို႔ လမ္းညႊန္ခ်က္ ေတြကို လုိက္နာလုပ္ေဆာင္ေရးဟာ အေမရိကန္လုပ္ငန္းရွင္အတြက္ အခုအခ်ိန္ေလာက္ ဘယ္တံုးကမွ အေရးမႀကီး ခဲ႔ ပါဘူး။ လူ႔အခြင့္အေရး ေဖၚေဆာင္ရာမွာ က်ေနာ္တို႔ရဲ႕ခ်ည္းကပ္မႈေတြ ျပည့္စုံလာေအာင္ ဆက္လုပ္သြားရမွာပါ။...လို႔ ဒုလက္ေထာက္ ႏိုင္ငံျခားေရးဝန္ႀကီး Scott Busby က ေျပာဆုိၿပီး၊ အဲဒီထဲမွာ တရားဥပေဒစိုးမိုးေရးကို ေလးစားဖို႔ ၊ ကုိယ္ပုိင္လြတ္လပ္ခြင့္နဲ႔ လြတ္လပ္စြာ ထုတ္ေဖၚခြင့္ေတြမွာ တရားဥပေဒမဲ့ တဖက္သတ္ စြက္ဖက္ခံရတာမ်ဳိးကေန အကာကြယ္ေပးဖို႔လည္း ပါဝင္ပါတယ္။ ဒီလုိ ခိုင္မာတဲ့ အေမရိကန္-စံတန္ဖိုးေတြ အေကာင္ထည္ေပၚလာေစဖို႔ အေမရိကန္လုပ္ငန္းရွင္ေတြကလည္း လမ္းညႊန္ခ်က္ေတြအတိုင္း လိုက္နာေဆာင္ရြက္ၾကမယ္လို႔ ကၽြႏု္ပ္တို႔ ေမွ်ာ္လင့္ေနပါတယ္။

...........

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

ထောက်လှမ်းစောင့်ကြည့်မှု နည်းပညာတွေ အရှိန်အဟုန်နဲ့ တိုးလာနေချိန်မှာ ၊ ဒါကို လူအခ ွင့်အရေး ချိုးဖေါက်ရာမှာ တလွဲ အသုံးချလာနိုင်ခြေလဲ များလာပါတယ်။

ဒါကြောင့် အမေရိကန်ကုမ္ပဏီတွေထုတ်တဲ့ နည်းပညာပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို သုံးပြီး နိုင်ငံခြားအစိုးရတွေက လူ့အခွင့်အရေးချိုးဖေါက်မှုနဲ့ ဖိနှိပ်မှုတေ ွကျူးလွန်တာမျိုး မဖြစ်ရအောင် ဘယ်လို တားဆီးရမလဲဆိုတဲ့ လမ်းညွှန်ချက်ကို အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားတယ်လို့ ဒီမိုကရေစီ လူ့အခွင့်ရေးနဲ့ အလုပ်သမားရေးရာ ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Scott Busby က ပြောပါတယ်။

ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်ပဲဖြစ်စေ ထုတ်လိုက်တဲ့ စောင့်ကြည့်-နည်းပညာပစ္စည်းနဲ့ ဝန်ဆောင်မှုတွေဟာ တိုင်းပြည်တခုရဲ့ စီးပွားရေး ကာကွယ်ရေး လူအဖွဲ့အစည်းကောင်းကျိုးအတွက် အပြုသဘော ဆောင်တဲ့ အလားအလာရှိပါတယ်။ ဥပမာ ရွေးကောက်ပွဲ တွေမှာ ဝင်ရောက်စွက်ဖက်မှုကို ကာကွယ်ဖို့ အသုံးပြုတာမျိုး ဖြစ်ပါတယ်။

ဒါပေမဲ့ များသောအားဖြင့်တော့ နိုင်ငံခြားအစိုးရတွေဟာ စောင့်ကြည့်နည်းပညာနဲ့ ပစ္စည်းတွေကို တလွဲအသုံးချပြီး သဘောထားကွဲသူတွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတေ ွနဲ့ လူနည်းစုတွေကို ခြိမ်းခြောက်ထိန်းချုပ်ဖို့ ၊ သတင်းပေးတွေ လွတ်လပ်စွာထုတ်ဖေါ်သူတွေ နိုင်ငံရေးပြိုင်ဖက်တွေ၊ သတင်းထောက်နဲ့ ရှေ့နေတေ ွကိုလည်း ကြောက်ရ ွံ့သ ွားအောင် နှောက်ယှက်တားဆီးဖို့နဲ့ သူတို့ကိုယ်ရေးကိုယ်တာကို တရားလက်လ ွတ် စ ွက်ဖက်တာမျိုးတွေသာ လုပ်နေပါတယ်။

တချို့ဖြစ်ရပ်မှာတော့ နိုင်ငံခြားအစိုးရတွေဟာ သူ့ပြည်သူတရပ်လုံးကို အာဏာရှင်ဆန်စွာ တရားဥပဒေနဲ့မကိုက်ညီတဲ့ ထောက်လှမ်းစောင့်ကြည့်ဖို့အတွက် နည်းပညာပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို တလွဲအသုံးချနေပါတယ်။ တရုတ်နိုင်ငံဟာ အင်တာနက်ကို အလွန်အမင်း ထိန်းချုပ်ရေးမှာ စောင့်ကြည့်နည်းပညာကို ကျယ်ပြန့်စွာသုံးရင်း နိုင်ငံတကာ လူ့အခ ွင့်ရေးစံနှုန်းတွေကို ချိုးဖေါက်နေပါတယ်လို့ Busby က ပြောပါတယ်။

Xinjiang ပြည်နယ်မှာဆိုရင် အဆင့်မြင့်နည်းပညာသုံး စောင့်ကြည့်ရေးကင်မရာတွေ နေရာတကမှာ ချထားပြီး ဝှီဂါလူမျိုးစုကို ဖိနှိပ်တဲ့ လုပ်ဆောင်မှုတွေကို အကောင်ထည်ဖေါ်နေတာပါ။ တခြားအစိုးရတွေဖြစ်တဲ့ အီရန် ဗန်နီဇွဲလားတို့ဟာလည်း သူတို့ပြည်သူတွေပေါ် အလားတူနည်းပညာမျိုးသုံးပြီး ဖိနှိပ်နေပါတယ်။ ၂၀၁၉ခုနှစ် Wall Street Journal ရဲ့စုံစမ်းဖေါ်ထုတ်မှုအရ Algeria, Uganda, and Zambia နိုင်ငံတွေမှာလည်း အလားတူ ဖြစ်နေတာပါ။

သူတို့ရဲ့နည်းပညာပစ္စည်း တလွဲ အသုံးချခံနေရတာကို ကာကွယ်ဖို့ လမ်းညွှန်ချက် တွေကို လိုက်နာလုပ်ဆောင်ရေးဟာ အမေရိကန်လုပ်ငန်းရှင်အတွက် အခုအချိန်လောက် ဘယ်တုံးကမှ အရေးမကြီး ခဲ့ ပါဘူး။ လူ့အခွင့်အရေး ဖေါ်ဆောင်ရာမှာ ကျနော်တို့ရဲ့ချည်းကပ်မှုတွေ ပြည့်စုံလာအောင် ဆက်လုပ်သွားရမှာပါ။...လို့ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Scott Busby က ပြောဆိုပြီး၊ အဲဒီထဲမှာ တရားဥပဒေစိုးမိုးရေးကို လေးစားဖို့ ၊ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖေါ်ခွင့်တွေမှာ တရားဥပဒေမဲ့ တဖက်သတ် စွက်ဖက်ခံရတာမျိုးကနေ အကာကွယ်ပေးဖို့လည်း ပါဝင်ပါတယ်။ ဒီလို ခိုင်မာတဲ့ အမေရိကန်-စံတန်ဖိုးတွေ အကောင်ထည်ပေါ်လာစေဖို့ အမေရိကန်လုပ်ငန်းရှင်တွေကလည်း လမ်းညွှန်ချက်တွေအတိုင်း လိုက်နာဆောင်ရွက်ကြမယ်လို့ ကျွနု်ပ်တို့ မျှော်လင့်နေပါတယ်။

XS
SM
MD
LG