Accessibility links

Breaking News

အခြင့္အေရး ခ်ိဳးေဖာက္သူေတြ လူ႔အခြင့္အေရးေကာင္စီမွာ ပါဝင္ေန 


လူ႔အခြင့္အေရးေကာင္စီ
လူ႔အခြင့္အေရးေကာင္စီ

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

ဉာဏပစၥည္းမူပိုင္ခြင့္ကို နာမည္ပ်က္ေလာက္ေအာင္ခ်ိဳးေဖာက္ေနတဲ့ တရုတ္ျပည္သူ႔သမၼတႏိုင္ငံက ဒီအခြင့္အေရးေတြကို အကာအကြယ္ေပးေနတဲ့ ကမၻာ့ဉာဏပစၥည္းပိုင္ဆိုင္မႈအဖြဲ႔အစည္းရဲ႕ အႀကီးအကဲေနရာ ရာထူးအတြက္ အဆိုျပဳခဲ့တာကို မတ္လတုန္းက လက္မခံဘဲပယ္ခ်ႏိုင္ခဲ့တဲ့အတြက္ ကုလသမဂၢအေနနဲ႔ မ်က္ႏွာမပ်က္ အဖတ္ဆယ္ႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္ ကံမေကာင္းအေၾကာင္းမလွစြာပါဘဲ၊ ေအာက္တိုဘာအတြင္း က်င္းပခဲ့တဲ့ ကုလသမဂၢအေထြေထြညီလာခံကေန၊ တရုတ္၊ ရုရွားနဲ႔ က်ဴ းဘားအပါအဝင္၊ ကမၻာေပၚမွာ လူ႔အခြင့္အေရးအခ်ိဳးေဖာက္ဆံုးႏိုင္ငံတခ်ိဳ႔ကို လူ႔အခြင့္အေရးေကာင္စီမွာ ေနာက္ထပ္ မဲေပးေရြးခ်ယ္လိုက္တာကို မဟန္႔တားႏိုင္ခဲ့ပါဘူး။

ဒါ့ေၾကာင့္ လူ႔အခြင့္အေရးလႈပ္ရွားသူေတြ အေတာ္ေလးတုန္လႈပ္ခဲ့ၾကပါတယ္။ HRW လူ႔အခြင့္အေရးေစာင့္ၾကည့္တဲ့အဖြဲ႔ရဲ႕ ကုလသမဂၢဆိုင္ရာညႊန္ၾကားေရးမွဴး Louis Charbonneau က ေတာက္ေလွ်ာက္ လူ႔အခြင့္အေရးခ်ိဳးေဖါက္ေနသူေတြကို လူ႔အခြင့္အေရးေကာင္စီမွာ ေနရာမေပးသင့္ဘူးလို႔ ေျပာပါတယ္။ HRW လူ႔အခြင့္အေရးေစာင့္ၾကည့္တဲ့အဖြဲ႔ရဲ႕ အမႈေဆာင္ညႊန္ၾကားေရးမွဴး Hillel Neuer ကေတာ့ လူ႔အခြင့္အေရးအေမွာင္ဖံုးတဲ့ေန႔အျဖစ္ ေဝဖန္လိုက္ပါတယ္။

ရွင္က်န္းျပည္နယ္မွာ မူဆလင္လူနည္းစုေတြကို အလံုးအရင္းနဲ႔ ထိန္းသိမ္းတာအပါအဝင္၊ တရုတ္ျပည္တြင္း ဆိုးဆိုးဝါးဝါး လု႔အခြင့္အေရးခ်ိဳးေဖာက္ေနတဲ့ ျဖစ္စဥ္ကို အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက မွတ္တမ္းတင္ထားၿပီး ေနာက္ဆံုးထုတ္ျပန္တဲ့ လူ႔အခြင့္အေရးအစီရင္ခံစာမွာ ေဖၚျပထားပါတယ္။

ရုရွားႏိုင္ငံမွာ ဥပေဒမဲ့ကြပ္မ်က္တာေတြ၊ ဖမ္းဆီးထိန္းသိမ္း တာေတြ၊လြတ္လပ္စြာ ထုတ္ေဖၚ ေျပာဆိုခြင့္ကို အႀကီးအက်ယ္ဖိႏွိပ္တာေတြနဲ႔ တျခားခ်ဳိးေဖါက္မႈေတြနဲ႔ ပတ္သက္ၿပီး အေသးစိတ္ အခ်က္အလက္ေတြကို အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေဖၚျပထားပါတယ္။

က်ဴ းဘားႏိုင္ငံမွာလည္း အစိုးရလံုၿခံဳေရးတပ္ဖြဲ႔ေတြက လူ႔အခြင့္အေရးနဲ႔ ဒီမိုကေရစီ ဘက္ေတာ္သားေတြကို ေန႔စဥ္လိုလို ၿခိမ္းေျခာက္တာ၊ ကိုယ္ထိလက္ေရာက္ႏွိပ္စက္တာေတြ က်ဴးလြန္ေနၿပီး၊ က်ဴးဘားျပည္သူေတြ လြတ္လပ္စြာစုေဝးခြင့္ကိုလည္း ပိတ္ပင္ေနပါတယ္။

ကုလသမဂၢအေထြေထြညီလာခံဆံုးျဖတ္ခ်က္အမွတ္ ၆၀/၂၅၁ အရ၊ ဖြဲစည္းထားတဲ့ လူ႔အခြင့္အေရးေကာင္စီအေနနဲ႔ လူ႔အခြင့္အေရးကိုကာကြယ္ေရးနဲ႔ ျမွင့္တင္ေရးအတြက္ အဖြဲ႔ဝင္ေတြအေနနဲ႔အျမင့္မားဆံုး စံႏႈန္းနဲ႔အညီ လိုက္နာဖို႔လိုအပ္ပါတယ္။ ဒီႏွစ္ တရုတ္၊ ရုရွားနဲ႔ က်ဴးဘားကို ေရြးခ်ယ္ခဲ့ၿပီး၊ မႏွစ္က ဗင္နီဇြဲလားကိုေရြးခဲ့တာဟာ၊ လူ႔အခြင့္အေရးေကာင္စီဟာ ရုပ္ေသးျဖစ္ေနရံုတင္မက၊ ထူေထာင္ခဲ့တဲ့ ရည္ရြယ္ခ်က္ကိုပါ ပ်က္ရယ္ျပဳလိုက္တာဘဲျဖစ္ပါတယ္။

လူ႔အခြင့္အေရးေကာင္စီမွာ အစၥေရးဆန္႔က်င္ေရး ဘက္လိုက္တဲ့ျဖစ္စဥ္ေတြ အခိုင္အမာ အတည္တက်ရွိေနၿပီး၊ ကမၻာ့လူ႔အခြင့္အေရးအခ်ိဳးေဖါက္ဆံုးႏိုင္ငံေတြကို ေရြးခ်ယ္၊ ေကာင္စီမွာေနရာေပး၊ ခြင့္ျပဳလိုက္တာေၾကာင့္၊ အေမရိကန္ျပည္ေထာင္စုက လူ႔အခြင့္အေရးေကာင္စီကေန ၂၀၁၈ ခုႏွစ္မွာ ႏုတ္ထြက္ခဲ့တာလို႔ ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo ကေထာက္ျပေၾကာင္း ထုတ္ျပန္ခ်က္မွာေဖၚျပထားပါတယ္။

လူ႔အခြင့္အေရးေကာင္စီ ျပန္ျပင္လို႔မရတဲ့အေျခအေနမဆိုက္ခင္၊ ေကာင္စီ ျပဳျပင္ေျပာင္းလဲေရး ခ်က္ခ်င္းအေရးယူေဆာင္ရြက္ၾကပါရန္ လူ႔အခြင့္အေရးေကာင္စီကေန အေမရိကန္ႏုတ္မထြက္မွာ၊ အဖြဲ႔ဝင္ေတြကို တိုက္တြန္းခဲ့တဲ့အေၾကာင္းလည္း ဝန္ႀကီး Pompeo က ေျပာပါတယ္။ ဒါေပမဲ့ အေမရိကန္ရဲ႕ တိုက္တြန္းခ်က္ကို မေဆာင္ရြက္ခဲ့ၾကပါဘူး။

ဒီႏွစ္ေရြးေကာက္ခဲ့တဲ့အေျခအေနက၊ လူ႔အခြင့္အေရးေကာင္စီကေန အေမရိကန္ႏုတ္ထြက္ျဖစ္တဲ့ ဆံုးျဖတ္ခ်က္ကို ပိုၿပီး ခိုင္မာေစပါတယ္။ လူ႔အခြင့္အေရးကာကြယ္ျမွင့္တင္ရာမွာ၊ တျခားနယ္ပယ္ေတြ နဲ႔ အခြင့္အလမ္းေတြကို အသံုးျပဳမွာျဖစ္ပါတယ္။ က်ေနာ္တို႔ရဲ႕ အေရးယူလႈပ္ရွားမႈ မွတ္တမ္းေတြနဲ႔ကုလသမဂၢလူ႔အခြင့္အေရးေၾကညာစာတမ္းမွာက်ေနာ္တို႔ရဲ႕ သႏၷိ႒ာန္ခိုင္မာမႈကို ရွင္းလင္းျပတ္သားစြာေဖၚျပထားပါတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo ကေျပာဆိုလိုက္ေၾကာင္းပါ။

............

အခွင့်အရေး ချိုးဖောက်သူတွေ လူ့အခွင့်အရေးကောင်စီမှာ ပါဝင်နေ

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

ဉာဏပစ္စည်းမူပိုင်ခွင့်ကို နာမည်ပျက်လောက်အောင်ချိုးဖောက်နေတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ဒီအခွင့်အရေးတွေကို အကာအကွယ်ပေးနေတဲ့ ကမ္ဘာ့ဉာဏပစ္စည်းပိုင်ဆိုင်မှုအဖွဲ့အစည်းရဲ့ အကြီးအကဲနေရာ ရာထူးအတွက် အဆိုပြုခဲ့တာကို မတ်လတုန်းက လက်မခံဘဲပယ်ချနိုင်ခဲ့တဲ့အတွက် ကုလသမဂ္ဂအနေနဲ့ မျက်နှာမပျက် အဖတ်ဆယ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ကံမကောင်းအကြောင်းမလှစွာပါဘဲ၊ အောက်တိုဘာအတွင်း ကျင်းပခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကနေ၊ တရုတ်၊ ရုရှားနဲ့ ကျူ းဘားအပါအဝင်၊ ကမ္ဘာပေါ်မှာ လူ့အခွင့်အရေးအချိုးဖောက်ဆုံးနိုင်ငံတချို့ကို လူ့အခွင့်အရေးကောင်စီမှာ နောက်ထပ် မဲပေးရွေးချယ်လိုက်တာကို မဟန့်တားနိုင်ခဲ့ပါဘူး။

ဒါ့ကြောင့် လူ့အခွင့်အရေးလှုပ်ရှားသူတွေ အတော်လေးတုန်လှုပ်ခဲ့ကြပါတယ်။ HRW လူ့အခွင့်အရေးစောင့်ကြည့်တဲ့အဖွဲ့ရဲ့ ကုလသမဂ္ဂဆိုင်ရာညွှန်ကြားရေးမှူး Louis Charbonneau က တောက်လျှောက် လူ့အခွင့်အရေးချိုးဖေါက်နေသူတွေကို လူ့အခွင့်အရေးကောင်စီမှာ နေရာမပေးသင့်ဘူးလို့ ပြောပါတယ်။ HRW လူ့အခွင့်အရေးစောင့်ကြည့်တဲ့အဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Hillel Neuer ကတော့ လူ့အခွင့်အရေးအမှောင်ဖုံးတဲ့နေ့အဖြစ် ဝေဖန်လိုက်ပါတယ်။

ရှင်ကျန်းပြည်နယ်မှာ မူဆလင်လူနည်းစုတွေကို အလုံးအရင်းနဲ့ ထိန်းသိမ်းတာအပါအဝင်၊ တရုတ်ပြည်တွင်း ဆိုးဆိုးဝါးဝါး လု့အခွင့်အရေးချိုးဖောက်နေတဲ့ ဖြစ်စဉ်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်တမ်းတင်ထားပြီး နောက်ဆုံးထုတ်ပြန်တဲ့ လူ့အခွင့်အရေးအစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ရုရှားနိုင်ငံမှာ ဥပဒေမဲ့ကွပ်မျက်တာတွေ၊ ဖမ်းဆီးထိန်းသိမ်း တာတွေ၊လွတ်လပ်စွာ ထုတ်ဖေါ် ပြောဆိုခွင့်ကို အကြီးအကျယ်ဖိနှိပ်တာတွေနဲ့ တခြားချိုးဖေါက်မှုတွေနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေါ်ပြထားပါတယ်။

ကျူ းဘားနိုင်ငံမှာလည်း အစိုးရလုံခြုံရေးတပ်ဖွဲ့တွေက လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ဘက်တော်သားတွေကို နေ့စဉ်လိုလို ခြိမ်းခြောက်တာ၊ ကိုယ်ထိလက်ရောက်နှိပ်စက်တာတွေ ကျူးလွန်နေပြီး၊ ကျူးဘားပြည်သူတွေ လွတ်လပ်စွာစုဝေးခွင့်ကိုလည်း ပိတ်ပင်နေပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံဆုံးဖြတ်ချက်အမှတ် ၆၀/၂၅၁ အရ၊ ဖွဲစည်းထားတဲ့ လူ့အခွင့်အရေးကောင်စီအနေနဲ့ လူ့အခွင့်အရေးကိုကာကွယ်ရေးနဲ့ မြှင့်တင်ရေးအတွက် အဖွဲ့ဝင်တွေအနေနဲ့အမြင့်မားဆုံး စံနှုန်းနဲ့အညီ လိုက်နာဖို့လိုအပ်ပါတယ်။ ဒီနှစ် တရုတ်၊ ရုရှားနဲ့ ကျူးဘားကို ရွေးချယ်ခဲ့ပြီး၊ မနှစ်က ဗင်နီဇွဲလားကိုရွေးခဲ့တာဟာ၊ လူ့အခွင့်အရေးကောင်စီဟာ ရုပ်သေးဖြစ်နေရုံတင်မက၊ ထူထောင်ခဲ့တဲ့ ရည်ရွယ်ချက်ကိုပါ ပျက်ရယ်ပြုလိုက်တာဘဲဖြစ်ပါတယ်။

လူ့အခွင့်အရေးကောင်စီမှာ အစ္စရေးဆန့်ကျင်ရေး ဘက်လိုက်တဲ့ဖြစ်စဉ်တွေ အခိုင်အမာ အတည်တကျရှိနေပြီး၊ ကမ္ဘာ့လူ့အခွင့်အရေးအချိုးဖေါက်ဆုံးနိုင်ငံတွေကို ရွေးချယ်၊ ကောင်စီမှာနေရာပေး၊ ခွင့်ပြုလိုက်တာကြောင့်၊ အမေရိကန်ပြည်ထောင်စုက လူ့အခွင့်အရေးကောင်စီကနေ ၂၀၁၈ ခုနှစ်မှာ နုတ်ထွက်ခဲ့တာလို့ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကထောက်ပြကြောင်း ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။

လူ့အခွင့်အရေးကောင်စီ ပြန်ပြင်လို့မရတဲ့အခြေအနေမဆိုက်ခင်၊ ကောင်စီ ပြုပြင်ပြောင်းလဲရေး ချက်ချင်းအရေးယူဆောင်ရွက်ကြပါရန် လူ့အခွင့်အရေးကောင်စီကနေ အမေရိကန်နုတ်မထွက်မှာ၊ အဖွဲ့ဝင်တွေကို တိုက်တွန်းခဲ့တဲ့အကြောင်းလည်း ဝန်ကြီး Pompeo က ပြောပါတယ်။ ဒါပေမဲ့ အမေရိကန်ရဲ့ တိုက်တွန်းချက်ကို မဆောင်ရွက်ခဲ့ကြပါဘူး။

ဒီနှစ်ရွေးကောက်ခဲ့တဲ့အခြေအနေက၊ လူ့အခွင့်အရေးကောင်စီကနေ အမေရိကန်နုတ်ထွက်ဖြစ်တဲ့ ဆုံးဖြတ်ချက်ကို ပိုပြီး ခိုင်မာစေပါတယ်။ လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရာမှာ၊ တခြားနယ်ပယ်တွေ နဲ့ အခွင့်အလမ်းတွေကို အသုံးပြုမှာဖြစ်ပါတယ်။ ကျနော်တို့ရဲ့ အရေးယူလှုပ်ရှားမှု မှတ်တမ်းတွေနဲ့ကုလသမဂ္ဂလူ့အခွင့်အရေးကြေညာစာတမ်းမှာကျနော်တို့ရဲ့ သန္နိဋ္ဌာန်ခိုင်မာမှုကို ရှင်းလင်းပြတ်သားစွာဖေါ်ပြထားပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကပြောဆိုလိုက်ကြောင်းပါ။

XS
SM
MD
LG