Accessibility links

Breaking News

ေဟာင္ေကာင္လြတ္လပ္မႈ ေလ်ာ႔ပါးေအာင္လုပ္သူေတြကို ကန္၀န္ႀကီး သတိေပး


ဆႏၵျပသူမ်ားကို ေဟာင္ေကာင္ရဲ ဖမ္းဆီး
ဆႏၵျပသူမ်ားကို ေဟာင္ေကာင္ရဲ ဖမ္းဆီး

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

ေဟာင္ေကာင္ လြတ္လပ္ေရးနဲ႔ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ကို ေမွးမိွန္ေအာင္လုပ္ေနတဲ့ လူေတြရဲ႕ နာမည္စာရင္းကို အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo က အေမရိကန္ကြန္ကရက္လြတ္ေတာ္ကို တင္သြင္းလိုက္ၿပီး၊ အဲဒီလူေတြနဲ႔စီးပြားေရးအႀကီးအက်ယ္လုပ္ေနတဲ့ ဘဏ္ေတြကိုလည္း ပိတ္ဆို႔မႈေတြနဲ႔ အေရးယူခံရမယ္လို႔ သတိေပးလိုက္ပါတယ္။

လြတ္လပ္စြာစုေဝးခြင့္၊ ေဟာေျပာခြင့္၊ သတင္းလြတ္လပ္ခြင့္၊ သို႔မဟုတ္ တရားဥပေဒစိုးမိုးေရးစတဲ့ ေဟာင္ေကာင္ကိုယ္ပိုင္အုပ္ခ် ဳပ္ခြင့္ကို သိသိသာသာေလ်ာ့ပါးေအာင္လုပ္ေနတဲ့၊ ေဟာင္ေကာင္နဲ႔ တရုတ္ျပည္သူ႔သမၼတႏိုင္ငံက တာဝန္ရွိသူ ၁၀ ေယာက္စာရင္းကို ဒီနွစ္ အစီရင္ခံစာမွာ ေဖၚျပထားပါတယ္။ ေဟာင္ေကာင္အုပ္ခ် ဳ ပ္ေရးမွဴး Carrie Lam လည္းဒီစာရင္းထဲမွာ ပါဝင္ပါတယ္။ အေမရိကန္အုပ္ခ်ဳပ္မႈ အာဏာအမိန္႔အမွတ္ ၁၃၉၃၆ အရ၊ အဲဒီစာရင္းပါ ပုဂၢိဳလ္တဦးခ်င္းစီကို ပိတ္ဆို႔မႈေတြနဲ႔ ၾသဂုတ္လ ၇ ရက္ေန႔က အေရးယူလိုက္ပါတယ္။

ကုလသမဂၢ မွတ္တမ္းဝင္ သေဘာတူစာခ်ဳပ္ျဖစ္တဲ့ တရုတ္-ၿဗိတိသွ် ပူးတြဲေၾကညာခ်က္ပါ၊ေဟာင္ေကာင္ျပည္သူေတြနဲ႔ ကမၻာႀကီးအေပၚ၊ တရုတ္ႏိုင္ငံက ေပးအပ္ထားတဲ့ ကတိကဝတ္ေတြကို CCP လို႔ေခၚတဲ့ တရုတ္ကြန္ျမဴ နစ္ပါတီက စနစ္တက် တစစီ ပယ္ဖ်က္ပစ္ေနတာပါ။ဇြန္လတုန္းက ျပဌာန္းလိုက္တဲ့ အမ်ိဳးသားလံုၿခံဳေရး ဥပေဒကို အသံုးခ်ၿပီး၊ ေဟာင္ေကာင္မွာ ဒီမိုကေရစီေရးလႈပ္ရွားတဲ့ အဖြဲ႔အစည္းေတြ၊ လူ႔အခြင့္အေရး၊ တရားေရး လြတ္လပ္မႈနဲ႔ တသီးပုဂၢလ လြတ္လပ္ခြင့္စတာေတြကို တရုတ္ကြန္ျမဴ နစ္ပါတီ CCP က ရိုက္ခ်ိဳး ေနတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ Morgan Ortagus ကေျပာပါတယ္။

တရုတ္ျပည္မႀကီးနဲ႔ ေဟာင္ေကာင္အာဏာပိုင္ေတြက အတိုက္အခံေတြကို ႏွိပ္ကြပ္ၿပီး ေဟာင္ေကာင္ ရဲ႕ ကိုယ္ပိုင္အုပ္ခ်ဳပ္ပိုင္ခြင့္ကို ေလ်ာ့ပါးေအာင္လုပ္ေနတဲ့ လုပ္ရပ္ေတြနဲ႔ ပတ္သက္ၿပီး အေမရိကန္ျပည္ေထာင္စုက လူသိရွင္ၾကား အျပစ္တင္ရႈတ္ခ်လိုက္ပါတယ္။

ျပည္မႀကီးက လံုၿခံဳေရးနဲ႔ ေထာက္လွမ္းေရးေတြကို ေဟာင္ေကာင္ကိုေစလႊတ္ၿပီး စခန္းခ်ေစတာ၊ ၿငိမ္းခ်မ္းစြာဆႏၵထုတ္ေဖၚသူေတြကို အလံုးအရင္းနဲ႔ ဖမ္းဆီးတာ၊ ၂၀၂၀ ျပည့္ႏွစ္ စက္တင္ဘာလမွာက်င္းပမယ့္၊ လႊတ္ေတာ္ေကာင္စီေရြးေကာက္ပြဲေတြကို ႏိုင္ငံေရး အျမတ္ထုတ္တဲ့အေနနဲ႕ ေႏွာင့္ေႏွးေအာင္လုပ္ခဲ့တာနဲ႔ ေဟာင္ေကာင္ကေန ထြက္ေျပးဖို႔ႀကိဳးစားသူ၊ ဒီမိုကေရစီေရးလႈပ္ရွားသူေတြကို ဖမ္းဆီးထိန္းသိမ္းတာေတြကို အေမရိကန္က အျပစ္တင္ ရႈတ္ခ်လိုက္တာျဖစ္ပါတယ္။

တရုတ္ကြန္ျမဴ နစ္ပါတီရဲ႕ ဖိႏွိပ္တဲ့မူဝါဒေတြနဲ႔ ေဟာင္ေကာင္ျပည္သူေတြရဲ႕ လြတ္လပ္ေရးကို ထိပါးေအာင္လုပ္ေနတဲ့ တရုတ္ရဲ႕ ႀကိဳးပမ္းမႈေတြကို အေမရိကန္ျပည္ေထာင္စုက ျပင္းထန္စြာ ကန္႔ကြက္ေၾကာင္း ကြန္ကရက္လႊတ္ေတာ္ကို တင္သြင္းတဲ့ အစီရင္ခံစာမွာ၊ထပ္မံ မီးေမာင္းထိုးျပ လိုက္ပါတယ္။

တရုတ္ကြန္ျမဴ နစ္ပါတီ CCP အေနနဲ႔ ႏိုင္ငံတကာမွာ လိုက္နာက်င့္သံုးရမယ့္ စံေတြနဲ႔အညီ၊ ေဟာင္ေကာင္ျပည္သူေတြရဲ႕ အေျခခံလြတ္လပ္ခြင့္နဲ႔ လူ႔အခြင့္အေရးေတြကို ျပန္လည္ေပးအပ္ဖို႔ အေမရိကန္ျပည္ေထာင္စုက ဆက္လက္တိုက္တြန္းေနမွာျဖစ္ေၾကာင္းပါ။

..............

ဟောင်ကောင်လွတ်လပ်မှု လျော့ပါးအောင်လုပ်သူတွေကို ကန်ဝန်ကြီးသတိပေး

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

ဟောင်ကောင် လွတ်လပ်ရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို မှေးမှိန်အောင်လုပ်နေတဲ့ လူတွေရဲ့ နာမည်စာရင်းကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က အမေရိကန်ကွန်ကရက်လွတ်တော်ကို တင်သွင်းလိုက်ပြီး၊ အဲဒီလူတွေနဲ့စီးပွားရေးအကြီးအကျယ်လုပ်နေတဲ့ ဘဏ်တွေကိုလည်း ပိတ်ဆို့မှုတွေနဲ့ အရေးယူခံရမယ်လို့ သတိပေးလိုက်ပါတယ်။

လွတ်လပ်စွာစုဝေးခွင့်၊ ဟောပြောခွင့်၊ သတင်းလွတ်လပ်ခွင့်၊ သို့မဟုတ် တရားဥပဒေစိုးမိုးရေးစတဲ့ ဟောင်ကောင်ကိုယ်ပိုင်အုပ်ချ ုပ်ခွင့်ကို သိသိသာသာလျော့ပါးအောင်လုပ်နေတဲ့၊ ဟောင်ကောင်နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံက တာဝန်ရှိသူ ၁၀ ယောက်စာရင်းကို ဒီနှစ် အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ ဟောင်ကောင်အုပ်ချ ု ပ်ရေးမှူး Carrie Lam လည်းဒီစာရင်းထဲမှာ ပါဝင်ပါတယ်။ အမေရိကန်အုပ်ချုပ်မှု အာဏာအမိန့်အမှတ် ၁၃၉၃၆ အရ၊ အဲဒီစာရင်းပါ ပုဂ္ဂိုလ်တဦးချင်းစီကို ပိတ်ဆို့မှုတွေနဲ့ သြဂုတ်လ ၇ ရက်နေ့က အရေးယူလိုက်ပါတယ်။

ကုလသမဂ္ဂ မှတ်တမ်းဝင် သဘောတူစာချုပ်ဖြစ်တဲ့ တရုတ်-ဗြိတိသျှ ပူးတွဲကြေညာချက်ပါ၊ဟောင်ကောင်ပြည်သူတွေနဲ့ ကမ္ဘာကြီးအပေါ်၊ တရုတ်နိုင်ငံက ပေးအပ်ထားတဲ့ ကတိကဝတ်တွေကို CCP လို့ခေါ်တဲ့ တရုတ်ကွန်မြူ နစ်ပါတီက စနစ်တကျ တစစီ ပယ်ဖျက်ပစ်နေတာပါ။ဇွန်လတုန်းက ပြဌာန်းလိုက်တဲ့ အမျိုးသားလုံခြုံရေး ဥပဒေကို အသုံးချပြီး၊ ဟောင်ကောင်မှာ ဒီမိုကရေစီရေးလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေး၊ တရားရေး လွတ်လပ်မှုနဲ့ တသီးပုဂ္ဂလ လွတ်လပ်ခွင့်စတာတွေကို တရုတ်ကွန်မြူ နစ်ပါတီ CCP က ရိုက်ချိုး နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Morgan Ortagus ကပြောပါတယ်။

တရုတ်ပြည်မကြီးနဲ့ ဟောင်ကောင်အာဏာပိုင်တွေက အတိုက်အခံတွေကို နှိပ်ကွပ်ပြီး ဟောင်ကောင် ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်ကို လျော့ပါးအောင်လုပ်နေတဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုက လူသိရှင်ကြား အပြစ်တင်ရှုတ်ချလိုက်ပါတယ်။

ပြည်မကြီးက လုံခြုံရေးနဲ့ ထောက်လှမ်းရေးတွေကို ဟောင်ကောင်ကိုစေလွှတ်ပြီး စခန်းချစေတာ၊ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်သူတွေကို အလုံးအရင်းနဲ့ ဖမ်းဆီးတာ၊ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလမှာကျင်းပမယ့်၊ လွှတ်တော်ကောင်စီရွေးကောက်ပွဲတွေကို နိုင်ငံရေး အမြတ်ထုတ်တဲ့အနေနဲ့ နှောင့်နှေးအောင်လုပ်ခဲ့တာနဲ့ ဟောင်ကောင်ကနေ ထွက်ပြေးဖို့ကြိုးစားသူ၊ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို ဖမ်းဆီးထိန်းသိမ်းတာတွေကို အမေရိကန်က အပြစ်တင် ရှုတ်ချလိုက်တာဖြစ်ပါတယ်။

တရုတ်ကွန်မြူ နစ်ပါတီရဲ့ ဖိနှိပ်တဲ့မူဝါဒတွေနဲ့ ဟောင်ကောင်ပြည်သူတွေရဲ့ လွတ်လပ်ရေးကို ထိပါးအောင်လုပ်နေတဲ့ တရုတ်ရဲ့ ကြိုးပမ်းမှုတွေကို အမေရိကန်ပြည်ထောင်စုက ပြင်းထန်စွာ ကန့်ကွက်ကြောင်း ကွန်ကရက်လွှတ်တော်ကို တင်သွင်းတဲ့ အစီရင်ခံစာမှာ၊ထပ်မံ မီးမောင်းထိုးပြ လိုက်ပါတယ်။

တရုတ်ကွန်မြူ နစ်ပါတီ CCP အနေနဲ့ နိုင်ငံတကာမှာ လိုက်နာကျင့်သုံးရမယ့် စံတွေနဲ့အညီ၊ ဟောင်ကောင်ပြည်သူတွေရဲ့ အခြေခံလွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးတွေကို ပြန်လည်ပေးအပ်ဖို့ အမေရိကန်ပြည်ထောင်စုက ဆက်လက်တိုက်တွန်းနေမှာဖြစ်ကြောင်းပါ။

XS
SM
MD
LG