Accessibility links

Breaking News

ေဟာင္ေကာင္ ဖမ္းဆီးမႈ အေမရိကန္ ရႈတ္ခ်


တရုတ္ျပည္သူ႔သမၼတႏိုင္ငံထူေထာင္တဲ့ ႏွစ္ပတ္လည္ေန႔မွာ ဆႏၵျပသူမ်ားကို ေဟာင္ေကာင္ရဲ ဖမ္းဆီးစဥ္
တရုတ္ျပည္သူ႔သမၼတႏိုင္ငံထူေထာင္တဲ့ ႏွစ္ပတ္လည္ေန႔မွာ ဆႏၵျပသူမ်ားကို ေဟာင္ေကာင္ရဲ ဖမ္းဆီးစဥ္

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

ေအာက္တိုဘာလ ၁ ရက္ေန႔ မွာက်ေရာက္တဲ့ တရုတ္ျပည္သူ႔သမၼတႏိုင္ငံထူေထာင္တဲ့ ႏွစ္ပတ္လည္ေန႔ဟာ ေဟာင္ေကာင္မွာေတာ့၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္နဲ႔ အေျခခံလြတ္လပ္ခြင့္ေတြ ဆံုးရႈံးေအာင္ တရုတ္ျပည္မႀကီးရဲ႕ ႀကိဳးပမ္းမႈေတြကို ကန္႔ကြက္ ဆႏၵထုတ္ေဖၚတဲ့ေန႔ အျဖစ္ေျပာင္းလဲခဲ့ပါတယ္။ ဒီႏွစ္မွာေတာ့ ဒီမိုကေရစီအေရး၊ လူ႔အခြင့္အေရးတပ္ဦး၊ လူထုခ်ီတက္ဆႏၵျပပြဲအဆိုျပဳခ်က္ကို ေဟာင္ေကာင္အစိုးရက လက္မခံဘဲ တားျမစ္ပိတ္ပင္ၿပီး ရဲတပ္ဖြဲ႔အင္အား ၆၀၀၀ ခန္႔ကို လမ္းမေတြေပၚမွာ ကင္းလွည့္ေစခဲ့ပါတယ္။

ဒီလို တင္းက်ပ္တဲ့ၾကားက ဘာဘဲျဖစ္ျဖစ္ဆိုၿပီး ရာနဲ႔ခ်ီတဲ့ လူထု ဆႏၵျပခဲ့ၾကလို႔ ရဲေတြက ဆႏၵျပသူ ၈၆ ေယာက္ထက္မနည္းကို ဖမ္းဆီးခဲ့ပါတယ္။ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာခြင့္ရ Morgan Ortagus ကေဟာင္ေကာင္အစိုးအေနနဲ႔ ၿငိမ္းခ်မ္းစြာဆႏၵထုတ္ေဖၚၾကသူေတြကို ဥပေဒမဲ့ ဖမ္းဆီ တာဟာ စိတ္ပ်က္စရာေကာင္းတယ္လို႔ အေလးအနက္ေျပာဆိုလိုက္ပါတယ္။

တခ်ိဳ႔ ေဟာင္ေကာင္ၿမိဳ႕ခံေတြကေတာ့ Apple ေန႔စဥ္သတင္းစာကို ရဲေတြေရွ႔မွာ ဖတ္ျပၿပီးသူတို႔ခံစားခ်က္ေတြ၊ မေက်နပ္ခ်က္ေတြကို ပြင့္ပြင့္လင္းလင္းထုတ္ေဖၚခဲ့ၾကတယ္လို႔ သတင္းမီဒီယာေတြက ဆိုပါတယ္။ အဲဒီ Apple ေန႔စဥ္သတင္းစာတည္ေထာင္သူ Jimmy Lai ကို တင္းက်ပ္တဲ့ အမ်ိဳးသားလံုၿခံဳေရးအက္ဥပေဒအရ ၾသဂုတ္လတုန္းက ဖမ္းဆီးခဲ့ပါတယ္။

ဒီအမ်ိဳးသားလံုၿခံဳေရးအက္ဥပေဒကို ဇြန္လတုန္းကအတည္ျပဳျပဌာန္းခဲ့ၿပီး၊ တရုတ္ႏိုင္ငံအေပၚ ႏိုင္ငံေတာ္ပုန္ကန္မႈ၊ ခြဲထြက္ေရးဝါဒ၊ အၾကမ္းဖက္ဝါဒ သို႔မဟုတ္ ႏိုင္ငံျခားတပ္ဖြဲ႔ေတြနဲ႔ ပူးေပါင္းမႈ စတဲ့အမႈေတြကို က်ဴးလြန္ရင္ ေထာင္ဒဏ္တသက္တကၽြန္းအထိ က်ခံရႏိုင္ဖြယ္ရွိပါတယ္။

ၾသဂုတ္လအတြင္းက ဒီမိုကရက္တစ္ထိုင္ဝမ္ကၽြန္းကို ထြက္ေျပးဖို႔ႀကိဳးစားေနတုန္း တရုတ္အာဏာပိုင္ေတြရဲ႕ အဖမ္းခံခဲ့ရတဲ့ ေဟာင္ေကာင္ေဒသခံ ၁၂ ကို လြတ္ေပးဖို႔ကိုလည္း ဆႏၵျပသူေတြက ေတာင္းဆိုခဲ့ၾကပါတယ္။ သူတို႔ရဲ႕ ဒီမိုကေရစီေရးလႈပ္ရွားမႈေတြေၾကာင့္ တခ်ိဳ႕ဆို ျပင္းထန္တဲ့ စြဲခ်က္ေတြနဲ႔ အမႈရင္ဆိုင္ေနရပါတယ္။ သူတို႔ကို ဖမ္းၿပီးတလေက်ာ္အၾကာ ေစာင့္ဆိုင္းၿပီးမွ စြဲခ်က္တင္တာျဖစ္သလို၊ ေဟာင္ေကာင္ကို ျပန္ပို႔ဖို႔ကိုလည္း တရုတ္အာဏာပိုင္ေတြက ျငင္းဆန္ေနပါတယ္။ သူတို႔ကို လူသိရွင္ၾကားအဆက္အသြယ္ လုပ္ခြင့္မရသလို၊ ေရွ႕ေန႔ေတြကို ကိုယ္တိုင္ေရြးခ်ယ္ခြင့္မေပးဘူးလို႔ ေဟာင္ေကာင္ကလာတဲ့ သတင္းေတြမွာေဖၚျပထားပါတယ္။

တရားဥပေဒစိုးမိုးေရးကို ႏိုင္ငံေရးရည္ရြယ္ခ်က္နဲ႔ ဆက္လက္အသံုးခ်ေနတဲ့ ေဒသခံအာဏာပိုင္ေတြကို က်မတို႔ ရႈတ္ခ်ပါတယ္၊ ဒါဟာ တရားဥပေဒစိုးမိုးေရး ပိုက္ေထြးဖို႔နဲ႔ လြတ္လပ္စြာထုတ္ေဖၚေျပာဆိုခြင့္နဲ႔ စုေဝးခြင့္အပါအဝင္၊ လူ႔အခြင့္အေရးေလးစားလိုက္နာတာေတြကို ဆန္႔က်င္ရာေရာက္ေနပါတယ္။ ဒီလိုအဖမ္းအဆီးေတြဟာ One Country Two System ႏိုင္ငံတခု၊ မူဝါဒ စနစ္ ၂ ခုနဲ႔ အတူယွဥ္တြဲေနထိုင္မယ္ဆိုတဲ့ တရုတ္ျပည္သူ႔သမၼတႏိုင္ငံရဲ႕ ကတိကို လံုးဝပယ္ဖ်က္တဲ့ သေဘာ သက္ေရာက္ေနတယ္လို႔ Ms. Ortagus ကေထာက္ျပပါတယ္။

တည္ၿငိမ္ၿပီး သာယာဝေျပာတဲ့ ေဟာင္ေကာင္အျဖစ္ရပ္တည္ေရးဟာ၊စုေဝးခြင့္၊ လြတ္လပ္စြာ ထုတ္ေဖၚေျပာဆိုခြင့္နဲ႔ တျခားအေျခခံအခြင့္အေရးေတြကို အသိအမွတ္ျပဳတဲ့အေပၚမွာ မူတည္ေနပါတယ္။ လူထုၿငိမ္းခ်မ္းစြာဆႏၵထုတ္ေဖၚတာကို ဖိႏွိပ္ျခင္းအားျဖင့္၊ ေဟာင္ေကာင္ရဲ႕ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္နဲ႔ ျပည္သူေတြရဲ႕ လြတ္လပ္ေရးျဖစ္တဲ့ ႏွလံုးသားကို ဆြဲထုတ္ပစ္မယ့္ တရုတ္ကြန္ျမဴနစ္ပါတီအျပင္၊ ေဟာင္ေကာင္အစိုးရကပါ ႀကံရာပါေတြျဖစ္တယ္ဆိုတာကို ေနာက္တႀကိမ္ထပ္ၿပီး ျပသလိုက္တာပါဘဲလို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက အျပစ္တင္ေဝဖန္လိုက္ေၾကာင္းပါ။

................

ဟောင်ကောင် ဖမ်းဆီးမှု အမေရိကန် ရှုတ်ချ

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

အောက်တိုဘာလ ၁ ရက်နေ့ မှာကျရောက်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်တဲ့ နှစ်ပတ်လည်နေ့ဟာ ဟောင်ကောင်မှာတော့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ အခြေခံလွတ်လပ်ခွင့်တွေ ဆုံးရှုံးအောင် တရုတ်ပြည်မကြီးရဲ့ ကြိုးပမ်းမှုတွေကို ကန့်ကွက် ဆန္ဒထုတ်ဖေါ်တဲ့နေ့ အဖြစ်ပြောင်းလဲခဲ့ပါတယ်။ဒီနှစ်မှာတော့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတပ်ဦး၊ လူထုချီတက်ဆန္ဒပြပွဲအဆိုပြုချက်ကို ဟောင်ကောင်အစိုးရက လက်မခံဘဲ တားမြစ်ပိတ်ပင်ပြီး ရဲတပ်ဖွဲ့အင်အား ၆၀၀၀ ခန့်ကို လမ်းမတွေပေါ်မှာ ကင်းလှည့်စေခဲ့ပါတယ်။

ဒီလို တင်းကျပ်တဲ့ကြားက ဘာဘဲဖြစ်ဖြစ်ဆိုပြီး ရာနဲ့ချီတဲ့ လူထု ဆန္ဒပြခဲ့ကြလို့ ရဲတွေက ဆန္ဒပြသူ ၈၆ ယောက်ထက်မနည်းကို ဖမ်းဆီးခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ Morgan Ortagus ကဟောင်ကောင်အစိုးအနေနဲ့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်ကြသူတွေကို ဥပဒေမဲ့ ဖမ်းဆီ တာဟာ စိတ်ပျက်စရာကောင်းတယ်လို့ အလေးအနက်ပြောဆိုလိုက်ပါတယ်။

တချို့ ဟောင်ကောင်မြို့ခံတွေကတော့ Apple နေ့စဉ်သတင်းစာကို ရဲတွေရှေ့မှာ ဖတ်ပြပြီးသူတို့ခံစားချက်တွေ၊ မကျေနပ်ချက်တွေကို ပွင့်ပွင့်လင်းလင်းထုတ်ဖေါ်ခဲ့ကြတယ်လို့ သတင်းမီဒီယာတွေက ဆိုပါတယ်။ အဲဒီ Apple နေ့စဉ်သတင်းစာတည်ထောင်သူ Jimmy Lai ကို တင်းကျပ်တဲ့ အမျိုးသားလုံခြုံရေးအက်ဥပဒေအရ သြဂုတ်လတုန်းက ဖမ်းဆီးခဲ့ပါတယ်။

ဒီအမျိုးသားလုံခြုံရေးအက်ဥပဒေကို ဇွန်လတုန်းကအတည်ပြုပြဌာန်းခဲ့ပြီး၊ တရုတ်နိုင်ငံအပေါ် နိုင်ငံတော်ပုန်ကန်မှု၊ ခွဲထွက်ရေးဝါဒ၊ အကြမ်းဖက်ဝါဒ သို့မဟုတ် နိုင်ငံခြားတပ်ဖွဲ့တွေနဲ့ ပူးပေါင်းမှု စတဲ့အမှုတွေကို ကျူးလွန်ရင် ထောင်ဒဏ်တသက်တကျွန်းအထိ ကျခံရနိုင်ဖွယ်ရှိပါတယ်။

သြဂုတ်လအတွင်းက ဒီမိုကရက်တစ်ထိုင်ဝမ်ကျွန်းကို ထွက်ပြေးဖို့ကြိုးစားနေတုန်း တရုတ်အာဏာပိုင်တွေရဲ့ အဖမ်းခံခဲ့ရတဲ့ ဟောင်ကောင်ဒေသခံ ၁၂ ကို လွတ်ပေးဖို့ကိုလည်း ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။ သူတို့ရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကြောင့် တချို့ဆို ပြင်းထန်တဲ့ စွဲချက်တွေနဲ့ အမှုရင်ဆိုင်နေရပါတယ်။ သူတို့ကို ဖမ်းပြီးတလကျော်အကြာ စောင့်ဆိုင်းပြီးမှ စွဲချက်တင်တာဖြစ်သလို၊ ဟောင်ကောင်ကို ပြန်ပို့ဖို့ကိုလည်း တရုတ်အာဏာပိုင်တွေက ငြင်းဆန်နေပါတယ်။ သူတို့ကို လူသိရှင်ကြားအဆက်အသွယ် လုပ်ခွင့်မရသလို၊ ရှေ့နေ့တွေကို ကိုယ်တိုင်ရွေးချယ်ခွင့်မပေးဘူးလို့ ဟောင်ကောင်ကလာတဲ့ သတင်းတွေမှာဖေါ်ပြထားပါတယ်။

တရားဥပဒေစိုးမိုးရေးကို နိုင်ငံရေးရည်ရွယ်ချက်နဲ့ ဆက်လက်အသုံးချနေတဲ့ ဒေသခံအာဏာပိုင်တွေကို ကျမတို့ ရှုတ်ချပါတယ်၊ ဒါဟာ တရားဥပဒေစိုးမိုးရေး ပိုက်ထွေးဖို့နဲ့ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်နဲ့ စုဝေးခွင့်အပါအဝင်၊ လူ့အခွင့်အရေးလေးစားလိုက်နာတာတွေကို ဆန့်ကျင်ရာရောက်နေပါတယ်။ ဒီလိုအဖမ်းအဆီးတွေဟာ One Country Two System နိုင်ငံတခု၊ မူဝါဒ စနစ် ၂ ခုနဲ့ အတူယှဉ်တွဲနေထိုင်မယ်ဆိုတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ကတိကို လုံးဝပယ်ဖျက်တဲ့ သဘော သက်ရောက်နေတယ်လို့ Ms. Ortagus ကထောက်ပြပါတယ်။

တည်ငြိမ်ပြီး သာယာဝပြောတဲ့ ဟောင်ကောင်အဖြစ်ရပ်တည်ရေးဟာ၊စုဝေးခွင့်၊ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်နဲ့ တခြားအခြေခံအခွင့်အရေးတွေကို အသိအမှတ်ပြုတဲ့အပေါ်မှာ မူတည်နေပါတယ်။ လူထုငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်တာကို ဖိနှိပ်ခြင်းအားဖြင့်၊ ဟောင်ကောင်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ပြည်သူတွေရဲ့ လွတ်လပ်ရေးဖြစ်တဲ့ နှလုံးသားကို ဆွဲထုတ်ပစ်မယ့် တရုတ်ကွန်မြူနစ်ပါတီအပြင်၊ ဟောင်ကောင်အစိုးရကပါ ကြံရာပါတွေဖြစ်တယ်ဆိုတာကို နောက်တကြိမ်ထပ်ပြီး ပြသလိုက်တာပါဘဲလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အပြစ်တင်ဝေဖန်လိုက်ကြောင်းပါ။

XS
SM
MD
LG