Accessibility links

Breaking News

တရုတ္နိုင္ငံနဲ႔ ဘာသာေရး ဖိနှိပ္မႈ


မွတ္တမ္းဓါတ္ပံု- ၂၀၁၈ ဒီဇင္ဘာ ၃ ရက္ေန တရုတ္ ႏိုင္ငံ Xinjiang ေျမာက္ပိုင္းက စိတ္ဓါတ္မြမ္းမံေရးစခန္းတခု
မွတ္တမ္းဓါတ္ပံု- ၂၀၁၈ ဒီဇင္ဘာ ၃ ရက္ေန တရုတ္ ႏိုင္ငံ Xinjiang ေျမာက္ပိုင္းက စိတ္ဓါတ္မြမ္းမံေရးစခန္းတခု

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

တရုတ္ျပည္သူ႔သမၼတႏိုင္ငံမွာ ကိုးကြယ္တဲ့ဘာသာနဲ႔ ယံုၾကည္မႈအာလံုးကို ခ်ဳပ္ကိုင္ လႊမ္းမိုးၿပီး၊ တရုတ္ကြန္ျမဴနစ္ပါတီရဲ႕ အာဏာရွင္ထိန္းခ်ဳပ္မႈနဲ႔ အေတြးအေခၚေတြ လိုက္နာက်င့္သံုးၾကေစဖို႔ ႀကိဳးပမ္းတဲ့အေနနဲ႕ လူဦးေရ တစ္သန္းေက်ာ္ရွိတဲ့ ဝီဂါမူဆလင္ေတြ၊ တျခားတိုင္းရင္းသားေတြနဲ႔ လူနည္းစုဘာသာဝင္ေတြကို စိတ္ဓါတ္မြမ္းမံေရးစခန္းေတြမွာ အဓမၼထိန္းသိမ္းေနပါတယ္။ ကက္သလစ္ဘုန္းေတာ္ႀကီးေတြကို အက်ဥ္းခ်၊ တိဗက္ဗုဒၶဘာသာဝင္ေတြကို ဖမ္းဆီး၊ သမၼာက်မ္းစာ နဲ႔ ကိုရမ္က်မ္းစာေတြကို ျပန္ျပင္ေရး၊ Protestant Church ဘုရားေက်ာင္းေတြကို ဖ်က္ဆီးတာစတဲ့ လူ႔အခြင့္အေရးခ်ိဴးေဖာက္မႈေတြနဲ႔ တျခားလုပ္ရပ္ေတြကို က်ဴးလြန္ေနတာျဖစ္ပါတယ္။

အီတလီႏိုင္ငံ၊ ေရာမၿမိဳ႕ အေျခစိုက္၊ အေမရိကန္သံရံုးက မၾကာခင္က ကမကထလုပ္တဲ့ ေဆြးေႏြးပြဲမွာ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo က ကမၻာတဝန္း ဘယ္ေနရာမွာမွ ဘာသာေရးလြတ္လပ္ခြင့္ကို တရုတ္ႏိုင္ငံေလာက္ ေၾကာက္စရာေကာင္းေအာင္ ႏွိပ္ကြပ္တာမရွိဘူးလို႔ ေျပာဆိုလိုက္ပါတယ္။

“ဘာျဖစ္လို႔လည္းဆိုေတာ့၊ ကြန္ျမဴနစ္အစိုးရေတြအားလံုးနဲ႔ အတူ၊ တရုတ္ကြန္ျမဴနစ္ပါတီကလည္း၊ စိတ္ဓါတ္ေရးရာအရ အာဏာအစြမ္းကုန္ျပၿပီး၊ အုပ္ခ်ဳပ္ေနတာျဖစ္လို႔ပါဘဲ။ CCP တရုတ္ကြန္ျမဴနစ္ပါတီကိုယ္တိုင္ ဒီမိုကေရစီတရားဝင္မႈ လစ္ဟင္းေနတာကို သေဘာေပါက္တဲ့အတြက္ အေၾကာက္တရားနဲ႔ လြတ္ေျမာက္မႈမီးအိမ္ကို မႈတ္ပစ္ဖို႔၊ အထူးသျဖင့္ ဘာသာေရးလြတ္လပ္ခြင့္ကို စက္ဆုတ္ဖြယ္ေကာင္းေလာက္တဲ့ အဆင့္အထိ၊ ေန႔မအား၊ ညမအား ဖိႏွိပ္တာေတြတိုးလုပ္ေနရတယ္ လို႔ေျပာသြားတာပါ။"

ဝန္ႀကီး Pompeo ဒီမိန္႔ခြန္းေျပာေနခ်ိန္မွာဘဲ၊ ကက္သလစ္ဘုန္းေတာ္ႀကီးေတြ တရုတ္ႏိုင္ငံမွာ ၂ ႏွစ္ၾကာ တာဝန္ထမ္းေဆာင္ဖို႔ သေဘာတူညီခ်က္ကို သက္တမ္းတိုးေရး အျငင္းပြားေနၾကတာနဲ႔ ပတ္သက္လို႔ ဗာတီကန္နဲ႔ တရုတ္ႏိုင္ငံအၾကား ေစ့စပ္ညွိႏိႈင္းေနၾကပါတယ္။

Church ဘုရားေက်ာင္းေတြရဲ႕ စိတ္ဓါတ္ေရးရာခြန္အားကို သက္ေသတည္ၿပီး၊ Church ေတြရဲ႕ အခန္းက႑ကို အားက်မႈနဲ႔ ဥေရာပအလယ္ပိုင္းနဲ႔ အေရွ႔ပိုင္းႏိုင္ငံေတြ ၂၀ ရာစုေႏွာင္းပိုင္းမွာ၊ ကြန္ျမဴနစ္စံနစ္က ရုန္းထြက္ႏိုင္ခဲ့ၾကတယ္လို႔ ဝန္ႀကီး Pompeo ကေထာက္ျပပါတယ္။ အလားတူပါဘဲ၊ လက္တင္အေမရိက ႏိုင္ငံေတြမွာလည္း၊ အာဏာရွင္စံနစ္ကေန ဒီမိုကေရစီ အသြင္းကူးေျပာင္းေရးအတြက္ အေထာက္အကူအျဖစ္ စိန္ေခၚခဲ့တယ္လို႔ ေျပာပါတယ္။

“က်ေနာ့္ႏိုင္ငံမွာလည္း ၁၉ ရာစုမွာ ကၽြန္စနစ္ကို အဆံုးသတ္ေစတဲ့ လႈပ္ရွားမႈနဲ႔ အာဖရိကႏြယ္ဖြားအေမရိကန္ေတြရဲ႕ ျပည္သူ႔အခြင့္အေရး တိုးခ်ဲ႕ႏိုင္ခဲ့တာဟာ ခရစ္ယာန္ဘာသာဝင္အမ်ားစုက က်ယ္က်ယ္ျပန္႔ျပန္႔ ဦးေဆာင္ခဲ့လို႔ပါဘဲ။ က်ေနာ္တို႔ႏိုင္ငံရဲ႕ ဂ်ဴးဘာသာေရး နဲ႔ ခရစ္ယာန္ဘာသာ အေမြအႏွစ္အျပင္၊ က်ေနာ္တို႔ ႏိုင္ငံထူေထာင္ခဲ့တဲ့ သေႏၶတည္-အေျခခံမူအရ၊ ခရစ္ယာန္အမ်ားစုက ဦးေဆာင္ခဲ့ၾကပါတယ္လို႔ ေျပာသြားတာပါ။

ဘာသာေရးလြတ္လပ္ခြင့္ ဆိတ္သုဥ္းေအာင္၊ ဘာသာအသီးသီးကိုးကြယ္ၾကတဲ့ လူ႔ေဘာင္ အသိုင္းအဝိုင္းရဲ႕ ဆႏၵကို ခ်ိဳးႏွိမ္၊ အာဏာရွင္လက္ေအာက္ ဒူးေထာက္ေအာင္ ႀကိဳးပမ္းေနတဲ့ တရုတ္ကြန္ျမဴနစ္ပါတီကို ဘာသာအားလံုးရဲ႕ ေခါင္းေဆာင္ေတြအေနနဲ႔ ကန္႔ကြက္ေျပာဆိုၾကပါရန္နဲ႕ တရုတ္ျပည္မွာ ဘာသာေရးလြတ္လပ္တဲ့ အနာဂတ္ ေပၚထြန္းလာဖို႔ စိတ္ဓါတ္ သက္ေသနဲ႔ အေရးယူ မႈေတြေပၚမွာ မူတည္ပါတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo ကေျပာဆိုလိုက္ေၾကာင္းပါ။

...............

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ကိုးကွယ်တဲ့ဘာသာနဲ့ ယုံကြည်မှုအာလုံးကို ချုပ်ကိုင် လွှမ်းမိုးပြီး၊ တရုတ်ကွန်မြူနစ်ပါတီရဲ့ အာဏာရှင်ထိန်းချုပ်မှုနဲ့ အတွေးအခေါ်တွေ လိုက်နာကျင့်သုံးကြစေဖို့ ကြိုးပမ်းတဲ့အနေနဲ့ လူဦးရေ တစ်သန်းကျော်ရှိတဲ့ ဝီဂါမူဆလင်တွေ၊ တခြားတိုင်းရင်းသားတွေနဲ့ လူနည်းစုဘာသာဝင်တွေကို စိတ်ဓါတ်မွမ်းမံရေးစခန်းတွေမှာ အဓမ္မထိန်းသိမ်းနေပါတယ်။ ကက်သလစ်ဘုန်းတော်ကြီးတွေကို အကျဉ်းချ၊ တိဗက်ဗုဒ္ဓဘာသာဝင်တွေကို ဖမ်းဆီး၊ သမ္မာကျမ်းစာ နဲ့ ကိုရမ်ကျမ်းစာတွေကို ပြန်ပြင်ရေး၊ Protestant Church ဘုရားကျောင်းတွေကို ဖျက်ဆီးတာစတဲ့ လူ့အခွင့်အရေးချိူးဖောက်မှုတွေနဲ့ တခြားလုပ်ရပ်တွေကို ကျူးလွန်နေတာဖြစ်ပါတယ်။

အီတလီနိုင်ငံ၊ ရောမမြို့ အခြေစိုက်၊ အမေရိကန်သံရုံးက မကြာခင်က ကမကထလုပ်တဲ့ ဆွေးနွေးပွဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ကမ္ဘာတဝန်း ဘယ်နေရာမှာမှ ဘာသာရေးလွတ်လပ်ခွင့်ကို တရုတ်နိုင်ငံလောက် ကြောက်စရာကောင်းအောင် နှိပ်ကွပ်တာမရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။

“ဘာဖြစ်လို့လည်းဆိုတော့၊ ကွန်မြူနစ်အစိုးရတွေအားလုံးနဲ့ အတူ၊ တရုတ်ကွန်မြူနစ်ပါတီကလည်း၊ စိတ်ဓါတ်ရေးရာအရ အာဏာအစွမ်းကုန်ပြပြီး၊ အုပ်ချုပ်နေတာဖြစ်လို့ပါဘဲ။ CCP တရုတ်ကွန်မြူနစ်ပါတီကိုယ်တိုင် ဒီမိုကရေစီတရားဝင်မှု လစ်ဟင်းနေတာကို သဘောပေါက်တဲ့အတွက် အကြောက်တရားနဲ့ လွတ်မြောက်မှုမီးအိမ်ကို မှုတ်ပစ်ဖို့၊ အထူးသဖြင့် ဘာသာရေးလွတ်လပ်ခွင့်ကို စက်ဆုတ်ဖွယ်ကောင်းလောက်တဲ့ အဆင့်အထိ၊ နေ့မအား၊ ညမအား ဖိနှိပ်တာတွေတိုးလုပ်နေရတယ် လို့ပြောသွားတာပါ။"

ဝန်ကြီး Pompeo ဒီမိန့်ခွန်းပြောနေချိန်မှာဘဲ၊ ကက်သလစ်ဘုန်းတော်ကြီးတွေ တရုတ်နိုင်ငံမှာ ၂ နှစ်ကြာ တာဝန်ထမ်းဆောင်ဖို့ သဘောတူညီချက်ကို သက်တမ်းတိုးရေး အငြင်းပွားနေကြတာနဲ့ ပတ်သက်လို့ ဗာတီကန်နဲ့ တရုတ်နိုင်ငံအကြား စေ့စပ်ညှိနှိုင်းနေကြပါတယ်။

Church ဘုရားကျောင်းတွေရဲ့ စိတ်ဓါတ်ရေးရာခွန်အားကို သက်သေတည်ပြီး၊ Church တွေရဲ့ အခန်းကဏ္ဍကို အားကျမှုနဲ့ ဥရောပအလယ်ပိုင်းနဲ့ အရှေ့ပိုင်းနိုင်ငံတွေ ၂၀ ရာစုနှောင်းပိုင်းမှာ၊ ကွန်မြူနစ်စံနစ်က ရုန်းထွက်နိုင်ခဲ့ကြတယ်လို့ ဝန်ကြီး Pompeo ကထောက်ပြပါတယ်။ အလားတူပါဘဲ၊ လက်တင်အမေရိက နိုင်ငံတွေမှာလည်း၊ အာဏာရှင်စံနစ်ကနေ ဒီမိုကရေစီ အသွင်းကူးပြောင်းရေးအတွက် အထောက်အကူအဖြစ် စိန်ခေါ်ခဲ့တယ်လို့ ပြောပါတယ်။

“ကျနော့်နိုင်ငံမှာလည်း ၁၉ ရာစုမှာ ကျွန်စနစ်ကို အဆုံးသတ်စေတဲ့ လှုပ်ရှားမှုနဲ့ အာဖရိကနွယ်ဖွားအမေရိကန်တွေရဲ့ ပြည်သူ့အခွင့်အရေး တိုးချဲ့နိုင်ခဲ့တာဟာ ခရစ်ယာန်ဘာသာဝင်အများစုက ကျယ်ကျယ်ပြန့်ပြန့် ဦးဆောင်ခဲ့လို့ပါဘဲ။ ကျနော်တို့နိုင်ငံရဲ့ ဂျူးဘာသာရေး နဲ့ ခရစ်ယာန်ဘာသာ အမွေအနှစ်အပြင်၊ ကျနော်တို့ နိုင်ငံထူထောင်ခဲ့တဲ့ သန္ဓေတည်-အခြေခံမူအရ၊ ခရစ်ယာန်အများစုက ဦးဆောင်ခဲ့ကြပါတယ်လို့ ပြောသွားတာပါ။

ဘာသာရေးလွတ်လပ်ခွင့် ဆိတ်သုဉ်းအောင်၊ ဘာသာအသီးသီးကိုးကွယ်ကြတဲ့ လူ့ဘောင် အသိုင်းအဝိုင်းရဲ့ ဆန္ဒကို ချိုးနှိမ်၊ အာဏာရှင်လက်အောက် ဒူးထောက်အောင် ကြိုးပမ်းနေတဲ့ တရုတ်ကွန်မြူနစ်ပါတီကို ဘာသာအားလုံးရဲ့ ခေါင်းဆောင်တွေအနေနဲ့ ကန့်ကွက်ပြောဆိုကြပါရန်နဲ့ တရုတ်ပြည်မှာ ဘာသာရေးလွတ်လပ်တဲ့ အနာဂတ် ပေါ်ထွန်းလာဖို့ စိတ်ဓါတ် သက်သေနဲ့ အရေးယူ မှုတွေပေါ်မှာ မူတည်ပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကပြောဆိုလိုက်ကြောင်းပါ။

XS
SM
MD
LG