Accessibility links

Breaking News

ေဟာင္ေကာင္ဖမ္းဆီးမႈတိုးလာတဲ႔အေပၚ အေမရိကန္သေဘာထား 


(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

ေဟာင္ေကာင္မွာ အသစ္ျပဌာန္းလိုက္တဲ့ လံုၿခံဳေရးဥပေဒနဲ႔ တျခားလုပ္ထံုးလုပ္နည္းေတြအရ၊ အဖမ္းခံရတဲ့ ဒီမိုကေရစီေရး ပညာေပးလႈပ္ရွားသူ အေရအတြက္ ဆက္ၿပီးတိုးလာေနပါတယ္။ ဖမ္းဆီးတာေတြ ဆက္လုပ္ေနတာနဲ႔ အမွ် တရုတ္ကြန္ျမဴနစ္ပါတီက ေဟာင္ေကာင္ရဲ႕ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ကို တစစီ ၿဖိဳခြဲေနသလို၊ လူ႔အခြင့္အေရးေလးစားလိုက္နာမႈကိုပါ ပေပ်ာက္ေအာင္ တိုးၿပီးလုပ္ေနပါတယ္။

ေဟာင္ေကာင္ရဲ႕လက္ရွိ ဥပေဒျပဳလႊတ္ေတာ္ အမတ္ ၅ ဦးအပါအဝင္၊ ဒီမိုကေရစီလိုလားတဲ့ ႏိုင္ငံေရးသမား ၈ ေယာက္ကို မၾကာခင္ကဖမ္းဆီးလိုက္ပါတယ္။ လႊတ္ေတာ္မွာ အခရာက်တဲ့ေကာ္မတီတရပ္ကို ဘယ္သူေတြက ထိန္းခ်ဳပ္သင့္သလဲဆိုတာနဲ႔ ပတ္သက္ၿပီး ေမလ ၈ ရက္ေန႔႕က အစည္းအေဝးမွာ အႀကိတ္အနယ္၊ အျပန္အလွန္ျငင္းခံု၊ ရုန္းရင္းဆန္ခတ္ျဖစ္ခဲ့တာကို စံုစမ္းစစ္ေဆးဖို႔ သူတို႔ကို ဖမ္းခဲ့တာလို႔ ရဲတပ္ဖြဲ႔ကေျပာပါတယ္။

အခင္းျဖစ္ပြားၿပီး ၆ လၾကာမွ ဒီလႊတ္ေတာ္အမတ္ေတြကို ဖမ္းရတဲ့အေၾကာင္းက၊ ေမးခြန္းထုတ္စရာမလိုေအာင္ ရွင္းရွင္းေလးပါဘဲ။ ႏိုင္ငံေရးရည္ရြယ္ခ်က္နဲ႔ တရားဥပေဒစိုးမိုးေရးကို အလြဲသံုးစားလုပ္လိုက္တာျဖစ္ပါတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖၚျပထားပါတယ္။

ေဟာင္ေကာင္အစိုးရက ဒီမိုကေရစီဘက္ေတာ္သားေတြကို ေနွာက္ယွက္၊ ၿခိမ္းေျခာက္ေနတာေတြနဲ႔ အတိုက္အခံေတြကို ႏွိပ္ကြပ္ေနတာေတြဟာ၊ တရုတ္ကြန္ျမဴနစ္ပါတီ အာဏာရွင္အစိုးရရဲ႕ ဆက္လက္ ပါဝင္စြက္ဖက္ေနတာကို မီးေမာင္းထိုးျပတဲ့ နမူနာေတြဘဲျဖစ္ပါတယ္။

ေဟာင္ေကာင္လြတ္ေျမာက္ေရးလႈပ္ရွားတဲ့ေက်ာင္းသားအဖြဲ႔ရဲ႕ အဖြဲ႔ဝင္ ၃ ဦးကို ေအာက္တိုဘာလ ၂၃ ရက္ေန႔က ဖမ္းဆီးခဲ့ပါတယ္။ သူတို႔က ဆိုရွယ္မီဒီယာမွာ ခြဲထြက္လြတ္ေျမာက္ေရးလႈံ႔ေဆာ္တဲ့ posts ေတြ တင္ခဲ့တယ္ဆိုတဲ့ သံသယနဲ႔အမ်ိဳးသားလံုၿခံဳေရးဥပေဒအရ ဖမ္းဆီးခဲ့တာလို႔ ဆိုပါတယ္။အဖမ္းခံရတဲ့ ေက်ာင္းသားေခါင္းေဆာင္ေတြကေတာ့ Tony Chung၊ ေက်ာင္းသားအဖြဲ႔ဝင္ေဟာင္း William Chan နဲ႔ Yanni Ho တို႔ျဖစ္ၾကပါတယ္။

သူတို႔ကို ဖမ္းဆီး၊ ထိန္းသိမ္းထားတာေတြနဲ႔ ပတ္သက္ၿပီး အေမရိကန္ျပည္ေထာင္စုက ျပင္းထန္စြာ အျပစ္တင္ရႈတ္ခ်လိုက္သလို၊ ထိန္းသိမ္းထားသူေတြကို ခ်က္ခ်င္းလႊတ္ေပးဖို႔ ေဟာင္ေကာင္အာဏာပိုင္ေတြကို ေတာင္းဆိုလိုက္ပါတယ္။

တရုတ္ျပည္သူ႔သမၼတႏိုင္ငံဟာ ၁၉၈၄ ခုႏွစ္က တရုတ္နဲ႔ၿဗိတိန္၂ ႏိုင္ငံပူးတြဲေၾကညာခဲ့တဲ့ လိုက္နာရမယ့္ ႏိုင္ငံတကာစံေတြကို ခ်ိဳးေဖါက္ေနတာျဖစ္ပါတယ္။ တခ်ိန္တည္းမွာဘဲ တရုတ္ကြန္ျမဴနစ္ပါတီနဲ႔ ေဟာင္ေကာင္က သူ႔လက္ေဝခံေတြက ေဟာင္ေကာင္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ ကတိကို ခ်ိဳးဖ်က္၊ ၿငိမ္းခ်မ္းစြာစုေဝးခြင့္နဲ႔ လြတ္လပ္စြာထုတ္ေဖၚေျပာဆိုခြင့္အပါအဝင္၊ ေဟာင္ေကာင္ရဲ႕ လူ႔အခြင့္အေရးေလးစားမႈကို ထိပါးေႏွာက္ယွက္ေနတာျဖစ္ပါတယ္။ဒါ့ေၾကာင့္ ေဟာင္ေကာင္ျပည္သူေတြနဲ႔အတူ အေမရိကန္ျပည္ေထာင္စုက မားမားမတ္မတ္ရပ္တည္ေနေၾကာင္းပါ။

..............

ဟောင်ကောင်ဖမ်းဆီးမှုတိုးလာတဲ့အပေါ် အမေရိကန်သဘောထား

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

ဟောင်ကောင်မှာ အသစ်ပြဌာန်းလိုက်တဲ့ လုံခြုံရေးဥပဒေနဲ့ တခြားလုပ်ထုံးလုပ်နည်းတွေအရ၊ အဖမ်းခံရတဲ့ ဒီမိုကရေစီရေး ပညာပေးလှုပ်ရှားသူ အရေအတွက် ဆက်ပြီးတိုးလာနေပါတယ်။ဖမ်းဆီးတာတွေ ဆက်လုပ်နေတာနဲ့ အမျှ တရုတ်ကွန်မြူနစ်ပါတီက ဟောင်ကောင်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တစစီ ဖြိုခွဲနေသလို၊ လူ့အခွင့်အရေးလေးစားလိုက်နာမှုကိုပါ ပပျောက်အောင် တိုးပြီးလုပ်နေပါတယ်။

ဟောင်ကောင်ရဲ့လက်ရှိ ဥပဒေပြုလွှတ်တော် အမတ် ၅ ဦးအပါအဝင်၊ ဒီမိုကရေစီလိုလားတဲ့ နိုင်ငံရေးသမား ၈ ယောက်ကို မကြာခင်ကဖမ်းဆီးလိုက်ပါတယ်။ လွှတ်တော်မှာ အခရာကျတဲ့ကော်မတီတရပ်ကို ဘယ်သူတွေက ထိန်းချုပ်သင့်သလဲဆိုတာနဲ့ ပတ်သက်ပြီး မေလ ၈ ရက်နေ့က အစည်းအဝေးမှာ အကြိတ်အနယ်၊ အပြန်အလှန်ငြင်းခုံ၊ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တာကို စုံစမ်းစစ်ဆေးဖို့ သူတို့ကို ဖမ်းခဲ့တာလို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

အခင်းဖြစ်ပွားပြီး ၆ လကြာမှ ဒီလွှတ်တော်အမတ်တွေကို ဖမ်းရတဲ့အကြောင်းက၊ မေးခွန်းထုတ်စရာမလိုအောင် ရှင်းရှင်းလေးပါဘဲ။ နိုင်ငံရေးရည်ရွယ်ချက်နဲ့ တရားဥပဒေစိုးမိုးရေးကို အလွဲသုံးစားလုပ်လိုက်တာဖြစ်ပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဟောင်ကောင်အစိုးရက ဒီမိုကရေစီဘက်တော်သားတွေကို နှောက်ယှက်၊ ခြိမ်းခြောက်နေတာတွေနဲ့ အတိုက်အခံတွေကို နှိပ်ကွပ်နေတာတွေဟာ၊ တရုတ်ကွန်မြူနစ်ပါတီ အာဏာရှင်အစိုးရရဲ့ ဆက်လက် ပါဝင်စွက်ဖက်နေတာကို မီးမောင်းထိုးပြတဲ့ နမူနာတွေဘဲဖြစ်ပါတယ်။

ဟောင်ကောင်လွတ်မြောက်ရေးလှုပ်ရှားတဲ့ကျောင်းသားအဖွဲ့ရဲ့ အဖွဲ့ဝင် ၃ ဦးကို အောက်တိုဘာလ ၂၃ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။ သူတို့က ဆိုရှယ်မီဒီယာမှာ ခွဲထွက်လွတ်မြောက်ရေးလှုံ့ဆော်တဲ့ posts တွေ တင်ခဲ့တယ်ဆိုတဲ့ သံသယနဲ့အမျိုးသားလုံခြုံရေးဥပဒေအရ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။အဖမ်းခံရတဲ့ ကျောင်းသားခေါင်းဆောင်တွေကတော့ Tony Chung၊ ကျောင်းသားအဖွဲ့ဝင်ဟောင်း William Chan နဲ့ Yanni Ho တို့ဖြစ်ကြပါတယ်။

သူတို့ကို ဖမ်းဆီး၊ ထိန်းသိမ်းထားတာတွေနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုက ပြင်းထန်စွာ အပြစ်တင်ရှုတ်ချလိုက်သလို၊ ထိန်းသိမ်းထားသူတွေကို ချက်ချင်းလွှတ်ပေးဖို့ ဟောင်ကောင်အာဏာပိုင်တွေကို တောင်းဆိုလိုက်ပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ ၁၉၈၄ ခုနှစ်က တရုတ်နဲ့ဗြိတိန်၂ နိုင်ငံပူးတွဲကြေညာခဲ့တဲ့ လိုက်နာရမယ့် နိုင်ငံတကာစံတွေကို ချိုးဖေါက်နေတာဖြစ်ပါတယ်။ တချိန်တည်းမှာဘဲ တရုတ်ကွန်မြူနစ်ပါတီနဲ့ ဟောင်ကောင်က သူ့လက်ဝေခံတွေက ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကတိကို ချိုးဖျက်၊ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်အပါအဝင်၊ ဟောင်ကောင်ရဲ့ လူ့အခွင့်အရေးလေးစားမှုကို ထိပါးနှောက်ယှက်နေတာဖြစ်ပါတယ်။ဒါ့ကြောင့် ဟောင်ကောင်ပြည်သူတွေနဲ့အတူ အမေရိကန်ပြည်ထောင်စုက မားမားမတ်မတ်ရပ်တည်နေကြောင်းပါ။

XS
SM
MD
LG