Accessibility links

Breaking News

စစ္ရာဇဝတ္မႈက်ဴးလြန္သူ ဖမ္းဆီးေရး ကူညီသူကုိ ဆုေငြေပးမယ္႔ ကန္အစီအစဥ္


Rwanda လူမ်ိဳးတံုးသတ္ျဖတ္မႈအတြက္ တာ၀န္ရွိသူမ်ား
Rwanda လူမ်ိဳးတံုးသတ္ျဖတ္မႈအတြက္ တာ၀န္ရွိသူမ်ား

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

ကမၻာတဝန္း လူေတြအေျမာက္အမ်ားကို ရက္ရက္စက္စက္ႏွိပ္ကြပ္ခဲ့မႈေတြကို က် ဴ းလြန္ခဲ့သူ၊ အျပစ္ရွိသူေတြကို တရားဥပေဒအရ အေရးယူႏိုင္ေရးအတြက္ အေမရိကန္ျပည္ေထာင္စုက သႏၷိ႒ာန္ခ်မွတ္ထားပါတယ္။ဒီရည္မွန္းခ်က္ အထေျမာက္ေရး အေထာက္အကူျဖစ္ေအာင္ စစ္ရာဇဝတ္မႈ ဆုေငြထုတ္တဲ့အစီအစဥ္ကို ထူေထာင္ထားပါတယ္။

စစ္ရာဇဝတ္မႈေတြ၊ လူမ်ိဳးတုံးသတ္ျဖတ္မႈေတြ၊ သို႔မဟုတ္ လူသားမ်ိဳးႏြယ္ အေပၚက်ဳးလြန္တဲ့ဲျပစ္မႈေတြအတြက္၊ ႏိုင္ငံတကာခံုရံုးေတြ၊ ေဒသတြင္း ႏိုင္ငံတကာခံုရံုးခြဲေတြ၊ သို႔မဟုတ္ ပူးတြဲခံုရံုးေတြက အလိုရွိေနသူ တဦးခ်င္းစီကို အမိအရဖမ္းဆီးတာ၊ လႊဲေျပာင္းတာေတြနဲ႔ အျပစ္ေပးႏိုင္ေရးကို ဦးတည္ေစမယ့္ သတင္းေပးႏိုင္သူေတြကို ဆုေငြ အေမရိကန္ေဒၚလာ ၅ သန္းအထိ ခ်ီးျမင့္ဖို႔ ကမ္းလွမ္းတဲ့အစီအစဥ္ျဖစ္ပါတယ္။

ဒီအစီအစဥ္ကို အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက၊ သံအမတ္ႀကီး Morse Tan ဦးေဆာင္တဲ့ ကမၻာတဝန္းရာဇဝတ္မႈအေရး၊ တရားမွ်တေရးဆိုင္ရာဌာနက တာဝန္ယူထားပါတယ္။ WCRP လို႔ေခၚတဲ့ စစ္ရာဇဝတ္မႈ ဆုေငြထုတ္တဲ့အစီအစဥ္အရ ေလာေလာဆယ္၊ ထြက္ေျပးတိမ္းေရွာင္ ေနတဲ့ ပုဂၢိဳလ္ ၆ ဦးကို အာရံုစိုက္ေနေၾကာင္း၊ ၁၉၉၄ ခုႏွစ္ ရဝမ္ဒါႏိုင္ငံ လူမ်ိဳးတုန္းသတ္ျဖတ္မႈမွာ အမ်ိဳးသား၊ အမ်ိဳးသမီးနဲ႔ ကေလးငယ္ ၈ သိန္းထက္မနည္း အသတ္ခံရမႈမွာ သူတို႔ ပါဝင္ခဲ့တဲ့အတြက္ စစ္ေဆးရန္ က်န္ေနဆဲ ႏိုင္ငံတကာ စစ္ေဆးတဲ့ယႏၲယားအဖြဲ႕ က အလိုရွိေနတာျဖစ္တယ္လို႔ သံအမတ္ႀကီး Tan က ေတြ႔ဆံုေမးျမန္းခန္းတခုမွာေျပာပါတယ္။

WCRP စစ္ရာဝဇတ္ဆုေငြထုတ္တဲ့ အစီအစဥ္က စစ္ရာဇဝတ္မႈက်ဳးလြန္သူေတြအျဖစ္ ထုတ္ျပန္ထားတဲ့ အဲဒီ ၆ ေယာက္ထဲက တေယာက္ကို ၂၀၂၀ ျပည့္ႏွစ္ ေမလတုန္းက၊ ဖမ္းမိႏိုင္ခဲ့တယ္လို႔ သံအမတ္ႀကီး Tan ကအခုလိုေျပာပါတယ္။

“ရဝမ္ဒါလူမ်ိဳးတုန္းသတ္ျဖတ္မႈမွာ ဘ႑ာေရးမွဴးလည္းျဖစ္၊ ျငင္းစရာမလိုေအာင္ အႀကီးအက်ယ္လႈံ႔ေဆာ္ခဲ့သူလည္းျဖစ္တဲ့ Felicien Kabuga ကိုျပင္သစ္ႏိုင္ငံ ပဲရစ္ၿမိဳ႕ ဆင္ေျခဖံုးမွာ လက္ရဖမ္းမိခဲ့ပါတယ္။ သူထြက္ေျပးပုန္းေအာင္းေနတာ ၂၆ ႏွစ္ေက်ာ္ၾကာပါတယ္။ သူဟာ က်ေနာ္တို႔ရဲ႕ စစ္ရာဇဝတ္မႈဖမ္းမိေရး ဆုေငြထုတ္ထားတဲ့စာရင္းမွာ ထိပ္ဆံုးကပါေနတဲ့သူျဖစ္ပါတယ္။ သူကို အမိဖမ္းႏိုင္တာဟာ တကယ့္ေအာင္ျမင္တဲ့ေျခလွမ္းပါဘဲလို႔ ေျပာသြားတာပါ။ ”

WCRP စာရင္းအရ၊ စစ္ရာဇဝတ္မႈနဲ႔ အလိုရွိေနသူ ရဝမ္ဒါ ၆ ေယာက္က်န္ေနပါေသးတယ္။ လူမ်ိဳးတုန္းသတ္ျဖတ္မႈမွာပါဝင္မႈနဲ႔ ႏိုင္ငံတကာခံုရံုးက အလိုရွိေနသူ ၆ ဦးကေတာ့Proteais Mpiranya , Fulgence Kayishema, Aloys Ndimbati, Pheneas Munyarugarama, Charles Sikubwabo နဲ႔ Ryandikayo ျဖစ္ပါတယ္။သူတို႔နဲ႔ ပတ္သက္တဲ့ သတင္းအခ်က္အလက္ေတြ ေပးႏိုင္မယ့္ ဘယ္သူမဆို အေမရိကန္ ဆုေၾကးအစီအစဥ္ ရဲ႕ Email လိပ္စာ WCRP@state.gov နဲ႔WhatsApp တယ္လီဖုန္း +1-202-975-5468 ကတဆင့္ ဆက္သြယ္ႏိုင္ပါတယ္။

ဒီလိုမ်ိဳးရက္ရက္စက္စက္ျပစ္မႈေတြက်ဴးလြန္ခဲ့သူေတြကို ကင္းလြတ္ခြင့္မေပးဖို႔ သိပ္အေရးႀကီးပါတယ္လို႔ သံအမတ္ႀကီး Tan ကေျပာပါတယ္။

“ကိုယ့္အျပစ္အတြက္ တရားဥပေဒအရ ျပစ္ဒဏ္ခံရမယ္ဆိုတဲ့ အသိတရားရဖို႔ျဖစ္ပါတယ္။ ဒါအျပင္၊ ဒီလို လူေတြအမ်ားအျပား အသတ္ခံရတဲ့အျဖစ္မ်ိဳး ေနာက္ထပ္မက်ဳးလြန္ေအာင္ ဒီအစီအစဥ္က ကာကြယ္တဲ့ အခန္းက႑ကေနပါဝင္တာျဖစ္တယ္လို႔ ေျပာသြားတာပါ။”

အနာဂတ္မွာ ဒီလို အႀကီးအက်ယ္ မတရားတဲ့ အျဖစ္မ်ိဳးေတြကာကြယ္ဖို႔ အေကာင္းဆံုးနည္းလမ္းကေတာ့ တာဝန္သိမႈ၊ တာဝန္ခံမႈ ဘဲျဖစ္ပါတယ္လို႔ သံအမတ္ႀကီး Morse Tan ကေၾကညာလိုက္ေၾကာင္းပါ။

..........

စစ်ရာဇဝတ်မှုကျူးလွန်သူ ဖမ်းဆီးရေး ကူညီသူကို ဆုငွေပေးမယ့် ကန်အစီအစဉ်

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

ကမ္ဘာတဝန်း လူတွေအမြောက်အများကို ရက်ရက်စက်စက်နှိပ်ကွပ်ခဲ့မှုတွေကို ကျ ူ းလွန်ခဲ့သူ၊ အပြစ်ရှိသူတွေကို တရားဥပဒေအရ အရေးယူနိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စုက သန္နိဋ္ဌာန်ချမှတ်ထားပါတယ်။ဒီရည်မှန်းချက် အထမြောက်ရေး အထောက်အကူဖြစ်အောင် စစ်ရာဇဝတ်မှု ဆုငွေထုတ်တဲ့အစီအစဉ်ကို ထူထောင်ထားပါတယ်။

စစ်ရာဇဝတ်မှုတွေ၊ လူမျိုးတုံးသတ်ဖြတ်မှုတွေ၊ သို့မဟုတ် လူသားမျိုးနွယ် အပေါ်ကျုးလွန်တဲ့ဲပြစ်မှုတွေအတွက်၊ နိုင်ငံတကာခုံရုံးတွေ၊ ဒေသတွင်း နိုင်ငံတကာခုံရုံးခွဲတွေ၊ သို့မဟုတ် ပူးတွဲခုံရုံးတွေက အလိုရှိနေသူ တဦးချင်းစီကို အမိအရဖမ်းဆီးတာ၊ လွှဲပြောင်းတာတွေနဲ့ အပြစ်ပေးနိုင်ရေးကို ဦးတည်စေမယ့် သတင်းပေးနိုင်သူတွေကို ဆုငွေ အမေရိကန်ဒေါ်လာ ၅ သန်းအထိ ချီးမြင့်ဖို့ ကမ်းလှမ်းတဲ့အစီအစဉ်ဖြစ်ပါတယ်။

ဒီအစီအစဉ်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက၊ သံအမတ်ကြီး Morse Tan ဦးဆောင်တဲ့ ကမ္ဘာတဝန်းရာဇဝတ်မှုအရေး၊ တရားမျှတရေးဆိုင်ရာဌာနက တာဝန်ယူထားပါတယ်။ WCRP လို့ခေါ်တဲ့ စစ်ရာဇဝတ်မှု ဆုငွေထုတ်တဲ့အစီအစဉ်အရ လောလောဆယ်၊ ထွက်ပြေးတိမ်းရှောင် နေတဲ့ ပုဂ္ဂိုလ် ၆ ဦးကို အာရုံစိုက်နေကြောင်း၊ ၁၉၉၄ ခုနှစ် ရဝမ်ဒါနိုင်ငံ လူမျိုးတုန်းသတ်ဖြတ်မှုမှာ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ် ၈ သိန်းထက်မနည်း အသတ်ခံရမှုမှာ သူတို့ ပါဝင်ခဲ့တဲ့အတွက် စစ်ဆေးရန် ကျန်နေဆဲ နိုင်ငံတကာ စစ်ဆေးတဲ့ယန္တယားအဖွဲ့ က အလိုရှိနေတာဖြစ်တယ်လို့ သံအမတ်ကြီး Tan က တွေ့ဆုံမေးမြန်းခန်းတခုမှာပြောပါတယ်။

WCRP စစ်ရာဝဇတ်ဆုငွေထုတ်တဲ့ အစီအစဉ်က စစ်ရာဇဝတ်မှုကျုးလွန်သူတွေအဖြစ် ထုတ်ပြန်ထားတဲ့ အဲဒီ ၆ ယောက်ထဲက တယောက်ကို ၂၀၂၀ ပြည့်နှစ် မေလတုန်းက၊ ဖမ်းမိနိုင်ခဲ့တယ်လို့ သံအမတ်ကြီး Tan ကအခုလိုပြောပါတယ်။

“ရဝမ်ဒါလူမျိုးတုန်းသတ်ဖြတ်မှုမှာ ဘဏ္ဍာရေးမှူးလည်းဖြစ်၊ ငြင်းစရာမလိုအောင် အကြီးအကျယ်လှုံ့ဆော်ခဲ့သူလည်းဖြစ်တဲ့ Felicien Kabuga ကိုပြင်သစ်နိုင်ငံ ပဲရစ်မြို့ ဆင်ခြေဖုံးမှာ လက်ရဖမ်းမိခဲ့ပါတယ်။ သူထွက်ပြေးပုန်းအောင်းနေတာ ၂၆ နှစ်ကျော်ကြာပါတယ်။ သူဟာ ကျနော်တို့ရဲ့ စစ်ရာဇဝတ်မှုဖမ်းမိရေး ဆုငွေထုတ်ထားတဲ့စာရင်းမှာ ထိပ်ဆုံးကပါနေတဲ့သူဖြစ်ပါတယ်။ သူကို အမိဖမ်းနိုင်တာဟာ တကယ့်အောင်မြင်တဲ့ခြေလှမ်းပါဘဲလို့ ပြောသွားတာပါ။ ”

WCRP စာရင်းအရ၊ စစ်ရာဇဝတ်မှုနဲ့ အလိုရှိနေသူ ရဝမ်ဒါ ၆ ယောက်ကျန်နေပါသေးတယ်။ လူမျိုးတုန်းသတ်ဖြတ်မှုမှာပါဝင်မှုနဲ့ နိုင်ငံတကာခုံရုံးက အလိုရှိနေသူ ၆ ဦးကတော့Proteais Mpiranya , Fulgence Kayishema, Aloys Ndimbati, Pheneas Munyarugarama, Charles Sikubwabo နဲ့ Ryandikayo ဖြစ်ပါတယ်။သူတို့နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ပေးနိုင်မယ့် ဘယ်သူမဆို အမေရိကန် ဆုကြေးအစီအစဉ် ရဲ့ Email လိပ်စာ WCRP@state.gov နဲ့WhatsApp တယ်လီဖုန်း +1-202-975-5468 ကတဆင့် ဆက်သွယ်နိုင်ပါတယ်။

ဒီလိုမျိုးရက်ရက်စက်စက်ပြစ်မှုတွေကျူးလွန်ခဲ့သူတွေကို ကင်းလွတ်ခွင့်မပေးဖို့ သိပ်အရေးကြီးပါတယ်လို့ သံအမတ်ကြီး Tan ကပြောပါတယ်။

“ကိုယ့်အပြစ်အတွက် တရားဥပဒေအရ ပြစ်ဒဏ်ခံရမယ်ဆိုတဲ့ အသိတရားရဖို့ဖြစ်ပါတယ်။ ဒါအပြင်၊ ဒီလို လူတွေအများအပြား အသတ်ခံရတဲ့အဖြစ်မျိုး နောက်ထပ်မကျုးလွန်အောင် ဒီအစီအစဉ်က ကာကွယ်တဲ့ အခန်းကဏ္ဍကနေပါဝင်တာဖြစ်တယ်လို့ ပြောသွားတာပါ။”

အနာဂတ်မှာ ဒီလို အကြီးအကျယ် မတရားတဲ့ အဖြစ်မျိုးတွေကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ တာဝန်သိမှု၊ တာဝန်ခံမှု ဘဲဖြစ်ပါတယ်လို့ သံအမတ်ကြီး Morse Tan ကကြေညာလိုက်ကြောင်းပါ။

XS
SM
MD
LG