Accessibility links

Breaking News

ရ၀မ္ဒါ အရာရွိေဟာင္း Genocide မွာ ပါ၀င္ပတ္သတ္မႈ နဲ႔ အလိုရွိသည္ 


ရ၀မ္ဒါ အရာရွိေဟာင္း Aloys Ndimbati
ရ၀မ္ဒါ အရာရွိေဟာင္း Aloys Ndimbati

(Zawgyi/Unicode)

ႏိုင္ငံတကာက အမ်ားျပည္သူအတြက္ အေမရိကန္ျပည္ေထာင္စုရဲ႕ေၾကညာခ်က္ကို ထုတ္လႊင့္ေပးပါေတာ့မယ္။

ရဝမ္ဒါသမၼတႏိုင္ငံက ျမဴ နီစီပယ္-စည္ပင္သာယာတာဝန္ရွိပုဂၢိဳလ္ေဟာင္းတေယာက္ျဖစ္တဲ့ Aloys Ndimbati ဟာ ၁၉၉၄ ခုႏွစ္ ရဝမ္ဒါလူမ်ိဳးတုံး သတ္ျဖတ္မႈမွာ ပါဝင္ခဲ့ပါတယ္။

နဒင္းမ္ဘာတီ ဟာ Kibuye ခရိုင္၊Gisovu ၿမိဳ႕ရဲ႕ ၿမိဳ႕ေတာ္ဝန္အျဖစ္တာဝန္ထမ္းေဆာင္ေနခ်ိန္မွာ၊ အၾကမ္းဖက္ သတ္ျဖတ္တဲ့အႏၱရာယ္က လြတ္ေအာင္ Besesero ေတာင္တန္းေဒသကို ထြက္ေျပးတိမ္းေရွာင္ၾကသူ တဦးခ်င္းစီကို ပိုက္စိပ္တိုက္ႏွိမ္နင္းဖို႔ သူက လူရမ္းကားေတြနဲ႔ ရဲတပ္ဖြဲ႔ကို ညႊန္ၾကားခဲ့တယ္လို႔ စြပ္စြဲထားတာျဖစ္ပါတယ္။

ခန္႔မွန္းေျခ ရက္ေပါင္း ၁၀၀ နီးပါးၾကာျဖစ္ပြားခဲ့တဲ့ အၾကမ္းဖက္တိုက္ခိုက္မႈေတြအတြင္း ေထာင္ေသာင္းခ်ီတဲ့ ျပည္သူေတြေသဆံုးခဲ့ရသလို၊ ဒဏ္ရာ အႀကီးအက်ယ္ ရခဲ့ၾကပါတယ္။စစ္ေဆးဖို႔က်န္ေနဆဲ မၿပီးျပတ္ေသးတဲ့ အမႈေတြအတြက္ ႏိုင္ငံတကာရဝမ္ဒါႏိုင္ငံတကာျပစ္မႈခုံ႐ုံးကေန Ndimbati ကို ဒီလုပ္ရပ္ေတြနဲ႔ တျခားရာဇဝတ္မႈေတြအတြက္ လူမ်ိဳးတုံးသတ္ျဖတ္မႈ၊ စစ္ရာဇဝတ္မႈနဲ႔ တရားစြဲဆိုၿပီး ဖမ္းဝရမ္းထုတ္ထားပါတယ္။

လူသတ္မႈက်ဴး လြန္ထားတဲ့Ndimbati နဲ႔ တျခားလူေတြ ရာဇဝတ္ေဘးကေျပးမလြတ္ေအာင္ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ တျခားႏိုင္ငံအစိုးရေတြ၊ ကုလသမဂၢနဲ႔ စစ္ေဆးရန္က်န္ေနဆဲစစ္ေဆးတဲ့ ယႏၲယားအဖြဲ႕ နဲ႔ပူးေပါင္းေဆာင္႐ြက္ေနပါတယ္။ Ndimbati ကို ေနာက္ဆုံးမွာ လက္ရဖမ္းမိႏိုင္ဖို႔အတြက္ သတင္းေပးႏိုင္သူကို အေမရိကန္ေဒၚလာ ၅ သန္းအထိ ဆုေငြ ခ်ီးျမႇင့္မွာျဖစ္ပါတယ္။

Aloys Ndimbati ရဲ႕ လႈပ္ရွားမႈေတြနဲ႔ သူဘယ္မွာရွိေနတယ္ဆိုတဲ့ သတင္းအခ်က္အလက္ေပးႏိုင္သူ မည္သူမဆို အနီးစပ္ဆုံး အေမရိကန္သံ႐ုံး သို႔မဟုတ္ ေကာင္စစ္ဝန္႐ုံးကို ဆက္သြယ္ႏိုင္ပါတယ္။ သတင္းေပးသူရဲ႕ အခ်က္အလက္ေတြကို လုံးဝအတြင္းေရးအေနနဲ႔ လွ်ိဳ႕ဝွက္ထားမွာျဖစ္ပါတယ္။ အေမရိကန္သံ႐ုံးနဲ႔ ေကာင္စစ္ဝန္႐ုံးေတြမွာ ေဒသဆိုင္ရာလုံၿခဳံေရး႐ုံးေတြရွိပါတယ္။ စစ္ရာဇဝတ္မႈ သတင္းေပး အေမရိကန္ ဆုေၾကးအစီအစဥ္ ရဲ႕ Email လိပ္စာက WCRP@state.gov ျဖစ္ၿပီး WhatsApp ကေနလည္း တယ္လီဖုန္း +1-202-975-5468 ကတဆင့္ ဆက္သြယ္ႏိုင္ပါတယ္။

Facebook စာမ်က္ႏွာ www.facebook.com/warcrimesrewardsprogram ဒါမွမဟုတ္ Twitter လိပ္စာ www.twitter.com/WarCrimesReward ကိုဝင္ၿပီး အလိုရွိေနတဲ့ ဝရမ္းေျပးေတြရဲ႕ ဓါတ္ပုံေတြကို ၾကည့္ရႈႏိုင္ပါတယ္။ ယုံၾကည္ရတဲ့ သတင္းေပးခ်က္ေတြအားလုံးကို စုံစမ္းစစ္ေဆးၿပီး သတင္းေပးသူအားလုံးရဲ႕ အခ်က္အလက္ေတြကို လွ်ိဳ႕ဝွက္ ထိန္းသိမ္းထားမွာျဖစ္ပါတယ္။

...................

ရဝမ်ဒါ အရာရှိဟောင်း Genocide မှာ ပါဝင်ပတ်သတ်မှု နဲ့ အလိုရှိသည်

(Unicode)

နိုင်ငံတကာက အများပြည်သူအတွက် အမေရိကန်ပြည်ထောင်စုရဲ့ကြေညာချက်ကို ထုတ်လွှင့်ပေးပါတော့မယ်။

ရဝမ်ဒါသမ္မတနိုင်ငံက မြူ နီစီပယ်-စည်ပင်သာယာတာဝန်ရှိပုဂ္ဂိုလ်ဟောင်းတယောက်ဖြစ်တဲ့ Aloys Ndimbati ဟာ ၁၉၉၄ ခုနှစ် ရဝမ်ဒါလူမျိုးတုံး သတ်ဖြတ်မှုမှာ ပါဝင်ခဲ့ပါတယ်။

နဒင်းမ်ဘာတီ ဟာ Kibuye ခရိုင်၊Gisovu မြို့ရဲ့ မြို့တော်ဝန်အဖြစ်တာဝန်ထမ်းဆောင်နေချိန်မှာ၊ အကြမ်းဖက် သတ်ဖြတ်တဲ့အန္တရာယ်က လွတ်အောင် Besesero တောင်တန်းဒေသကို ထွက်ပြေးတိမ်းရှောင်ကြသူ တဦးချင်းစီကို ပိုက်စိပ်တိုက်နှိမ်နင်းဖို့ သူက လူရမ်းကားတွေနဲ့ ရဲတပ်ဖွဲ့ကို ညွှန်ကြားခဲ့တယ်လို့ စွပ်စွဲထားတာဖြစ်ပါတယ်။

ခန့်မှန်းခြေ ရက်ပေါင်း ၁၀၀ နီးပါးကြာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေအတွင်း ထောင်သောင်းချီတဲ့ ပြည်သူတွေသေဆုံးခဲ့ရသလို၊ ဒဏ်ရာ အကြီးအကျယ် ရခဲ့ကြပါတယ်။စစ်ဆေးဖို့ကျန်နေဆဲ မပြီးပြတ်သေးတဲ့ အမှုတွေအတွက် နိုင်ငံတကာရဝမ်ဒါနိုင်ငံတကာပြစ်မှုခုံရုံးကနေ Ndimbati ကို ဒီလုပ်ရပ်တွေနဲ့ တခြားရာဇဝတ်မှုတွေအတွက် လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ တရားစွဲဆိုပြီး ဖမ်းဝရမ်းထုတ်ထားပါတယ်။

လူသတ်မှုကျူး လွန်ထားတဲ့Ndimbati နဲ့ တခြားလူတွေ ရာဇဝတ်ဘေးကပြေးမလွတ်အောင် အမေရိကန်ပြည်ထောင်စုအနေနဲ့ တခြားနိုင်ငံအစိုးရတွေ၊ ကုလသမဂ္ဂနဲ့ စစ်ဆေးရန်ကျန်နေဆဲစစ်ဆေးတဲ့ ယန္တယားအဖွဲ့ နဲ့ပူးပေါင်းဆောင်ရွက်နေပါတယ်။ Ndimbati ကို နောက်ဆုံးမှာ လက်ရဖမ်းမိနိုင်ဖို့အတွက် သတင်းပေးနိုင်သူကို အမေရိကန်ဒေါ်လာ ၅ သန်းအထိ ဆုငွေ ချီးမြှင့်မှာဖြစ်ပါတယ်။

Aloys Ndimbati ရဲ့ လှုပ်ရှားမှုတွေနဲ့ သူဘယ်မှာရှိနေတယ်ဆိုတဲ့ သတင်းအချက်အလက်ပေးနိုင်သူ မည်သူမဆို အနီးစပ်ဆုံး အမေရိကန်သံရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံးကို ဆက်သွယ်နိုင်ပါတယ်။ သတင်းပေးသူရဲ့ အချက်အလက်တွေကို လုံးဝအတွင်းရေးအနေနဲ့ လျှို့ဝှက်ထားမှာဖြစ်ပါတယ်။ အမေရိကန်သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေမှာ ဒေသဆိုင်ရာလုံခြုံရေးရုံးတွေရှိပါတယ်။ စစ်ရာဇဝတ်မှု သတင်းပေး အမေရိကန် ဆုကြေးအစီအစဉ် ရဲ့ Email လိပ်စာက WCRP@state.gov ဖြစ်ပြီး WhatsApp ကနေလည်း တယ်လီဖုန်း +1-202-975-5468 ကတဆင့် ဆက်သွယ်နိုင်ပါတယ်။

Facebook စာမျက်နှာ www.facebook.com/warcrimesrewardsprogram ဒါမှမဟုတ် Twitter လိပ်စာ www.twitter.com/WarCrimesReward ကိုဝင်ပြီး အလိုရှိနေတဲ့ ဝရမ်းပြေးတွေရဲ့ ဓါတ်ပုံတွေကို ကြည့်ရှုနိုင်ပါတယ်။ ယုံကြည်ရတဲ့ သတင်းပေးချက်တွေအားလုံးကို စုံစမ်းစစ်ဆေးပြီး သတင်းပေးသူအားလုံးရဲ့ အချက်အလက်တွေကို လျှို့ဝှက် ထိန်းသိမ်းထားမှာဖြစ်ပါတယ်။

XS
SM
MD
LG