Accessibility links

Breaking News

IS အၾကမ္းဖက္ေခါင္းေဆာင္ Adnan Abu Walid al-Sahrawi ရွိရာ သတင္းေပးႏိုင္သူကို ကန္အစိုးရ ေဒၚလာ ၅သန္းေပးမည္


Adnan Abu Walid al-Sahrawi ေခၚAbu Walid
Adnan Abu Walid al-Sahrawi ေခၚAbu Walid

(Zawgyi/Unicode)

ႏိုင္ငံတကာက အမ်ားျပည္သူအတြက္ အေမရိကန္ျပည္ေထာင္စုရဲ႕ေၾကညာခ်က္ကို ထုတ္လႊင့္ေပးပါေတာ့မယ္။

Adnan Abu Walid al-Sahrawi ေခၚAbu Walid ရွိမယ့္ေနရာနဲ႔ သူျဖစ္ေၾကာင္း အေထာက္အထားျပႏိုင္မယ့္ သတင္းေပးႏိုင္သူကို အေမရိကန္ေဒၚလာ ၅ သန္းအထိ ခ်ီးျမွင့္မယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ဆုေငြထုတ္တဲ့ တရားေရးအစီအစဥ္က ေၾကညာခ်က္ ထုတ္ျပန္တားပါတယ္။ Abu Walid ဟာ ISIS-GS လို႔အတိုေကာက္ေခၚတဲ့ ဆဟာရလြင္ျပင္ေဒသအေျခစိုက္ ISIS အိုင္စစ္စ္ အၾကမ္းဖက္အဖြဲ႔ရဲ႕ အဓိကေခါင္းေဆာင္တေယာက္ျဖစ္ပါတယ္။

Abu Walid နဲ႔ သူ႔ေနာက္လိုက္ေတြ Al-Mourabitoun- အယ္လကိုင္းဒါးအဖြဲ႔ခြဲကေန ခြဲထြက္ၿပီးေနာက္ပိုင္း ဒီအၾကမ္းဖက္အဖြဲ႔ ေပၚေပါက္လာတာျဖစ္ပါတယ္။

ISIS-GS အဖြဲ႔ဟာ မာလီနဲ႔ ႏိုင္ဂ်ီးရီးယားႏိုင္ငံနယ္စပ္တေၾကာ၊ မာလီႏိုင္ငံပိုင္နက္မွာ အေျခစိုက္ပါတယ္။ ဒီအဖြဲ႔က ISIS အိုက္စစ္စ္အဖြဲ႔ကို သစၥာခံတယ္လို႔ ေၾကညာထားပါတယ္။ Abu Walid ရဲ႕ ေခါင္းေဆာင္မႈနဲ႔ အၾကမ္းဖက္တိုက္ခိုက္မႈေတြ အေတာ္မ်ားမ်ားက်ဳးလြန္ခဲ့ပါတယ္။ ၂၀၁၇ ခုႏွစ္ ေအာက္တိုဘာလ ၄ ရက္ေန႔က ႏိုင္ဂ်ာႏိုင္ငံအနီး မာလီႏိုင္ငံနယ္စပ္မွာ အေမရိကန္နဲ႔ ႏိုင္ငံဂ်ီးရီးယားပူးတြဲ ကင္းလွည့္ေနတဲ့ တပ္ဖြဲ႔ကို ဒီအၾကမ္းဖက္အဖြဲ႔က တိုက္ခိုက္ခဲ့လို႔ အေမရိကန္စစ္သည္ ၄ ဦးနဲ႔ ႏိုင္ဂ်ီးရီးယားစစ္သည္ ၄ ဦးေသဆံုးခဲ့ရပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက၊ အုပ္ခ်ဳပ္မႈအာဏာအမိန္႔ ၁၃၂၂၄ အရ Abu Walid ကို ကမၻာ့အၾကမ္းဖက္သမားအျဖစ္ အထူးသတ္မွတ္ေၾကာင္း ၂၀၁၈ ခုႏွစ္ ေမလ ၁၆ ရက္ေန႔က ၾကညာခဲ့ပါတယ္။ တခ်ိန္တည္းမွာဘဲ အေမရိကန္လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ႏိုင္ငံသားအက္ဥပေဒ၊ အပိုဒ္ခြဲ ၂၁၉ အရ ISIS-GS အဖြဲ႔ကို ႏိုင္ငံျခားအၾကမ္းဖက္အဖြဲ႔အစည္းအျဖစ္ သတ္မွတ္လိုက္ပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ သံတမန္လံုၿခံဳေရးဝန္ေဆာင္မႈဌာနကေန ဆုေငြထုတ္တဲ့ တရားေရးအစီအစဥ္ကိုစီမံကြပ္ကဲတာျဖစ္ပါတယ္။ ဒီအစီအစဥ္စတင္ခဲ့တဲ့ ၁၉၈၄ ခုႏွစ္ကစၿပီး အၾကမ္းဖက္သမားေတြကို တရားဥပေဒအရ အေရးယူႏိုင္ေအာင္ ကူညီသတင္းေပးခဲ့သူ၊ သို႔မဟုတ္၊ ကမၻာတဝန္း ႏိုင္ငံတကာအၾကမ္းဖက္ဝါဒလုပ္ရပ္ေတြကို ႀကိဳတင္ကာကြယ္ႏိုင္ခဲ့သူေပါင္း ၁၀၀ ေက်ာ္ကို ေဒၚလာသန္း ၁၅၀ ေက်ာ္ ဆုေငြခ်ီးျမွင့္ခဲ့ၿပီးျဖစ္ပါတယ္။

Abu Walid al-Saharawi နဲ႔ ပတ္သက္လို႔ သတင္းေပးႏိုင္သူ ဘယ္သူမဆို၊ Rewards for Justice တရားမွ်တေရး ဆုေငြအစီအစဥ္ Website လိပ္စာwww.rewardsforjustice.net ကျဖစ္ေစ၊ Email လိပ္စာ info@rewardsforjustice.net ကိုျဖစ္ေစ၊ ဒါမွမဟုတ္ အနီးစပ္ဆံုး အေမရိကန္သံရံုးနဲ႔ ေကာင္စစ္ဝန္ရံုးေတြမွာရွိတဲ့ ေဒသဆိုင္ရာလံုၿခံဳေရးအရာရွိေတြကို ဆက္သြယ္ႏိုင္ပါတယ္။ သတင္းေပးသူရဲ႕ အခ်က္အလက္ေတြအားလံုး လံုၿခံဳစြာ ထိန္းသိမ္းထားမွာျဖစ္ပါတယ္။

ႏိုင္ငံတကာက အမ်ားျပည္သူအတြက္ အေမရိကန္ျပည္ေထာင္စုရဲ႕ေၾကညာခ်က္ကို ထုတ္လႊင့္လို႔ၿပီးပါၿပီ။

............

IS အကြမ်းဖက် ခေါင်းဆောင် Adnan Abu Walid al-Sahrawi ရှိရာ သတင်းပေးနိုင်သူကို ကန်အစိုးရ ဒေါ်လာ ၅သန်း ပေးမည်

(Unicode)

နိုင်ငံတကာက အများပြည်သူအတွက် အမေရိကန်ပြည်ထောင်စုရဲ့ကြေညာချက်ကို ထုတ်လွှင့်ပေးပါတော့မယ်။

Adnan Abu Walid al-Sahrawi ခေါ်Abu Walid ရှိမယ့်နေရာနဲ့ သူဖြစ်ကြောင်း အထောက်အထားပြနိုင်မယ့် သတင်းပေးနိုင်သူကို အမေရိကန်ဒေါ်လာ ၅ သန်းအထိ ချီးမြှင့်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဆုငွေထုတ်တဲ့ တရားရေးအစီအစဉ်က ကြေညာချက် ထုတ်ပြန်တားပါတယ်။ Abu Walid ဟာ ISIS-GS လို့အတိုကောက်ခေါ်တဲ့ ဆဟာရလွင်ပြင်ဒေသအခြေစိုက် ISIS အိုင်စစ်စ် အကြမ်းဖက်အဖွဲ့ရဲ့ အဓိကခေါင်းဆောင်တယောက်ဖြစ်ပါတယ်။

Abu Walid နဲ့ သူ့နောက်လိုက်တွေ Al-Mourabitoun- အယ်လကိုင်းဒါးအဖွဲ့ခွဲကနေ ခွဲထွက်ပြီးနောက်ပိုင်း ဒီအကြမ်းဖက်အဖွဲ့ ပေါ်ပေါက်လာတာဖြစ်ပါတယ်။

ISIS-GS အဖွဲ့ဟာ မာလီနဲ့ နိုင်ဂျီးရီးယားနိုင်ငံနယ်စပ်တကြော၊ မာလီနိုင်ငံပိုင်နက်မှာ အခြေစိုက်ပါတယ်။ ဒီအဖွဲ့က ISIS အိုက်စစ်စ်အဖွဲ့ကို သစ္စာခံတယ်လို့ ကြေညာထားပါတယ်။ Abu Walid ရဲ့ ခေါင်းဆောင်မှုနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ အတော်များများကျုးလွန်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့က နိုင်ဂျာနိုင်ငံအနီး မာလီနိုင်ငံနယ်စပ်မှာ အမေရိကန်နဲ့ နိုင်ငံဂျီးရီးယားပူးတွဲ ကင်းလှည့်နေတဲ့ တပ်ဖွဲ့ကို ဒီအကြမ်းဖက်အဖွဲ့က တိုက်ခိုက်ခဲ့လို့ အမေရိကန်စစ်သည် ၄ ဦးနဲ့ နိုင်ဂျီးရီးယားစစ်သည် ၄ ဦးသေဆုံးခဲ့ရပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက၊ အုပ်ချုပ်မှုအာဏာအမိန့် ၁၃၂၂၄ အရ Abu Walid ကို ကမ္ဘာ့အကြမ်းဖက်သမားအဖြစ် အထူးသတ်မှတ်ကြောင်း ၂၀၁၈ ခုနှစ် မေလ ၁၆ ရက်နေ့က ကြညာခဲ့ပါတယ်။ တချိန်တည်းမှာဘဲ အမေရိကန်လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံသားအက်ဥပဒေ၊ အပိုဒ်ခွဲ ၂၁၉ အရ ISIS-GS အဖွဲ့ကို နိုင်ငံခြားအကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သံတမန်လုံခြုံရေးဝန်ဆောင်မှုဌာနကနေ ဆုငွေထုတ်တဲ့ တရားရေးအစီအစဉ်ကိုစီမံကွပ်ကဲတာဖြစ်ပါတယ်။ ဒီအစီအစဉ်စတင်ခဲ့တဲ့ ၁၉၈၄ ခုနှစ်ကစပြီး အကြမ်းဖက်သမားတွေကို တရားဥပဒေအရ အရေးယူနိုင်အောင် ကူညီသတင်းပေးခဲ့သူ၊ သို့မဟုတ်၊ ကမ္ဘာတဝန်း နိုင်ငံတကာအကြမ်းဖက်ဝါဒလုပ်ရပ်တွေကို ကြိုတင်ကာကွယ်နိုင်ခဲ့သူပေါင်း ၁၀၀ ကျော်ကို ဒေါ်လာသန်း ၁၅၀ ကျော် ဆုငွေချီးမြှင့်ခဲ့ပြီးဖြစ်ပါတယ်။

Abu Walid al-Saharawi နဲ့ ပတ်သက်လို့ သတင်းပေးနိုင်သူ ဘယ်သူမဆို၊ Rewards for Justice တရားမျှတရေး ဆုငွေအစီအစဉ် Website လိပ်စာwww.rewardsforjustice.net ကဖြစ်စေ၊ Email လိပ်စာ info@rewardsforjustice.net ကိုဖြစ်စေ၊ ဒါမှမဟုတ် အနီးစပ်ဆုံး အမေရိကန်သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေမှာရှိတဲ့ ဒေသဆိုင်ရာလုံခြုံရေးအရာရှိတွေကို ဆက်သွယ်နိုင်ပါတယ်။ သတင်းပေးသူရဲ့ အချက်အလက်တွေအားလုံး လုံခြုံစွာ ထိန်းသိမ်းထားမှာဖြစ်ပါတယ်။

နိုင်ငံတကာက အများပြည်သူအတွက် အမေရိကန်ပြည်ထောင်စုရဲ့ကြေညာချက်ကို ထုတ်လွှင့်လို့ပြီးပါပြီ။

XS
SM
MD
LG