Accessibility links

Breaking News

၂၀၂၀ ခရစ္စတိုဖာကိုလံဘတ္ေန႔


၂၀၁၈ ခုႏွစ္တုန္းက နယူးေယာက္ၿမိဳ႕မွာ Columbus အထိမ္းအမွတ္ေန႔ ဆင္ႏြဲွေနၾကသူမ်ားကို ေတြ႕ရ။ (ေအာက္တိုဘာ ၀၈၊ ၂၀၁၈)
၂၀၁၈ ခုႏွစ္တုန္းက နယူးေယာက္ၿမိဳ႕မွာ Columbus အထိမ္းအမွတ္ေန႔ ဆင္ႏြဲွေနၾကသူမ်ားကို ေတြ႕ရ။ (ေအာက္တိုဘာ ၀၈၊ ၂၀၁၈)

[Zawgyi/Unicode]

၁၄၉၂ ခုႏွစ္ ေအာက္တိုဘာလ ၁၂ ရက္ေန႔မွာ Christopher Columbus ရဲ႕ ေခါင္းေဆာင္မႈနဲ႔ စပိန္ႏိုင္ငံက သေဘၤာ ၃ စီးဟာ ဒီေန႔ Bahamas လို႔ေခၚၾကတဲ့ ကၽြန္းတကၽြန္းကို ဆိုက္ကပ္ခဲ့ၾကပါတယ္။ အေမရိကန္ျပည္ေထာင္စုမွာ ႏွစ္စဥ္ အဲဒီေန႔ အထိမ္းအမွတ္အျဖစ္ Columbus Day, Columbus ကို ဂုဏ္ျပဳတဲ့ေန႔လို႔ သတ္မွတ္ထားပါတယ္။

အစားအစာေတြ၊ တိရစာၦန္ေတြနဲ႔လူေတြပါမက၊ ေရာဂါဘယေတြပါ အျပန္အလွန္ စတင္ အလဲအလွယ္လုပ္ခဲ့ၿပီး၊ ကမာၻႀကီးကို အေျပာင္းလဲႀကီးေျပာင္းလဲေစခဲ့တဲ့ ဒီေန႔ကို Columbian Exchange, Columbian အျပန္အလွန္ဖလွယ္တဲ့ေန႔အျဖစ္လည္း သတ္မွတ္ထားပါတယ္။ ဒါ့ေၾကာင့္မို႔ သမိုင္းပညာရွင္အမ်ားစုက ၁၄၉၂ ခုႏွစ္ဟာ ေခတ္သစ္သမိုင္းမွာ အထူးျခားဆုံးႏွစ္လို႔ သေဘာထားၾကပါတယ္။

၁၄၉၂ ခုႏွစ္ေနာက္ပိုင္း ၁၆၅၀ နဲ႔ ၁၈၅၀ ျပည့္ႏွစ္ေတြအၾကား ကမၻာ့လူဦးေရ ၂ ဆ တိုးခဲ့ပါတယ္။ လူဦးေရ အေျမာက္အမ်ားတိုးလာတဲ့ အေၾကာင္းရင္းေတြ အေတာ္မ်ားမ်ားရွိေပမဲ့၊ စားနပ္ရိကၡာဖူလံုတဲ့ အခ်က္က အထူးျခားဆံုးဆိုတာ ရွင္းပါတယ္။ စားနပ္ရိကၡာဖူလံုတဲ့ အေၾကာင္းရင္းေတြထဲမွာ ဌာေနအေမရိကန္ေတြ စိုက္ပ်ိဳးတဲ့ ေျပာင္း၊ အာလူး၊ ခရမ္းခ်ဥ္သီး၊ ေျမပဲ၊ ပေလာပီနံ၊ နာနတ္သီး၊ ငရုတ္နဲ႔ ကိုကိုးေစ့ ေတြဟာ အထူးျခားဆံုးပါပဲ။

ဆင္းရဲတဲ့ ဥေရာပအလယ္ပိုင္းနဲ႔ ေျမာက္ပိုင္းအတြက္ အာလူးဟာ အေရးပါဆံုးအစားအစာ ျဖစ္လာပါတယ္။ အာဖရိကႏိုင္ငံေတြမွာလည္း ၁၆ ရာစုအတြင္း ေျပာင္းနဲ႔ ပေလာပီနံကို စတင္စားသံုးၾကၿပီး၊ ရိုးရာသီးႏွံေတြေနရာမွာ အစားထိုးၿပီး အဓိကထား စားခဲ့ၾကပါတယ္။

တရုတ္ႏိုင္ငံကိုလည္း ကမၻာ့စားနပ္ရိကၡာအသီးအႏွံေတြ၊ အထူးသျဖင့္ အာလူး၊ ေျပာင္းနဲ႔ ေျမပဲေတြ၊ စတင္ေရာင္းဝယ္ခဲ့ၿပီးေနာက္ပိုင္း၊ တရုတ္ႏိုင္ငံမွာ ၁၅၀၀ နဲ႔ ၁၆၅၀ ျပည့္ႏွစ္ေတြ အၾကား လူဦးေရးတိုးတက္မႈႏႈန္းျမင့္မားလာခဲ့ပါတယ္။ ၁၈ ရာစုက်ေတာ့ ကမၻာ့လူဦးေရရဲ႕ ၃ ပံုတပံုေက်ာ္ဟာ တရုတ္ျပည္မွာ ေနထိုင္ၾကသူေတြျဖစ္တယ္လို႔ မွတ္တမ္းတင္ထားပါတယ္။

Columbian Exchange အျပန္အလွန္ဖလွယ္တဲ့ အစီအစဥ္ဟာ တကမၻာလံုးနဲ႔ ဆက္စပ္ေနၿပီး အစားအစာအသစ္ေတြကို ကမၻာ့ေနရာေပါင္းစံုနဲ႔မိတ္ဆက္ေပးေနတာျဖစ္ပါတယ္။ ၁၄၉၂ ခုႏွစ္မတိုင္ခင္က ဖေလာ္ရီဒါျပည္နယ္မွာ လိေမၼာ္သီး မရွိသလို၊ အီေကြေဒါႏိုင္ငံမွာလည္း ငွက္ေပ်ာသီး မရွိေသးဘဲ၊ ဟန္ေဂရီႏိုင္ငံမွာဆို ငရုတ္သီး မေပၚေသးပါဘူး။

အျပန္အလွန္ဖလွယ္ႏိုင္ခဲ့ၾကလို႔၊ အီတလီကို ခရမ္းခ်ဥ္သီး၊ ကိုလံဘီယာနဲ႔ အင္ဒိုနီးရွားကို ေကာ္ဖီ၊ အာဖရိကတိုက္ကို ရာဘာပင္၊ ထိုင္း၊ တ႐ုတ္နဲ႔ အိႏၵိယကို င႐ုတ္သီးနဲ႔ ဆြစ္ဇာလန္ကို ေခ်ာကလက္ေတြေရာက္သြားခဲ့ၾကတာျဖစ္ပါတယ္။

သေဘၤာငယ္ ၃ စီး ဘဟာမားစ္ကၽြန္းကို ဆိုက္ေရာက္ခဲ့ရာကေန၊ ကမၻာ့သမိုင္းကို မႀကံဳစဖူးအေျပာင္းအလဲႀကီး ေျပာင္းလဲေစခဲ့ပါတယ္။ ဒီအျဖစ္က လူသားေတြရဲ႕ အနာဂတ္ကို ပံုေဖၚခဲ့ရာမွာ ကမၻာ့တိုက္အသစ္ႀကီးတခုကို ရွာေဖြေတြ႔ရွိခဲ့ရံုတင္မဟုတ္ပါဘူး။ ကမၻာ့အစိတ္အပိုင္းအားလံုးအၾကား ပံုမွန္ဆက္သြယ္ႏိုင္ၾကဖို႔ျဖစ္လာသလို၊ ကုန္သြယ္ေရးတိုးျမွင့္၊ အႀကံဉာဏ္ေတြဖလွယ္၊ ကူးလူးဆက္သြယ္ေရးဖန္တီးၿပီး ႏိုင္ငံေတြအၾကားယဥ္ေက်းမႈေတြပါ အျပန္အလွန္ဖလွယ္ႏိုင္ခဲ့ၾကလို႔ပါပဲ။

ကမၻာ့ျပည္သူေတြ၊ ကမၻာ့လူ႕ေဘာင္အသိုင္းအဝိုင္းတရပ္အျဖစ္ ၁၄၉၂ ခုႏွစ္မွာ အတူတကြ စတင္ စုစည္းႏိုင္ခဲ့ၾကတာ ျဖစ္ေၾကာင္းပါ။

[Unicode Version]

၂၀၂၀ ခရစ်စတိုဖာကိုလံဘတ်နေ့

၁၄၉၂ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့မှာ Christopher Columbus ရဲ့ ခေါင်းဆောင်မှုနဲ့ စပိန်နိုင်ငံက သင်္ဘော ၃ စီးဟာ ဒီနေ့ Bahamas လို့ခေါ်ကြတဲ့ ကျွန်းတကျွန်းကို ဆိုက်ကပ်ခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ နှစ်စဉ် အဲဒီနေ့ အထိမ်းအမှတ်အဖြစ် Columbus Day, Columbus ကို ဂုဏ်ပြုတဲ့နေ့လို့ သတ်မှတ်ထားပါတယ်။

အစားအစာတွေ၊ တိရစ္ဆာန်တွေနဲ့လူတွေပါမက၊ ရောဂါဘယတွေပါ အပြန်အလှန် စတင် အလဲအလှယ်လုပ်ခဲ့ပြီး၊ ကမ္ဘာကြီးကို အပြောင်းလဲကြီးပြောင်းလဲစေခဲ့တဲ့ ဒီနေ့ကို Columbian Exchange, Columbian အပြန်အလှန်ဖလှယ်တဲ့နေ့အဖြစ်လည်း သတ်မှတ်ထားပါတယ်။ ဒါ့ကြောင့်မို့ သမိုင်းပညာရှင်အများစုက ၁၄၉၂ ခုနှစ်ဟာ ခေတ်သစ်သမိုင်းမှာ အထူးခြားဆုံးနှစ်လို့ သဘောထားကြပါတယ်။

၁၄၉၂ ခုနှစ်နောက်ပိုင်း ၁၆၅၀ နဲ့ ၁၈၅၀ ပြည့်နှစ်တွေအကြား ကမ္ဘာ့လူဦးရေ ၂ ဆ တိုးခဲ့ပါတယ်။ လူဦးရေ အမြောက်အများတိုးလာတဲ့ အကြောင်းရင်းတွေ အတော်များများရှိပေမဲ့၊ စားနပ်ရိက္ခာဖူလုံတဲ့ အချက်က အထူးခြားဆုံးဆိုတာ ရှင်းပါတယ်။ စားနပ်ရိက္ခာဖူလုံတဲ့ အကြောင်းရင်းတွေထဲမှာ ဌာနေအမေရိကန်တွေ စိုက်ပျိုးတဲ့ ပြောင်း၊ အာလူး၊ ခရမ်းချဉ်သီး၊ မြေပဲ၊ ပလောပီနံ၊ နာနတ်သီး၊ ငရုတ်နဲ့ ကိုကိုးစေ့ တွေဟာ အထူးခြားဆုံးပါပဲ။

ဆင်းရဲတဲ့ ဥရောပအလယ်ပိုင်းနဲ့ မြောက်ပိုင်းအတွက် အာလူးဟာ အရေးပါဆုံးအစားအစာ ဖြစ်လာပါတယ်။ အာဖရိကနိုင်ငံတွေမှာလည်း ၁၆ ရာစုအတွင်း ပြောင်းနဲ့ ပလောပီနံကို စတင်စားသုံးကြပြီး၊ ရိုးရာသီးနှံတွေနေရာမှာ အစားထိုးပြီး အဓိကထား စားခဲ့ကြပါတယ်။

တရုတ်နိုင်ငံကိုလည်း ကမ္ဘာ့စားနပ်ရိက္ခာအသီးအနှံတွေ၊ အထူးသဖြင့် အာလူး၊ ပြောင်းနဲ့ မြေပဲတွေ၊ စတင်ရောင်းဝယ်ခဲ့ပြီးနောက်ပိုင်း၊ တရုတ်နိုင်ငံမှာ ၁၅၀၀ နဲ့ ၁၆၅၀ ပြည့်နှစ်တွေ အကြား လူဦးရေးတိုးတက်မှုနှုန်းမြင့်မားလာခဲ့ပါတယ်။ ၁၈ ရာစုကျတော့ ကမ္ဘာ့လူဦးရေရဲ့ ၃ ပုံတပုံကျော်ဟာ တရုတ်ပြည်မှာ နေထိုင်ကြသူတွေဖြစ်တယ်လို့ မှတ်တမ်းတင်ထားပါတယ်။

Columbian Exchange အပြန်အလှန်ဖလှယ်တဲ့ အစီအစဉ်ဟာ တကမ္ဘာလုံးနဲ့ ဆက်စပ်နေပြီး အစားအစာအသစ်တွေကို ကမ္ဘာ့နေရာပေါင်းစုံနဲ့မိတ်ဆက်ပေးနေတာဖြစ်ပါတယ်။ ၁၄၉၂ ခုနှစ်မတိုင်ခင်က ဖလော်ရီဒါပြည်နယ်မှာ လိမ္မော်သီး မရှိသလို၊ အီကွေဒေါနိုင်ငံမှာလည်း ငှက်ပျောသီး မရှိသေးဘဲ၊ ဟန်ဂေရီနိုင်ငံမှာဆို ငရုတ်သီး မပေါ်သေးပါဘူး။

အပြန်အလှန်ဖလှယ်နိုင်ခဲ့ကြလို့၊ အီတလီကို ခရမ်းချဉ်သီး၊ ကိုလံဘီယာနဲ့ အင်ဒိုနီးရှားကို ကော်ဖီ၊ အာဖရိကတိုက်ကို ရာဘာပင်၊ ထိုင်း၊ တရုတ်နဲ့ အိန္ဒိယကို ငရုတ်သီးနဲ့ ဆွစ်ဇာလန်ကို ချောကလက်တွေရောက်သွားခဲ့ကြတာဖြစ်ပါတယ်။

သင်္ဘောငယ် ၃ စီး ဘဟာမားစ်ကျွန်းကို ဆိုက်ရောက်ခဲ့ရာကနေ၊ ကမ္ဘာ့သမိုင်းကို မကြုံစဖူးအပြောင်းအလဲကြီး ပြောင်းလဲစေခဲ့ပါတယ်။ ဒီအဖြစ်က လူသားတွေရဲ့ အနာဂတ်ကို ပုံဖေါ်ခဲ့ရာမှာ ကမ္ဘာ့တိုက်အသစ်ကြီးတခုကို ရှာဖွေတွေ့ရှိခဲ့ရုံတင်မဟုတ်ပါဘူး။ ကမ္ဘာ့အစိတ်အပိုင်းအားလုံးအကြား ပုံမှန်ဆက်သွယ်နိုင်ကြဖို့ဖြစ်လာသလို၊ ကုန်သွယ်ရေးတိုးမြှင့်၊ အကြံဉာဏ်တွေဖလှယ်၊ ကူးလူးဆက်သွယ်ရေးဖန်တီးပြီး နိုင်ငံတွေအကြားယဉ်ကျေးမှုတွေပါ အပြန်အလှန်ဖလှယ်နိုင်ခဲ့ကြလို့ပါပဲ။

ကမ္ဘာ့ပြည်သူတွေ၊ ကမ္ဘာ့လူ့ဘောင်အသိုင်းအဝိုင်းတရပ်အဖြစ် ၁၄၉၂ ခုနှစ်မှာ အတူတကွ စတင် စုစည်းနိုင်ခဲ့ကြတာ ဖြစ်ကြောင်းပါ။

XS
SM
MD
LG