Accessibility links

Breaking News

ဗင္နီဇြဲလား မွာ လြတ္လပ္မွ်တတဲ႔ ေရြးေကာက္ပြဲ က်င္းပႏိုင္ေခ်မရွိ


မတ္လ ၁၀ ရက္ေန႔တုန္းက ဗင္နီဇြဲလားမွာ ဆႏၵျပမႈ ျဖစ္ပြားစဥ္
မတ္လ ၁၀ ရက္ေန႔တုန္းက ဗင္နီဇြဲလားမွာ ဆႏၵျပမႈ ျဖစ္ပြားစဥ္

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

Nicolas Maduro ရဲ႕ တရားမဝင္တဲ့ အစိုးရက ႏိုင္ငံလံုးဆိုင္ရာ လႊတ္ေတာ္ေရြးေကာက္ပြဲေတြကို ဒီဇင္ဘာလ ၆ ရက္ေန႔မွာ က်င္းပဖို႔ စီစဥ္ထားပါတယ္။ ဒါေပမဲ့ ဒီေရြးေကာက္ပြဲက်င္းပစရာ အေၾကာင္းမရွိပါဘူးလို႔ အေမရိကန္အထူးကိုယ္စားလွယ္ Elliot Abrams က ေျပာဆိုလိုက္ပါတယ္။ ဗင္နီဇြဲလားႏိုင္ငံမွာ လြတ္လပ္တဲ့ေရြးေကာက္ပြဲေတြ က်င္းပေလာက္တဲ့ အေျခခံ အေျခအေနမ်ိဳး လံုးဝမရွိလို႔ ပါဘဲလို႔ ဆိုပါတယ္။

အတိုက္အခံပါတီေတြကိုလည္း ဘိုက်သိမ္းပိုက္၊ အစိုးရေထာက္လွမ္းေရးေတြကို ကိုယ္စားလွယ္အျဖစ္ ဝင္အေရြးခံခိုင္း၊ အမ်ိဳးသားေရြးေကာက္ပြဲေကာ္မရွင္ကိုလည္း အစိုးရက လံုးဝထိန္းခ်ဳပ္ထားသလို၊ သတင္းလြတ္လပ္ခြင့္ဆိုတာလည္းမရွိပါဘူး။ ဖိႏွိပ္မႈေတြအျပင္၊ ရဲေတြနဲ႔ လူစုၿပီး ဘိုက်တဲ့ ဂိုဏ္းေတြရဲ႕ ၿခိမ္းေျခာက္အက်ပ္ကိုင္မႈေတြကလည္း ဆက္လက္ရွိေနဆဲပါဘဲလို႔ Mr. Abrams ကေျပာပါတယ္။

ဟုတ္ပါတယ္။ ဗင္နီဇြဲလားႏိုင္ငံမွာ စိတ္ခ်ရတဲ့၊ စမ္းသပ္ထားတဲ့ မဲေပးတဲ့ နည္းပညာနဲ႔ မဲေရတြက္တဲ့ စက္ေတြလည္း မရွိပါဘူး။ ဒါတင္မကေသးပါဘူး။ ႏိုင္ငံလံုးဆိုင္ရာလႊတ္ေတာ္အတြက္ အမတ္ေနရာအသစ္ ၁၀၀ ေက်ာ္ တိုးလိုက္ၿပီး၊ မဲဆႏၵနယ္ေျမေတြကို ပါေျပာင္းသြားေအာင္ Maduro အစိုးရက မၾကာခင္ကဘဲ နည္းဥပေဒ ျပင္ဆင္လိုက္ပါတယ္။

ဒီအခ်က္ေတြေၾကာင့္၊ ၾကားျဖတ္အစိုးရ သမၼတ Juan Guaido နဲ႔ ၃၇ ပါတီညြန္႔ေပါင္းအဖြဲ႔က၊ မမွန္မကန္ ဒီေရြးေကာက္ပြဲကို တရားဝင္တယ္လို႔ အသိအမွတ္မျပဳသလို၊ ပါဝင္ယွဥ္ၿပိဳင္မွာ မဟုတ္ဘူးလို႔ ေျပာထားပါတယ္။

ဗင္နီဇြဲလားႏိုင္ငံမွာ လြတ္ေျမာက္ေရးနဲ႔ ဒီမိုကေရစီေရး တိုက္ပြဲဝင္ေနၾကတဲ့ လူမ်ိဳးဘာသာ မတူကြဲျပားသူေတြနဲ႔ ႏိုင္ငံတနံတလ်ား၊ က်ယ္က်ယ္ျပန္႔့ျပန္႔ ပါဝင္လႈပ္ရွားေနၾကသူေတြကို အေမရိကန္ျပည္ေထာင္စုက ေထာက္ခံေနပါတယ္။ အခု ႏိုင္ငံလံုးဆိုင္ရာေရြးေကာက္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ဖို႔ ဆံုးျဖတ္ထားသူေတြကိုေတာ့ အထူးကိုယ္စားလွယ္ Abrams က သတိေပးလိုက္ပါတယ္။ ခင္ဗ်ားတို႔အေနနဲ႔ လိုအပ္တာေတြကို ေတာင္းဆိုဖို႔ အထူးလိုက္နာရမယ့္တာဝန္ရွိပါတယ္။ လြတ္လပ္ၿပီး၊ တရားမွ်တတဲ့ေရြးေကာက္ပြဲက်င္းပဖို႔ ႏိုင္ငံတကာက လက္ခံတဲ့ အေျခအေနမ်ိဳး ရွိရမွာျဖစ္ၿပီး၊ Maduro အစိုးရ အဂတိလိုက္စားမႈနဲ႔ ဖိႏွိပ္မႈေတြကို ပြင့္ပြင့္လင္းလင္း ထုတ္ေဖၚေျပာဆိုခြင့္ရွိရမွာျဖစ္တယ္လို႔ ေထာက္ျပပါတယ္။

မဟာဗ်ဴဟာက်က် အျမင္အမ်ိဳးမ်ိဳး၊ ဆန္းစစ္ႏိုင္တဲ့ ဒီမိုကေရစီေရးလႈပ္ရွားသူေတြနဲ႔ အစိုးရနဲ႔ လက္တြဲၿပီး ဒီမိုကေရစီကို ေသးသိမ္ေအာင္လုပ္ေနတဲ့သူေတြကို၊ အေမရိကန္ျပည္ေထာင္စုက ခြဲျခား သတ္မွတ္ႏိုင္ပါတယ္လို႔ Mr. Abrams ကေျပာပါတယ္။

“လြန္ခဲ့တဲ့ႏွစ္ေတြအတြင္း က်ေနာ္တို႔ ေဆာင္ရြက္ခဲ့သလိုပါဘဲ၊ အေမရိကန္ရဲ႕ ပိတ္ဆို႔မႈေတြနဲ႔ ဒီမိုကေရစီမလိုလားသူေတြကို အျပည့္အဝအေရးယူ ဖို႔ ခ်ီတုံခ်တုံ စဥ္းစားေနမွာမဟုတ္ပါဘူး၊ လြတ္လပ္ၿပီး၊ တရားမွ်တတဲ့ေရြးေကာက္ပြဲေတြနဲ႔ ဒီမိုကေရစီျပန္လည္ရွင္သန္ေရး ရုန္းကန္လႈပ္ရွားေနၾကသူ၊ ဗင္နီဇြဲလားျပည္သူအားလံုးကို က်ေနာ္တို႔က အျပည့္အဝ ဆက္လက္ေထာက္ခံသြားမွာျဖစ္တယ္” လို႔ အေမရိကန္အထူးကိုယ္စားလွယ္ Elliot Abrams က ကတိေပးလိုက္ေၾကာင္းပါ။

..........

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

Nicolas Maduro ရဲ့ တရားမဝင်တဲ့ အစိုးရက နိုင်ငံလုံးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲတွေကို ဒီဇင်ဘာလ ၆ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ ဒီရွေးကောက်ပွဲကျင်းပစရာ အကြောင်းမရှိပါဘူးလို့ အမေရိကန်အထူးကိုယ်စားလှယ် Elliot Abrams က ပြောဆိုလိုက်ပါတယ်။ ဗင်နီဇွဲလားနိုင်ငံမှာ လွတ်လပ်တဲ့ရွေးကောက်ပွဲတွေ ကျင်းပလောက်တဲ့ အခြေခံ အခြေအနေမျိုး လုံးဝမရှိလို့ ပါဘဲလို့ ဆိုပါတယ်။

အတိုက်အခံပါတီတွေကိုလည်း ဘိုကျသိမ်းပိုက်၊ အစိုးရထောက်လှမ်းရေးတွေကို ကိုယ်စားလှယ်အဖြစ် ဝင်အရွေးခံခိုင်း၊ အမျိုးသားရွေးကောက်ပွဲကော်မရှင်ကိုလည်း အစိုးရက လုံးဝထိန်းချုပ်ထားသလို၊ သတင်းလွတ်လပ်ခွင့်ဆိုတာလည်းမရှိပါဘူး။ ဖိနှိပ်မှုတွေအပြင်၊ ရဲတွေနဲ့ လူစုပြီး ဘိုကျတဲ့ ဂိုဏ်းတွေရဲ့ ခြိမ်းခြောက်အကျပ်ကိုင်မှုတွေကလည်း ဆက်လက်ရှိနေဆဲပါဘဲလို့ Mr. Abrams ကပြောပါတယ်။

ဟုတ်ပါတယ်။ ဗင်နီဇွဲလားနိုင်ငံမှာ စိတ်ချရတဲ့၊ စမ်းသပ်ထားတဲ့ မဲပေးတဲ့ နည်းပညာနဲ့ မဲရေတွက်တဲ့ စက်တွေလည်း မရှိပါဘူး။ ဒါတင်မကသေးပါဘူး။ နိုင်ငံလုံးဆိုင်ရာလွှတ်တော်အတွက် အမတ်နေရာအသစ် ၁၀၀ ကျော် တိုးလိုက်ပြီး၊ မဲဆန္ဒနယ်မြေတွေကို ပါပြောင်းသွားအောင် Maduro အစိုးရက မကြာခင်ကဘဲ နည်းဥပဒေ ပြင်ဆင်လိုက်ပါတယ်။

ဒီအချက်တွေကြောင့်၊ ကြားဖြတ်အစိုးရ သမ္မတ Juan Guaido နဲ့ ၃၇ ပါတီညွန့်ပေါင်းအဖွဲ့က၊ မမှန်မကန် ဒီရွေးကောက်ပွဲကို တရားဝင်တယ်လို့ အသိအမှတ်မပြုသလို၊ ပါဝင်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။

ဗင်နီဇွဲလားနိုင်ငံမှာ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီရေး တိုက်ပွဲဝင်နေကြတဲ့ လူမျိုးဘာသာ မတူကွဲပြားသူတွေနဲ့ နိုင်ငံတနံတလျား၊ ကျယ်ကျယ်ပြန့့်ပြန့် ပါဝင်လှုပ်ရှားနေကြသူတွေကို အမေရိကန်ပြည်ထောင်စုက ထောက်ခံနေပါတယ်။ အခု နိုင်ငံလုံးဆိုင်ရာရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ထားသူတွေကိုတော့ အထူးကိုယ်စားလှယ် Abrams က သတိပေးလိုက်ပါတယ်။ ခင်ဗျားတို့အနေနဲ့ လိုအပ်တာတွေကို တောင်းဆိုဖို့ အထူးလိုက်နာရမယ့်တာဝန်ရှိပါတယ်။ လွတ်လပ်ပြီး၊ တရားမျှတတဲ့ရွေးကောက်ပွဲကျင်းပဖို့ နိုင်ငံတကာက လက်ခံတဲ့ အခြေအနေမျိုး ရှိရမှာဖြစ်ပြီး၊ Maduro အစိုးရ အဂတိလိုက်စားမှုနဲ့ ဖိနှိပ်မှုတွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖေါ်ပြောဆိုခွင့်ရှိရမှာဖြစ်တယ်လို့ ထောက်ပြပါတယ်။

မဟာဗျူဟာကျကျ အမြင်အမျိုးမျိုး၊ ဆန်းစစ်နိုင်တဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ အစိုးရနဲ့ လက်တွဲပြီး ဒီမိုကရေစီကို သေးသိမ်အောင်လုပ်နေတဲ့သူတွေကို၊ အမေရိကန်ပြည်ထောင်စုက ခွဲခြား သတ်မှတ်နိုင်ပါတယ်လို့ Mr. Abrams ကပြောပါတယ်။

“လွန်ခဲ့တဲ့နှစ်တွေအတွင်း ကျနော်တို့ ဆောင်ရွက်ခဲ့သလိုပါဘဲ၊ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေနဲ့ ဒီမိုကရေစီမလိုလားသူတွေကို အပြည့်အဝအရေးယူ ဖို့ ချီတုံချတုံ စဉ်းစားနေမှာမဟုတ်ပါဘူး၊ လွတ်လပ်ပြီး၊ တရားမျှတတဲ့ရွေးကောက်ပွဲတွေနဲ့ ဒီမိုကရေစီပြန်လည်ရှင်သန်ရေး ရုန်းကန်လှုပ်ရှားနေကြသူ၊ ဗင်နီဇွဲလားပြည်သူအားလုံးကို ကျနော်တို့က အပြည့်အဝ ဆက်လက်ထောက်ခံသွားမှာဖြစ်တယ်” လို့ အမေရိကန်အထူးကိုယ်စားလှယ် Elliot Abrams က ကတိပေးလိုက်ကြောင်းပါ။

XS
SM
MD
LG