Accessibility links

Breaking News

ရ၀မ္ဒါတပ္မွဴးေဟာင္းကို Genocide စဲြခ်က္နဲ႔ ၀ရမ္းထုတ္


ရဝမ္ဒါ သမၼတကိုယ္ရံေတာ္တပ္မႉးေဟာင္း Protais Mpiranya
ရဝမ္ဒါ သမၼတကိုယ္ရံေတာ္တပ္မႉးေဟာင္း Protais Mpiranya

(Zawgyi/Unicode)

ႏိုင္ငံတကာက အမ်ားျပည္သူအတြက္ အေမရိကန္ျပည္ေထာင္စုရဲ႕ေၾကညာခ်က္ကို ထုတ္လႊင့္ေပးပါေတာ့မယ္။

ရဝမ္ဒါစစ္တပ္က သမၼတကိုယ္ရံေတာ္တပ္မႉးေဟာင္း Protais Mpiranya ကို ၁၉၉၄ ခုႏွစ္ ရဝမ္ဒါလူမ်ိဳးတုံးသတ္ျဖတ္မႈမွာ ပါဝင္ခဲ့တာေၾကာင့္ အလိုရွိေနပါတယ္။

၁၉၉၄ ခုႏွစ္ ဧၿပီလအတြင္း ရဝမ္ဒါအစြန္းေရာက္ၾကမ္းဖက္တိုက္ခိုက္ေရးသမားေတြက လူမ်ိဳးစုအလိုက္ ရွင္းလင္းဖယ္ရွားတဲ့ လႈပ္ရွားမႈမွာ Mpiranya က သမၼတလုံၿခဳံေရး ကိုယ္ရံေတာ္တပ္ရင္းကို ဦးေဆာင္ခဲ့တာပါ။ စစ္သားေတြကို သင္တန္းေပးတာနဲ႔ လက္နက္ျဖန႔္ေဝတာအပါအဝင္ လူမ်ိဳးတုံးသတ္ျဖတ္ဖို႔ စီစဥ္ရာမွ အဓိကက်တဲ့ အခန္းကေန ဦးေဆာင္ခဲ့သူလို႔ စြပ္စြဲထားတာျဖစ္ပါတယ္။

Mpiranya ရဲ႕ အမိန႔္အရ သမၼတကိုယ္ရံေတာ္တပ္ရင္းက ဝန္ႀကီးခ်ဳပ္ Agathe Uwilingiyimana နဲ႔သူ႔လုံၿခဳံေရး တာဝန္ယူထားတဲ့ Belgium ကုလသမဂၢၿငိမ္းခ်မ္းေရးတပ္ဖြဲ႕ဝင္ ၁၀ ေယာက္ကို လုပ္ႀကံသတ္ျဖတ္ဖို႔ စီစဥ္ခဲ့တယ္လို႔ စြပ္စြဲထားတာျဖစ္ပါတယ္။

သမၼတကိုယ္ရံေတာ္တပ္ရင္းဟာ လူမ်ိဳးတုံးသတ္ျဖတ္တဲ့ျဖစ္စဥ္တေလွ်ာက္လုံး တရားဥပေဒမဲ့၊ ဖ်က္လိုဖ်က္စီးလုပ္ရပ္ေတြကို အဓိက တြန္းအားေပး ေဆာင္႐ြက္ခဲ့တာလို႔ ဆိုၾကပါတယ္။စစ္ေဆးဖို႔က်န္ေနဆဲ မၿပီးျပတ္ေသးတဲ့ အမႈေတြအတြက္ ႏိုင္ငံတကာ ရဝမ္ဒါႏိုင္ငံတကာျပစ္မႈခုံ႐ုံးကေန Mpiranya ကို ဒီလုပ္ရပ္ေတြနဲ႔ တျခားရာဇဝတ္မႈေတြအတြက္ လူမ်ိဳးတုံးသတ္ျဖတ္မႈ၊ စစ္ရာဇဝတ္မႈနဲ႔ တရားစြဲဆိုၿပီး ဖမ္းဝရမ္းထုတ္ထားပါတယ္။

လူသတ္မႈက်ဴးလြန္ထားတဲ့ Mpiranya နဲ႔ တျခားလူေတြ ရာဇဝတ္ေဘးကေျပးမလြတ္ေအာင္ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ တျခားႏိုင္ငံအစိုးရေတြ၊ ကုလသမဂၢနဲ႔ စစ္ေဆးရန္က်န္ေနဆဲ စစ္ေဆးတဲ့ ယႏၲယားအဖြဲ႕ နဲ႔ပူးေပါင္းေဆာင္႐ြက္ေနပါတယ္။ Mpiranya ကို ေနာက္ဆုံးမွာ လက္ရဖမ္းမိႏိုင္ဖို႔အတြက္ သတင္းေပးႏိုင္သူကို အေမရိကန္ေဒၚလာ ၅ သန္းဆုေငြ ခ်ီးျမႇင့္မွာျဖစ္ပါတယ္။

Protais Mpiranya ရဲ႕ လႈပ္ရွားမႈေတြနဲ႔ သူဘယ္မွာရွိေနတယ္ဆိုတဲ့ သတင္းအခ်က္အလက္ေပးႏိုင္သူ မည္သူမဆို အနီးစပ္ဆုံး အေမရိကန္သံ႐ုံး သို႔မဟုတ္ ေကာင္စစ္ဝန္႐ုံးကို ဆက္သြယ္ႏိုင္ပါတယ္။ သတင္းေပးသူရဲ႕ အခ်က္အလက္ေတြကို လုံးဝအတြင္းေရးအေနနဲ႔ လွ်ိဳ႕ဝွက္ထားမွာျဖစ္ပါတယ္။ အေမရိကန္သံ႐ုံးနဲ႔ ေကာင္စစ္ဝန္႐ုံးေတြမွာ ေဒသဆိုင္ရာလုံၿခဳံေရး႐ုံးေတြရွိပါတယ္။ စစ္ရာဇဝတ္မႈ သတင္းေပး အေမရိကန္ ဆုေၾကးအစီအစဥ္ ရဲ႕ Email လိပ္စာက WCRP@state.gov ျဖစ္ၿပီး WhatsApp ကေနလည္း တယ္လီဖုန္း +1-202-975-5468 ကတဆင့္ ဆက္သြယ္ႏိုင္ပါတယ္။

Facebook စာမ်က္ႏွာ www.facebook.com/warcrimesrewardsprogramဒါမွမဟုတ္ Twitter လိပ္စာ www.twitter.com/WarCrimesReward ကိုဝင္ၿပီး အလိုရွိေနတဲ့ ဝရမ္းေျပးေတြရဲ႕ ဓါတ္ပုံေတြကို ၾကည့္ရႈႏိုင္ပါတယ္။ ယုံၾကည္ရတဲ့ သတင္းေပးခ်က္ေတြအားလုံးကို စုံစမ္းစစ္ေဆးၿပီး သတင္းေပးသူအားလုံးရဲ႕ အခ်က္အလက္ေတြကို လွ်ိဳ႕ဝက္ ထိန္းသိမ္းထားမွာျဖစ္ပါတယ္။

.............

ရဝမ်ဒါတပ်မှူးဟောင်းကို Genocide စွဲချက်နဲ့ ဝရမ်းထုတ်

(Unicode)

နိုင်ငံတကာက အများပြည်သူအတွက် အမေရိကန်ပြည်ထောင်စုရဲ့ကြေညာချက်ကို ထုတ်လွှင့်ပေးပါတော့မယ်။

ရဝမ်ဒါစစ်တပ်က သမ္မတကိုယ်ရံတော်တပ်မှူးဟောင်း Protais Mpiranya ကို ၁၉၉၄ ခုနှစ် ရဝမ်ဒါလူမျိုးတုံးသတ်ဖြတ်မှုမှာ ပါဝင်ခဲ့တာကြောင့် အလိုရှိနေပါတယ်။

၁၉၉၄ ခုနှစ် ဧပြီလအတွင်း ရဝမ်ဒါအစွန်းရောက်ကြမ်းဖက်တိုက်ခိုက်ရေးသမားတွေက လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားတဲ့ လှုပ်ရှားမှုမှာ Mpiranya က သမ္မတလုံခြုံရေး ကိုယ်ရံတော်တပ်ရင်းကို ဦးဆောင်ခဲ့တာပါ။ စစ်သားတွေကို သင်တန်းပေးတာနဲ့ လက်နက်ဖြန့်ဝေတာအပါအဝင် လူမျိုးတုံးသတ်ဖြတ်ဖို့ စီစဉ်ရာမှ အဓိကကျတဲ့ အခန်းကနေ ဦးဆောင်ခဲ့သူလို့ စွပ်စွဲထားတာဖြစ်ပါတယ်။

Mpiranya ရဲ့ အမိန့်အရ သမ္မတကိုယ်ရံတော်တပ်ရင်းက ဝန်ကြီးချုပ် Agathe Uwilingiyimana နဲ့သူ့လုံခြုံရေး တာဝန်ယူထားတဲ့ Belgium ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ၁၀ ယောက်ကို လုပ်ကြံသတ်ဖြတ်ဖို့ စီစဉ်ခဲ့တယ်လို့ စွပ်စွဲထားတာဖြစ်ပါတယ်။

သမ္မတကိုယ်ရံတော်တပ်ရင်းဟာ လူမျိုးတုံးသတ်ဖြတ်တဲ့ဖြစ်စဉ်တလျှောက်လုံး တရားဥပဒေမဲ့၊ ဖျက်လိုဖျက်စီးလုပ်ရပ်တွေကို အဓိက တွန်းအားပေး ဆောင်ရွက်ခဲ့တာလို့ ဆိုကြပါတယ်။စစ်ဆေးဖို့ကျန်နေဆဲ မပြီးပြတ်သေးတဲ့ အမှုတွေအတွက် နိုင်ငံတကာ ရဝမ်ဒါနိုင်ငံတကာပြစ်မှုခုံရုံးကနေ Mpiranya ကို ဒီလုပ်ရပ်တွေနဲ့ တခြားရာဇဝတ်မှုတွေအတွက် လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ တရားစွဲဆိုပြီး ဖမ်းဝရမ်းထုတ်ထားပါတယ်။

လူသတ်မှုကျူးလွန်ထားတဲ့ Mpiranya နဲ့ တခြားလူတွေ ရာဇဝတ်ဘေးကပြေးမလွတ်အောင် အမေရိကန်ပြည်ထောင်စုအနေနဲ့ တခြားနိုင်ငံအစိုးရတွေ၊ ကုလသမဂ္ဂနဲ့ စစ်ဆေးရန်ကျန်နေဆဲ စစ်ဆေးတဲ့ ယန္တယားအဖွဲ့ နဲ့ပူးပေါင်းဆောင်ရွက်နေပါတယ်။ Mpiranya ကို နောက်ဆုံးမှာ လက်ရဖမ်းမိနိုင်ဖို့အတွက် သတင်းပေးနိုင်သူကို အမေရိကန်ဒေါ်လာ ၅ သန်းဆုငွေ ချီးမြှင့်မှာဖြစ်ပါတယ်။

Protais Mpiranya ရဲ့ လှုပ်ရှားမှုတွေနဲ့ သူဘယ်မှာရှိနေတယ်ဆိုတဲ့ သတင်းအချက်အလက်ပေးနိုင်သူ မည်သူမဆို အနီးစပ်ဆုံး အမေရိကန်သံရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံးကို ဆက်သွယ်နိုင်ပါတယ်။ သတင်းပေးသူရဲ့ အချက်အလက်တွေကို လုံးဝအတွင်းရေးအနေနဲ့ လျှို့ဝှက်ထားမှာဖြစ်ပါတယ်။ အမေရိကန်သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေမှာ ဒေသဆိုင်ရာလုံခြုံရေးရုံးတွေရှိပါတယ်။ စစ်ရာဇဝတ်မှု သတင်းပေး အမေရိကန် ဆုကြေးအစီအစဉ် ရဲ့ Email လိပ်စာက WCRP@state.gov ဖြစ်ပြီး WhatsApp ကနေလည်း တယ်လီဖုန်း +1-202-975-5468 ကတဆင့် ဆက်သွယ်နိုင်ပါတယ်။

Facebook စာမျက်နှာ www.facebook.com/warcrimesrewardsprogramဒါမှမဟုတ် Twitter လိပ်စာ www.twitter.com/WarCrimesReward ကိုဝင်ပြီး အလိုရှိနေတဲ့ ဝရမ်းပြေးတွေရဲ့ ဓါတ်ပုံတွေကို ကြည့်ရှုနိုင်ပါတယ်။ ယုံကြည်ရတဲ့ သတင်းပေးချက်တွေအားလုံးကို စုံစမ်းစစ်ဆေးပြီး သတင်းပေးသူအားလုံးရဲ့ အချက်အလက်တွေကို လျှို့ဝက် ထိန်းသိမ်းထားမှာဖြစ်ပါတယ်။

XS
SM
MD
LG