Accessibility links

Breaking News

အေမရိကန္-အိႏၵိယ ကာကြယ္ေရး သေဘာတူညီမႈသစ္ 


U.S. Secretary of State Mike Pompeo, right, speaks with Secretary of Defence Mark Esper seated beside him during a joint press conference with their Indian counterparts at Hyderabad House in New Delhi, India, Oct. 27, 2020.
U.S. Secretary of State Mike Pompeo, right, speaks with Secretary of Defence Mark Esper seated beside him during a joint press conference with their Indian counterparts at Hyderabad House in New Delhi, India, Oct. 27, 2020.

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo နဲ႔ ကာကြယ္ေရးဝန္ႀကီး Mark Esper တို႔ရဲ႕ မၾကာခင္က သြားေရာက္ခဲ့တဲ့ အိႏၵိယႏိုင္ငံခရီးစဥ္အတြင္း၊ အေမရိကန္နဲ႔ အိႏၵိယ ကာကြယ္ေရးဆိုင္ရာပူးေပါင္းေဆာင္ရြက္မႈ သေဘာတူညီခ်က္အသစ္တရပ္ကို လက္မွတ္ေရးထိုးခဲ့ၾကပါတယ္။

BECA လို႔ေခၚတဲ့ အေျခခံ အျပန္အလွန္ပူးေပါင္းဖလွယ္ေရး သေဘာတူ စာခ်ဳပ္အရ၊ အေမရိကန္နဲ႔ အိႏၵိယ စစ္တပ္အၾကား ေျမပံုနဲ႔ ၿဂိဳလ္တုကရိုက္တဲ့ပံုေတြ ဖလွယ္ၾကမွာျဖစ္ၿပီး၊ ကာကြယ္ေရးစနစ္နဲ႔ ဝန္ထမ္းေတြအပါအဝင္၊ ပူးေပါင္း ညွိႏိႈင္းေရးတိုးၿပီး ေဆာင္ရြက္ခြင့္ရွိၾကမွာျဖစ္ပါတယ္။

CCP တရုတ္ကြန္ျမဴ နစ္ပါတီရဲ႕ ေဒသတခြင္ ၿခိမ္းေျခာက္ေနတဲ့ အႏၱရာယ္ရင္ဆိုင္ေနရတာေၾကာင့္ အေမရိကန္ျပည္ေထာင္စုနဲ႔ အိႏၵိယႏိုင္ငံအၾကား ပူးေပါင္းေဆာင္ရြက္ဖို႔ တိုးျမွင့္ရတာျဖစ္တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo က အခုလိုေျပာပါတယ္။

“အင္ဒို-ပစိဖိတ္ေဒသ သာယာဝေျပာေရးနဲ႔ လြတ္လပ္ပြင့္လင္းတဲ့ အေျခခံအုဋ္ျမစ္အတြက္ေကာ၊ ဒီမိုကေရစီ၊ တရားဥပေဒစိုးမိုးေရး၊ ပြင့္လင္းျမင္သာမႈ၊ လြတ္လပ္စြာ ေရေၾကာင္းသြားလာမႈေတြအတြက္ CCP တရုတ္ကြန္ျမဴ နစ္ပါတီဟာ မိတ္ေဆြ မဟုတ္ဘူးဆိုတာကို က်ေနာ္တို႔ ေခါင္းေဆာင္ေတြနဲ႔ ျပည္သူေတြက တေန႔တျခား ပိုၿပီး ရွင္းရွင္းလင္းလင္း ျမင္လာၾကပါၿပီ” လို႔ေျပာသြားတာပါ။

ကမၻာႀကီးဟာ ကပ္ေရာဂါနဲ႔ ရင္ဆိုင္ေနရခ်ိန္မွာ၊ လံုၿခံဳေရးနဲ႔ ပတ္သက္တဲ့ စိန္ေခၚခ်က္ေတြလည္း တိုးလာေနတာေၾကာင့္၊ ေဒသတြင္းနဲ႔ ကမၻာတဝန္းရဲ႕ သာယာဝေျပာေရး၊ လံုၿခံဳေရးနဲ႔ တည္ၿငိမ္ေရး၊ စိတ္ခ်ရေအာင္ အေမရိကန္နဲ႔ အိႏၵိယႏိုင္ငံအေနနဲ႕ မိတ္ဖက္ေတြအျဖစ္ပူးေပါင္းၾကဖို႔ ပိုအေရးႀကီးလာတယ္လို႔ ကာကြယ္ေရးဝန္ႀကီး Esper ကေျပာပါတယ္။

“ပထမအႀကိမ္ အေမရိကန္-အိႏၵိယကာကြယ္ေရး ပူးေပါင္း ေဆာင္ရြက္မႈ မူေဘာင္ အဆံုးသတ္ေရးဆြဲၿပီး ၁၅ ႏွစ္အၾကာမွာ၊ ၂ ႏိုင္ငံအၾကား ဆက္ဆံေရး အားလံုးၿခံဳၾကည့္လိုက္ရင္ ၂ ႏိုင္ငံ ကာကြယ္ေရးနယ္ပယ္ ဆက္ဆံေရးဟာ အဓိက မ႑ိဳင္အျဖစ္ရွိေနဆဲျဖစ္ပါတယ္။ အထူးသျဖင့္ တရုတ္က မတည္မၿငိမ္ျဖစ္ေအာင္ အင္တိုက္အားတိုက္ လႈပ္ရွားမႈေတြတိုး လုပ္ေနခ်ိန္မွာ လြတ္လပ္ ပြင့္လင္းတဲ့ အင္ဒို-ပစိဖိတ္ေဒသတခြင္ ကို ေထာက္ခံပ့ံပိုးဖို႔၊ က်ေနာ္တို႔ အတူတူတန္ဖိုးထားၾကတဲ့ ဘံုအက်ိဳးစီပြား အေပၚအေျခခံၿပီး၊ အတူတကြ ရပ္တည္ေနပါတယ္ လို႔ေျပာသြားတာပါ။”

အိႏၵိယႏိုင္ငံနဲ႔ ကာကြယ္ေရးမိတ္ဖက္ေတြအျဖစ္ ဘက္စံုပူးေပါင္းေဆာင္ရြက္မယ့္ သႏၷိ႒ာန္ကို ထပ္ေလာင္း အတည္ျပဳလိုက္ပါတယ္။ ဒါ့အျပင္၊ ေဒသတြင္း လံုၿခံဳေရးပူးေပါင္းေဆာင္ရြက္မႈ တိုးခ်ဲ႕ေရး၊ စစ္တပ္အခ်င္းခ်င္း အျပန္အလွန္ထိေတြ႔ ဆက္ဆံေရးနဲ႔ ကာကြယ္ေရးပစၥည္း ကုန္သြယ္ေရးအတြက္ ဆက္ဆံေရးနယ္ပယ္ခ်ဲ႔ထြင္ဖို႕ စတာေတြကိုပါ ေဆြးေနြးခဲ့ၾကပါတယ္။

အိႏၵိယသမုဒၵရာေဒသ၊ အေရွ႔ေတာင္အာရွနဲ႔ က်ယ္ျပန္႔တဲ့ အင္ဒို-ပစိဖိတ္ တခြင္မွာ ၂ ႏိုင္ငံ ကာကြယ္ေရးနယ္ပယ္ ပူးေပါင္းေဆာင္ရြက္ေရးတိုးျမွင့္ၾကဖို႔လည္း ပါဝင္တယ္လို႔ ဝန္ႀကီး Esper ကဆိုပါတယ္။

အေမရိကန္နဲ႔ အိႏၵိယ ကာကြယ္ေရးပူးေပါင္းေဆာင္ရြက္မႈ တိုးျမွင့္တာကို မၾကာခင္က က်င္းပခဲ့တဲ့ အိႏၵိယေရတပ္နဲ႔ အေမရိကန္ေလယာဥ္တင္တိုက္သေဘၤာႀကီး USS Nimitz တို႔ရဲ႕ ပူးတြဲစစ္ေရး ေလ့က်င့္မႈက သရုပ္ျပလိုက္တာဘဲျဖစ္ပါတယ္။

ဒါ့အျပင္၊ ၿခိမ္းေျခာက္ေနတဲ့ အႏၱရာယ္ေတြနဲ႔ ၂ ႏိုင္ငံစလံုး ရင္ဆိုင္ေနရခ်ိန္မွာ၊ Cyber အင္တာနက္နဲ႔ အာကာသအေရး ေဆြးေႏြးဖလွယ္ၾကဖို႔ အခင္းအက်င္းအသစ္ထူေထာင္ၾကေရး အတူတကြေဆာင္ရြက္ႏိုင္ရန္ စစ္ဘက္ ဆက္ဆံေရးတာဝန္ခံေတြ အျပန္အလွန္ဖလွယ္ၾကမွာျဖစ္ပါတယ္။

ကမၻာမွာ ဒီမိုကေရစီ အထြန္းကားဆံုး အေမရိကန္ျပည္ေထာင္စုနဲ႔ အိႏၵိယႏိုင္ငံတို႔ရဲ႕ မိတ္ဖက္ဆက္ဆံေရးနဲ႔ ပူးေပါင္းေဆာင္ရြက္မႈဟာ၊ တေန႔တျခားတိုးၿပီး၊ ႀကံ့ႀကံ့ခံေနဆဲ၊ ခိုင္မာေနဆဲျဖစ္ေၾကာင္းပါ။

............

အမေရိကန်-အိန္ဒိယ ကာကွယ်ရေး သဘောတူညီမှုသစ်
(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo နဲ့ ကာကွယ်ရေးဝန်ကြီး Mark Esper တို့ရဲ့ မကြာခင်က သွားရောက်ခဲ့တဲ့ အိန္ဒိယနိုင်ငံခရီးစဉ်အတွင်း၊ အမေရိကန်နဲ့ အိန္ဒိယ ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အသစ်တရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

BECA လို့ခေါ်တဲ့ အခြေခံ အပြန်အလှန်ပူးပေါင်းဖလှယ်ရေး သဘောတူ စာချုပ်အရ၊ အမေရိကန်နဲ့ အိန္ဒိယ စစ်တပ်အကြား မြေပုံနဲ့ ဂြိုလ်တုကရိုက်တဲ့ပုံတွေ ဖလှယ်ကြမှာဖြစ်ပြီး၊ ကာကွယ်ရေးစနစ်နဲ့ ဝန်ထမ်းတွေအပါအဝင်၊ ပူးပေါင်း ညှိနှိုင်းရေးတိုးပြီး ဆောင်ရွက်ခွင့်ရှိကြမှာဖြစ်ပါတယ်။

CCP တရုတ်ကွန်မြူ နစ်ပါတီရဲ့ ဒေသတခွင် ခြိမ်းခြောက်နေတဲ့ အန္တရာယ်ရင်ဆိုင်နေရတာကြောင့် အမေရိကန်ပြည်ထောင်စုနဲ့ အိန္ဒိယနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ဖို့ တိုးမြှင့်ရတာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က အခုလိုပြောပါတယ်။

“အင်ဒို-ပစိဖိတ်ဒေသ သာယာဝပြောရေးနဲ့ လွတ်လပ်ပွင့်လင်းတဲ့ အခြေခံအုဋ်မြစ်အတွက်ကော၊ ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေး၊ ပွင့်လင်းမြင်သာမှု၊ လွတ်လပ်စွာ ရေကြောင်းသွားလာမှုတွေအတွက် CCP တရုတ်ကွန်မြူ နစ်ပါတီဟာ မိတ်ဆွေ မဟုတ်ဘူးဆိုတာကို ကျနော်တို့ ခေါင်းဆောင်တွေနဲ့ ပြည်သူတွေက တနေ့တခြား ပိုပြီး ရှင်းရှင်းလင်းလင်း မြင်လာကြပါပြီ” လို့ပြောသွားတာပါ။

ကမ္ဘာကြီးဟာ ကပ်ရောဂါနဲ့ ရင်ဆိုင်နေရချိန်မှာ၊ လုံခြုံရေးနဲ့ ပတ်သက်တဲ့ စိန်ခေါ်ချက်တွေလည်း တိုးလာနေတာကြောင့်၊ ဒေသတွင်းနဲ့ ကမ္ဘာတဝန်းရဲ့ သာယာဝပြောရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်ရေး၊ စိတ်ချရအောင် အမေရိကန်နဲ့ အိန္ဒိယနိုင်ငံအနေနဲ့ မိတ်ဖက်တွေအဖြစ်ပူးပေါင်းကြဖို့ ပိုအရေးကြီးလာတယ်လို့ ကာကွယ်ရေးဝန်ကြီး Esper ကပြောပါတယ်။

“ပထမအကြိမ် အမေရိကန်-အိန္ဒိယကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု မူဘောင် အဆုံးသတ်ရေးဆွဲပြီး ၁၅ နှစ်အကြာမှာ၊ ၂ နိုင်ငံအကြား ဆက်ဆံရေး အားလုံးခြုံကြည့်လိုက်ရင် ၂ နိုင်ငံ ကာကွယ်ရေးနယ်ပယ် ဆက်ဆံရေးဟာ အဓိက မဏ္ဍိုင်အဖြစ်ရှိနေဆဲဖြစ်ပါတယ်။ အထူးသဖြင့် တရုတ်က မတည်မငြိမ်ဖြစ်အောင် အင်တိုက်အားတိုက် လှုပ်ရှားမှုတွေတိုး လုပ်နေချိန်မှာ လွတ်လပ် ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသတခွင် ကို ထောက်ခံပံ့ပိုးဖို့၊ ကျနော်တို့ အတူတူတန်ဖိုးထားကြတဲ့ ဘုံအကျိုးစီပွား အပေါ်အခြေခံပြီး၊ အတူတကွ ရပ်တည်နေပါတယ် လို့ပြောသွားတာပါ။”

အိန္ဒိယနိုင်ငံနဲ့ ကာကွယ်ရေးမိတ်ဖက်တွေအဖြစ် ဘက်စုံပူးပေါင်းဆောင်ရွက်မယ့် သန္နိဋ္ဌာန်ကို ထပ်လောင်း အတည်ပြုလိုက်ပါတယ်။ ဒါ့အပြင်၊ ဒေသတွင်း လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေး၊ စစ်တပ်အချင်းချင်း အပြန်အလှန်ထိတွေ့ ဆက်ဆံရေးနဲ့ ကာကွယ်ရေးပစ္စည်း ကုန်သွယ်ရေးအတွက် ဆက်ဆံရေးနယ်ပယ်ချဲ့ထွင်ဖို့ စတာတွေကိုပါ ဆွေးနွေးခဲ့ကြပါတယ်။

အိန္ဒိယသမုဒ္ဒရာဒေသ၊ အရှေ့တောင်အာရှနဲ့ ကျယ်ပြန့်တဲ့ အင်ဒို-ပစိဖိတ် တခွင်မှာ ၂ နိုင်ငံ ကာကွယ်ရေးနယ်ပယ် ပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်ကြဖို့လည်း ပါဝင်တယ်လို့ ဝန်ကြီး Esper ကဆိုပါတယ်။

အမေရိကန်နဲ့ အိန္ဒိယ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်တာကို မကြာခင်က ကျင်းပခဲ့တဲ့ အိန္ဒိယရေတပ်နဲ့ အမေရိကန်လေယာဉ်တင်တိုက်သင်္ဘောကြီး USS Nimitz တို့ရဲ့ ပူးတွဲစစ်ရေး လေ့ကျင့်မှုက သရုပ်ပြလိုက်တာဘဲဖြစ်ပါတယ်။

ဒါ့အပြင်၊ ခြိမ်းခြောက်နေတဲ့ အန္တရာယ်တွေနဲ့ ၂ နိုင်ငံစလုံး ရင်ဆိုင်နေရချိန်မှာ၊ Cyber အင်တာနက်နဲ့ အာကာသအရေး ဆွေးနွေးဖလှယ်ကြဖို့ အခင်းအကျင်းအသစ်ထူထောင်ကြရေး အတူတကွဆောင်ရွက်နိုင်ရန် စစ်ဘက် ဆက်ဆံရေးတာဝန်ခံတွေ အပြန်အလှန်ဖလှယ်ကြမှာဖြစ်ပါတယ်။

ကမ္ဘာမှာ ဒီမိုကရေစီ အထွန်းကားဆုံး အမေရိကန်ပြည်ထောင်စုနဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ မိတ်ဖက်ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ၊ တနေ့တခြားတိုးပြီး၊ ကြံ့ကြံ့ခံနေဆဲ၊ ခိုင်မာနေဆဲဖြစ်ကြောင်းပါ။

XS
SM
MD
LG