Accessibility links

Breaking News

အေမရိကန္ - အိႏၵိယဆက္ဆံေရး ပိုမိုခိုင္မာ


အေမရိကန္ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး Stephen Biegun အႏိၵယ ခရီးစဥ္
အေမရိကန္ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး Stephen Biegun အႏိၵယ ခရီးစဥ္

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

အေမရိကန္ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး Stephen Biegun က အိႏၵိယနဲ႔ အေမရိကန္ဆက္ဆံေရးမွာ အလားအလာရွိတဲ့ အနာဂတ္နဲ႔ ပတ္သက္လို႔ ဒီလို အျပဳသေဘာေဆာင္တဲ့ အခ်ိန္မ်ိဳး မႀကံဳဘူးေသးတဲ့အေၾကာင္း၊ အေမရိကန္-အိႏၵိယ ေဆြးေႏြးပြဲမွာ ေျပာဆိုလိုက္ပါတယ္။

အေမရိကန္နဲ႔ အိႏၵိယဆက္ဆံေရးမွာ နယ္ပယ္အမ်ားႀကီးရွိတဲ့အနက္ ကာကြယ္ေရးနဲ႔ လံုၿခံဳေရး ပူးေပါင္းေဆာင္ရြက္မႈ၊ တရားဥပေဒစိုးမိုးေရး၊ ကုန္သြယ္ေရးနဲ႔ ရင္းႏွီးျမွဳပ္ႏွံေရး၊ စြမ္းအင္ဆိုင္ရာ မိတ္ဖက္ေတြျဖစ္ၾကၿပီး၊ သိပၸံနဲ႔ နည္းပညာပူးေပါင္းေဆာင္ရြက္မႈ စတဲ့ နယ္ပယ္အသီးသီးလည္း ပါဝင္ပါတယ္။ဒီလို မိတ္ဖက္ဆက္ဆံေရးထဲမွာ အေမရိကန္နဲ႔ အိႏၵိယတကၠသိုလ္ေတြနဲ႔ ေဆးကုမၼဏီႀကီးေတြက Coronavirus ကာကြယ္ေဆး စမ္းသပ္ရာမွာ ပူးတြဲႀကိဳးပမ္းေနၾကတာကလည္း ပိုၿပီး ထူးျခားပါတယ္။

အင္ဒို-ပစိဖိတ္ေဒသတြင္း လံုၿခံဳေရးမဟာမိတ္ေတြရဲ႕ ျဖစ္ထြန္းမႈေတြကို ထပ္ၿပီး မြမ္းမံ ဆန္းသစ္ဖို႔ လိုအပ္တယ္လို႔ ဒုဝန္ႀကီး Biegun က အေလးအနက္ေျပာပါတယ္။ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ စစ္ေအးကာလ စိန္ေခၚခ်က္ေတြနဲ႔ ျခိမ္းေျခာက္ေနတဲ့ အႏၱရာယ္ေတြကို ကမၻာတဝန္းဒုတိယကမၻာစစ္ၿပီးကာလ မဟာမိတ္အေနအထားအတိုင္း၊ ျပန္လည္ မြမ္းမံတာေတြမလုပ္ဘဲ ခံႏိုင္ရည္ရွိလိမ့္မယ္လို႔ စိတ္ခ်လက္ခ် ယူဆလို႔ မရပါဘူး။ ဒီေန႔နဲ႔ မနက္ျဖန္ အတြက္ ပထဝီႏိုင္ငံေရး ပကတိ အေျခအေနမွန္ကို ထင္ဟပ္ေစမယ့္ က်ေနာ္တို႔ရဲ႕ မဟာဗ်ဴဟာ ဆက္ဆံေရး ေရရွည္တည္တံ့ေအာင္ လြတ္လပ္ ပြင့္လင္းမႈနဲ႔ အညီေဆာင္ရြက္ၾကရမွာျဖစ္တယ္လို႔ ဒုဝန္ႀကီး Biegun ကေထာက္ျပပါတယ္။

ျပန္လည္ဆန္းသစ္ထားတဲ့ လံုၿခံဳေရးမိတ္ဖက္အျဖစ္ ရပ္တည္ခ်က္အရ၊ အိႏၵိယႏိုင္ငံလို ႏိုင္ငံေတြအေနနဲ႔႔ ကိုယ့္လံုၿခံဳေရးကို ကိုယ္တိုင္တာဝန္ယူဖို႔ ႀကိဳးစားၾကမွာျဖစ္တယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ အင္ဒို-ပစိဖိတ္ေဒသတခြင္၊ အိႏၵိယရဲ႕ အက်ိဳးစီးပြား တိုးတက္ေအာင္၊ ဒီမိုကေရစီနဲ႔ ကိုယ္ပိုင္ အခ်ဳပ္အျခာအာဏာကို ကာကြယ္ႏိုင္ေအာင္ အိႏၵိယရဲ႕ စြမ္းရည္ျမင့္မားေရးအတြက္ အေမရိကန္ျပည္ေထာင္စုက ကူညီႏိုင္ဖို႔ နည္းလမ္းေတြရွာေနပါတယ္လို႔ ဒုဝန္ႀကီး Biegun က ရွင္းျပပါတယ္။

အေမရိကန္နဲ႔ အိႏၵိယႏိုင္ငံတို႕ဟာ ဂ်ပန္နဲ႔ ၾသစေၾတးလ်ႏိုင္ငံတို႔နဲ႔အတူ အင္ဒို-ပစိဖိတ္ေဒသရဲ႕ ဒီမိုကေရစီ ပင္တိုင္ ၄ ႏိုင္ငံအျဖစ္၊ စံတန္ဖိုးေတြကို ဘံုအက်ိဳးစီးပြားေတြနဲ႔အတူ မွ်ေဝခံစားေနၾကေၾကာင္း၊လြတ္လပ္ပြင့္လင္းတဲ့ အင္ဒိုပစိဖိတ္ေဒသမွာ အခ်ဳပ္အျခာအာဏာပိုင္တဲ့၊ သာယာဝေျပာတဲ့ ႏိုင္ငံေတြအျဖစ္ထြန္းကားႏိုင္ဖို႔၊ ေဒသတြင္း မတူကြဲျပားတဲ့ႏိုင္ေတြအားလံုးနဲ႔ က်ေနာ္တို႔ႏိုင္ငံေတြဟာ အမ်ားစုအတြက္ ရည္သန္ၿပီး အတူတကြရပ္တည္ၾကပါတယ္လို႔ ဒုဝန္ႀကီး Beigun ကေျပာဆိုလိုက္ပါတယ္။

ဒါေပမဲ့ ေဒသတြင္း တရုတ္ရဲ႕ ထိုးထြင္းတဲ့နည္းဗ်ဴဟာရွိေနတာေၾကာင့္၊ ဒီရည္သန္ခ်က္က အၿပီးသတ္ စိတ္ခ်ေနလို႔မရေသးဘူးလို႔ Mr. Biegun ကသတိေပးလိုက္ပါတယ္။ တရုတ္ရဲ႕ ျခိမ္းေျခာက္ေနတဲ့ အႏၱရာယ္၊ အင္ဒို-ပစိဖိတ္ေဒသတြင္း ႏိုင္ငံေတြရဲ႕လံုၿခံဳေရးအတြက္ အိႏိၵယနဲ႔ အေမရိကန္အေနနဲ႔ တျခားႏိုင္ငံေတြနဲ႔အတူ ပူးေပါင္းေဆာင္ရြက္ဖို႔ လိုအပ္တယ္လို႔ ဒုဝန္ႀကီး Biegun ကေျပာပါတယ္။

အေမရိကန္ျပည္ေထာင္စုက အိႏၵိယကို စစ္ပစၥည္းေရာင္းခ်မႈနဲ႔ ေထာက္လွမ္းေရး သတင္းဖလွယ္တာေတြ တိုးၿပီးလုပ္ဖို႔ စတင္ေနပါၿပီ။ ဒါေပမဲ့ ဒီထက္မကတိုးၿပီးလုပ္ရပါမယ္၊ အိႏၵိယအေနနဲ႔ ကိုယ့္ကိုကိုယ္ ကာကြယ္ႏိုင္ဖို႔ စြမ္းရည္ပိုၿပီး ခိုင္မာေအာင္ အပါအဝင္ အေမရိကန္က ကူညီမွာျဖစ္ပါတယ္။အတြင္းက်က် နားလည္မႈနဲ႔ ၂ ႏိုင္ငံစစ္တပ္ေတြအၾကား ပံုမွန္စစ္ေရး ေလ့က်င္မႈေတြ အျပန္အလွန္ဖလွယ္ၾကၿပီး၊ ဘံုကာကြယ္ေရးအေနအထားနဲ႔ ပူးတြဲ တီထြင္မႈေတြ ေဆာင္ရြက္ၾကဖို႔လိုတယ္လို႔ ဆိုပါတယ္။

က်ေနာ္တို႔ ၂ ႏိုင္ငံဟာ ႀကီးျမတ္တဲ့ အေနအထားကို ဦးတည္ေနၾကၿပီး၊ ဒီအရွိန္အဟုန္ကို က်ေနာ္တို႔ ျမွင့္တင္တဲ့အေပၚမွာ မူတည္ေနပါတယ္လို႔ အေမရိကန္ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး Stephen Biegun က ေၾကာညာလိုက္ေၾကာင္းပါ။

...........

အမေရိကန် - အိန္ဒိယဆက်ဆံရေး ပိုမိုခိုင်မာ
(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Stephen Biegun က အိန္ဒိယနဲ့ အမေရိကန်ဆက်ဆံရေးမှာ အလားအလာရှိတဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ဒီလို အပြုသဘောဆောင်တဲ့ အချိန်မျိုး မကြုံဘူးသေးတဲ့အကြောင်း၊ အမေရိကန်-အိန္ဒိယ ဆွေးနွေးပွဲမှာ ပြောဆိုလိုက်ပါတယ်။

အမေရိကန်နဲ့ အိန္ဒိယဆက်ဆံရေးမှာ နယ်ပယ်အများကြီးရှိတဲ့အနက် ကာကွယ်ရေးနဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု၊ တရားဥပဒေစိုးမိုးရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံရေး၊ စွမ်းအင်ဆိုင်ရာ မိတ်ဖက်တွေဖြစ်ကြပြီး၊ သိပ္ပံနဲ့ နည်းပညာပူးပေါင်းဆောင်ရွက်မှု စတဲ့ နယ်ပယ်အသီးသီးလည်း ပါဝင်ပါတယ်။ဒီလို မိတ်ဖက်ဆက်ဆံရေးထဲမှာ အမေရိကန်နဲ့ အိန္ဒိယတက္ကသိုလ်တွေနဲ့ ဆေးကုမ္မဏီကြီးတွေက Coronavirus ကာကွယ်ဆေး စမ်းသပ်ရာမှာ ပူးတွဲကြိုးပမ်းနေကြတာကလည်း ပိုပြီး ထူးခြားပါတယ်။

အင်ဒို-ပစိဖိတ်ဒေသတွင်း လုံခြုံရေးမဟာမိတ်တွေရဲ့ ဖြစ်ထွန်းမှုတွေကို ထပ်ပြီး မွမ်းမံ ဆန်းသစ်ဖို့ လိုအပ်တယ်လို့ ဒုဝန်ကြီး Biegun က အလေးအနက်ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ စစ်အေးကာလ စိန်ခေါ်ချက်တွေနဲ့ ခြိမ်းခြောက်နေတဲ့ အန္တရာယ်တွေကို ကမ္ဘာတဝန်းဒုတိယကမ္ဘာစစ်ပြီးကာလ မဟာမိတ်အနေအထားအတိုင်း၊ ပြန်လည် မွမ်းမံတာတွေမလုပ်ဘဲ ခံနိုင်ရည်ရှိလိမ့်မယ်လို့ စိတ်ချလက်ချ ယူဆလို့ မရပါဘူး။ ဒီနေ့နဲ့ မနက်ဖြန် အတွက် ပထဝီနိုင်ငံရေး ပကတိ အခြေအနေမှန်ကို ထင်ဟပ်စေမယ့် ကျနော်တို့ရဲ့ မဟာဗျူဟာ ဆက်ဆံရေး ရေရှည်တည်တံ့အောင် လွတ်လပ် ပွင့်လင်းမှုနဲ့ အညီဆောင်ရွက်ကြရမှာဖြစ်တယ်လို့ ဒုဝန်ကြီး Biegun ကထောက်ပြပါတယ်။

ပြန်လည်ဆန်းသစ်ထားတဲ့ လုံခြုံရေးမိတ်ဖက်အဖြစ် ရပ်တည်ချက်အရ၊ အိန္ဒိယနိုင်ငံလို နိုင်ငံတွေအနေနဲ့ ကိုယ့်လုံခြုံရေးကို ကိုယ်တိုင်တာဝန်ယူဖို့ ကြိုးစားကြမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အင်ဒို-ပစိဖိတ်ဒေသတခွင်၊ အိန္ဒိယရဲ့ အကျိုးစီးပွား တိုးတက်အောင်၊ ဒီမိုကရေစီနဲ့ ကိုယ်ပိုင် အချုပ်အခြာအာဏာကို ကာကွယ်နိုင်အောင် အိန္ဒိယရဲ့ စွမ်းရည်မြင့်မားရေးအတွက် အမေရိကန်ပြည်ထောင်စုက ကူညီနိုင်ဖို့ နည်းလမ်းတွေရှာနေပါတယ်လို့ ဒုဝန်ကြီး Biegun က ရှင်းပြပါတယ်။

အမေရိကန်နဲ့ အိန္ဒိယနိုင်ငံတို့ဟာ ဂျပန်နဲ့ သြစတြေးလျနိုင်ငံတို့နဲ့အတူ အင်ဒို-ပစိဖိတ်ဒေသရဲ့ ဒီမိုကရေစီ ပင်တိုင် ၄ နိုင်ငံအဖြစ်၊ စံတန်ဖိုးတွေကို ဘုံအကျိုးစီးပွားတွေနဲ့အတူ မျှဝေခံစားနေကြကြောင်း၊လွတ်လပ်ပွင့်လင်းတဲ့ အင်ဒိုပစိဖိတ်ဒေသမှာ အချုပ်အခြာအာဏာပိုင်တဲ့၊ သာယာဝပြောတဲ့ နိုင်ငံတွေအဖြစ်ထွန်းကားနိုင်ဖို့၊ ဒေသတွင်း မတူကွဲပြားတဲ့နိုင်တွေအားလုံးနဲ့ ကျနော်တို့နိုင်ငံတွေဟာ အများစုအတွက် ရည်သန်ပြီး အတူတကွရပ်တည်ကြပါတယ်လို့ ဒုဝန်ကြီး Beigun ကပြောဆိုလိုက်ပါတယ်။

ဒါပေမဲ့ ဒေသတွင်း တရုတ်ရဲ့ ထိုးထွင်းတဲ့နည်းဗျူဟာရှိနေတာကြောင့်၊ ဒီရည်သန်ချက်က အပြီးသတ် စိတ်ချနေလို့မရသေးဘူးလို့ Mr. Biegun ကသတိပေးလိုက်ပါတယ်။ တရုတ်ရဲ့ ခြိမ်းခြောက်နေတဲ့ အန္တရာယ်၊ အင်ဒို-ပစိဖိတ်ဒေသတွင်း နိုင်ငံတွေရဲ့လုံခြုံရေးအတွက် အိန္ဒိယနဲ့ အမေရိကန်အနေနဲ့ တခြားနိုင်ငံတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဒုဝန်ကြီး Biegun ကပြောပါတယ်။

အမေရိကန်ပြည်ထောင်စုက အိန္ဒိယကို စစ်ပစ္စည်းရောင်းချမှုနဲ့ ထောက်လှမ်းရေး သတင်းဖလှယ်တာတွေ တိုးပြီးလုပ်ဖို့ စတင်နေပါပြီ။ ဒါပေမဲ့ ဒီထက်မကတိုးပြီးလုပ်ရပါမယ်၊ အိန္ဒိယအနေနဲ့ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ဖို့ စွမ်းရည်ပိုပြီး ခိုင်မာအောင် အပါအဝင် အမေရိကန်က ကူညီမှာဖြစ်ပါတယ်။အတွင်းကျကျ နားလည်မှုနဲ့ ၂ နိုင်ငံစစ်တပ်တွေအကြား ပုံမှန်စစ်ရေး လေ့ကျင်မှုတွေ အပြန်အလှန်ဖလှယ်ကြပြီး၊ ဘုံကာကွယ်ရေးအနေအထားနဲ့ ပူးတွဲ တီထွင်မှုတွေ ဆောင်ရွက်ကြဖို့လိုတယ်လို့ ဆိုပါတယ်။

ကျနော်တို့ ၂ နိုင်ငံဟာ ကြီးမြတ်တဲ့ အနေအထားကို ဦးတည်နေကြပြီး၊ ဒီအရှိန်အဟုန်ကို ကျနော်တို့ မြှင့်တင်တဲ့အပေါ်မှာ မူတည်နေပါတယ်လို့ အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Stephen Biegun က ကြောညာလိုက်ကြောင်းပါ။

XS
SM
MD
LG