Accessibility links

Breaking News

အေမရိကန္ ဦးေဆာင္မယ္႔ ၃ ပင္လယ္သံုးခု စီမံကိန္း 


Three Seas Initiative
Three Seas Initiative

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

The Three Seas Initiative လို႔ေခၚတဲ့ သံုးပင္လယ္ဦးေဆာင္ဦး႐ြက္ျပဳမႈ အစီအစဥ္မွာ ေဘာ္လတစ္ပင္လယ္၊ ပင္လယ္နက္နဲ႔ Adriatic ပင္လယ္တဝိုက္က ဒီမိုကေရစီအသြင္ေျပာင္းေနတဲ့၊ EU ဥေရာပသမဂၢအဖြဲ႕ဝင္ ၁၂ ႏိုင္ငံပါဝင္ပါတယ္။ ဒီအစီအစဥ္ရဲ႕ ရည္႐ြယ္ခ်က္ကေတာ့ အဲဒီေဒသမွာ မလိုလားအပ္တဲ့ ႐ုရွားနဲ႔ တ႐ုတ္လို အာဏာရွင္အစိုးရေတြရဲ႕ ၾသဇာလႊမ္းမိုးမႈကို ဆန႔္က်င္ႏိုင္ဖို႔ အေျခခံအေဆာက္အအုံအသစ္ေတြ ရင္းႏွီးျမႇဳပ္ႏွံေရး ျမႇင့္တင္ေနတဲ့တခ်ိန္တည္းမွာဘဲ၊ ေတာင္-ေျမာက္ ဆက္သြယ္ေရး တိုးတက္ေအာင္၊ စီးပြားေရးဖြံ႕ၿဖိဳးမႈနဲ႔ စြမ္းအင္ဖူလုံေရးအတြက္ ရင္းႏွီးျမႇဳပ္ႏွံေရးအာာ႐ုံစိုက္ဖို႔ျဖစ္ပါတယ္။

က်ေနာ္တို႔ ျပည္သူေတြရဲ႕ ဘဝတိုးတက္ေရးအတြက္၊ က်ေနာ္တို႔အေနနဲ႔႔ ေရွ႕မွာရွိေနတဲ့ အခြင့္အလမ္းေတြကို အမိအရ ဆုပ္ကိုင္ၾကရမယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo က မၾကာခင္က က်င္းပတဲ့ သုံးပင္လယ္ ထိပ္သီးညီလာခံမွာ အခုလို တိုက္တြန္းလိုက္ပါတယ္။

“ေရွရွည္မွာ လူေနမႈအဆင့္အတန္းျမင့္မားေအာင္ႀကိဳးစားေနတဲ့ တခ်ိန္တည္းမွာဘဲ၊ ဖြံ႕ၿဖိဳးတိုးတက္ေရး အစပ်ိဳးၿပီး၊ ပုဂၢလိကက႑ ရင္းႏွီးျမႇဳပ္ႏွံေရး ဆြဲေဆာင္ဖို႔ က်ေနာ္တို႔မွာ အခြင့္အလမ္းတရပ္ ရွိပါတယ္။အနာဂတ္မ်ိဳးဆက္ေတြအတြက္ စီးပြားေရး လုံၿခဳံစိတ္ခ်ရေအာင္ လည္ပတ္ႏိုင္မယ့္၊ က်ေနာ္တို႔ရဲ႕ အေျခခံအေဆာက္အအုံနဲ႔ စြမ္းအင္ေဈးကြက္ အတူတကြ ဆက္စပ္ႏိုင္မယ့္နည္းလမ္းေတြအတြက္ က်ေနာ္တို႔မွာ အခြင့္အလမ္းတရပ္လည္းရွိပါတယ္ လို႔ေျပာသြားတာပါ။"

ရန္ပုံေငြအလုံအေလာက္နဲ႔ အေကာင္အထည္ေဖၚေနတဲ့ သုံးပင္လယ္ ဦးေဆာင္ဦး႐ြက္ျပဳမႈ အစီအစဥ္အေနနဲ႔ တူညီတဲ့ရည္မွန္းခ်က္ အေရာက္လွမ္းႏိုင္မွာျဖစ္တယ္လို႔ ဝန္ႀကီး Pompeo ကေျပာပါတယ္။ ဒါေပမယ့္ ႐ုရွားနဲ႔ တ႐ုတ္ျပည္က အာဏာရွင္အစိုးရေတြက အေျခခံအေဆာက္အအုံ စီမံကိန္းေတြရရွိေရးအတြက္၊ လြတ္လပ္တဲ့ျပည္သူေတြအေပၚ မဟာဗ်ဴဟာက်က်၊ ႏိုင္ငံေရးအျမတ္ထုတ္ဖို႔ ႀကံစည္ေနၾကတာေတြ႕ရတယ္လို႔ ဝန္ႀကီး Pompeo က သတိေပးလိုက္ပါတယ္။

ရုရွားကေန ေဘာ္လတစ္ပင္လယ္ကိုျဖတ္ၿပီးဥေရာပကို သြယ္တန္းမယ့္ သဘာဝဓါတ္ေငြ႔ပိုက္လိုင္း Nord Stream 2 စီမံကိန္းကိုလည္း က်ေနာ္တို႔ေတြ႔ခဲ့ၿပီးပါၿပီ။တရုတ္က ကမၻာတဝန္း လာအိုႏိုင္ငံကေန Montenegro, ေနာက္ ပါကစၥတန္အထိ အေျခခံအေဆာက္အအံု စီမံကိန္းေတြနဲ႔ ဆိုးက်ိဳးသက္ေရာက္ေစခဲ့တာလည္း ေတြ႔ခဲ့ၾကၿပီးပါၿပီ။

လြတ္လပ္တဲ့ႏိုင္ငံေတြအေနနဲ႔အခ်ဳပ္အျခာအာဏာနဲ႔ လြတ္လပ္ေရးကို အာဏာရွင္ အစိုးရေတြနဲ႔အေပးအယူ ထပ္လုပ္မွာကို အေမရိကန္ျပည္ေထာင္စုကမေတြ႔ျမင္ခ်င္ပါဘူး။ ဒါ့ေၾကာင့္ အေမရိကန္ျပည္ေထာင္စုက သံုးပင္လယ္အေျခခံအေဆာက္အဦး စီမံကိန္းေတြ၊ အေကာင္အထည္ေဖၚႏိုင္ဖို႔ ရန္ပံုေငြ ေဒၚလာသန္း တေထာင္ ရင္းႏွီးျမွဳပ္ႏွံဖို႔ မ တည္မယ္လို႔ ေၾကညာထားပါတယ္။

ဒီ စီမံကိန္းအတြက္ ရန္ပံုေငြမထည့္ဝင္ရေသးတဲ့ သံုးပင္လယ္အဖြဲ႔ဝင္ႏိုင္ငံေတြကို ထည့္ဝင္ၾကဖို႔နဲ႔ တျခားအဖြဲ႔ဝင္ႏိုင္ငံေတြအေနနဲ႔လည္း ထပ္မံရင္းႏွီးျမွဳပ္ႏွံၾကဖို႔ ဝန္ႀကီး Pompeo က တိုက္တြန္းလိုက္ပါတယ္။

ေနာက္တဆင့္ကေတာ့ ပုဂၢလိကက႑ ပါဝင္လာေစေရး တြန္းအားေပးဖို႔ျဖစ္ပါတယ္။ ဒီလိုလုပ္ႏိုင္ဖို႔အတြက္ မွ်တတဲ့ တန္းတူအခြင့္အေရး အခင္းအက်င္း ရွိဖို႔လိုတယ္လို႔ ဝန္ႀကီး Pompeo ကေျပာပါတယ္။ ႏိုင္ငံပိုင္လုပ္ငန္းႀကီးေတြကိုဘဲ ဘက္မလိုက္ဖို႔၊ သို႔မဟုတ္၊ ရင္းႏွီးျမွဳပ္ႏွံရာမွာ ႏိုင္ငံေရးကို ေရွ႔တန္းတင္တာေတြမလုပ္ဘဲ၊ ႏိုင္ငံရဲ႕ မူဝါဒေတြအေနနဲ႔ အတတ္ႏိုင္ဆံုးဆြဲေဆာင္ဖို႔ မျဖစ္မေန လိုအပ္တယ္လို႔ဆိုပါတယ္။

ေနာက္ထပ္စိုးရိမ္စရာကေတာ့ လံုၿခံဳေရးပါဘဲ။ CCP တရုတ္ကြန္ျမဴနစ္ပါတီက ခင္ဗ်ားတို႔ရဲ႕ data အခ်က္အလက္ေတြအားလံုးသိမ္းႀကံဳးယူဖို႔ အခု ေစာင့္ေနပါၿပီလို႔ ဝန္ႀကီး Pompeo က သတိေပးလိုက္ပါတယ္။အေရးႀကီးတဲ့ ဆက္သြယ္ေရး၊ စြမ္းအင္၊ သယ္ယူပို႔ေဆာင္ေရး ကြန္ယက္ေတြနဲ႔ ပတ္သက္တဲ့ ပစၥည္းတင္သြင္းတဲ့ေနရာမွာ စိတ္မခ်ရတဲ့ ကုမၼဏီေတြကို ဖယ္ပစ္ရမယ္လို႔ ဆိုပါတယ္။

ေနာက္ဆံုးေတာ့ အေရးပါတဲ့ စကားေတြကို၊ လက္ေတြ႔ ေဆာင္ရြက္ရမယ့္ အခ်ိန္ေရာက္ၿပီလို႔ ဝန္ႀကီး Pompeo ကေျပာပါတယ္။ ႏိုင္ငံေတြအၾကား ဆက္သြယ္ေဆာင္ရြက္ရမယ့္ စီမံကိန္းေတြ အျမန္ဆံုးစတင္ႏိုင္ဖို႔ အသင့္ အေနအထားနဲ႔ လႈပ္ရွားၾကဖို႔ က်ေနာ္ တိုက္တြန္း ပါတယ္။ေရွ႕ဆက္လုပ္ေနရင္းနဲ႔ တေယာက္္တည္းအထီးက်န္ မဟုတ္ဘူးဆိုတာ သိလာမွာပါ။က်ေနာ္တို႔ရဲ႕ ဥေရာပမိတ္ေဆြေတြရဲ႕ လြတ္ေျမာက္မႈနဲ႔ ဒီမိုကေရစီေရးအတြက္၊ လက္ရွိ ခ်စ္ၾကည္ေရး အေျခခံအုဋ္ျမစ္အရေရာ၊ ေနာင္လာမယ့္ႏွစ္ေတြအတြက္ပါ၊ခြန္အားအျပည့္နဲ႔ မယိမ္းယိုင္တဲ့ ေက်ာက္ေဆာင္လိုအတူတကြရပ္တည္သြားမွာျဖစ္တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo ကေျပာဆိုလိုက္ေၾကာင္းပါ။

.............

အမေရိကန်ဦးဆောင်မယ့် ၃ ပင်လယ်သုံးခု စီမံကိန်း

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

The Three Seas Initiative လို့ခေါ်တဲ့ သုံးပင်လယ်ဦးဆောင်ဦးရွက်ပြုမှု အစီအစဉ်မှာ ဘော်လတစ်ပင်လယ်၊ ပင်လယ်နက်နဲ့ Adriatic ပင်လယ်တဝိုက်က ဒီမိုကရေစီအသွင်ပြောင်းနေတဲ့၊ EU ဥရောပသမဂ္ဂအဖွဲ့ဝင် ၁၂ နိုင်ငံပါဝင်ပါတယ်။ဒီအစီအစဉ်ရဲ့ ရည်ရွယ်ချက်ကတော့ အဲဒီဒေသမှာ မလိုလားအပ်တဲ့ ရုရှားနဲ့ တရုတ်လို အာဏာရှင်အစိုးရတွေရဲ့ သြဇာလွှမ်းမိုးမှုကို ဆန့်ကျင်နိုင်ဖို့ အခြေခံအဆောက်အအုံအသစ်တွေ ရင်းနှီးမြှုပ်နှံရေး မြှင့်တင်နေတဲ့တချိန်တည်းမှာဘဲ၊ တောင်-မြောက် ဆက်သွယ်ရေး တိုးတက်အောင်၊ စီးပွားရေးဖွံ့ဖြိုးမှုနဲ့ စွမ်းအင်ဖူလုံရေးအတွက် ရင်းနှီးမြှုပ်နှံရေးအာာရုံစိုက်ဖို့ဖြစ်ပါတယ်။

ကျနော်တို့ ပြည်သူတွေရဲ့ ဘဝတိုးတက်ရေးအတွက်၊ ကျနော်တို့အနေနဲ့ ရှေ့မှာရှိနေတဲ့ အခွင့်အလမ်းတွေကို အမိအရ ဆုပ်ကိုင်ကြရမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က မကြာခင်က ကျင်းပတဲ့ သုံးပင်လယ် ထိပ်သီးညီလာခံမှာ အခုလို တိုက်တွန်းလိုက်ပါတယ်။

“ရှေရှည်မှာ လူနေမှုအဆင့်အတန်းမြင့်မားအောင်ကြိုးစားနေတဲ့ တချိန်တည်းမှာဘဲ၊ ဖွံ့ဖြိုးတိုးတက်ရေး အစပျိုးပြီး၊ ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြှုပ်နှံရေး ဆွဲဆောင်ဖို့ ကျနော်တို့မှာ အခွင့်အလမ်းတရပ် ရှိပါတယ်။အနာဂတ်မျိုးဆက်တွေအတွက် စီးပွားရေး လုံခြုံစိတ်ချရအောင် လည်ပတ်နိုင်မယ့်၊ ကျနော်တို့ရဲ့ အခြေခံအဆောက်အအုံနဲ့ စွမ်းအင်ဈေးကွက် အတူတကွ ဆက်စပ်နိုင်မယ့်နည်းလမ်းတွေအတွက် ကျနော်တို့မှာ အခွင့်အလမ်းတရပ်လည်းရှိပါတယ် လို့ပြောသွားတာပါ။"

ရန်ပုံငွေအလုံအလောက်နဲ့ အကောင်အထည်ဖေါ်နေတဲ့ သုံးပင်လယ် ဦးဆောင်ဦးရွက်ပြုမှု အစီအစဉ်အနေနဲ့ တူညီတဲ့ရည်မှန်းချက် အရောက်လှမ်းနိုင်မှာဖြစ်တယ်လို့ ဝန်ကြီး Pompeo ကပြောပါတယ်။ ဒါပေမယ့် ရုရှားနဲ့ တရုတ်ပြည်က အာဏာရှင်အစိုးရတွေက အခြေခံအဆောက်အအုံ စီမံကိန်းတွေရရှိရေးအတွက်၊ လွတ်လပ်တဲ့ပြည်သူတွေအပေါ် မဟာဗျူဟာကျကျ၊ နိုင်ငံရေးအမြတ်ထုတ်ဖို့ ကြံစည်နေကြတာတွေ့ရတယ်လို့ ဝန်ကြီး Pompeo က သတိပေးလိုက်ပါတယ်။

ရုရှားကနေ ဘော်လတစ်ပင်လယ်ကိုဖြတ်ပြီးဥရောပကို သွယ်တန်းမယ့် သဘာဝဓါတ်ငွေ့ပိုက်လိုင်း Nord Stream 2 စီမံကိန်းကိုလည်း ကျနော်တို့တွေ့ခဲ့ပြီးပါပြီ။တရုတ်က ကမ္ဘာတဝန်း လာအိုနိုင်ငံကနေ Montenegro, နောက် ပါကစ္စတန်အထိ အခြေခံအဆောက်အအုံ စီမံကိန်းတွေနဲ့ ဆိုးကျိုးသက်ရောက်စေခဲ့တာလည်း တွေ့ခဲ့ကြပြီးပါပြီ။

လွတ်လပ်တဲ့နိုင်ငံတွေအနေနဲ့အချုပ်အခြာအာဏာနဲ့ လွတ်လပ်ရေးကို အာဏာရှင် အစိုးရတွေနဲ့အပေးအယူ ထပ်လုပ်မှာကို အမေရိကန်ပြည်ထောင်စုကမတွေ့မြင်ချင်ပါဘူး။ ဒါ့ကြောင့် အမေရိကန်ပြည်ထောင်စုက သုံးပင်လယ်အခြေခံအဆောက်အဦး စီမံကိန်းတွေ၊ အကောင်အထည်ဖေါ်နိုင်ဖို့ ရန်ပုံငွေ ဒေါ်လာသန်း တထောင် ရင်းနှီးမြှုပ်နှံဖို့ မ တည်မယ်လို့ ကြေညာထားပါတယ်။

ဒီ စီမံကိန်းအတွက် ရန်ပုံငွေမထည့်ဝင်ရသေးတဲ့ သုံးပင်လယ်အဖွဲ့ဝင်နိုင်ငံတွေကို ထည့်ဝင်ကြဖို့နဲ့ တခြားအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့လည်း ထပ်မံရင်းနှီးမြှုပ်နှံကြဖို့ ဝန်ကြီး Pompeo က တိုက်တွန်းလိုက်ပါတယ်။

နောက်တဆင့်ကတော့ ပုဂ္ဂလိကကဏ္ဍ ပါဝင်လာစေရေး တွန်းအားပေးဖို့ဖြစ်ပါတယ်။ ဒီလိုလုပ်နိုင်ဖို့အတွက် မျှတတဲ့ တန်းတူအခွင့်အရေး အခင်းအကျင်း ရှိဖို့လိုတယ်လို့ ဝန်ကြီး Pompeo ကပြောပါတယ်။ နိုင်ငံပိုင်လုပ်ငန်းကြီးတွေကိုဘဲ ဘက်မလိုက်ဖို့၊ သို့မဟုတ်၊ ရင်းနှီးမြှုပ်နှံရာမှာ နိုင်ငံရေးကို ရှေ့တန်းတင်တာတွေမလုပ်ဘဲ၊ နိုင်ငံရဲ့ မူဝါဒတွေအနေနဲ့ အတတ်နိုင်ဆုံးဆွဲဆောင်ဖို့ မဖြစ်မနေ လိုအပ်တယ်လို့ဆိုပါတယ်။

နောက်ထပ်စိုးရိမ်စရာကတော့ လုံခြုံရေးပါဘဲ။ CCP တရုတ်ကွန်မြူနစ်ပါတီက ခင်ဗျားတို့ရဲ့ data အချက်အလက်တွေအားလုံးသိမ်းကြုံးယူဖို့ အခု စောင့်နေပါပြီလို့ ဝန်ကြီး Pompeo က သတိပေးလိုက်ပါတယ်။အရေးကြီးတဲ့ ဆက်သွယ်ရေး၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး ကွန်ယက်တွေနဲ့ ပတ်သက်တဲ့ ပစ္စည်းတင်သွင်းတဲ့နေရာမှာ စိတ်မချရတဲ့ ကုမ္မဏီတွေကို ဖယ်ပစ်ရမယ်လို့ ဆိုပါတယ်။

နောက်ဆုံးတော့ အရေးပါတဲ့ စကားတွေကို၊ လက်တွေ့ ဆောင်ရွက်ရမယ့် အချိန်ရောက်ပြီလို့ ဝန်ကြီး Pompeo ကပြောပါတယ်။ နိုင်ငံတွေအကြား ဆက်သွယ်ဆောင်ရွက်ရမယ့် စီမံကိန်းတွေ အမြန်ဆုံးစတင်နိုင်ဖို့ အသင့် အနေအထားနဲ့ လှုပ်ရှားကြဖို့ ကျနော် တိုက်တွန်း ပါတယ်။ရှေ့ဆက်လုပ်နေရင်းနဲ့ တယောက်တည်းအထီးကျန် မဟုတ်ဘူးဆိုတာ သိလာမှာပါ။ကျနော်တို့ရဲ့ ဥရောပမိတ်ဆွေတွေရဲ့ လွတ်မြောက်မှုနဲ့ ဒီမိုကရေစီရေးအတွက်၊ လက်ရှိ ချစ်ကြည်ရေး အခြေခံအုဋ်မြစ်အရရော၊ နောင်လာမယ့်နှစ်တွေအတွက်ပါ၊ခွန်အားအပြည့်နဲ့ မယိမ်းယိုင်တဲ့ ကျောက်ဆောင်လိုအတူတကွရပ်တည်သွားမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကပြောဆိုလိုက်ကြောင်းပါ။

XS
SM
MD
LG