Accessibility links

Breaking News

၂၀၂၀ ျပည့္ႏွစ္ ကမာၻ႔ပိုလီယိုေန႔ - ေရာဂါ ပေပ်ာက္ေရးဆီသို႔


မွတ္တမ္းဓါတ္ပံု- ႏိုင္ဂ်ီးရီးယားႏိုင္ငံတြင္ ကေလးမ်ားကို ပိုလီယိုေဆး တိုက္ေကၽြးစဥ္
မွတ္တမ္းဓါတ္ပံု- ႏိုင္ဂ်ီးရီးယားႏိုင္ငံတြင္ ကေလးမ်ားကို ပိုလီယိုေဆး တိုက္ေကၽြးစဥ္

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

ပိုလီယို Virus ေၾကာင့္ျဖစ္ပြားတဲ့ အေၾကာေသျခင္းနဲ႔ အသက္ပါေသေစႏိုင္တဲ့ ကူးစက္တဲ့ေရာဂါကို ပိုလီယိုမိုင္ရာလိုက္တစ္ (Poliomyelitis)သို႔မဟုတ္ ပိုလီယိုေရာဂါလို႔ ေခၚပါတယ္။ ပိုလီယို Virus ဟာ ဗဟိုေၾကာရိုးနဗ္မကို ထိုးထြင္းဝင္ေရာက္ၿပီး၊ နာရီအနည္းငယ္အတြင္းမွာ အေၾကာေတြကို လံုးဝေသေစႏိုင္ပါတယ္။အသက္အရြယ္မေရြး လူတိုင္းကူးစက္ႏိုင္ေပမဲ့ အသက္ ၅ ႏွစ္ေအာက္ကေလးအတြက္ ပိုၿပီး အႏၱရာယ္ရွိပါတယ္။ ပိုလီယိုေရာဂါကို ကာကြယ္ေဆးနဲ႔ ကာကြယ္ႏိုင္ေပမဲ့ လူတေယာက္ ပိုးကူးစက္ခံရၿပီဆိုရင္ေတာ့ ကုသလို႔မရေတာ့ပါဘူး။

ႏိုင္ငံေပါင္း ၁၂၅ ႏိုင္ငံမွာ ကေလးအရြယ္ - အေၾကာေသေရာဂါသည္ ၃ သိန္းခြဲေက်ာ္ ကူးစက္ေစခဲ့တဲ့ ပိုလီယိုေရာဂါကို၊ တိုက္ဖ်က္ၾကဖို႔ ၁၉၈၈ ခုႏွစ္က က်င္းပတဲ့ WHO ကမၻာ့က်န္းမာေရးညီလာခံမွာ ကတိျပဳခဲ့ၾကပါတယ္။

ကမၻာတဝန္း ပိုလီယိုေရာဂါကင္းစင္ေရးအတြက္ USAID အေမရိကန္ ႏိုင္ငံတကာဖြံ႔ၿဖိဳးမႈေအဂ်င္စီက ကူညီပ့ံပိုးခဲ့ပါတယ္။ ၁၉၉၄ ခုႏွစ္အတြင္း အေမရိကတိုက္ႏိုင္ငံေတြ၊ ၂၀၀၀ ျပည့္ႏွစ္မွာ ပစိဖိတ္အေနာက္ပိုင္းႏိုင္ငံေတြ၊ ၂၀၀၂ ခုႏွစ္မွာ ဥေရာပႏိုင္ငံေတြ၊ ၂၀၁၄ ခုႏွစ္မွာ အေရွ႔ေတာင္အာရွႏိုင္ငံေတြနဲ႔ အခုမၾကာခင္က အာဖရိကတိုက္ႏိုင္ငံေတြကို ကူညီခဲ့ပါတယ္။

အာဖရိကတိုက္ႏိုင္ငံေတြမွာ ၄ ႏွစ္အတြင္း ကူးစက္သူအသစ္ထပ္မေတြ႔ရတာေၾကာင့္ ဒီႏွစ္ၾသဂုတ္လလယ္ကစၿပီး ပိုလီယိုေရာဂါကင္းစင္တဲ့ေဒသအျဖစ္ အသိအမွတ္ျပဳလိုက္ပါတယ္။ ႏိုင္ငံတကာစံႏႈန္းနဲ႔အညီ ဒီေရာဂါကို အေလးအနက္ထား ေနာက္ဆံုးကာကြယ္တိုက္ဖ်က္ခဲ့တဲ့၊ ႏိုင္ဂ်ီးရီးယားႏိုင္ငံက၊ အာဖရိက ၄၆ ႏိုင္ငံနဲ႔အတူ၊ ေဒသတြင္း လူထုက်န္းမာေရး သမိုင္းမွတ္တိုင္စိုက္ထူႏိုင္ခဲ့တာကို ေအာင္ပြဲခံခဲ့ၾကပါတယ္။

အာဖဂန္နစၥတန္နဲ႔ ပါကစၥတန္ႏိုင္ငံမွာ ပိုလီယိုကူးစက္ေရာဂါကူးစက္မႈ ရွိေနဆဲျဖစ္ေပမဲ့၊ ဒီေန႔ကမၻာမွာ ပိုလီယိုေရာဂါကို ၉၉.၉ ရာခိုင္ႏႈန္း ေလွ်ာ့ခ်ႏိုင္ခဲ့ၿပီးျဖစ္ပါတယ္။

ႏိုင္ငံအေတာ္မ်ားမ်ားအတြက္ ပိုလီယိုေရာဂါတိုက္ဖ်က္ေရး လမ္းခရီးက မလြယ္ကူလွပါဘူး။ ဒီ Virus တိုက္ဖ်က္ေရးႀကိဳးပမ္းေနၾကတဲ့ႏိုင္ငံေတြမွာ၊ ေရရွည္ပဋိပကၡေတြ၊ သတင္းမွားေတြ၊ အေျခအေနမဲ့ လူဦးေရတိုးလာတာေတြ၊ ေဝးလံေခါင္သီ လက္မွမ္းမမွီတဲ့ေဒသက လူေတြနဲ႔ တျခားစိန္ေခၚမႈေတြရွိေနဆဲပါဘဲ။

ဘယ္လိုအခက္အခဲေတြရွိေနပါေစ၊ အၾကြင္းအက်န္ Virus ပိုးကူးစက္မႈက ကာကြယ္ဖို႔ တုန္႔ျပန္ရာမွာ ေရရွည္ ႀကိဳးစားေဆာင္ရြက္ရမွာျဖစ္ပါတယ္။ရည္ရြယ္ခ်က္မေပ်ာက္ေအာင္၊ မဆုတ္မနစ္ အားထုတ္၊ ျပႆနာ၊ေျဖရွင္းေရးအတြက္၊ တီထြင္ႀကံဆနည္းလမ္းရွာၿပီး အားႀကိဳးမန္တက္အလုပ္လုပ္ၾကတဲ့ ေဒသခံလူမႈအသိုင္းအဝိုင္းနဲ႔ အစိုးရေတြက ကမၻာတဝန္းမိတ္ဖက္ေတြနဲ႔အတူ ႀကိဳးစားမႈကတဆင့္၊ ပိုလီယိုကင္းစင္တဲ့ ကမၻာႀကီးကို အေရာက္လွမ္းႏိုင္မွာျဖစ္ပါတယ္။

ကမၻာတဝန္းပိုလီယိုကင္းစင္ေရး ေရွ႕ရႈၿပီး USAID အေမရိကန္ႏိုင္ငံတကာဖြံ႔ၿဖိဳးမႈေအဂ်င္စီရဲ႕ ပံ့ပိုးမႈနဲ႔ ႏွစ္စဥ္ ကေလးငယ္ သန္း ၄၀၀ ေက်ာ္ကို ပိုလီယိုကာကြယ္ေဆးတိုက္ေကၽြးႏိုင္ဖို႔၊ ဘယ္ကေလးတေယာက္မွ မက်န္ရေအာင္၊ မေရတြက္ႏိုင္ေအာင္မ်ားျပားလွတဲ့ က်န္းမာေရးလုပ္သားေတြ၊ လူမႈအသိုင္းအဝိုင္းေခါင္းေဆာင္ေတြနဲ႔ ေစတနာ့ဝန္ထမ္းေတြက ပူးေပါင္းေဆာင္ရြက္ေနၾကပါတယ္။

ဒီႀကိဳးပမ္းမႈေတြေၾကာင့္၊ ကာကြယ္ေဆးမတိုက္ခဲ့ရင္ အေၾကာေသမယ့္ ျပည္သူ သန္း ၉၀ဒီကေန႔ လမ္းေလွ်ာက္ႏိုင္ၾကပါၿပီ၊ ေနာက္ထပ္ ျပည္သူ ၁ သန္းခြဲေက်ာ္ ပိုလီယိုေၾကာင့္ အသက္မေသဘဲ အသက္ရွင္လ်က္ရွိေနၾကပါၿပီ။

ဒီႏွစ္ ၂၀၂၀ ျပည့္ႏွစ္ကေတာ့ ကမၻာ့ပိုလီယိုေန႔ အျဖစ္ ထူးထူးျခားျခား မွတ္တမ္းတင္ႏိုင္မွာျဖစ္ပါတယ္။ COVID-19 ကပ္ေရာဂါက ကမၻာတဝန္း မရွိမျဖစ္လိုအပ္တဲ့ က်န္းမာေရးလုပ္သားေတြကို ဝန္ပိေစတဲ့ၾကားက၊ ပံုမွန္ ႏွစ္စဥ္ ကာကြယ္ေဆးတိုက္ေကၽြးတဲ့အစီအစဥ္အပါအဝင္၊ အာဖရိကေဒသတြင္း ပိုလီယိုကင္းစင္တဲ့ေဒသအျဖစ္ အသိအမွတ္ျပဳႏိုင္ခဲ့ပါတယ္။

လက္ရွိ ရင္ဆိုင္ေနရတဲ့ ကပ္ေရာဂါနဲ႔ အနာဂတ္မွာ ကူးစက္ေရာဂါျပန္႔ပြားမႈ တုန္႔ျပန္ႏိုင္ၾကဖို႔ ေရွ႔ရႈၿပီး၊ပိုလီယိုတိုက္ဖ်က္ေရး လမ္းတေလွ်ာက္ အေတြ႔အႀကံဳကေပးတဲ့ သင္ခန္းစာေတြနဲ႔တည္ေဆာက္ခဲ့တဲ့ အေျခခံအေဆာက္အဦ ေတြကို အသံုးခ်ႏိုင္ေရး USAID အေမရိကန္ႏိုင္ငံတကာဖြံ႔ၿဖိဳးမႈေအဂ်င္စီက မိတ္ဖက္ေတြနဲ႔အတူ စီစဥ္ေနၾကေၾကာင္းပါ။

.................

၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ပိုလီယိုနေ့ - ရောဂါ ပပျောက်ရေးဆီသို့

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

ပိုလီယို Virus ကြောင့်ဖြစ်ပွားတဲ့ အကြောသေခြင်းနဲ့ အသက်ပါသေစေနိုင်တဲ့ ကူးစက်တဲ့ရောဂါကို ပိုလီယိုမိုင်ရာလိုက်တစ် (Poliomyelitis)သို့မဟုတ် ပိုလီယိုရောဂါလို့ ခေါ်ပါတယ်။ ပိုလီယို Virus ဟာ ဗဟိုကြောရိုးနဗ်မကို ထိုးထွင်းဝင်ရောက်ပြီး၊ နာရီအနည်းငယ်အတွင်းမှာ အကြောတွေကို လုံးဝသေစေနိုင်ပါတယ်။အသက်အရွယ်မရွေး လူတိုင်းကူးစက်နိုင်ပေမဲ့ အသက် ၅ နှစ်အောက်ကလေးအတွက် ပိုပြီး အန္တရာယ်ရှိပါတယ်။ ပိုလီယိုရောဂါကို ကာကွယ်ဆေးနဲ့ ကာကွယ်နိုင်ပေမဲ့ လူတယောက် ပိုးကူးစက်ခံရပြီဆိုရင်တော့ ကုသလို့မရတော့ပါဘူး။

နိုင်ငံပေါင်း ၁၂၅ နိုင်ငံမှာ ကလေးအရွယ် - အကြောသေရောဂါသည် ၃ သိန်းခွဲကျော် ကူးစက်စေခဲ့တဲ့ ပိုလီယိုရောဂါကို၊ တိုက်ဖျက်ကြဖို့ ၁၉၈၈ ခုနှစ်က ကျင်းပတဲ့ WHO ကမ္ဘာ့ကျန်းမာရေးညီလာခံမှာ ကတိပြုခဲ့ကြပါတယ်။

ကမ္ဘာတဝန်း ပိုလီယိုရောဂါကင်းစင်ရေးအတွက် USAID အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီက ကူညီပံ့ပိုးခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်အတွင်း အမေရိကတိုက်နိုင်ငံတွေ၊ ၂၀၀၀ ပြည့်နှစ်မှာ ပစိဖိတ်အနောက်ပိုင်းနိုင်ငံတွေ၊ ၂၀၀၂ ခုနှစ်မှာ ဥရောပနိုင်ငံတွေ၊ ၂၀၁၄ ခုနှစ်မှာ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ အခုမကြာခင်က အာဖရိကတိုက်နိုင်ငံတွေကို ကူညီခဲ့ပါတယ်။

အာဖရိကတိုက်နိုင်ငံတွေမှာ ၄ နှစ်အတွင်း ကူးစက်သူအသစ်ထပ်မတွေ့ရတာကြောင့် ဒီနှစ်သြဂုတ်လလယ်ကစပြီး ပိုလီယိုရောဂါကင်းစင်တဲ့ဒေသအဖြစ် အသိအမှတ်ပြုလိုက်ပါတယ်။ နိုင်ငံတကာစံနှုန်းနဲ့အညီ ဒီရောဂါကို အလေးအနက်ထား နောက်ဆုံးကာကွယ်တိုက်ဖျက်ခဲ့တဲ့၊ နိုင်ဂျီးရီးယားနိုင်ငံက၊ အာဖရိက ၄၆ နိုင်ငံနဲ့အတူ၊ ဒေသတွင်း လူထုကျန်းမာရေး သမိုင်းမှတ်တိုင်စိုက်ထူနိုင်ခဲ့တာကို အောင်ပွဲခံခဲ့ကြပါတယ်။

အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်နိုင်ငံမှာ ပိုလီယိုကူးစက်ရောဂါကူးစက်မှု ရှိနေဆဲဖြစ်ပေမဲ့၊ ဒီနေ့ကမ္ဘာမှာ ပိုလီယိုရောဂါကို ၉၉.၉ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့ပြီးဖြစ်ပါတယ်။

နိုင်ငံအတော်များများအတွက် ပိုလီယိုရောဂါတိုက်ဖျက်ရေး လမ်းခရီးက မလွယ်ကူလှပါဘူး။ ဒီ Virus တိုက်ဖျက်ရေးကြိုးပမ်းနေကြတဲ့နိုင်ငံတွေမှာ၊ ရေရှည်ပဋိပက္ခတွေ၊ သတင်းမှားတွေ၊ အခြေအနေမဲ့ လူဦးရေတိုးလာတာတွေ၊ ဝေးလံခေါင်သီ လက်မှမ်းမမှီတဲ့ဒေသက လူတွေနဲ့ တခြားစိန်ခေါ်မှုတွေရှိနေဆဲပါဘဲ။

ဘယ်လိုအခက်အခဲတွေရှိနေပါစေ၊ အကြွင်းအကျန် Virus ပိုးကူးစက်မှုက ကာကွယ်ဖို့ တုန့်ပြန်ရာမှာ ရေရှည် ကြိုးစားဆောင်ရွက်ရမှာဖြစ်ပါတယ်။ရည်ရွယ်ချက်မပျောက်အောင်၊ မဆုတ်မနစ် အားထုတ်၊ ပြဿနာ၊ဖြေရှင်းရေးအတွက်၊ တီထွင်ကြံဆနည်းလမ်းရှာပြီး အားကြိုးမန်တက်အလုပ်လုပ်ကြတဲ့ ဒေသခံလူမှုအသိုင်းအဝိုင်းနဲ့ အစိုးရတွေက ကမ္ဘာတဝန်းမိတ်ဖက်တွေနဲ့အတူ ကြိုးစားမှုကတဆင့်၊ ပိုလီယိုကင်းစင်တဲ့ ကမ္ဘာကြီးကို အရောက်လှမ်းနိုင်မှာဖြစ်ပါတယ်။

ကမ္ဘာတဝန်းပိုလီယိုကင်းစင်ရေး ရှေ့ရှုပြီး USAID အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီရဲ့ ပံ့ပိုးမှုနဲ့ နှစ်စဉ် ကလေးငယ် သန်း ၄၀၀ ကျော်ကို ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးနိုင်ဖို့၊ ဘယ်ကလေးတယောက်မှ မကျန်ရအောင်၊ မရေတွက်နိုင်အောင်များပြားလှတဲ့ ကျန်းမာရေးလုပ်သားတွေ၊ လူမှုအသိုင်းအဝိုင်းခေါင်းဆောင်တွေနဲ့ စေတနာ့ဝန်ထမ်းတွေက ပူးပေါင်းဆောင်ရွက်နေကြပါတယ်။

ဒီကြိုးပမ်းမှုတွေကြောင့်၊ ကာကွယ်ဆေးမတိုက်ခဲ့ရင် အကြောသေမယ့် ပြည်သူ သန်း ၉၀ဒီကနေ့ လမ်းလျှောက်နိုင်ကြပါပြီ၊ နောက်ထပ် ပြည်သူ ၁ သန်းခွဲကျော် ပိုလီယိုကြောင့် အသက်မသေဘဲ အသက်ရှင်လျက်ရှိနေကြပါပြီ။

ဒီနှစ် ၂၀၂၀ ပြည့်နှစ်ကတော့ ကမ္ဘာ့ပိုလီယိုနေ့ အဖြစ် ထူးထူးခြားခြား မှတ်တမ်းတင်နိုင်မှာဖြစ်ပါတယ်။ COVID-19 ကပ်ရောဂါက ကမ္ဘာတဝန်း မရှိမဖြစ်လိုအပ်တဲ့ ကျန်းမာရေးလုပ်သားတွေကို ဝန်ပိစေတဲ့ကြားက၊ ပုံမှန် နှစ်စဉ် ကာကွယ်ဆေးတိုက်ကျွေးတဲ့အစီအစဉ်အပါအဝင်၊ အာဖရိကဒေသတွင်း ပိုလီယိုကင်းစင်တဲ့ဒေသအဖြစ် အသိအမှတ်ပြုနိုင်ခဲ့ပါတယ်။

လက်ရှိ ရင်ဆိုင်နေရတဲ့ ကပ်ရောဂါနဲ့ အနာဂတ်မှာ ကူးစက်ရောဂါပြန့်ပွားမှု တုန့်ပြန်နိုင်ကြဖို့ ရှေ့ရှုပြီး၊ပိုလီယိုတိုက်ဖျက်ရေး လမ်းတလျှောက် အတွေ့အကြုံကပေးတဲ့ သင်ခန်းစာတွေနဲ့တည်ဆောက်ခဲ့တဲ့ အခြေခံအဆောက်အဦ တွေကို အသုံးချနိုင်ရေး USAID အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီက မိတ်ဖက်တွေနဲ့အတူ စီစဉ်နေကြကြောင်းပါ။

XS
SM
MD
LG