Accessibility links

Breaking News

ဒုကၡေရာက္ ရိုဟင္ဂ်ာေတြဆီ စာနာမႈအကူအညီေရာက္ရွိေရး အေမရိကန္ ဆက္လက္ပူးေပါင္းမည္


(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

လြန္ခဲ့တဲ့ ၅ ႏွစ္တုန္းက ျမန္မာလံုၿခံဳေရးတပ္ဖြဲ႕ေတြက မူဆလင္ရိုဟင္ဂ်ာလူနည္းစုေတြအေပၚ လူမ်ိဳးစုအလိုက္ရွင္းလင္းဖယ္ရွားတဲ့အေနနဲ႕ အၾကမ္းဖက္ႏွိပ္ကြပ္တဲ့ စစ္ဆင္ေရးလုပ္ခဲ့ပါတယ္။ တခ်ိဳ႕တိုက္ခိုက္မႈေတြက ၂၀၁၆ ခုနွစ္ေအာက္တိုဘာလနဲ႔ ၂၀၁၇ ခုႏွစ္ ဇန္နဝါရီလအတြင္း ျဖစ္ပြားခဲ့တာပါ။ ဒုတိကအေၾကာ့ တိုက္ခိုက္မႈကေတာ့ ၂၀၁၇ ခုႏွစ္ၾသဂုတ္မွာ စတင္ခဲ့ပါတယ္။

ရိုဟင္ဂ်ာဒုကၡသည္ တသန္းေက်ာ္ ျမန္မာျပည္ကေနထြက္ေျပးခဲ့ၾကရပါတယ္။ အခုခ်ိန္မွာ ရိုဟင္ဂ်ာဒုကၡသည္ ၈ သိန္း ၆ ေသာင္းခန္႔ဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၊ Cox's Bazar က ဒုကၡသည္စခန္းေတြမွာ ခိုလံႈေနၾကပါတယ္။ ေနာက္ထပ္ ရိုဟင္ဂ်ာတသိန္းခြဲကေတာ့ အိႏၵိယ၊ ထိုင္း၊ အင္ဒိုနီးရွားနဲ႔ မေလးရွားအပါအဝင္ ေဒသတြင္းႏိုင္ငံေတြမွာ ေရာက္ရွိေနၾကပါတယ္။ ျမန္မာျပည္တြင္းမွာ ရိုဟင္ဂ်ာလူဦးေရ ၆ သိန္းဝန္းက်င္ရွိေနဆဲျဖစ္ၿပီး၊ အကြက္ခ် ခြဲျခားဆက္ဆံမႈေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။ အဲဒီထဲက တသိန္း ၃ ေသာင္းေက်ာ္ဟာ ျပည္တြင္းအေျခအေနမဲ့ေတြျဖစ္ၾကၿပီး အမ်ားစုဟာ ရခိုင္ျပည္နယ္က သီးျခားဒုကၡသည္စခန္းေတြမွာ ေနၾကရပါတယ္။

ေအာက္တိုဘာလ ၂၂ ရက္ေန႔က ရိုဟင္ဂ်ာဒုကၡသည္ေတြအတြက္ ႏိုင္ငံတကာအေထာက္အပံ့ စဥ္ဆက္မျပတ္ပံ႔ပိုးေရး ဆိုတဲ့ေခါင္းစဥ္နဲ႔ Online ညီလာခံတရပ္ကို အေမရိကန္ျပည္ေထာင္စုက ပူးတြဲကမကထ လုပ္ခဲ့ပါတယ္။ အေမရိကန္ျပည္ေထာင္စုက ရိုဟင္ဂ်ာဒုကၡသည္ေတြနဲ႔ အိမ္ရွင္ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြက္ ၂၀၂၀ ျပည့္ဘ႑ာႏွစ္ကုန္အထိ ေနာက္ထပ္ေဒၚလာ သန္း ၂၀၀ နီးပါးပံ့ပိုးတဲ့အစီအစဥ္ကို ထပ္မံ အတည္ျပဳေၾကာင္း ေၾကညာလိုက္ၿပီး၊ တျခားႏိုင္ငံေတြအေနနဲ႔လည္း မၿပီးဆံုးေသးတဲ့ ရိုဟင္ဂ်ာဒုကၡသည္အေရးအတြက္ လ်က္ေလ်ာစြာ ထည့္ဝင္ၾကဖို႔ ဒီညီလာခံကေန အားေပးလိုက္ပါတယ္။ ၂၀၁၇ ခုႏွစ္ ၾသဂုတ္လကစၿပီး၊ ရိုဟင္ဂ်ာဒုကၡသည္အၾကပ္အတည္းအတြက္ အေမရိကန္က ထည့္ဝင္ပံ့ပိုးခဲ့တာ ေဒၚလာ သန္း ၁၂၀၀ နီးပါးရွိသြားပါၿပီ။

Online ကေန က်င္းပတဲ့ညီလာခံကို ၿဗိတိန္၊ EU- ဥေရာပသမဂၢနဲ႔ ဒုကၡသည္မ်ားဆိုင္ရာ ကုလသမဂၢမဟာမင္းႀကီးရံုးက အႀကီးတန္းတာဝန္ရွိသူေတြနဲ႔အတူ အေမရိကန္ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး Stephen Biegun က ဦးစီးက်င္းတာျဖစ္ၿပီး၊ ရိုဟင္ဂ်ာဒုကၡသည္အၾကပ္အတည္း အေျဖရွာၾကတဲ့ ႏိုင္ငံတကာရဲ႕ ႀကိဳးပမ္းမႈကို မီးေမာင္းထိုးျပတာျဖစ္တယ္လို႔ဆိုပါတယ္။

ဒီအၾကပ္အတည္းအတြက္ ေရရွည္တည္တံ့မယ့္အေျဖရွာႏိုင္ေရး၊က်ေနာ္တို႔ရဲ႕ ႀကိဳးပမ္းမႈကို ၂ ဆ တိုးလုပ္ေနတဲ့ တခ်ိန္တည္းမွာဘဲ၊ ထိခိုက္လြယ္တဲ့ဒုကၡသည္ေတြနဲ႔ ပတ္သက္လို႔ ေျပာဆိုေပးၾကဖို႔ကလည္း အေရးႀကီးပါတယ္လို႔ Mr. Biegun ကေျပာပါတယ္။ ရိုဟင္ဂ်ာဒုကၡသည္ေတြ ဆႏၵအေလ်ာက္၊ လံုၿခံဳစိတ္ခ်စြာ၊ သိကၡာရွိစြာနဲ႔ ျမန္မာျပည္ျပန္ႏိုင္ေရး၊ အေျခအေနေတြ ဖန္တီးေပးရမယ့္ ျမန္မာအစိုးရရဲ႕ အခန္းက႑ကိုလည္း Mr. Biegun က မီးေမာင္းထိုးျပပါတယ္။

ပထမအဆင့္အေနနဲ႔ ျမန္မာအစိုးရက ဒုကၡေရာက္ေနတဲ့ လူမႈအသိုင္းအဝိုင္းကို စာနာမႈအကူအညီေတြ အရွည္သျဖင့္ပံ့ပိုးႏိုင္ဖို႔အတြက္ သြားလာခြင့္ေပးရမွာျဖစ္ၿပီး၊ ဒီႀကိဳးပမ္းမႈမွာ က်ေနာ္တို႔က မိတ္ဖက္အျဖစ္ ဆက္လက္ ရပ္တည္သြားမွာျဖစ္တယ္လို႔ ဒုဝန္ႀကီး Biegun ကေျပာပါတယ္။

ျမန္မာအစိုးရကေတာ့ ရိုဟင္ဂ်ာဆိုတဲ့ လူမ်ိဳးအမည္အသံုးအႏံႈးကို အသိအမွတ္မျပဳပါဘူး။

လက္နက္နဲ႔ မူးယစ္ေဆးဝါး တရားမဝင္ေရာင္းဝယ္တာေတြ၊ ျပည္နယ္တြင္းအၾကမ္းဖက္တိုက္ခိုက္တာေတြနဲ႔ ေရရွည္မတည္မၿငိမ္ျဖစ္ေနတာေတြအပါအဝင္၊ ပဋိပကၡရဲ႕ အေျခခံဇစ္ျမစ္ကို ကိုင္တြယ္ဖို႔ ဒီထက္မက လုပ္စရာေတြရွိေသးတယ္ဆိုတာ သတိျပဳမိေၾကာင္းလည္း Mr. Biegun ကေထာက္ျပပါတယ္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံနဲ႔ ေဒသတြင္း တျခားႏိုင္ငံေတြမွာေရာက္ေနၾကသူေတြေရာ၊ ျပည္တြင္းမွာ အေျခအေနမဲ့ရွိေနၾကတဲ့ ရိုဟင္ဂ်ာဒုကၡသည္ေတြ ခံစားေနရတဲ့ ဒုကၡေတြကို စာနာတဲ့၊ ႏိုင္ငံတကာရဲ႕ တုန္႔ျပန္မႈအျဖစ္ ေခါင္းေဆာင္ေတြအေနနဲ႔ ဒီညီလာခံကေန မီးေမာင္းထိုးျပတာျဖစ္တယ္လို႔ဆိုပါတယ္။ ရက္စက္စြာလူ႔အခြင့္အေရးခ်ိဳးေဖာက္ခဲ့မႈေတြအတြက္ တာဝန္ရွိသူေတြ တာဝန္ခံမႈရွိေအာင္၊ ရိုဟင္ဂ်ာအသိုင္းအဝိုင္းရဲ႕ အနာဂတ္ကံၾကမၼာ ကိုယ္တိုင္ဆံုးျဖတ္ႏိုင္ေရးကို ထင္ဟပ္ေစမယ့္ မူဝါဒေတြ ခ်မွတ္ၿပီး၊ က်ေနာ္တို႔က အတူတကြ ေဆာင္ရြက္သြားမွာျဖစ္ပါတယ္လို႔ အေမရိကန္ ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး Stephen Biegun ကေျပာဆိုလိုက္ေၾကာင္းပါ။

..........

ဒုက္ခရောက် ရိုဟင်ဂျာတွေဆီ စာနာမှုအကူအညီရောက်ရှိရေး အမေရိကန်ဆက်လက်ပူးပေါင်းမည်
(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

လွန်ခဲ့တဲ့ ၅ နှစ်တုန်းက မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက မူဆလင်ရိုဟင်ဂျာလူနည်းစုတွေအပေါ် လူမျိုးစုအလိုက်ရှင်းလင်းဖယ်ရှားတဲ့အနေနဲ့ အကြမ်းဖက်နှိပ်ကွပ်တဲ့ စစ်ဆင်ရေးလုပ်ခဲ့ပါတယ်။ တချို့တိုက်ခိုက်မှုတွေက ၂၀၁၆ ခုနှစ်အောက်တိုဘာလနဲ့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်း ဖြစ်ပွားခဲ့တာပါ။ ဒုတိကအကြော့ တိုက်ခိုက်မှုကတော့ ၂၀၁၇ ခုနှစ်သြဂုတ်မှာ စတင်ခဲ့ပါတယ်။

ရိုဟင်ဂျာဒုက္ခသည် တသန်းကျော် မြန်မာပြည်ကနေထွက်ပြေးခဲ့ကြရပါတယ်။ အခုချိန်မှာ ရိုဟင်ဂျာဒုက္ခသည် ၈ သိန်း ၆ သောင်းခန့်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox's Bazar က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြပါတယ်။ နောက်ထပ် ရိုဟင်ဂျာတသိန်းခွဲကတော့ အိန္ဒိယ၊ ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှားအပါအဝင် ဒေသတွင်းနိုင်ငံတွေမှာ ရောက်ရှိနေကြပါတယ်။ မြန်မာပြည်တွင်းမှာ ရိုဟင်ဂျာလူဦးရေ ၆ သိန်းဝန်းကျင်ရှိနေဆဲဖြစ်ပြီး၊ အကွက်ချ ခွဲခြားဆက်ဆံမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒီထဲက တသိန်း ၃ သောင်းကျော်ဟာ ပြည်တွင်းအခြေအနေမဲ့တွေဖြစ်ကြပြီး အများစုဟာ ရခိုင်ပြည်နယ်က သီးခြားဒုက္ခသည်စခန်းတွေမှာ နေကြရပါတယ်။

အောက်တိုဘာလ ၂၂ ရက်နေ့က ရိုဟင်ဂျာဒုက္ခသည်တွေအတွက် နိုင်ငံတကာအထောက်အပံ့ စဉ်ဆက်မပြတ်ပံ့ပိုးရေး ဆိုတဲ့ခေါင်းစဉ်နဲ့ Online ညီလာခံတရပ်ကို အမေရိကန်ပြည်ထောင်စုက ပူးတွဲကမကထ လုပ်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုက ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ အိမ်ရှင်ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ၂၀၂၀ ပြည့်ဘဏ္ဍာနှစ်ကုန်အထိ နောက်ထပ်ဒေါ်လာ သန်း ၂၀၀ နီးပါးပံ့ပိုးတဲ့အစီအစဉ်ကို ထပ်မံ အတည်ပြုကြောင်း ကြေညာလိုက်ပြီး၊ တခြားနိုင်ငံတွေအနေနဲ့လည်း မပြီးဆုံးသေးတဲ့ ရိုဟင်ဂျာဒုက္ခသည်အရေးအတွက် လျက်လျောစွာ ထည့်ဝင်ကြဖို့ ဒီညီလာခံကနေ အားပေးလိုက်ပါတယ်။ ၂၀၁၇ ခုနှစ် သြဂုတ်လကစပြီး၊ ရိုဟင်ဂျာဒုက္ခသည်အကြပ်အတည်းအတွက် အမေရိကန်က ထည့်ဝင်ပံ့ပိုးခဲ့တာ ဒေါ်လာ သန်း ၁၂၀၀ နီးပါးရှိသွားပါပြီ။

Online ကနေ ကျင်းပတဲ့ညီလာခံကို ဗြိတိန်၊ EU- ဥရောပသမဂ္ဂနဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးက အကြီးတန်းတာဝန်ရှိသူတွေနဲ့အတူ အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Stephen Biegun က ဦးစီးကျင်းတာဖြစ်ပြီး၊ ရိုဟင်ဂျာဒုက္ခသည်အကြပ်အတည်း အဖြေရှာကြတဲ့ နိုင်ငံတကာရဲ့ ကြိုးပမ်းမှုကို မီးမောင်းထိုးပြတာဖြစ်တယ်လို့ဆိုပါတယ်။

ဒီအကြပ်အတည်းအတွက် ရေရှည်တည်တံ့မယ့်အဖြေရှာနိုင်ရေး၊ကျနော်တို့ရဲ့ ကြိုးပမ်းမှုကို ၂ ဆ တိုးလုပ်နေတဲ့ တချိန်တည်းမှာဘဲ၊ ထိခိုက်လွယ်တဲ့ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ ပြောဆိုပေးကြဖို့ကလည်း အရေးကြီးပါတယ်လို့ Mr. Biegun ကပြောပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေ ဆန္ဒအလျောက်၊ လုံခြုံစိတ်ချစွာ၊ သိက္ခာရှိစွာနဲ့ မြန်မာပြည်ပြန်နိုင်ရေး၊ အခြေအနေတွေ ဖန်တီးပေးရမယ့် မြန်မာအစိုးရရဲ့ အခန်းကဏ္ဍကိုလည်း Mr. Biegun က မီးမောင်းထိုးပြပါတယ်။

ပထမအဆင့်အနေနဲ့ မြန်မာအစိုးရက ဒုက္ခရောက်နေတဲ့ လူမှုအသိုင်းအဝိုင်းကို စာနာမှုအကူအညီတွေ အရှည်သဖြင့်ပံ့ပိုးနိုင်ဖို့အတွက် သွားလာခွင့်ပေးရမှာဖြစ်ပြီး၊ ဒီကြိုးပမ်းမှုမှာ ကျနော်တို့က မိတ်ဖက်အဖြစ် ဆက်လက် ရပ်တည်သွားမှာဖြစ်တယ်လို့ ဒုဝန်ကြီး Biegun ကပြောပါတယ်။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ လူမျိုးအမည်အသုံးအနှုံးကို အသိအမှတ်မပြုပါဘူး။

လက်နက်နဲ့ မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်တာတွေ၊ ပြည်နယ်တွင်းအကြမ်းဖက်တိုက်ခိုက်တာတွေနဲ့ ရေရှည်မတည်မငြိမ်ဖြစ်နေတာတွေအပါအဝင်၊ ပဋိပက္ခရဲ့ အခြေခံဇစ်မြစ်ကို ကိုင်တွယ်ဖို့ ဒီထက်မက လုပ်စရာတွေရှိသေးတယ်ဆိုတာ သတိပြုမိကြောင်းလည်း Mr. Biegun ကထောက်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဒေသတွင်း တခြားနိုင်ငံတွေမှာရောက်နေကြသူတွေရော၊ ပြည်တွင်းမှာ အခြေအနေမဲ့ရှိနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ခံစားနေရတဲ့ ဒုက္ခတွေကို စာနာတဲ့၊ နိုင်ငံတကာရဲ့ တုန့်ပြန်မှုအဖြစ် ခေါင်းဆောင်တွေအနေနဲ့ ဒီညီလာခံကနေ မီးမောင်းထိုးပြတာဖြစ်တယ်လို့ဆိုပါတယ်။ ရက်စက်စွာလူ့အခွင့်အရေးချိုးဖောက်ခဲ့မှုတွေအတွက် တာဝန်ရှိသူတွေ တာဝန်ခံမှုရှိအောင်၊ ရိုဟင်ဂျာအသိုင်းအဝိုင်းရဲ့ အနာဂတ်ကံကြမ္မာ ကိုယ်တိုင်ဆုံးဖြတ်နိုင်ရေးကို ထင်ဟပ်စေမယ့် မူဝါဒတွေ ချမှတ်ပြီး၊ ကျနော်တို့က အတူတကွ ဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Stephen Biegun ကပြောဆိုလိုက်ကြောင်းပါ။

XS
SM
MD
LG