Accessibility links

Breaking News

တရုတ္၀ါဒျဖန္႔ မီဒီယာတခ်ိဳ႕အေပၚ အေမရိကန္ရဲ႕ တန္ျပန္လုပ္ရပ္


Xinhua သတင္းဌာန
Xinhua သတင္းဌာန

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

အေမရိကန္ျပည္ေထာင္စုအေနနဲ႔ တရုတ္ကြန္ျမဴ နစ္ေတြရဲ႕ ဝါဒျဖန္႔တာေတြကို ဆက္လက္တန္ျပန္ ဖိအားေပးေနပါတယ္။အေမရိကန္ျပည္တြင္းမွာရွိတဲ့ တရုတ္သတင္းမီဒီယာကုမၸဏီ ၆ ခု ကို ႏိုင္ငံျခားအဖြဲ႔အစည္းေတြအျဖစ္အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက မၾကာခင္က သတ္မွတ္လိုက္တယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo ကေျပာဆိုလိုက္ပါတယ္။

“အဲဒီ သတင္းဌာနေတြအားလံုးကို ႏိုင္ငံျခားအစိုးရတခုက လံုးဝပိုင္ဆိုင္တာ၊ သို႔မဟုတ္ ထိထိေရာက္ေရာက္ ထိန္းခ်ဳပ္ေနတာျဖစ္ပါတယ္။ က်ေနာ္တို႔က အေမရိကန္ျပည္သူေတြ ေသေသခ်ာခ်ာ သိေစခ်င္တာပါ။ သတင္းအခ်က္အလက္ေတြ နားဆင္၊ ၾကည့္ရႈသူေတြအေနနဲ႕ လြတ္လပ္တဲ့သတင္းဌာနက ေရးသားထုတ္လႊင့္တဲ့သတင္းေတြနဲ႔ တရုတ္ကြန္ျမဴ နစ္ပါတီက ဝါဒျဖန္႔တဲ့ သတင္းေတြကို ခြဲျခားႏိုင္ေအာင္ျဖစ္ပါတယ္။ သတင္းေတြက မတူပါဘူး လို႔ ေျပာသြားတာပါ။"

Foreign Missions Act ဥပေဒအရ ႏိုင္ငံျခားအဖြဲ႔အစည္းအျဖစ္ သတ္မွတ္လိုက္တဲ့ တရုတ္သတင္းဌာန ၆ ခု ကေတာ့Yicai Global, Jiefang Daily, Xinmin Evening News, Social Sciences in China Press, Beijing Review နဲ႔ Economic Daily တို႔ျဖစ္ၾကပါတယ္။

လြန္ခဲ့တဲ့ ၁၀ ႏွစ္အတြင္း၊ အထူးသျဖင့္ အေထြေထြအတြင္းေရးမွဴး Xi Jinping လက္ထက္ CCP တရုတ္ကြန္ျမဴ နစ္ပါတီဟာ တရုတ္ႏိုင္ငံပိုင္ - ေက်ာေထာက္ေနာက္ခံျပဳ သတင္းဌာနေတြကို က်ယ္က်ယ္ျပန္႔ျပန္႔ ထိန္းခ်ဳပ္ေနတာပါ။

ပါတီပိုင္ သတင္းမီဒီယာေတြအေနနဲ႔ ပါတီရဲ႕ ဆႏၵကို ပိုက္ေထြး၊ ပါတီအာဏာပိုင္ေတြကို ဝန္းရံၿပီး သူတို႔ရဲ႕ ေရးသားထုတ္လႊင့္မႈေတြဟာ ပါတီရဲ႕မူေတြနဲ႔ တေျပးညီမႈ ရွိရမယ္လို႔ အေထြေထြအတြင္းေရးမွဴး ရွီကိုယ္တိုင္ေျပာထားတာျဖစ္ပါတယ္။

ကမၻာတဝန္း လြတ္လပ္တဲ့သတင္းမီဒီယာေတြက အမွန္တရားကို ေဇာင္းေပးေနခ်ိန္မွာ၊ တရုတ္မီဒီယာေတြက CCP တရုတ္ကြန္ျမဴ နစ္ပါတီရဲ႕ မူေတြကို စြဲကိုင္ေနၾကတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ Morgan Ortagus ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖၚျပထားပါတယ္။

တရုတ္မီဒီယာ ၆ ခုကို ႏိုင္ငံျခားအဖြဲ႔အစည္းေတြအျဖစ္သတ္မွတ္တဲ့ ဆံုးျဖတ္ခ်က္ေၾကာင့္၊ အေမရိကန္ျပည္တြင္း သူတို႔ရဲ႕ ေရးသားေဖၚျပခ်က္ေတြကို ကန္႔သတ္မွာ မဟုတ္ပါဘူး။အဲဒီတရုတ္မီဒီယာဟာ တရုတ္ျပည္သူ႔သမၼတႏိုင္ငံက ထိန္းခ်ဳပ္တဲ့ သတင္းဌာနေတြ ဆိုတာကို အသိအမွတ္ျပဳလိုက္တာဘဲျဖစ္ပါတယ္။

ဇြန္လ ၂၂ ရက္ေန႔က China Central Television, China News Service, the People’s Daily နဲ႕ the Global Times သတင္းဌာန၊ ေဖေဖၚဝါရီလ ၁၈ ရက္ေန႔က Xinhua News Agency, China Global Television Network, China Radio International, China Daily Distribution Corporation, နဲ႔ Hai Tian Development USA သတင္းဌာနေတြကို ႏိုင္ငံျခားအဖြဲ႔အစည္းေတြအျဖစ္ သတ္မွတ္ခဲ့ၿပီးေနာက္၊ အခု တရုတ္မီဒီယာ ၆ ခုကို ထပ္ျဖည့္သတ္မွတ္တာျဖစ္ပါတယ္။

ႏိုင္ငံျခားအဖြဲ႔အစည္းအျဖစ္ သတ္မွတ္ခံရတဲ့ မီဒီယာေတြအေနနဲ႔အေမရိကန္ျပည္ေထာင္စုမွာ သူတို႔အစိုးရရဲ႕ သတင္းေဖၚျပခ်က္ေတြကို ပိုၿပီး ပြင့္လင္းျမင္သာမႈရွိေအာင္ လိုက္နာဖို႔ လိုအပ္ပါတယ္။

“က်မတို႔ရဲ႕ ရည္မွန္းခ်က္က အေမရိကန္ျပည္ေထာင္စုရဲ႕ သတင္းလြတ္လပ္ခြင့္ကို ကာကြယ္ဖို႔ုဖစ္ပါတယ္။ သတင္းေတြက လြတ္လပ္တဲ့ သတင္းဌာနေတြကလား၊ အေကာက္ႀကံတဲ့ ႏိုင္ငံျခားအစိုးရေတြဆီကလား၊ ဆိုတာကို အေမရိကန္ျပည္သူေတြ စိတ္ခ်လက္ခ် ကြဲကြဲျပားျပား သိရွိေစဖို႔ျဖစ္ပါတယ္။ အမွန္တရားကို တန္ဖိုးထားတဲ့သူေတြအတြက္ ပြင့္လင္းျမင္သာမႈက အႏၱရာယ္မေပးပါဘူး”လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ Morgan Ortegus ကေျပာဆိုလိုက္ေၾကာင္းပါ။

............

တရုတ်ဝါဒဖြန့် မီဒီယာတချို့အပေါ် အမေရိကန်ရဲ့ တန်ပြန်လုပ်ရပ်

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ တရုတ်ကွန်မြူ နစ်တွေရဲ့ ဝါဒဖြန့်တာတွေကို ဆက်လက်တန်ပြန် ဖိအားပေးနေပါတယ်။အမေရိကန်ပြည်တွင်းမှာရှိတဲ့ တရုတ်သတင်းမီဒီယာကုမ္ပဏီ ၆ ခု ကို နိုင်ငံခြားအဖွဲ့အစည်းတွေအဖြစ်အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မကြာခင်က သတ်မှတ်လိုက်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကပြောဆိုလိုက်ပါတယ်။

“အဲဒီ သတင်းဌာနတွေအားလုံးကို နိုင်ငံခြားအစိုးရတခုက လုံးဝပိုင်ဆိုင်တာ၊ သို့မဟုတ် ထိထိရောက်ရောက် ထိန်းချုပ်နေတာဖြစ်ပါတယ်။ ကျနော်တို့က အမေရိကန်ပြည်သူတွေ သေသေချာချာ သိစေချင်တာပါ။ သတင်းအချက်အလက်တွေ နားဆင်၊ ကြည့်ရှုသူတွေအနေနဲ့ လွတ်လပ်တဲ့သတင်းဌာနက ရေးသားထုတ်လွှင့်တဲ့သတင်းတွေနဲ့ တရုတ်ကွန်မြူ နစ်ပါတီက ဝါဒဖြန့်တဲ့ သတင်းတွေကို ခွဲခြားနိုင်အောင်ဖြစ်ပါတယ်။ သတင်းတွေက မတူပါဘူး လို့ ပြောသွားတာပါ။"

Foreign Missions Act ဥပဒေအရ နိုင်ငံခြားအဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်တဲ့ တရုတ်သတင်းဌာန ၆ ခု ကတော့Yicai Global, Jiefang Daily, Xinmin Evening News, Social Sciences in China Press, Beijing Review နဲ့ Economic Daily တို့ဖြစ်ကြပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း၊ အထူးသဖြင့် အထွေထွေအတွင်းရေးမှူး Xi Jinping လက်ထက် CCP တရုတ်ကွန်မြူ နစ်ပါတီဟာ တရုတ်နိုင်ငံပိုင် - ကျောထောက်နောက်ခံပြု သတင်းဌာနတွေကို ကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ်နေတာပါ။

ပါတီပိုင် သတင်းမီဒီယာတွေအနေနဲ့ ပါတီရဲ့ ဆန္ဒကို ပိုက်ထွေး၊ ပါတီအာဏာပိုင်တွေကို ဝန်းရံပြီး သူတို့ရဲ့ ရေးသားထုတ်လွှင့်မှုတွေဟာ ပါတီရဲ့မူတွေနဲ့ တပြေးညီမှု ရှိရမယ်လို့ အထွေထွေအတွင်းရေးမှူး ရှီကိုယ်တိုင်ပြောထားတာဖြစ်ပါတယ်။

ကမ္ဘာတဝန်း လွတ်လပ်တဲ့သတင်းမီဒီယာတွေက အမှန်တရားကို ဇောင်းပေးနေချိန်မှာ၊ တရုတ်မီဒီယာတွေက CCP တရုတ်ကွန်မြူ နစ်ပါတီရဲ့ မူတွေကို စွဲကိုင်နေကြတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Morgan Ortagus ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

တရုတ်မီဒီယာ ၆ ခုကို နိုင်ငံခြားအဖွဲ့အစည်းတွေအဖြစ်သတ်မှတ်တဲ့ ဆုံးဖြတ်ချက်ကြောင့်၊ အမေရိကန်ပြည်တွင်း သူတို့ရဲ့ ရေးသားဖေါ်ပြချက်တွေကို ကန့်သတ်မှာ မဟုတ်ပါဘူး။အဲဒီတရုတ်မီဒီယာဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ထိန်းချုပ်တဲ့ သတင်းဌာနတွေ ဆိုတာကို အသိအမှတ်ပြုလိုက်တာဘဲဖြစ်ပါတယ်။

ဇွန်လ ၂၂ ရက်နေ့က China Central Television, China News Service, the People’s Daily နဲ့ the Global Times သတင်းဌာန၊ ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့က Xinhua News Agency, China Global Television Network, China Radio International, China Daily Distribution Corporation, နဲ့ Hai Tian Development USA သတင်းဌာနတွေကို နိုင်ငံခြားအဖွဲ့အစည်းတွေအဖြစ် သတ်မှတ်ခဲ့ပြီးနောက်၊ အခု တရုတ်မီဒီယာ ၆ ခုကို ထပ်ဖြည့်သတ်မှတ်တာဖြစ်ပါတယ်။

နိုင်ငံခြားအဖွဲ့အစည်းအဖြစ် သတ်မှတ်ခံရတဲ့ မီဒီယာတွေအနေနဲ့အမေရိကန်ပြည်ထောင်စုမှာ သူတို့အစိုးရရဲ့ သတင်းဖေါ်ပြချက်တွေကို ပိုပြီး ပွင့်လင်းမြင်သာမှုရှိအောင် လိုက်နာဖို့ လိုအပ်ပါတယ်။

“ကျမတို့ရဲ့ ရည်မှန်းချက်က အမေရိကန်ပြည်ထောင်စုရဲ့ သတင်းလွတ်လပ်ခွင့်ကို ကာကွယ်ဖို့ဖစ်ပါတယ်။ သတင်းတွေက လွတ်လပ်တဲ့ သတင်းဌာနတွေကလား၊ အကောက်ကြံတဲ့ နိုင်ငံခြားအစိုးရတွေဆီကလား၊ ဆိုတာကို အမေရိကန်ပြည်သူတွေ စိတ်ချလက်ချ ကွဲကွဲပြားပြား သိရှိစေဖို့ဖြစ်ပါတယ်။ အမှန်တရားကို တန်ဖိုးထားတဲ့သူတွေအတွက် ပွင့်လင်းမြင်သာမှုက အန္တရာယ်မပေးပါဘူး”လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Morgan Ortegus ကပြောဆိုလိုက်ကြောင်းပါ။

XS
SM
MD
LG