Accessibility links

Breaking News

တရုတ္အပါအ၀င္ ကမၻာတလႊားက လူကုန္ကူူးမႈမ်ား ရပ္တန္႔ေရး အေမရိကန္ ႀကိဳးပမ္း


Human Trafficking
Human Trafficking

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

ရက္စက္စြာ လူကုန္ကူးမႈ က်ဴးလြန္ခဲ့သူေတြကို တရားဥပေဒအရ အေရးယူေရးနဲ႔ ဒီဆိုးဝါးလွတဲ့ ျပစ္မႈေၾကာင့္ ဒုကၡေရာက္ခဲ့ၾကသူေတြ လြတ္ေျမာက္ေရးအတြက္ မမွိတ္မသုန္ေဆာင္ရြက္သြားဖို႔ သႏၷိ႒ာန္ခ်မွတ္ထားတယ္လို႔ သမၼတထရမ့္က ေျပာဆိုလိုက္ပါတယ္။

မၾကာခင္ကထုတ္ျပန္လိုက္တဲ့ သမၼတထရမ့္အစိုးရရဲ႕ ႏိုင္ငံလံုးဆိုင္ရာ လူကုန္ကူးမႈတိုက္ဖ်က္ေရး အေရးယူမယ့္အစီအစဥ္အရ အေမရိကန္ျပည္တြင္းမွာလည္း၊ အရြယ္ေရာက္သူေတြနဲ႔ ကေလးေတြကို ေခါင္းပံုျဖတ္ၿပီး အဓမၼအလုပ္ခိုင္းေစတာ သို႔မဟုတ္ လိင္ကုန္ကူးေစခိုင္းတာေတြ အဆံုးသတ္ႏိုင္ေရး ရည္ရြယ္တာျဖစ္ပါတယ္။ ႀကိဳတင္ကာကြယ္ေရး၊ အကာအကြယ္ေပးေရးနဲ႔ အေရးယူေရးစတဲ့ ပင္မေဒါက္တိုင္ ၃ ခုကိုအေျခခံတဲ့ အစီအစဥ္ျဖစ္ပါတယ္။အစိုးရရဲ႕ အလံုးစံုခ်ဥ္းကပ္မႈတဆင့္ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ လက္လွမ္းမွီသမွ် ဘက္ေပါင္းစံုကေန လူကုန္ကူးမႈတိုက္ဖ်က္ေရး ေဆာင္ရြက္သြားမွာျဖစ္ပါတယ္။

အေမရိကန္လူဝင္မႈႀကီးၾကပ္ေရးနဲ႔ အေကာက္ခြန္ တရားဥေပဒစိုးမိုးေရးအဖြဲ႔ေတြနဲ႔ တျခား ျပည္ေထာင္စုေထာက္လွမ္းေရးေတြက လြန္ခဲ့တဲ့ ၃ ႏွစ္အတြင္း လူကုန္ကူးသူ ၅ ေထာင္ေက်ာ္ ဖမ္းဆီးႏိုင္ခဲ့ပါတယ္။ရာဇဝတ္ဂိုဏ္းေတြကို ၿဖိဳ ခြဲေနတဲ့တခ်ိန္တည္းမွာဘဲ၊ သူတို႔ရဲ႕ ဘ႑ာေရးကြန္ယက္ေတြကို ဟန္႔တားႏိုင္ခဲ့တယ္႔လို႔ သမၼတထရမ့္ကေျပာဆိုလိုက္တဲ့အေၾကာင္း၊ ႏိုင္ငံလံုးဆိုင္ရာလူကုန္ကူးမႈတိုက္ဖ်က္ေရး အေရးယူမယ့္အစီအစဥ္ နိဒါန္းမွာေဖၚျပထားပါတယ္။အေမရိကန္တရားဥပေဒစိုးမိုးေရးအဖြဲ႔ေတြက မကၠစီကို တရားဥပေဒစိုးမိုးေရးတာဝန္ရွိသူေတြနဲ႔ ညွိႏိႈင္းၿပီး ေတာင္ပိုင္း နယ္စပ္ေဒသတေၾကာ လႈပ္ရွားေနၾကတဲ့ လူကုန္ကူးကြန္ယက္ေတြကို ႏွိမ္နင္းႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။

အားလံုးေသာ ႏိုင္ငံေတြ၊ စီးပြားေရးလုပ္ငန္းႀကီးေတြနဲ႔ စားသံုးသူေတြအေနနဲ႔ ကုန္ပစၥည္းစီးဆင္းလည္ပတ္မႈမွာ အဓမၼအလုပ္ခိုင္းေစတာေတြက ကင္းရွင္းေအာင္လုပ္ၾကဖို႔ကိုလည္း အေမရိကန္ျပည္ေထာင္စုက ေတာင္းဆိုလိုက္ပါတယ္။

တရုတ္ကြန္ျမဴ နစ္ပါတီက တရုတ္ႏိုင္ငံတခြင္နဲ႔ ရွင္ဂ်န္းျပည္နယ္က ဝီဂါနဲ႔ တျခားတိုင္းရင္းသားေတြ၊ ေနာက္ လူနည္းစုဘာသာဝင္ေတြအေပၚ ဖိႏွိပ္တဲ့ စစ္ဆင္ေရး တစိတ္တပိုင္းအျဖစ္၊ ရက္စက္စြာ အဓမၼအလုပ္ခိုင္းေစတဲ့ အေလ့အက်င့္အပါအဝင္၊ တျခား လူ႔အခြင့္အေရးခ်ိဳးေဖါက္တာေတြအတြက္ ျပင္းထန္စြာ ဆက္လက္အျပစ္တင္ရႈတ္ခ်သြားမယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo ကေျပာဆိုလိုက္ပါတယ္။

အက်ိဳ းဆက္အေနနဲ႔ ဆိုးဆိုးဝါးဝါး လူ႔အခြင့္အေရး ခ်ိဳ းေဖါက္မႈမွာ တာဝန္ရွိတဲ့ တရုတ္ျပည္သူ႔သမၼတႏိုင္ငံနဲ႔ ကြန္ျမဴ နစ္ပါတီတာဝန္ရွိသူေတြကို အေမရိကန္က ျပည္ဝင္ခြင့္ဗီဇာ ကန္႔သတ္လိုက္ပါတယ္။ ကုလသမဂၢမွာလည္း ရွင္က်န္းကုန္ပစၥည္းစီဆင္းမႈ လုပ္ငန္းအႀကံေပး ႏိုင္ငံတကာညြန္႔ေပါင္းအဖြဲ႔ ဖြဲ႔စည္းလိုက္ပါတယ္။

တရုတ္ကြန္ျမဴ နစ္ပါတီက ဒီခ်ိဳး ေဖာက္တာေတြ ဆက္လုပ္ေနသေရြ႔၊ ဒီကိစၥကို အေလးထားမိၾကေစဖို႔၊ လက္မခံႏိုင္စရာ အဓမၼအလုပ္ေစခိုင္းတဲ့မူဝါဒ ခ်က္ခ်င္းရပ္ဖို႔ တရုတ္အစိုးရကိုဖိအားေပးေရးအတြက္ က်ေနာ္တို႔အေနနဲ႔စက္မႈလုပ္ငန္းေတြ၊ အလုပ္သမားေရးပညာေပးသူေတြနဲ႔ တျခားအစိုးရေတြနဲ႔ အတူ ဆက္လက္ ေဆာင္ရြက္သြားမွာျဖစ္တယ္လို႔ ဝန္ႀကီး Pompeo ကေျပာပါတယ္။

အေမရိကန္ျပည္ေထာင္စုဟာ ျပည္တြင္းမွာေရာ ျပည္ပမွာပါ အားလံုးေသာ လူကုန္ကူးမႈပံုစံမ်ိဳးစံု အဆံုးသတ္ႏိုင္ေရးအတြက္ ျပတ္သားတဲ့ သံဓိဌာန္ခ်မွတ္ထားပါတယ္။ လူ႔ေဘာင္အသိုင္းအဝိုင္းနဲ႔ တဦးခ်င္းစီရဲ႕ လံုၿခံဳမႈကို အႏၱရာယ္ျပဳ ၿခိမ္းေျခာက္ေနတဲ့ ဒီ စက္ဆုတ္ဖြယ္ရာျပစ္မႈ ဆက္လက္မက်ဳးလြန္ေအာင္၊ တိုက္ဖ်က္သြားဖို႔ ေရွ႕ဆက္ တြန္းအားေပးသြားမွာျဖစ္တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo ကေျပာဆိုလိုက္ေၾကာင္းပါ။

.................

တရုတ်အပါအဝင် ကမ္ဘာတလွှားက လူကုန်ကူူးမှုများ ရပ်တန့်ရေး အမေရိကန် ကြိုးပမ်း

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

ရက်စက်စွာ လူကုန်ကူးမှု ကျူးလွန်ခဲ့သူတွေကို တရားဥပဒေအရ အရေးယူရေးနဲ့ ဒီဆိုးဝါးလှတဲ့ ပြစ်မှုကြောင့် ဒုက္ခရောက်ခဲ့ကြသူတွေ လွတ်မြောက်ရေးအတွက် မမှိတ်မသုန်ဆောင်ရွက်သွားဖို့ သန္နိဋ္ဌာန်ချမှတ်ထားတယ်လို့ သမ္မတထရမ့်က ပြောဆိုလိုက်ပါတယ်။

မကြာခင်ကထုတ်ပြန်လိုက်တဲ့ သမ္မတထရမ့်အစိုးရရဲ့ နိုင်ငံလုံးဆိုင်ရာ လူကုန်ကူးမှုတိုက်ဖျက်ရေး အရေးယူမယ့်အစီအစဉ်အရ အမေရိကန်ပြည်တွင်းမှာလည်း၊ အရွယ်ရောက်သူတွေနဲ့ ကလေးတွေကို ခေါင်းပုံဖြတ်ပြီး အဓမ္မအလုပ်ခိုင်းစေတာ သို့မဟုတ် လိင်ကုန်ကူးစေခိုင်းတာတွေ အဆုံးသတ်နိုင်ရေး ရည်ရွယ်တာဖြစ်ပါတယ်။ ကြိုတင်ကာကွယ်ရေး၊ အကာအကွယ်ပေးရေးနဲ့ အရေးယူရေးစတဲ့ ပင်မဒေါက်တိုင် ၃ ခုကိုအခြေခံတဲ့ အစီအစဉ်ဖြစ်ပါတယ်။အစိုးရရဲ့ အလုံးစုံချဉ်းကပ်မှုတဆင့် အမေရိကန်ပြည်ထောင်စုအနေနဲ့ လက်လှမ်းမှီသမျှ ဘက်ပေါင်းစုံကနေ လူကုန်ကူးမှုတိုက်ဖျက်ရေး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

အမေရိကန်လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန် တရားဥပေဒစိုးမိုးရေးအဖွဲ့တွေနဲ့ တခြား ပြည်ထောင်စုထောက်လှမ်းရေးတွေက လွန်ခဲ့တဲ့ ၃ နှစ်အတွင်း လူကုန်ကူးသူ ၅ ထောင်ကျော် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ရာဇဝတ်ဂိုဏ်းတွေကို ဖြို ခွဲနေတဲ့တချိန်တည်းမှာဘဲ၊ သူတို့ရဲ့ ဘဏ္ဍာရေးကွန်ယက်တွေကို ဟန့်တားနိုင်ခဲ့တယ့်လို့ သမ္မတထရမ့်ကပြောဆိုလိုက်တဲ့အကြောင်း၊ နိုင်ငံလုံးဆိုင်ရာလူကုန်ကူးမှုတိုက်ဖျက်ရေး အရေးယူမယ့်အစီအစဉ် နိဒါန်းမှာဖေါ်ပြထားပါတယ်။အမေရိကန်တရားဥပဒေစိုးမိုးရေးအဖွဲ့တွေက မက္ကစီကို တရားဥပဒေစိုးမိုးရေးတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီး တောင်ပိုင်း နယ်စပ်ဒေသတကြော လှုပ်ရှားနေကြတဲ့ လူကုန်ကူးကွန်ယက်တွေကို နှိမ်နင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အားလုံးသော နိုင်ငံတွေ၊ စီးပွားရေးလုပ်ငန်းကြီးတွေနဲ့ စားသုံးသူတွေအနေနဲ့ ကုန်ပစ္စည်းစီးဆင်းလည်ပတ်မှုမှာ အဓမ္မအလုပ်ခိုင်းစေတာတွေက ကင်းရှင်းအောင်လုပ်ကြဖို့ကိုလည်း အမေရိကန်ပြည်ထောင်စုက တောင်းဆိုလိုက်ပါတယ်။

တရုတ်ကွန်မြူ နစ်ပါတီက တရုတ်နိုင်ငံတခွင်နဲ့ ရှင်ဂျန်းပြည်နယ်က ဝီဂါနဲ့ တခြားတိုင်းရင်းသားတွေ၊ နောက် လူနည်းစုဘာသာဝင်တွေအပေါ် ဖိနှိပ်တဲ့ စစ်ဆင်ရေး တစိတ်တပိုင်းအဖြစ်၊ ရက်စက်စွာ အဓမ္မအလုပ်ခိုင်းစေတဲ့ အလေ့အကျင့်အပါအဝင်၊ တခြား လူ့အခွင့်အရေးချိုးဖေါက်တာတွေအတွက် ပြင်းထန်စွာ ဆက်လက်အပြစ်တင်ရှုတ်ချသွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကပြောဆိုလိုက်ပါတယ်။

အကျို းဆက်အနေနဲ့ ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေး ချို းဖေါက်မှုမှာ တာဝန်ရှိတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ ကွန်မြူ နစ်ပါတီတာဝန်ရှိသူတွေကို အမေရိကန်က ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်လိုက်ပါတယ်။ ကုလသမဂ္ဂမှာလည်း ရှင်ကျန်းကုန်ပစ္စည်းစီဆင်းမှု လုပ်ငန်းအကြံပေး နိုင်ငံတကာညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းလိုက်ပါတယ်။

တရုတ်ကွန်မြူ နစ်ပါတီက ဒီချိုး ဖောက်တာတွေ ဆက်လုပ်နေသရွေ့၊ ဒီကိစ္စကို အလေးထားမိကြစေဖို့၊ လက်မခံနိုင်စရာ အဓမ္မအလုပ်စေခိုင်းတဲ့မူဝါဒ ချက်ချင်းရပ်ဖို့ တရုတ်အစိုးရကိုဖိအားပေးရေးအတွက် ကျနော်တို့အနေနဲ့စက်မှုလုပ်ငန်းတွေ၊ အလုပ်သမားရေးပညာပေးသူတွေနဲ့ တခြားအစိုးရတွေနဲ့ အတူ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဝန်ကြီး Pompeo ကပြောပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ပြည်တွင်းမှာရော ပြည်ပမှာပါ အားလုံးသော လူကုန်ကူးမှုပုံစံမျိုးစုံ အဆုံးသတ်နိုင်ရေးအတွက် ပြတ်သားတဲ့ သံဓိဌာန်ချမှတ်ထားပါတယ်။ လူ့ဘောင်အသိုင်းအဝိုင်းနဲ့ တဦးချင်းစီရဲ့ လုံခြုံမှုကို အန္တရာယ်ပြု ခြိမ်းခြောက်နေတဲ့ ဒီ စက်ဆုတ်ဖွယ်ရာပြစ်မှု ဆက်လက်မကျုးလွန်အောင်၊ တိုက်ဖျက်သွားဖို့ ရှေ့ဆက် တွန်းအားပေးသွားမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကပြောဆိုလိုက်ကြောင်းပါ။

XS
SM
MD
LG