Accessibility links

Breaking News

ျမန္မာ့အေရး ႏိုင္ငံတကာနဲ႔ လက္တြဲၿပီး ကန္ေဆာင္ရြက္မည္ 


Secretary of State of the U.S. Antony Blinken and the Foreign Minister of Mexico Marcelo Ebrard hold the Second Annual Meeting of the High-Level Economic Dialogue in Mexico
Secretary of State of the U.S. Antony Blinken and the Foreign Minister of Mexico Marcelo Ebrard hold the Second Annual Meeting of the High-Level Economic Dialogue in Mexico

ျမန္မာနိုင္ငံတြင္း အၾကမ္းဖက္မႈေတြ အဆံုးသတ္ဖို႔နဲ႔  ဖမ္းဆီး အထိမ္းသိမ္းခံထားရတဲ့ နိုင္ငံ သမၼတ ဦးဝင္းျမင့္နဲ႕ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ အပါအဝင္ မတရားအဖမ္းဆီးခံေနရသူ အားလံုးကို လႊတ္ေပးဖို႕  ဒီဇင္ဘာ ၂၁ ရက္မွာ ကုလသမဂၢလုံၿခဳံေရးေကာင္စီကေန ဆံုးျဖတ္ခ်က္ခ် ေတာင္းဆိုထားပါတယ္။   

ျမန္မာ့အေရး ႏိုင္ငံတကာနဲ႔ လက္တြဲၿပီး ကန္ေဆာင္ရြက္မည္

{{Zawgyi/Unicode}}
ျမန္မာနိုင္ငံမွာ ၂၀၂၁ ခုနွစ္ စစ္တပ္ အာဏာသိမ္းျပီးခ်ိန္ကစလို႔ စစ္ေကာင္စီက ျမန္မာျပည္သူလူထု အေပၚ အၾကမ္းဖက္မႈေတြ က်ဴးလြန္ေနတာေတြ႕ရပါတယ္။

ျမန္မာနိုင္ငံတြင္း အၾကမ္းဖက္မႈေတြ အဆံုးသတ္ဖို႔နဲ႔ ဖမ္းဆီး အထိမ္းသိမ္းခံထားရတဲ့ နိုင္ငံ သမၼတ ဦးဝင္းျမင့္နဲ႕ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ အပါအဝင္ မတရားအဖမ္းဆီးခံေနရသူ အားလံုးကို လႊတ္ေပးဖို႕ ဒီဇင္ဘာ ၂၁ ရက္မွာ ကုလသမဂၢလုံၿခဳံေရးေကာင္စီကေန ဆံုးျဖတ္ခ်က္ခ် ေတာင္းဆိုထားပါတယ္။

အေမရိကန္အစိုးရကလညး္ အဆိုပါဆံုးျဖတ္ခ်က္ကို ၾကိဳဆိုေၾကာင္း နိုင္ငံျခားေရးဝန္ၾကီး Antony Blinken ကလည္း ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။ ဒါဟာ ျမန္မာအရပ္ဘက္ျပည္သူေတြ အေပၚ ဖိႏွိပ္မႈနဲ႔ အၾကမ္းဖက္မႈေတြ တိုးလုပ္လာေနတဲ့ စစ္ေကာင္စီရဲ႕ လုပ္ရပ္ေတြ အဆံုးသတ္ဖို႔နဲ႔ ျမန္မာ့အေရး ကုလသမဂၢလုံၿခဳံေရးေကာင္စီက အေရးယူေဆာင္ရြက္ လာတာ ျဖစ္တဲ့ အတြက္ အေရးပါတဲ့ ေျခလွမ္းတရပ္ျဖစ္တယ္လို႔ ဝန္ႀကီး Blinken က ေျပာၾကားခဲ့တာပါ။

ျမန္မာနိုင္ငံ အၾကပ္အတည္းအတြက္ ၿငိမ္းခ်မ္းစြာ အေျဖရွာနိုင္ေရး ၾကိဳးပမ္းမႈမွာ အေရွ႕ေတာင္အာရွ အာဆီယံအသင္းၾကီးရဲ႕ အခန္းက႑ အေရးပါမႈကိုလည္း လံုံျခံဳေရးေကာင္စီရဲ႕ ဆံုးျဖတ္ခ်က္က အေလးထားေဖာ္ျပထားတာ ျဖစ္ပါတယ္။ အာဆီယံက ျမန္မာ့အေရး သက္ဆိုင္သူအားလံုး ပါဝင္တဲ့ အျပဳသေဘာေဆာင္ ေဆြးေႏြးမႈေတြ လုပ္ဖို႔ အၾကမ္းဖက္မႈေတြရပ္တန္႔ဖို႔နဲ ေဒသတြင္း လူသားခ်င္း စာနာေထာက္ထားမႈ အကူအညီေတြ ပိုမိုေပးနိုင္ေရးေတြ ပါဝင္တဲ့ အာဆီယံဘံုသေဘာတူညီခ်က္ ၅ ရပ္ကို အေကာင္ထည္ေဖၚ ေရးဟာ အာဆီယံရဲ႕ ဦးတည္ခ်က္ ျဖစ္ေၾကာင္းလည္း ေဖၚျပထားပါတယ္။

ကုလသမဂၢ ႏိုင္ငံေရးဆိုင္ရာ အေမရိကန္ အထူးသံအမတ္ႀကီး Robert Wood ကလည္း ကုလသမဂၢ လုံၿခဳံေရးေကာင္စီရဲ႕ ဒီဆံုးျဖတ္ခ်က္ကို သေဘာတူ ေထာက္ခံပါတယ္။

ဒီဆံုးျဖတ္ခ်က္ဟာ ျမန္မာ့အေရး ကုလသမဂၢနဲ႔ ႏိုင္ငံတကာ အသိုင္းအဝိုင္းက အင္နဲ႔အားနဲ႔ ဝိုင္းဝန္းပံ့ပိုးေပးဖို႔ က်ေနာ္တို႔ရဲ႕ အာဆီယံ မိတ္ေဆြေတြ ပန္ၾကားခ်က္ကို ပံုပိုးေပးမယ္လို႔ ေျဖၾကားလိုက္တာလည္း ျဖစ္ပါတယ္။
လို႕ Robert Wood က ေျပာပါတယ္။

ဒါေပမယ့္လည္း ကုလသမဂၢလုံၿခဳံေရးေကာင္စီရဲ႕ ဆံုးျဖတ္ခ်က္က စစ္တပ္က်ဴးလြန္ထားတဲ့ ရာဇဝတ္ ျပစ္မႈေတြအေပၚ တာဝန္ယူ ဖို႔အထိေတာ့ ေသေသခ်ာခ်ာ ပာဆိုထားတာမရွိဘူးလို႔လည္း ေျပာပါတယ္။

စစ္တပ္ရဲ႕ ဘာသာေရး၊ လြတ္လပ္စြာ ယံုၾကည္ကိုးကြယ္ခြင့္ ဆိုင္ရာ ခ်ိဳးေဖာက္မႈေတြကို အတိအလင္း ထုတ္ေဖၚ ေျပာဆိုသင့္သလို၊ စစ္တပ္က်ဴးလြန္ထားတဲ့ အျပစ္ေတြျဖစ္တဲ့ စာသင္ေက်ာင္းေတြနဲ႕ ေဖ်ာ္ေျဖေရးပြဲကို ဗံုးၾကဲတိုက္ခိုက္မႈေၾကာင့္ ျပည္သူအမ်ားအျပား ေသဆံုးခဲ့ရတဲ့ျဖစ္ရပ္ေတြကို တရားရင္ဆိုင္ေျဖရွင္းဖို႕ကိုလည္း အတိအလင္း ထုတ္ေျပာသင့္ ပါတယ္။ ကုလသမၼဂ အေထြေထြညီလာခံရဲ႕ ျမန္မာစစ္တပ္ကို လက္နက္ေရာင္းခ်မႈ ပိတ္ပင္ေရး ေထာက္ခံတဲ့ ဆံုးျဖတ္ခ်က္ ကလည္းအေရးပါပါတယ္။ တဆက္ထဲမွာပဲ စစ္တပ္ ဆက္လက္ရရွိေနတဲ့ ဝင္ေငြလမ္းေတြကို ရပ္တန္႔နိုင္မယ့္ေဆာင္ရြက္ခ်က္ေတြကိုလည္း ဆက္လက္လုပ္ေဆာင္ဖို႕လိုပါတယ္
လို႕ Robert Wood က ေျပာပါတယ္။

ျမန္မာနိုင္ငံအတြင္း အၾကမ္းဖက္မႈေတြ ရပ္တံ့နိုင္ေရး နဲ႔ ျမန္မာံအၾကပ္အတည္းကို ျငိ္မ္းခ်မ္းစြာ ေျဖရွင္းနိုင္ေရးအတြက္ အာဆီယံအပါအဝင္၊ ကုလမၼဂအဖြဲ႕ၾကီးနဲ႕ နိုင္ငံတကာ အသိုင္းအဝန္းနဲ႕ပူးေပါင္းေဆာင္ရြက္သြားဖို႕ အေမရိကန္အစိုးရအေနနဲ႕ အခိုင္အမာဆံုးျဖတ္ခ်က္ထားရွိပါတယ္။

.........................................

မြန်မာ့အရေး နိုင်ငံတကာနဲ့ လက်တွဲပြီး ကန်ဆောင်ရွက်မည်

{{Zawgyi/Unicode}}
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးချိန်ကစလို့ စစ်ကောင်စီက မြန်မာပြည်သူလူထု အပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်နေတာတွေ့ရပါတယ်။

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့နဲ့ ဖမ်းဆီး အထိမ်းသိမ်းခံထားရတဲ့ နိုင်ငံ သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားအဖမ်းဆီးခံနေရသူ အားလုံးကို လွှတ်ပေးဖို့ ဒီဇင်ဘာ ၂၁ ရက်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ ဆုံးဖြတ်ချက်ချ တောင်းဆိုထားပါတယ်။

အမေရိကန်အစိုးရကလည်း အဆိုပါဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကလည်း ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒါဟာ မြန်မာအရပ်ဘက်ပြည်သူတွေ အပေါ် ဖိနှိပ်မှုနဲ့ အကြမ်းဖက်မှုတွေ တိုးလုပ်လာနေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေ အဆုံးသတ်ဖို့နဲ့ မြန်မာ့အရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရေးယူဆောင်ရွက် လာတာ ဖြစ်တဲ့ အတွက် အရေးပါတဲ့ ခြေလှမ်းတရပ်ဖြစ်တယ်လို့ ဝန်ကြီး Blinken က ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံ အကြပ်အတည်းအတွက် ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေး ကြိုးပမ်းမှုမှာ အရှေ့တောင်အာရှ အာဆီယံအသင်းကြီးရဲ့ အခန်းကဏ္ဍ အရေးပါမှုကိုလည်း လုံံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်က အလေးထားဖော်ပြထားတာ ဖြစ်ပါတယ်။ အာဆီယံက မြန်မာ့အရေး သက်ဆိုင်သူအားလုံး ပါဝင်တဲ့ အပြုသဘောဆောင် ဆွေးနွေးမှုတွေ လုပ်ဖို့ အကြမ်းဖက်မှုတွေရပ်တန့်ဖို့နဲ ဒေသတွင်း လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပိုမိုပေးနိုင်ရေးတွေ ပါဝင်တဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်ထည်ဖေါ် ရေးဟာ အာဆီယံရဲ့ ဦးတည်ချက် ဖြစ်ကြောင်းလည်း ဖေါ်ပြထားပါတယ်။

ကုလသမဂ္ဂ နိုင်ငံရေးဆိုင်ရာ အမေရိကန် အထူးသံအမတ်ကြီး Robert Wood ကလည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဒီဆုံးဖြတ်ချက်ကို သဘောတူ ထောက်ခံပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ မြန်မာ့အရေး ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက အင်နဲ့အားနဲ့ ဝိုင်းဝန်းပံ့ပိုးပေးဖို့ ကျနော်တို့ရဲ့ အာဆီယံ မိတ်ဆွေတွေ ပန်ကြားချက်ကို ပုံပိုးပေးမယ်လို့ ဖြေကြားလိုက်တာလည်း ဖြစ်ပါတယ်။
လို့ Robert Wood က ပြောပါတယ်။

ဒါပေမယ့်လည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်က စစ်တပ်ကျူးလွန်ထားတဲ့ ရာဇဝတ် ပြစ်မှုတွေအပေါ် တာဝန်ယူ ဖို့အထိတော့ သေသေချာချာ ပာဆိုထားတာမရှိဘူးလို့လည်း ပြောပါတယ်။

စစ်တပ်ရဲ့ ဘာသာရေး၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ဆိုင်ရာ ချိုးဖောက်မှုတွေကို အတိအလင်း ထုတ်ဖေါ် ပြောဆိုသင့်သလို၊ စစ်တပ်ကျူးလွန်ထားတဲ့ အပြစ်တွေဖြစ်တဲ့ စာသင်ကျောင်းတွေနဲ့ ဖျော်ဖြေရေးပွဲကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူအများအပြား သေဆုံးခဲ့ရတဲ့ဖြစ်ရပ်တွေကို တရားရင်ဆိုင်ဖြေရှင်းဖို့ကိုလည်း အတိအလင်း ထုတ်ပြောသင့် ပါတယ်။ ကုလသမ္မဂ အထွေထွေညီလာခံရဲ့ မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှု ပိတ်ပင်ရေး ထောက်ခံတဲ့ ဆုံးဖြတ်ချက် ကလည်းအရေးပါပါတယ်။ တဆက်ထဲမှာပဲ စစ်တပ် ဆက်လက်ရရှိနေတဲ့ ဝင်ငွေလမ်းတွေကို ရပ်တန့်နိုင်မယ့်ဆောင်ရွက်ချက်တွေကိုလည်း ဆက်လက်လုပ်ဆောင်ဖို့လိုပါတယ်
လို့ Robert Wood က ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေ ရပ်တံ့နိုင်ရေး နဲ့ မြန်မာံအကြပ်အတည်းကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် အာဆီယံအပါအဝင်၊ ကုလမ္မဂအဖွဲ့ကြီးနဲ့ နိုင်ငံတကာ အသိုင်းအဝန်းနဲ့ပူးပေါင်းဆောင်ရွက်သွားဖို့ အမေရိကန်အစိုးရအနေနဲ့ အခိုင်အမာဆုံးဖြတ်ချက်ထားရှိပါတယ်။

XS
SM
MD
LG