Accessibility links

Breaking News

မာတင္လူသာကင္း အထိမ္းအမွတ္ေန႔


မာတင္လူသာကင္း အထိမ္းအမွတ္ေန႔

{{Zawgyi/Unicode}}

အေမရိကန္ျပည္ေထာင္စုမွာ ႏွစ္စဥ္ ဇန္န၀ါရီလရဲ ႔တတိယ တနလၤာေန႔ကို မာတင္လူသာကင္း Jr အထိမ္းအမွတ္ေန႔အျဖစ္ ဂုဏ္ျပဳက်င္းပၾကပါတယ္။ ကြယ္လြန္သူ ေဒါက္တာ မာတင္လူသာကင္း Jr ဟာ အေမရိကန္ျပည္ေထာင္စု တြင္း ႏုိ္င္ငံသားအခြင့္ေအရးတန္းတူညီမ ွ်ရဖို႔ ဦးေဆာင္လႈပ္ရွားခဲ့သူတဦးျဖစ္သလိုAlabama ျပည္နယ္က Baptist ခရစ္ယာန္ ဘာသာေရးဆရာတဦးလည္းျဖစ္ပါတယ္။ ၂၀၂၂ ခုႏွစ္ ဇန္န၀ါရီလ ၁၅ ရက္ေန႔ကေတာ့ ေဒါက္မာ မာတင္လူသာကင္း အသက္ ၉၃ ႏွစ္ေျမာက္ေမြ႔ေန႔လည္းျဖစ္ပါတယ္။

အေမရိကန္ ျပည္နယ္တခ်ိဳ ႔က လူမည္းေတြအေပၚ အၾကမ္းဖက္မႈေတြ အၾကီးအက်ယ္ေပၚေပါက္ခဲ့တဲ့အခ်ိန္မွာလူမ်ိဳးေရးခြဲျခားမႈေတြကို အၾကမ္းမဖက္တဲ့နည္းနဲ႔ တုိက္ဖ်က္ဖို႔Martin Luther King ကဦးေဆာင္ခဲ့တာပါ။

ၿငိမ္းခ်မ္းစြာ ဆႏၵျပတဲ့ေနရာမွာ လူသိမ်ားထင္ရွားလွတဲ့ အိႏၵိယႏိုင္ငံသား Mahatma Gandhi ကို Dr King ကေ အထူး ေလးစားအားက်ခဲ့တာျဖစ္ပါတယ္။ Martin Luther King ဦးေဆာင္တဲ့ လူထု သပိိတ္ပြဲေတြ၊ ထုိင္သပိတ္ေတြ၊ ၿငိမ္းခ်မ္းစြာ ခ်ီတက္ဆႏၵျပပြဲေတြနဲ႔ အၾကမ္းမဖက္တဲ့နည္းနဲ႔ အာခံေတာ္လွန္တဲ့နည္းေတြမွာလည္း လမ္းညႊန္ခ်က္ ၆ ခုနဲ႔ ဦးေဆာင္ခဲ့ပါတယ္။ အဲဒီလမ္းညႊန္ခ်က္ေတြကိုလည္း လြတ္လပ္ေရးဆီသို႔ ေျခလွမ္းမ်ားလို႔ အဓိပါယ္ရတဲ့“Stride Toward Freedom” ဆိုတဲ့ စာအုပ္မွာ ေဖာ္ျပထားတာပါ။

အၾကမ္းမဖက္တဲ့ ပထဆုံး ေျခလွမ္းဟာ ရဲရင့္တဲ့လူေတြအတြက္ျဖစ္ၿပီး ဆိုးသြမ္းရက္စက္မႈကို အာခံလုိက္တာျဖစ္ပါတယ္။
ဒုတိယအခ်က္ကေတာ့ အၾကမ္းမဖက္တဲ့နည္းဆိုတာဟာ ခင္မင္ရင္းႏွီးမႈနဲ႔ နားလည္စာနာမႈေတြေဆာင္ၾကည္းေပးသလို ျပန္လည္ေပါင္းစည္းမႈေတြ ျဖစ္ေပၚေစတယ္လို႔ ဆိုထားပါတယ္။

အၾကမ္းမဖက္တဲ့နည္းက မတရားမႈေတြကို အနုိင္ယူနုိင္ပါတယ္။ ဒါတင္မကပဲ မေကာင္းမႈက်ဴးလြန္သူေတြ ကိုယ္တုိင္လည္း မေကာင္းမႈရဲ ႔သားေကာင္းျဖစ္ၾကတယ္ဆုိၿပီး နံပါတ္ ၃ အခ်က္အျဖစ္ေဖာ္ျပထားပါတယ္။

နံပါတ္ေလးကေတာ့ဆင္းရဲဒုကၡေတြခံစားရတဲ့ ေ၀ဒနာေၾကာင့္ အေျပာင္းအလဲေတြကို သင္ခန္းစာရေစႏုိင္တယ္လို႔ ဆိုပါတယ္။ ဒုကၡေ၀ဒနာေတြကို လက္တုံမျပန္ပဲ ခံယူတတ္ဖို႔၊ဒုကၡေ၀ဒနာေတြကေနရတဲ့ သင္ခန္းစာဟာ အေျပာင္းအလဲေတြ ဖန္တီးပစ္ႏုိင္တဲ့ အခြင့္အလမ္းေတြရိွတယ္လို႔ ဆိုပါတယ္။
နံပါတ္၅ ေျမာက္လမ္းညႊန္ခ်က္ကေတာ့ အမုန္းတရားေနရာမွာ ခ်စ္ျခင္းေမတၱာနဲ႔ အစားထိုးဖို႔ျဖစ္ပါတယ္။

အၾကမ္းမဖက္တဲ့နည္းနဲ႔ ရပ္တည္ေနတဲ့ Martin Luther King ရဲ ႔ နံပါတ္ ၆ ခုေျမာက္ လမ္းညႊန္ခ်က္ကေတာ့ တရားမ ွ်တမႈဖက္က ရပ္တည္ဖို႔ ေျပာထားပါတယ္။ သတၱေလာကႀကီးဟာရွည္လ်ားလွတယ္ဆိုေပမယ့္ အမွန္တရားဖက္သာ အားသာေနတာေၾကာင့္တရားမ ွ်တမႈဖက္က အႏုိင္ရပါလိ္မ့္မယ္လို႔ သူမကြယ္လြန္မီ တပတ္အလိုကပဲ Mr King ကေျပာဆိုခဲ့ပါတယ္။

မာတင္လူသာကင္း ဂ်ဴနီယာရဲ ႔ျပည္သူ႔လႈပ္ရွားမႈေတြ ေအာင္ျမင္မႈအႀကီးအက်ယ္ရခဲ့တာကေတာ့ ၁၉၆၄ ခုႏွစ္ကပါ။ အမ်ားျပည္သူပုိင္ေနရာေတြမွာ လူျဖဴ လူမည္း ခြဲျခားသတ္မွတ္ခ်က္ေတြကို ျပည္သူ႔အခြင့္အေရးဥပေဒနဲ႔ ပယ္ဖ်က္ခဲ့သလုိ အလုပ္အကုိင္ခန္႔ထားတဲ့ေနရာမွာလည္း လူမ်ိဳး၊ ဘာသာနဲ႔ ေမြးဖြားရာတုိင္းျပည္ အေပၚမူတည္ၿပီး ခြဲျခားထားတာေတြကိုပယ္ဖ်က္ႏုိင္ခဲ့ပါတယ္။

၁၉၆၈ခုနွစ္၊ ဧၿ႔ပီလ ၄ ရက္ေန႔က အသက္ ၃၉ႏွစ္အရြယ္မွာ Dr Kingေသနတ္နဲ႔ လုပ္ၾကံသတ္ျဖတ္ခံခဲ့ရေပမယ့္ သူ႔သမုိင္းကေတာ့ဆက္ၿပီး ႐ွင္သန္ေနပါတယ္။ ဆယ္စုႏွစ္တခုအတြင္းမွာပဲ အသားအေရာင္ခြဲျခားမႈဥပေဒေတြ ပယ္ဖ်က္ခဲ့သလို ဒီကေန႔မွာေတာ့ ခြဲျခားဆက္ဆံမႈဆိုတာျပစ္ဒဏ္က်ခံရႏုိင္တ့ဲ တရား၀င္ျပစ္မႈေတြျဖစ္ေနပါၿပီ။

“လူသားတေယာက္ရဲ ႔ရပ္တည္မႈဆိုတာဟာ သက္ေတာင့္သက္သာနဲ႔ စိတ္ေအးလက္ေအး ေနထုိင္တဲ့ႏုိင္တဲ့အခ်ိန္ကိုၾကည့္ၿပီး တုိင္းတာတာထက္စိန္ေခၚမႈေတြနဲ႔ အျငင္းပါြးစရာေတြ ျဖစ္လာတဲ့အခါ ဘယ္ဖက္မွာ ရပ္တည္ေနသလဲဆိုတဲ့အေပၚ ၾကည့္ၿပီး တုိင္းတာရမယ္လု႔ိ ေဒါက္တာကင္းက ေျပာဆိုခဲ့ပါတယ္။ သူေျပာခဲ့တဲ့ စကားအတုိ္င္း ေဒါက္တာမာတင္လူသာကင္းရဲ ႔ဘ၀ကို ျပန္ေျပာင္းေအာက္ေမ့မိမယ္ ဆိုရင္ေတာ့ သူဘယ္ဖက္က ရပ္တည္ခဲ့သလဲဆိုတာ အထင္အရွားေတြ႔ျမင္ႏုိင္ပါတယ္..

.............................................

မာတင်လူသာကင်း အထိမ်းအမှတ်နေ့

{{Zawgyi/Unicode}}

အမေရိကန်ပြည်ထောင်စုမှာ နှစ်စဉ် ဇန်နဝါရီလရဲ့တတိယ တနင်္လာနေ့ကို မာတင်လူသာကင်း Jr အထိမ်းအမှတ်နေ့အဖြစ် ဂုဏ်ပြုကျင်းပကြပါတယ်။ ကွယ်လွန်သူ ဒေါက်တာ မာတင်လူသာကင်း Jr ဟာ အမေရိကန်ပြည်ထောင်စု တွင်း နိုင်ငံသားအခွင့်အေရးတန်းတူညီမ ျှရဖို့ ဦးဆောင်လှုပ်ရှားခဲ့သူတဦးဖြစ်သလိုAlabama ပြည်နယ်က Baptist ခရစ်ယာန် ဘာသာရေးဆရာတဦးလည်းဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ကတော့ ဒေါက်မာ မာတင်လူသာကင်း အသက် ၉၃ နှစ်မြောက်မွေ့နေ့လည်းဖြစ်ပါတယ်။

အမေရိကန် ပြည်နယ်တချို့က လူမည်းတွေအပေါ် အကြမ်းဖက်မှုတွေ အကြီးအကျယ်ပေါ်ပေါက်ခဲ့တဲ့အချိန်မှာလူမျိုးရေးခွဲခြားမှုတွေကို အကြမ်းမဖက်တဲ့နည်းနဲ့ တိုက်ဖျက်ဖို့Martin Luther King ကဦးဆောင်ခဲ့တာပါ။

ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့နေရာမှာ လူသိများထင်ရှားလှတဲ့ အိန္ဒိယနိုင်ငံသား Mahatma Gandhi ကို Dr King ကေ အထူး လေးစားအားကျခဲ့တာဖြစ်ပါတယ်။ Martin Luther King ဦးဆောင်တဲ့ လူထု သပိတ်ပွဲတွေ၊ ထိုင်သပိတ်တွေ၊ ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြပွဲတွေနဲ့ အကြမ်းမဖက်တဲ့နည်းနဲ့ အာခံတော်လှန်တဲ့နည်းတွေမှာလည်း လမ်းညွှန်ချက် ၆ ခုနဲ့ ဦးဆောင်ခဲ့ပါတယ်။ အဲဒီလမ်းညွှန်ချက်တွေကိုလည်း လွတ်လပ်ရေးဆီသို့ ခြေလှမ်းများလို့ အဓိပါယ်ရတဲ့“Stride Toward Freedom” ဆိုတဲ့ စာအုပ်မှာ ဖော်ပြထားတာပါ။

အကြမ်းမဖက်တဲ့ ပထဆုံး ခြေလှမ်းဟာ ရဲရင့်တဲ့လူတွေအတွက်ဖြစ်ပြီး ဆိုးသွမ်းရက်စက်မှုကို အာခံလိုက်တာဖြစ်ပါတယ်။
ဒုတိယအချက်ကတော့ အကြမ်းမဖက်တဲ့နည်းဆိုတာဟာ ခင်မင်ရင်းနှီးမှုနဲ့ နားလည်စာနာမှုတွေဆောင်ကြည်းပေးသလို ပြန်လည်ပေါင်းစည်းမှုတွေ ဖြစ်ပေါ်စေတယ်လို့ ဆိုထားပါတယ်။

အကြမ်းမဖက်တဲ့နည်းက မတရားမှုတွေကို အနိုင်ယူနိုင်ပါတယ်။ ဒါတင်မကပဲ မကောင်းမှုကျူးလွန်သူတွေ ကိုယ်တိုင်လည်း မကောင်းမှုရဲ့သားကောင်းဖြစ်ကြတယ်ဆိုပြီး နံပါတ် ၃ အချက်အဖြစ်ဖော်ပြထားပါတယ်။

နံပါတ်လေးကတော့ဆင်းရဲဒုက္ခတွေခံစားရတဲ့ ဝေဒနာကြောင့် အပြောင်းအလဲတွေကို သင်ခန်းစာရစေနိုင်တယ်လို့ ဆိုပါတယ်။ ဒုက္ခဝေဒနာတွေကို လက်တုံမပြန်ပဲ ခံယူတတ်ဖို့၊ဒုက္ခဝေဒနာတွေကနေရတဲ့ သင်ခန်းစာဟာ အပြောင်းအလဲတွေ ဖန်တီးပစ်နိုင်တဲ့ အခွင့်အလမ်းတွေရှိတယ်လို့ ဆိုပါတယ်။
နံပါတ်၅ မြောက်လမ်းညွှန်ချက်ကတော့ အမုန်းတရားနေရာမှာ ချစ်ခြင်းမေတ္တာနဲ့ အစားထိုးဖို့ဖြစ်ပါတယ်။

အကြမ်းမဖက်တဲ့နည်းနဲ့ ရပ်တည်နေတဲ့ Martin Luther King ရဲ့ နံပါတ် ၆ ခုမြောက် လမ်းညွှန်ချက်ကတော့ တရားမ ျှတမှုဖက်က ရပ်တည်ဖို့ ပြောထားပါတယ်။ သတ္တလောကကြီးဟာရှည်လျားလှတယ်ဆိုပေမယ့် အမှန်တရားဖက်သာ အားသာနေတာကြောင့်တရားမ ျှတမှုဖက်က အနိုင်ရပါလိမ့်မယ်လို့ သူမကွယ်လွန်မီ တပတ်အလိုကပဲ Mr King ကပြောဆိုခဲ့ပါတယ်။

မာတင်လူသာကင်း ဂျူနီယာရဲ့ပြည်သူ့လှုပ်ရှားမှုတွေ အောင်မြင်မှုအကြီးအကျယ်ရခဲ့တာကတော့ ၁၉၆၄ ခုနှစ်ကပါ။ အများပြည်သူပိုင်နေရာတွေမှာ လူဖြူ လူမည်း ခွဲခြားသတ်မှတ်ချက်တွေကို ပြည်သူ့အခွင့်အရေးဥပဒေနဲ့ ပယ်ဖျက်ခဲ့သလို အလုပ်အကိုင်ခန့်ထားတဲ့နေရာမှာလည်း လူမျိုး၊ ဘာသာနဲ့ မွေးဖွားရာတိုင်းပြည် အပေါ်မူတည်ပြီး ခွဲခြားထားတာတွေကိုပယ်ဖျက်နိုင်ခဲ့ပါတယ်။

၁၉၆၈ခုနှစ်၊ ဧြ့ပီလ ၄ ရက်နေ့က အသက် ၃၉နှစ်အရွယ်မှာ Dr Kingသေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပေမယ့် သူ့သမိုင်းကတော့ဆက်ပြီး ရှင်သန်နေပါတယ်။ ဆယ်စုနှစ်တခုအတွင်းမှာပဲ အသားအရောင်ခွဲခြားမှုဥပဒေတွေ ပယ်ဖျက်ခဲ့သလို ဒီကနေ့မှာတော့ ခွဲခြားဆက်ဆံမှုဆိုတာပြစ်ဒဏ်ကျခံရနိုင်တဲ့ တရားဝင်ပြစ်မှုတွေဖြစ်နေပါပြီ။

“လူသားတယောက်ရဲ့ရပ်တည်မှုဆိုတာဟာ သက်တောင့်သက်သာနဲ့ စိတ်အေးလက်အေး နေထိုင်တဲ့နိုင်တဲ့အချိန်ကိုကြည့်ပြီး တိုင်းတာတာထက်စိန်ခေါ်မှုတွေနဲ့ အငြင်းပါွးစရာတွေ ဖြစ်လာတဲ့အခါ ဘယ်ဖက်မှာ ရပ်တည်နေသလဲဆိုတဲ့အပေါ် ကြည့်ပြီး တိုင်းတာရမယ်လု့ိ ဒေါက်တာကင်းက ပြောဆိုခဲ့ပါတယ်။ သူပြောခဲ့တဲ့ စကားအတိုင်း ဒေါက်တာမာတင်လူသာကင်းရဲ့ဘဝကို ပြန်ပြောင်းအောက်မေ့မိမယ် ဆိုရင်တော့ သူဘယ်ဖက်က ရပ်တည်ခဲ့သလဲဆိုတာ အထင်အရှားတွေ့မြင်နိုင်ပါတယ်.. မာတင်လူသာကင်း အထိမ်းအမှတ်နေ့

XS
SM
MD
LG