Accessibility links

Breaking News

 ျမန္မာ႔ဒီမိုကေရစီေရး အေမရိကန္ ဆက္လက္ႀကိဳးပမ္းသြြားမည္


WCup Qatar US
WCup Qatar US

ျမန္မာ႔ဒီမိုကေရစီေရး အေမရိကန္ ဆက္လက္ႀကိဳးပမ္းသြြားမည္

{{Zawgyi/Unicode}}
ၿငိမ္းခ်မ္းၿပီး သာယာ၀ေျပာတဲ့ ဒီမိုကေရစီႏိုင္ငံ ေပၚထြန္းေရး ျမန္မာျပည္သူေတြရဲ႕ ဆႏၵေတြကို အေမရိကန္ ျပည္ေထာင္စုက ဆက္လက္ ေထာက္ခံ အားေပးေနပါတယ္။ လြန္ခဲ့တဲ့ ၂ ႏွစ္က လူေပါင္း ၂၇ သန္းဟာ အေထြေထြ ေရြးေကာက္ပဲြမွာ မဲေပးခဲ့ၾကတာဟာ တိုင္းျပည္မွာ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရးအတြက္ အေရးႀကီးတဲ့ ေျခလွမ္းတလွမ္း ျဖစ္ခဲ့ပါတယ္။ ဒါေပမဲ့လည္း ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွာ အာဏာသိမ္းလိုက္ၿပီး စစ္တပ္က ျပည္သူလူထုရဲ႕ ဆႏၵကို ျငင္းပယ္လိုက္တာေၾကာင့္ ဆယ္စုႏွစ္ တစုၾကာ ဒီမိုကေရစီေရး တိုးတက္မႈေတြ ေနာက္ျပန္ဆုတ္ခဲ့ရပါတယ္။

ျမန္မာႏိုင္ငံ ေရြးေကာက္ပဲြ ၂ ႏွစ္ျပည့္ အထိမ္းအမွတ္အျဖစ္ အေမရိကန္ ႏိုင္ငံျခားေရး၀န္ႀကီး Antony Blinken ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာလည္း၊ စစ္တပ္ဟာ ျမန္မာျပည္သူေတြအေပၚ ရက္ရက္စက္စက္ ႏွိမ္နင္းရာမွာ လူေပါင္း ၂၄၀၀ ေက်ာ္ ေသဆုံးခဲ့ရသလို၊ သမၼတ ဦး၀င္းျမင့္၊ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ အပါအ၀င္ လူေပါင္း ၁ ေသာင္း ၆ ေထာင္ကို ဖမ္းဆီးခဲ့ေၾကာင္း ေထာက္ျပထားပါတယ္။

အေမရိကန္ ျပည္ေထာင္စုဟာ ဒီမိုကေရစီေရး လႈပ္ရွားမႈေတြနဲ႔ ျမန္မာႏိုင္ငံမွာ အားလုံးပါ၀င္ခြင့္ရတဲ့ ဒီမိုကေရစီ အနာဂတ္ကို ထူေထာင္ဖို႔ ႀကိဳးပမ္းေနသူ အားလုံးကို ဆက္လက္ အားေပးသြားမွာ ျဖစ္ပါတယ္။ လာမယ့္ ၂၀၂၃ ခုႏွစ္ ၾသဂုတ္လမွာ က်င္းပဖို႔ စီစဥ္ထားတဲ့ စစ္အာဏာပိုင္ေတြရဲ႕ ေရြးေကာက္ပဲြဟာ လက္ရွိအေျခအေနမွာ လြတ္လပ္ၿပီး၊ မွ်တမႈရွိမွာ မဟုတ္သလို၊ တိုင္းျပည္ရဲ႕ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရးနဲ႔ တည္ၿငိမ္ေရး အတြက္လည္း အေထာက္အကူ မျဖစ္ႏိုင္ဘူးလို႔ ဒီမိုကေရစီေရး လႈပ္ရွားမႈရဲ႕ ေခါင္းေဆာင္ေတြ ယုံၾကည္ထားသလို၊ အေမရိကန္ ျပည္ေထာင္စုကလည္း ယုံၾကည္ထားေၾကာင္း ၀န္ႀကီးဘလင္ကန္က ေျပာပါတယ္။

စစ္အာဏာပိုင္ေတြရဲ႕ ရက္စက္ၾကမ္းၾကဳတ္တဲ့ လုပ္ရပ္ေတြအတြက္ အက်ဳိးဆက္ေတြနဲ႔ ရင္ဆိုင္ရေအာင္ မဟာမိတ္ေတြ။ မိတ္ဖက္ေတြနဲ႔အတူ အေမရိကန္ ျပည္ေထာင္စုက ဆက္လက္ ႀကိဳးပမ္းသြားမယ္လို႔လည္း ကတိျပဳခဲ့တာပါ။

ဒီကေန႔အခ်ိန္အထိ လူပုဂၢိဳလ္ ၇၄ ေယာက္နဲ႔ လုပ္ငန္း ၂၉ ခုကိုလည္း စစ္အာဏာသိမ္းမႈနဲ႔ ဆက္ႏြယ္သူေတြ၊ ဒါမွမဟုတ္ရင္လည္း ဆိုးရြားလွတဲ့ အၾကမ္းဖက္မႈေတြ အပါအ၀င္ စစ္အာဏာပိုင္ေတြရဲ႕ လုပ္ရပ္ေတြကို ေထာက္ခံသူေတြအျဖစ္ အေမရိကန္က သတ္မွတ္ထားပါတယ္။

သိပ္မၾကာေသးခင္ ႏို၀င္ဘာ ၈ ရက္ေန႔မွာတုန္းကလည္း ျမန္မာႏိုင္ငံ ကာကြယ္ေရးက႑မွာ စီးပြားေရးလုပ္ကိုင္ေနသူေတြနဲ႔ စစ္တပ္အတြက္ ေလယာဥ္နဲ႔ တျခားပစၥည္းေတြ ရရွိေအာင္ ကူညီေနသူေတြကို အေမရိကန္ ျပည္ေထာင္စုက ဒဏ္ခတ္အေရးယူခဲ့ပါတယ္။ ဒီလိုအေရးယူရာမွာလည္း ျမန္မာျပည္သူေတြအတြက္ မလိုလားအပ္တဲ့ အက်ဳိးဆက္ေတြ မခံစားရေလေအာင္ ျမန္မာစစ္ေခါင္းေဆာင္ေတြ၊ လက္နက္ကုန္သည္ေတြ၊ စစ္အာဏာပိုင္ေတြနဲ႔ ပတ္သက္ေနတဲ့ စီးပြားေရးသမားေတြအတြက္ ၀င္ေငြရေပါက္ရလမ္းေတြနဲ႔ အဓိကလုပ္ငန္းေတြကို ပစ္မွတ္ထားခဲ့တာပါ။

ဒါဟာဆိုရင္၊ လြန္ခဲ့တဲ့ ၂ ႏွစ္ေလာက္က စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း အၾကမ္းဖက္မႈေတြနဲ႔ ႀကီးေလးတဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြအေပၚ တုံ႔ျပန္တဲ့ အေနနဲ႔ ႏို၀င္ဘာလ ၈ ရက္ေန႔က EU ရဲ႕ ျမန္မာအေပၚ ၅ ႀကိမ္ေျမာက္ ဒဏ္ခတ္အေရးယူမႈနဲ႔လည္း တိုက္ဆိုင္ေနပါတယ္။

စစ္အာဏာပိုင္ေတြရဲ႕ ဆိုးရြားတဲ့ လုပ္ရပ္ေတြကို ဆန္႔က်င္ရာမွာ ႏိုင္ငံတကာ အသိုင္းအဝိုင္းၾကား တညီတၫြတ္တည္း ရပ္တည္ေနေၾကာင္း စစ္အာဏာပိုင္ေတြနဲ႔ ေထာက္ခံသူေတြကို အခိုင္အမာ အခ်က္ျပတဲ့ ေနရာမွာ၊ UK ကေနဒါ၊ ဥေရာပသမဂၢ အပါအ၀င္ မဟာမိတ္ေတြ၊ မိတ္ဖက္ေတြနဲ႔ အနီးကပ္ညႇိႏႈိင္းၿပီး အေမရိကန္ ျပည္ေထာင္စုက ဆက္လက္ ႀကိဳးပမ္းသြားမွာလည္း ျဖစ္ပါတယ္။

............................................

မြန်မာ့ဒီမိုကရေစီရေး အမေရိကန် ဆက်လက်ကြိုးပမ်းသွားမည်

{{Zawgyi/Unicode}}
ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်းရေး မြန်မာပြည်သူတွေရဲ့ ဆန္ဒတွေကို အမေရိကန် ပြည်ထောင်စုက ဆက်လက် ထောက်ခံ အားပေးနေပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်က လူပေါင်း ၂၇ သန်းဟာ အထွေထွေ ရွေးကောက်ပွဲမှာ မဲပေးခဲ့ကြတာဟာ တိုင်းပြည်မှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းတလှမ်း ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာသိမ်းလိုက်ပြီး စစ်တပ်က ပြည်သူလူထုရဲ့ ဆန္ဒကို ငြင်းပယ်လိုက်တာကြောင့် ဆယ်စုနှစ် တစုကြာ ဒီမိုကရေစီရေး တိုးတက်မှုတွေ နောက်ပြန်ဆုတ်ခဲ့ရပါတယ်။

မြန်မာနိုင်ငံ ရွေးကောက်ပွဲ ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ထုတ်ပြန်တဲ့ ကြေညာချက်မှာလည်း၊ စစ်တပ်ဟာ မြန်မာပြည်သူတွေအပေါ် ရက်ရက်စက်စက် နှိမ်နင်းရာမှာ လူပေါင်း ၂၄၀၀ ကျော် သေဆုံးခဲ့ရသလို၊ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူပေါင်း ၁ သောင်း ၆ ထောင်ကို ဖမ်းဆီးခဲ့ကြောင်း ထောက်ပြထားပါတယ်။

အမေရိကန် ပြည်ထောင်စုဟာ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေနဲ့ မြန်မာနိုင်ငံမှာ အားလုံးပါဝင်ခွင့်ရတဲ့ ဒီမိုကရေစီ အနာဂတ်ကို ထူထောင်ဖို့ ကြိုးပမ်းနေသူ အားလုံးကို ဆက်လက် အားပေးသွားမှာ ဖြစ်ပါတယ်။ လာမယ့် ၂၀၂၃ ခုနှစ် သြဂုတ်လမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ စစ်အာဏာပိုင်တွေရဲ့ ရွေးကောက်ပွဲဟာ လက်ရှိအခြေအနေမှာ လွတ်လပ်ပြီး၊ မျှတမှုရှိမှာ မဟုတ်သလို၊ တိုင်းပြည်ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ တည်ငြိမ်ရေး အတွက်လည်း အထောက်အကူ မဖြစ်နိုင်ဘူးလို့ ဒီမိုကရေစီရေး လှုပ်ရှားမှုရဲ့ ခေါင်းဆောင်တွေ ယုံကြည်ထားသလို၊ အမေရိကန် ပြည်ထောင်စုကလည်း ယုံကြည်ထားကြောင်း ဝန်ကြီးဘလင်ကန်က ပြောပါတယ်။

စစ်အာဏာပိုင်တွေရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေအတွက် အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရအောင် မဟာမိတ်တွေ။ မိတ်ဖက်တွေနဲ့အတူ အမေရိကန် ပြည်ထောင်စုက ဆက်လက် ကြိုးပမ်းသွားမယ်လို့လည်း ကတိပြုခဲ့တာပါ။

ဒီကနေ့အချိန်အထိ လူပုဂ္ဂိုလ် ၇၄ ယောက်နဲ့ လုပ်ငန်း ၂၉ ခုကိုလည်း စစ်အာဏာသိမ်းမှုနဲ့ ဆက်နွယ်သူတွေ၊ ဒါမှမဟုတ်ရင်လည်း ဆိုးရွားလှတဲ့ အကြမ်းဖက်မှုတွေ အပါအဝင် စစ်အာဏာပိုင်တွေရဲ့ လုပ်ရပ်တွေကို ထောက်ခံသူတွေအဖြစ် အမေရိကန်က သတ်မှတ်ထားပါတယ်။

သိပ်မကြာသေးခင် နိုဝင်ဘာ ၈ ရက်နေ့မှာတုန်းကလည်း မြန်မာနိုင်ငံ ကာကွယ်ရေးကဏ္ဍမှာ စီးပွားရေးလုပ်ကိုင်နေသူတွေနဲ့ စစ်တပ်အတွက် လေယာဉ်နဲ့ တခြားပစ္စည်းတွေ ရရှိအောင် ကူညီနေသူတွေကို အမေရိကန် ပြည်ထောင်စုက ဒဏ်ခတ်အရေးယူခဲ့ပါတယ်။ ဒီလိုအရေးယူရာမှာလည်း မြန်မာပြည်သူတွေအတွက် မလိုလားအပ်တဲ့ အကျိုးဆက်တွေ မခံစားရလေအောင် မြန်မာစစ်ခေါင်းဆောင်တွေ၊ လက်နက်ကုန်သည်တွေ၊ စစ်အာဏာပိုင်တွေနဲ့ ပတ်သက်နေတဲ့ စီးပွားရေးသမားတွေအတွက် ဝင်ငွေရပေါက်ရလမ်းတွေနဲ့ အဓိကလုပ်ငန်းတွေကို ပစ်မှတ်ထားခဲ့တာပါ။

ဒါဟာဆိုရင်၊ လွန်ခဲ့တဲ့ ၂ နှစ်လောက်က စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်မှုတွေနဲ့ ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် တုံ့ပြန်တဲ့ အနေနဲ့ နိုဝင်ဘာလ ၈ ရက်နေ့က EU ရဲ့ မြန်မာအပေါ် ၅ ကြိမ်မြောက် ဒဏ်ခတ်အရေးယူမှုနဲ့လည်း တိုက်ဆိုင်နေပါတယ်။

စစ်အာဏာပိုင်တွေရဲ့ ဆိုးရွားတဲ့ လုပ်ရပ်တွေကို ဆန့်ကျင်ရာမှာ နိုင်ငံတကာ အသိုင်းအဝိုင်းကြား တညီတညွတ်တည်း ရပ်တည်နေကြောင်း စစ်အာဏာပိုင်တွေနဲ့ ထောက်ခံသူတွေကို အခိုင်အမာ အချက်ပြတဲ့ နေရာမှာ၊ UK ကနေဒါ၊ ဥရောပသမဂ္ဂ အပါအဝင် မဟာမိတ်တွေ၊ မိတ်ဖက်တွေနဲ့ အနီးကပ်ညှိနှိုင်းပြီး အမေရိကန် ပြည်ထောင်စုက ဆက်လက် ကြိုးပမ်းသွားမှာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG