Accessibility links

Breaking News

ပင္လယ္သမုဒၵရာ ကာကြယ္ထိန္းသိမ္းေရးအတြက္ အေရးပါတဲ့သေဘာတူညီခ်က္ 


 ၾသစေၾတးလ်အေရွ႕ပိုင္း ကြင္းစ္လဲန္းကမ္းလြန္ပင္လယ္ျပင္ျဖစ္တဲ့ ဂန္ဂန္းဂ်ီပင္လယ္ျပင္က သႏၱာေက်ာက္တန္း။ (ႏိုဝင္ဘာ ၁၃၊ ၂၀၂၂)  

{{Zawgyi/Unicode}}

ကမၻာ့ပင္လယ္သမုဒၵရာထဲက ဇီဝမ်ိဳးကြဲသတၱဝါနဲ႔ အပင္ေတြကိုကာကြယ္ေရး မျဖစ္မေနလိုက္နာရမယ့္ ႏိုင္ငံတကာသေဘာတူညီခ်က္ မူၾကမ္းတရပ္ကို ကုလသမဂၢအဖြဲ႔ဝင္ႏုိင္ငံ ၁၉၀ တို႔က ကုိယ္စားလွယ္ေတြ ေရးဆြဲႏုိင္လိုုက္ၾကပါၿပီ။ ႏုိ္င္ငံတခုရဲ ႔႔ အုပ္ခ်ဳပ္မႈေအာက္မွာရွိမေနတဲ့ ေရျပင္နယ္နိမိတ္ထဲက ဇီဝမ်ိဳးကြဲေတြကို ကာကြယ္ ထိန္းသိမ္းေရးသေဘာတူညီမႈ BBNJ ဒါမွမဟုတ္ High Seas Treaty လို႔ေခၚတဲ့ မူၾကမ္းကို ၂၀၁၈ ခုႏွစ္ကတည္းက စတင္ေဆြးေႏြးခဲ့ၾကတာမွာ ႀကိဳတင္ျပင္ဆင္မႈေကာ္မတီေတြ၊ လုပ္ငန္းအဖြဲ႔ေတြက စဥ္ဆက္မျပတ္ေဆြးေႏြးေနခဲ့ၾကတာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ငါးအလြန္အကၽြံဖမ္းဆီးတာေတြ၊ ပင္လယ္ၾကမ္းျပင္က မုိင္းတြင္းလုပ္ငန္းေတြေၾကာင့္ ေရထုေတြညစ္ညမ္းမလာေအာင္ အျပည့္အဝ ကာကြယ္ထားႏုိင္တဲ့ဧရိယာက ကမၻာ့ေရမ်က္ႏွာျပင္ရဲ ႔ ၁.၂ ရာခို္င္ႏႈန္းပဲ ရွိပါတယ္။ High Seas Treaty မူၾကမ္းကို ကုလအဖြဲ႔ဝင္ႏုိင္ငံေတြ အတည္ျပဳ လက္မွတ္ေရးထိုးၿပီး ရင္ေတာ့ ၂၀၃၀ ျပည့္လြန္ႏွစ္မွာ ကမၻာ့ေရထုနဲ႔ ေျမထု ၃၀ ရာခိုင္ႏႈန္းကို ကာကြယ္ေရး-ဆိုတဲ့ 30 by 30 initiative ရည္မွန္းခ်က္ေတြ အေကာင္အထည္ ေဖာ္တဲ့ေနရာမွာ အေရးႀကီးလွတဲ့အခန္းက႑ကို ေရာက္လာမွာျဖစ္ပါတယ္။

ဥတုရာသီေဖာက္ျပန္မႈအက်ပ္အတည္းေတြနဲ႔ ဇီဝေဂဟစနစ္ေတြ မေပ်ာက္ပ်က္ေအာင္ထိန္းသိမ္းေရး ေဆာင္ရြက္ခ်က္ေတြြမွာ 30X30 initiative က စံသတ္မွတ္ခ်က္တခုအျဖစ္ ရွိေနတယ္လို႔ သိပၸံပညာရွင္ေတြက ေျပာပါတယ္။ လူတုိင္း သဘာဝတရားကို ခံစားႏုိင္ဖို႔၊ ပုဂၢလိကေျမပိုင္ရွင္ေတြရဲ ႔ သဘာဝပတ္ဝန္းက်င္ ထိ္န္းသိမ္းေရးလုပ္ငန္းေတြကို အေထာက္အကူျပဳဖို႔အျပင္ ဥတုရာသီမွ်တေအာင္၊ ေတာရိုင္းတိရစၦာန္ေတြ က်င္လည္က်က္စားႏုိင္တဲ့ ေရေျမအေနအထားမ်ိဳးျဖစ္ေအာင္ 30x30 initiative က ရည္မွန္းထားတာျဖစ္ပါတယ္။

BBNJ သေဘာတူညီခ်က္ရဲ ႔ အဓိကရည္မွန္းခ်က္ကေတာ့ ေရေနသတၱဝါေတြကိုကာကြယ္ေရးျဖစ္ပါတယ္။ ႏုိင္ငံတကာ သဘာပတ္ဝန္းက်င္ထိန္းသိမ္းေရး သမဂၢ IUCN ရဲ ႔အဆိုအရ ၁၀ % ေသာ ကမၻာ့ေရေနသတၱဝါတို႔ မ်ိဳးတုန္းေပ်ာက္ကြယ္မယ့္ေဘးနဲ႔ရင္ဆုိင္ေနရပါၿပီ။ ဇီဝမ်ိဳးကြဲအပင္နဲ႔သတၱဝါေတြလည္း အရွိန္အဟုန္နဲ႔ ပ်က္စီးယိုယြင္းလာေနတယ္လို႔ အေမရိကန္ႏုိင္ငံျခားေရးဌာနလက္ေအာက္မွာရွိတဲ့ ပင္လယ္သမုဒၵရာနဲ႔ အျပည္ျပည္ဆိုင္ရာ သဘာဝပတ္ဝန္းက်င္နဲ႔ သိပၸံေရးရာဌာန ဒုဝန္ႀကီး Monica Medina ကေျပာပါတယ္။

“ထိန္းသိမ္းေစာင့္ေရွာက္သြားရမယ့္ အနည္းဆုံးလုပ္ငန္း ၃၀ ရာခုိင္ႏႈန္းက ကုန္းတြင္းပိုင္းထဲကပါ။ ကုန္းေျမေပၚက ေရေတြနဲ႔သမုဒၵရာတို႔ဟာ လူသားေတြနဲ႔ စီးပြါးေရးလုပ္ငန္းေတြ ဆက္လက္ရွင္သန္ဖို႔အတြက္သာမကဘဲ ေျမကမၻာအတြက္လည္း သိပ္ကိုအေရးႀကီးပါတယ္။”

ေရေနသတၱဝါေတြ ဆုတ္ယုတ္က်ဆင္းလာတဲ့အဓိကေသာ့ခ်က္က ဥတုရာသီေျပာင္းလဲေဖာက္ျပန္မႈေၾကာင့္ ျဖစ္ပါတယ္။ သမုဒၵရာေရထု ပိုၿပီးပူေႏြးလာတာ၊ သမုဒၵရာ ဓာတုဓာတ္ေတြေျပာင္းလဲလာတာနဲ႔ ဖန္လုံအိမ္ဓာတ္ေငြ႔ထုတ္လႊတ္မႈ အက်ိဳးဆက္ေတြေၾကာင့္လည္း ေရေနသတၱဝါေတြ ဆက္လက္ရွင္သန္ဖို႔ ခက္ခဲလာရတာျဖစ္ပါတယ္။

ဇီဝေဂဟစနစ္ေတြပ်က္စီးယိုယြင္းလာတာ၊ ေရထုညစ္ညမ္းတာေတြနဲ႔ ဥတုရာသီေဖာက္ျပန္မႈေတြကို ေျဖရွင္းတဲ့ေနရာမွာ ႏုိင္ငံတခုရဲ ႔အခ်ဳပ္အျခာအာဏာေအာက္မွာရွိမေနတဲ့ သမုဒၵရာေရထုထဲက ဇီဝေဂဟစနစ္ေတြကို ကာကြယ္ထိန္းသိမ္းဖို႔က အလြန္အေရးႀကီးပါတယ္။

အေမရိကန္သမၼတရဲ ႔ ဥတုရာသီေရးရာ အထူးကိုယ္စားလွယ္ John Kerry ကလည္း ဥတုရာသီဆုိင္ရာအက်ပ္အတည္းနဲ႔ သမုဒၵရာေတြဟာ သီးျခားခြဲထုတ္လို႔မရေအာင္ ဆက္စပ္ေနတယ္လို႔ ေျပာပါတယ္။

အထူးကိုယ္စားလွယ္ Kerry ရဲ႕အဆိုအရ ကမၻာ့သမုဒၵရာေတြ ရင္ဆုိင္ေနရတဲ့ ၿခိမ္းေျခာက္မႈေတြ၊ ဥတုရာသီေဖာက္ျပန္မႈ ကိုင္တြယ္ထိန္းခ်ဳပ္ေရးနဲ႔ ၂၀၃၀ ျပည့္လြန္ႏွစ္မွာ ကမၻာ့ေရမ်က္ႏွာျပင္ ၃၀ ရာခုိင္ႏႈန္းကို ကာကြယ္ထိန္းသိမ္းထားႏုိင္ေရး-ဆိုတဲ့ ႀကိဳးပမ္းခ်က္ေတြဟာလည္း High Seas Treaty သေဘာတူညီမႈေၾကာင့္ ႏုိ္င္ငံတကာရဲ ႔အာ႐ုံစိုက္မႈေတြရလာတာျဖစ္ပါတယ္။

ပင္လယ္သမုဒၵရာ ကာကြယ္ထိန္းသိမ္းေရးအတြက္ အေရးပါတဲ့သေဘာတူညီခ်က္
please wait

No media source currently available

0:00 0:03:40 0:00

=============

{{Unicode}}

ပင်လယ်သမုဒ္ဒရာ ကာကွယ်ထိန်းသိမ်းရေးအတွက် အရေးပါတဲ့သဘောတူညီချက်

ကမ္ဘာ့ပင်လယ်သမုဒ္ဒရာထဲက ဇီဝမျိုးကွဲသတ္တဝါနဲ့ အပင်တွေကိုကာကွယ်ရေး မဖြစ်မနေလိုက်နာရမယ့် နိုင်ငံတကာသဘောတူညီချက် မူကြမ်းတရပ်ကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၁၉၀ တို့က ကိုယ်စားလှယ်တွေ ရေးဆွဲနိုင်လိုက်ကြပါပြီ။ နိုင်ငံတခုရဲ့ အုပ်ချုပ်မှုအောက်မှာရှိမနေတဲ့ ရေပြင်နယ်နိမိတ်ထဲက ဇီဝမျိုးကွဲတွေကို ကာကွယ် ထိန်းသိမ်းရေးသဘောတူညီမှု BBNJ ဒါမှမဟုတ် High Seas Treaty လို့ခေါ်တဲ့ မူကြမ်းကို ၂၀၁၈ ခုနှစ်ကတည်းက စတင်ဆွေးနွေးခဲ့ကြတာမှာ ကြိုတင်ပြင်ဆင်မှုကော်မတီတွေ၊ လုပ်ငန်းအဖွဲ့တွေက စဉ်ဆက်မပြတ်ဆွေးနွေးနေခဲ့ကြတာဖြစ်ပါတယ်။

လက်ရှိမှာတော့ ငါးအလွန်အကျွံဖမ်းဆီးတာတွေ၊ ပင်လယ်ကြမ်းပြင်က မိုင်းတွင်းလုပ်ငန်းတွေကြောင့် ရေထုတွေညစ်ညမ်းမလာအောင် အပြည့်အဝ ကာကွယ်ထားနိုင်တဲ့ဧရိယာက ကမ္ဘာ့ရေမျက်နှာပြင်ရဲ့ ၁.၂ ရာခိုင်နှုန်းပဲ ရှိပါတယ်။ High Seas Treaty မူကြမ်းကို ကုလအဖွဲ့ဝင်နိုင်ငံတွေ အတည်ပြု လက်မှတ်ရေးထိုးပြီး ရင်တော့ ၂၀၃၀ ပြည့်လွန်နှစ်မှာ ကမ္ဘာ့ရေထုနဲ့ မြေထု ၃၀ ရာခိုင်နှုန်းကို ကာကွယ်ရေး-ဆိုတဲ့ 30 by 30 initiative ရည်မှန်းချက်တွေ အကောင်အထည် ဖော်တဲ့နေရာမှာ အရေးကြီးလှတဲ့အခန်းကဏ္ဍကို ရောက်လာမှာဖြစ်ပါတယ်။

ဥတုရာသီဖောက်ပြန်မှုအကျပ်အတည်းတွေနဲ့ ဇီဝဂေဟစနစ်တွေ မပျောက်ပျက်အောင်ထိန်းသိမ်းရေး ဆောင်ရွက်ချက်တွေမှာ 30X30 initiative က စံသတ်မှတ်ချက်တခုအဖြစ် ရှိနေတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ လူတိုင်း သဘာဝတရားကို ခံစားနိုင်ဖို့၊ ပုဂ္ဂလိကမြေပိုင်ရှင်တွေရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေကို အထောက်အကူပြုဖို့အပြင် ဥတုရာသီမျှတအောင်၊ တောရိုင်းတိရစ္ဆာန်တွေ ကျင်လည်ကျက်စားနိုင်တဲ့ ရေမြေအနေအထားမျိုးဖြစ်အောင် 30x30 initiative က ရည်မှန်းထားတာဖြစ်ပါတယ်။

BBNJ သဘောတူညီချက်ရဲ့ အဓိကရည်မှန်းချက်ကတော့ ရေနေသတ္တဝါတွေကိုကာကွယ်ရေးဖြစ်ပါတယ်။ နိုင်ငံတကာ သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေး သမဂ္ဂ IUCN ရဲ့အဆိုအရ ၁၀ % သော ကမ္ဘာ့ရေနေသတ္တဝါတို့ မျိုးတုန်းပျောက်ကွယ်မယ့်ဘေးနဲ့ရင်ဆိုင်နေရပါပြီ။ ဇီဝမျိုးကွဲအပင်နဲ့သတ္တဝါတွေလည်း အရှိန်အဟုန်နဲ့ ပျက်စီးယိုယွင်းလာနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနလက်အောက်မှာရှိတဲ့ ပင်လယ်သမုဒ္ဒရာနဲ့ အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်နဲ့ သိပ္ပံရေးရာဌာန ဒုဝန်ကြီး Monica Medina ကပြောပါတယ်။

“ထိန်းသိမ်းစောင့်ရှောက်သွားရမယ့် အနည်းဆုံးလုပ်ငန်း ၃၀ ရာခိုင်နှုန်းက ကုန်းတွင်းပိုင်းထဲကပါ။ ကုန်းမြေပေါ်က ရေတွေနဲ့သမုဒ္ဒရာတို့ဟာ လူသားတွေနဲ့ စီးပွါးရေးလုပ်ငန်းတွေ ဆက်လက်ရှင်သန်ဖို့အတွက်သာမကဘဲ မြေကမ္ဘာအတွက်လည်း သိပ်ကိုအရေးကြီးပါတယ်။”

ရေနေသတ္တဝါတွေ ဆုတ်ယုတ်ကျဆင်းလာတဲ့အဓိကသော့ချက်က ဥတုရာသီပြောင်းလဲဖောက်ပြန်မှုကြောင့် ဖြစ်ပါတယ်။ သမုဒ္ဒရာရေထု ပိုပြီးပူနွေးလာတာ၊ သမုဒ္ဒရာ ဓာတုဓာတ်တွေပြောင်းလဲလာတာနဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု အကျိုးဆက်တွေကြောင့်လည်း ရေနေသတ္တဝါတွေ ဆက်လက်ရှင်သန်ဖို့ ခက်ခဲလာရတာဖြစ်ပါတယ်။

ဇီဝဂေဟစနစ်တွေပျက်စီးယိုယွင်းလာတာ၊ ရေထုညစ်ညမ်းတာတွေနဲ့ ဥတုရာသီဖောက်ပြန်မှုတွေကို ဖြေရှင်းတဲ့နေရာမှာ နိုင်ငံတခုရဲ့အချုပ်အခြာအာဏာအောက်မှာရှိမနေတဲ့ သမုဒ္ဒရာရေထုထဲက ဇီဝဂေဟစနစ်တွေကို ကာကွယ်ထိန်းသိမ်းဖို့က အလွန်အရေးကြီးပါတယ်။

အမေရိကန်သမ္မတရဲ့ ဥတုရာသီရေးရာ အထူးကိုယ်စားလှယ် John Kerry ကလည်း ဥတုရာသီဆိုင်ရာအကျပ်အတည်းနဲ့ သမုဒ္ဒရာတွေဟာ သီးခြားခွဲထုတ်လို့မရအောင် ဆက်စပ်နေတယ်လို့ ပြောပါတယ်။

အထူးကိုယ်စားလှယ် Kerry ရဲ့အဆိုအရ ကမ္ဘာ့သမုဒ္ဒရာတွေ ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုတွေ၊ ဥတုရာသီဖောက်ပြန်မှု ကိုင်တွယ်ထိန်းချုပ်ရေးနဲ့ ၂၀၃၀ ပြည့်လွန်နှစ်မှာ ကမ္ဘာ့ရေမျက်နှာပြင် ၃၀ ရာခိုင်နှုန်းကို ကာကွယ်ထိန်းသိမ်းထားနိုင်ရေး-ဆိုတဲ့ ကြိုးပမ်းချက်တွေဟာလည်း High Seas Treaty သဘောတူညီမှုကြောင့် နိုင်ငံတကာရဲ့အာရုံစိုက်မှုတွေရလာတာဖြစ်ပါတယ်။

XS
SM
MD
LG