Accessibility links

Breaking News

ပတ္ဝန္းက်င္ ထိန္းသိမ္းေရးမွာ အခရာက်ခဲ့တဲ့ ၂၀၂၂ ခုႏွစ္


PHILIPPINES-WEATHER/RESCUE
PHILIPPINES-WEATHER/RESCUE

[[Zawgyi/Unicode]]

ပစိဖိ္တ္သမုဒၵရာထဲမွာေပၚေပါက္ခဲ့တဲ့ La Niña အေအးလႈိင္းဂယက္ေၾကာင့္ ကမၻာတဝန္း ေအးျမမႈေတြကို ခံစားခ့ဲရေပမယ့္ ၂၀၂၂ ခုႏွစ္ဟာ ကမၻာ့ႏုိင္ငံအေတာ္မ်ားမ်ားမွာ အပူလႈိင္းေတြနဲ႔ ရင္ဆုိင္ခဲ့ရတဲ့ႏွစ္ျဖစ္ပါတယ္။ ေႏြဦးေပါက္ကာလအတြင္း ေတာင္အာရွေဒသမွာ စံခ်ိန္တင္အပူခ်ိန္ျမင့္တက္မႈနဲ႔ ႀကဳံခ့ဲရပါတယ္။ ေႏြရာသီဝင္စကာလမွာေတာ့ တရုတ္ႏုိင္ငံလိုပဲ ဥေရာပတုိက္မွာႀကဳံခဲ့ရတဲ့အပူခ်ိန္က စံခိ်န္သစ္တင္သြားခဲ့တာပါ။ မိုးသည္းထန္စြာရြာသြန္းမႈနဲ႔ ႀကဳံေတြ႔ခဲ့ရတဲဲ့ ႏုိင္ငံေတြလည္းရွိခဲ့သလို ပါကစၥတန္ႏုိင္ငံမွာေတာ့ စံခ်ိန္တင္မိုးရြာသြန္းမႈေၾကာင့္ ႏုိ္င္ငံတဝန္း ေရႀကီးေရလွ်ံခဲ့တဲ့အတြက္ အေတာ့္ကို ဆုံးရႈံးနစ္နာခဲ့ရတာပါ။

အဲဒီျဖစ္ရပ္ေတြေၾကာင့္ မႏွစ္ေႏွာင္းပိုင္းေလာက္မွာ သဘာဝပတ္ဝန္းက်င္အေရး တက္ႂကြလႈပ္ရွားမႈေတြြ ကမၻာအရပ္ရပ္မွာ ပိုၿပီးေတြ႔ျမင္လာရတာျဖစ္ႏုိင္ပါတယ္။ “ဒီႏွစ္ဟာ ေရရွည္ခံတဲ့ အနာဂတ္တည္ရွိေရးအတြက္ က်မတို႔အားလုံးစိတ္ႏွလုံး ျပန္လည္ႏွစ္ျမွဳပ္လိုက္တဲ့ႏွစ္အျဖစ္ ျပန္ေျပာင္းေအာက္ေမ့သတိရေနမွာပါ”-လို႔ အေမရိကန္ႏုိင္ငံျခားေရးဌာနလက္ေအာက္မွာရွိတဲ့ ပင္လယ္သမုဒၵရာနဲ႔ အျပည္ျပည္ဆိုင္ရာ သဘာဝပတ္ဝန္းက်င္နဲ႔ သိပၸံေရးရာဌာန ဒုဝန္ႀကီး Monica Medina က ဘေလာ့ဂ္စာမ်က္ႏွာမွာ ေျပာခဲ့ပါတယ္။ Biden-Harris အစိုးရအဖြဲ႔အတြက္ ထိပ္တန္းဦးစားေပးကိစၥထဲမွာ ဥတုရာသီဆုိင္ရာအက်ပ္အတည္း ေျဖရွင္းေရးလည္းပါဝင္ပါတယ္။ ကမၻာအရပ္ရပ္က သဘာဝပတ္ဝန္းက်င္နဲ႔ ဇီဝေဂဟစနစ္ထိန္းသိမ္းေရးႀကိဳးပမ္းမႈအျဖစ္ ၂၀၃၀ ျပည့္လြန္ႏွစ္မွာ ကမၻာ့ေျမထုနဲ႔ ေရထု ၃၀ %ကို ကာကြယ္ထိန္းသိမ္းဖို႔ 30 by 30 ဆိုတဲ့ ႏုိင္ငံစုံသေဘာတူညီခ်က္မွာလည္း အေမရိကန္ျပည္ေထာင္စုက ပါဝင္လက္မွတ္ေရးထိုးခဲ့ပါတယ္။

၂၀၂၀ ဧၿပီလမွာေတာ့ ၇ ႀကိ္မ္ေျမာက္ သမုဒၵရာညီလာခံကို Palau သမၼတႏုိင္ငံနဲ႔ အေမရိကန္တို႔ ပူးတြဲ ကမကထလုပ္ က်င္းပခဲ့ပါတယ္။ ႏွစ္ႏုိင္ငံစလုံးမွာရွိတဲ့ ပုဂၢလိကပုိင္းနဲ႔ ျပည္သူပိုင္က႑ေတြမွာ သေဘာတူညီခဲ့ၾကတဲ့ အခ်က္အလက္ (၄၁၀) ထဲမွာ ငါးအလြန္အကၽြံဖမ္းမႈ၊ ပလတ္စတစ္ညစ္ညမ္းမႈအပါအဝင္ သမုဒၵရာေရထုကို ထိန္းသိမ္းသြားမယ့္ အခ်က္ေတြပါပါတယ္။ ပင္လယ္သမုဒၵရာ ထိန္းသိမ္းေစာင့္ေရွာက္ေရး၊ ညစ္ညမ္းေလထုလုံးဝမထြက္တဲ့ ကုန္စည္ပုိ႔ေဆာင္ေရးနဲ႔အတူ Blue Economy ဆိုတဲ့ သမုဒၵရာနဲ႔ကမ္း႐ိုးတန္းကို အမွီျပဳလုပ္ကုိင္တဲ့ စိီးပါြးေရးလုပ္ငန္းကိုပါ အားေပးျမွင့္တင္ဖို႔ထိ တိုးခ်ဲ ႔လုပ္ကို္င္သြားဖို႔လည္းေဆြးေႏြးခဲ့ၾကပါတယ္။

ကမၻာ့ပူေႏြးမႈကို ေလ်ာ့ပါးသက္သာေစတဲ့ အိုဇုံးလႊာေတြ မေပ်ာက္ပ်က္ေအာင္ ႏုိင္ငံစုံသေဘာတူညီထားတဲ့ Montreal Protocol ပါ Kigali Amendment အရ အေမရိကန္ႏုိ္င္ငံမွာေတာ့ ဓာတ္ေငြ႔ထုတ္လႊတ္မႈေလွ်ာ့ခ်ဖို႔အေရးႀကီးတဲ့ ေျခလွမ္းစတင္လိုက္ပါၿပီ။

ဒါ့အျပင္ ကမၻာတဝန္း လုံၿခဳံစိတ္ခ်ရတဲ့ ေသာက္သုံးေရရရွိေရးနဲ႔ ကုလသမဂၢ သဘာဝပတ္ဝန္းက်င္ ႏွစ္ပတ္လည္ညီလာခံ UNEA ရဲ ႔ သမုိင္းဝင္သေဘာတူညီမႈျဖစ္တဲ့ ပလတ္စတစ္ညစ္ညမ္းမႈအဆုံးသတ္ေရး ကမၻာတဝန္း ႀကိဳးပမ္းမႈအတြက္ အေမရိကန္ကဦးေဆာင္ၿပီး မဟာဗ်ဴတရပ္ေရးဆြဲခဲ့ပါတယ္။

ဒါတင္မကပါဘူး။ သမၼတဘုိင္ဒန္အစိုးရက အတည္ျပဳျပဌာန္းလိုက္တဲ့ ေငြေၾကးေဖာင္းပြမႈေလွ်ာ့ခ်ေရးဥပေဒ Inflation Reduction မွာပါဝင္တဲ့ ဥတုရာသီဆုိင္ရာ ရင္းႏွီးျမွုပ္ႏွံမႈဟာလည္း အေမရိကန္သမုိင္းတေလွ်ာက္ ပမာဏအမ်ားဆုံးျဖစ္ပါတယ္။

“ဒီႏွစ္ဟာ လမ္းဆုံလမ္းခြတခုကိုေရာက္ေနတဲ့အခ်ိန္ျဖစ္ပါတယ္။ တခုကေတာ့ အရင္လိုပဲ ေရထု ေလထု ညစ္ညမ္းမႈ၊ ဇီဝေဂဟစနစ္ေတြ ယိုယြင္းက်ဆင္းမႈေတြ၊ အပူခိ်န္ျမင့္တက္ၿပီး ကမၻာ့လုံၿခဳံေရးအားနည္းတဲ့ လမ္းပါ။ ေနာက္တလမ္းကေတာ့ ေရရွည္ခံတ့ဲအနာဂတ္နဲ႔ က်မတို႔ သားသမီးေျမးျမစ္ေတြအတြက္ ပိုမိုေကာင္းမြန္တဲ့အနာဂတ္ေတြ ရွိေနပါတယ္။ သဘာဝပတ္ဝန္းက်င္နဲ႔ သဟဇာတက်မယ့္ကမၻာႀကီးရွိရာ ပိုမိုေကာင္းမြန္တဲ့လမ္းေၾကာင္းကို က်မတို႔အားလုံးေရြးခ်ယ္လိုက္ၾကတယ္ဆိုတာ ဒီႏွစ္ကုန္ေလာက္မွာ ေျပာႏုိင္ပါၿပီ” လို႔ ဒု၀န္ႀကီး Medina ကေျပာဆိုသြားခဲ့ပါတယ္။

================

[[Unicode]]

ပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ အခရာကျခဲ့တဲ့ ၂၀၂၂ ခုနှစ်


ပစိဖိတ်သမုဒ္ဒရာထဲမှာပေါ်ပေါက်ခဲ့တဲ့ La Niña အအေးလှိုင်းဂယက်ကြောင့် ကမ္ဘာတဝန်း အေးမြမှုတွေကို ခံစားခဲ့ရပေမယ့် ၂၀၂၂ ခုနှစ်ဟာ ကမ္ဘာ့နိုင်ငံအတော်များများမှာ အပူလှိုင်းတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့နှစ်ဖြစ်ပါတယ်။ နွေဦးပေါက်ကာလအတွင်း တောင်အာရှဒေသမှာ စံချိန်တင်အပူချိန်မြင့်တက်မှုနဲ့ ကြုံခဲ့ရပါတယ်။ နွေရာသီဝင်စကာလမှာတော့ တရုတ်နိုင်ငံလိုပဲ ဥရောပတိုက်မှာကြုံခဲ့ရတဲ့အပူချိန်က စံချိန်သစ်တင်သွားခဲ့တာပါ။ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ ကြုံတွေ့ခဲ့ရတဲ့ နိုင်ငံတွေလည်းရှိခဲ့သလို ပါကစ္စတန်နိုင်ငံမှာတော့ စံချိန်တင်မိုးရွာသွန်းမှုကြောင့် နိုင်ငံတဝန်း ရေကြီးရေလျှံခဲ့တဲ့အတွက် အတော့်ကို ဆုံးရှုံးနစ်နာခဲ့ရတာပါ။

အဲဒီဖြစ်ရပ်တွေကြောင့် မနှစ်နှောင်းပိုင်းလောက်မှာ သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားမှုတွေ ကမ္ဘာအရပ်ရပ်မှာ ပိုပြီးတွေ့မြင်လာရတာဖြစ်နိုင်ပါတယ်။ “ဒီနှစ်ဟာ ရေရှည်ခံတဲ့ အနာဂတ်တည်ရှိရေးအတွက် ကျမတို့အားလုံးစိတ်နှလုံး ပြန်လည်နှစ်မြှုပ်လိုက်တဲ့နှစ်အဖြစ် ပြန်ပြောင်းအောက်မေ့သတိရနေမှာပါ”-လို့ အမေရိကန်နိုင်ငံခြားရေးဌာနလက်အောက်မှာရှိတဲ့ ပင်လယ်သမုဒ္ဒရာနဲ့ အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်နဲ့ သိပ္ပံရေးရာဌာန ဒုဝန်ကြီး Monica Medina က ဘလော့ဂ်စာမျက်နှာမှာ ပြောခဲ့ပါတယ်။ Biden-Harris အစိုးရအဖွဲ့အတွက် ထိပ်တန်းဦးစားပေးကိစ္စထဲမှာ ဥတုရာသီဆိုင်ရာအကျပ်အတည်း ဖြေရှင်းရေးလည်းပါဝင်ပါတယ်။ ကမ္ဘာအရပ်ရပ်က သဘာဝပတ်ဝန်းကျင်နဲ့ ဇီဝဂေဟစနစ်ထိန်းသိမ်းရေးကြိုးပမ်းမှုအဖြစ် ၂၀၃၀ ပြည့်လွန်နှစ်မှာ ကမ္ဘာ့မြေထုနဲ့ ရေထု ၃၀ %ကို ကာကွယ်ထိန်းသိမ်းဖို့ 30 by 30 ဆိုတဲ့ နိုင်ငံစုံသဘောတူညီချက်မှာလည်း အမေရိကန်ပြည်ထောင်စုက ပါဝင်လက်မှတ်ရေးထိုးခဲ့ပါတယ်။

၂၀၂၀ ဧပြီလမှာတော့ ၇ ကြိမ်မြောက် သမုဒ္ဒရာညီလာခံကို Palau သမ္မတနိုင်ငံနဲ့ အမေရိကန်တို့ ပူးတွဲ ကမကထလုပ် ကျင်းပခဲ့ပါတယ်။ နှစ်နိုင်ငံစလုံးမှာရှိတဲ့ ပုဂ္ဂလိကပိုင်းနဲ့ ပြည်သူပိုင်ကဏ္ဍတွေမှာ သဘောတူညီခဲ့ကြတဲ့ အချက်အလက် (၄၁၀) ထဲမှာ ငါးအလွန်အကျွံဖမ်းမှု၊ ပလတ်စတစ်ညစ်ညမ်းမှုအပါအဝင် သမုဒ္ဒရာရေထုကို ထိန်းသိမ်းသွားမယ့် အချက်တွေပါပါတယ်။ ပင်လယ်သမုဒ္ဒရာ ထိန်းသိမ်းစောင့်ရှောက်ရေး၊ ညစ်ညမ်းလေထုလုံးဝမထွက်တဲ့ ကုန်စည်ပို့ဆောင်ရေးနဲ့အတူ Blue Economy ဆိုတဲ့ သမုဒ္ဒရာနဲ့ကမ်းရိုးတန်းကို အမှီပြုလုပ်ကိုင်တဲ့ စီးပါွးရေးလုပ်ငန်းကိုပါ အားပေးမြှင့်တင်ဖို့ထိ တိုးချဲ့လုပ်ကိုင်သွားဖို့လည်းဆွေးနွေးခဲ့ကြပါတယ်။

ကမ္ဘာ့ပူနွေးမှုကို လျော့ပါးသက်သာစေတဲ့ အိုဇုံးလွှာတွေ မပျောက်ပျက်အောင် နိုင်ငံစုံသဘောတူညီထားတဲ့ Montreal Protocol ပါ Kigali Amendment အရ အမေရိကန်နိုင်ငံမှာတော့ ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချဖို့အရေးကြီးတဲ့ ခြေလှမ်းစတင်လိုက်ပါပြီ။

ဒါ့အပြင် ကမ္ဘာတဝန်း လုံခြုံစိတ်ချရတဲ့ သောက်သုံးရေရရှိရေးနဲ့ ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင် နှစ်ပတ်လည်ညီလာခံ UNEA ရဲ့ သမိုင်းဝင်သဘောတူညီမှုဖြစ်တဲ့ ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး ကမ္ဘာတဝန်း ကြိုးပမ်းမှုအတွက် အမေရိကန်ကဦးဆောင်ပြီး မဟာဗျူတရပ်ရေးဆွဲခဲ့ပါတယ်။

ဒါတင်မကပါဘူး။ သမ္မတဘိုင်ဒန်အစိုးရက အတည်ပြုပြဌာန်းလိုက်တဲ့ ငွေကြေးဖောင်းပွမှုလျှော့ချရေးဥပဒေ Inflation Reduction မှာပါဝင်တဲ့ ဥတုရာသီဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဟာလည်း အမေရိကန်သမိုင်းတလျှောက် ပမာဏအများဆုံးဖြစ်ပါတယ်။

“ဒီနှစ်ဟာ လမ်းဆုံလမ်းခွတခုကိုရောက်နေတဲ့အချိန်ဖြစ်ပါတယ်။ တခုကတော့ အရင်လိုပဲ ရေထု လေထု ညစ်ညမ်းမှု၊ ဇီဝဂေဟစနစ်တွေ ယိုယွင်းကျဆင်းမှုတွေ၊ အပူချိန်မြင့်တက်ပြီး ကမ္ဘာ့လုံခြုံရေးအားနည်းတဲ့ လမ်းပါ။ နောက်တလမ်းကတော့ ရေရှည်ခံတဲ့အနာဂတ်နဲ့ ကျမတို့ သားသမီးမြေးမြစ်တွေအတွက် ပိုမိုကောင်းမွန်တဲ့အနာဂတ်တွေ ရှိနေပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတကျမယ့်ကမ္ဘာကြီးရှိရာ ပိုမိုကောင်းမွန်တဲ့လမ်းကြောင်းကို ကျမတို့အားလုံးရွေးချယ်လိုက်ကြတယ်ဆိုတာ ဒီနှစ်ကုန်လောက်မှာ ပြောနိုင်ပါပြီ” လို့ ဒုဝန်ကြီး Medina ကပြောဆိုသွားခဲ့ပါတယ်။

XS
SM
MD
LG