ေ႐ႊ႕ေျပာင္းေနထိုင္သူေတြကို အကာကြယ္ေပးေရး အေမရိကန္ပူးေပါင္းေဆာင္႐ြက္မည္

  • VOA Policy

Antony Blinken

အရင္တုန္းက မႀကဳံခဲ့ဖူးတဲ့ အခ်ိန္ေတြကို ႀကဳံေနရတယ္လို႔ ကုလသမဂၢ ႏိုင္ငံတကာ ေ႐ႊ႕ေျပာင္းေနထိုင္မႈ သုံးသပ္ေရး ေဆြးေႏြးပြဲမွာ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က ေၾကညာလိုက္ပါတယ္။

ေ႐ႊ႕ေျပာင္းေနထိုင္သူေတြကို အကာကြယ္ေပးေရး အေမရိကန္ပူးေပါင္းေဆာင္႐ြက္မည္

{{Zawgyi/Unicode}}

အရင္တုန္းက မႀကဳံခဲ့ဖူးတဲ့ အခ်ိန္ေတြကို ႀကဳံေနရတယ္လို႔ ကုလသမဂၢ ႏိုင္ငံတကာ ေ႐ႊ႕ေျပာင္းေနထိုင္မႈ သုံးသပ္ေရး ေဆြးေႏြးပြဲမွာ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က ေၾကညာလိုက္ပါတယ္။ ဒီေန႔ ကမာၻတဝွမ္းမွာ ေ႐ႊ႕ေျပာင္းေနထိုင္သူ ၉၅ သန္းေက်ာ္ ရွိပါတယ္။ ဒုတိယ ကမာၻစစ္ကတည္းဆိုရင္ ဘယ္ကာလထက္မဆို မ်ားပါတယ္။ “စိတ္ခ်လုံၿခဳံမႈ နဲ႔ အခြင့္အလမ္း ကို ရွာေဖြဖို႔ လူေတြက အိမ္ေတြကေန ထြက္ၾကၿပီး၊ ေဘးအႏၲရာယ္ မ်ားလွတဲ့ ခရီးကို ႏွင္ၾကတဲ့အခါ၊ ဒီလို ေ႐ႊ႕ေျပာင္းသြားလာၾကတာပိုၿပီး စိတ္ခ်လုံၿခဳံေအာင္၊ စနစ္တက် ျဖစ္ေအာင္ အဖြဲ႕အစည္းနဲ႔ က်င့္ထုံးပိုင္းလို႔ အဓိပၸါယ္ရတဲ့ အင္စတီက်ဴးရွင္းေတြနဲ႔ တိုင္းျပည္ေတြက အတူတကြ အလုပ္လုပ္ၾကဖို႔ အေရးႀကီးပါတယ္။” လို႔ ဝန္ႀကီး ဘလင္ကန္ က အေလးထား ေျပာသြားပါတယ္။

ေ႐ႊ႕ေျပာင္းေနထိုင္တာ အေပၚ စီမံခန႔္ခြဲေရး၊ အားနည္းတဲ့သူေတြကို အကာအကြယ္ေပးေရး ဆိုင္ရာ ဘုံ ခ်ဥ္းကပ္ပုံ တရပ္ ရရွိေရးဟာ တကမာၻလုံးဆိုင္ရာ ေရႊ႕ေျပာင္းေနထိုင္မႈ တရားဝင္ သေဘာတူညီခ်က္ရဲ႕ ရည္႐ြယ္ခ်က္ ျဖစ္ပါတယ္။ ဒီ သေဘာတူညီခ်က္ဟာ ကုလသမဂၢရဲ႕ ေထာက္ပံ့ကူညီအားေပးမႈ ေအာက္မွာ အစိုးရေတြၾကား ပထမဆုံး ညႇိႏႈိင္း သေဘာတူညီခ်က္ ျဖစ္ပါတယ္။ ႏိုင္ငံတကာ ေ႐ႊ႕ေျပာင္းေနထိုင္ျခင္းဆိုင္ရာ ကိစၥရပ္ေတြ အားလုံး အက်ဳုံးဝင္၊ ၿခဳံငုံ စဥ္းစားခဲ့တဲ့ သေဘာတူညီခ်က္လည္း ျဖစ္ပါတယ္။

လူ႔အခြင့္အေရး၊ လူသားဂုဏ္ရည္၊ ပြင့္လင္းျမင္သာမႈနဲ႔ ႏိုင္ငံေတာ္ အခ်ဳပ္အျခာအာဏာေတြေပၚမွာ အေျခအျမစ္က်က် တည္ထားတဲ့ ေရွ႕ေျပာင္းေနထိုင္မႈ ဆိုင္ရာ မူဝါဒေတြ ျဖစ္လာေအာင္ အေမရိကန္ ျပည္ေထာင္စု က ႀကိဳးပမ္းပါတယ္ လို႔ ဘလင္ကန္ က ေျပာပါတယ္။ “အရပ္ဘက္ အဖြဲ႕အစည္းေတြ၊ အစိုးရေတြ၊ ပုဂၢလိက က႑၊ ကုလသမဂၢလို ႏိုင္ငံတကာ အဖြဲ႕အစည္းေတြ နဲ႔ တြဲဘက္ေဆာင္႐ြက္ဖို႔ ကြၽန္ေတာ္တို႔ က ကတိကဝတ္ျပဳထားပါတယ္။ ဘာ‌ေၾကာင့္လဲဆိုေတာ့ တစ္ႏိုင္ငံတည္း နဲ႔ ေျဖရွင္းလို႔ မရႏိုင္တဲ့ စိန္ေခၚခ်က္ ျဖစ္လို႔ပါ။” လို႔ ဝန္ႀကီး က ဆိုပါတယ္။

သေဘာတူညီခ်က္ ကို လက္မွတ္ေရးထိုးထားတဲ့ အေနာက္ကမာၻ က တိုင္းျပည္ အေတာ္မ်ားမ်ား ဟာ ဖိႏွိပ္မႈေအာက္ကေန ထြက္ေျပးလာၾကတဲ့ သူေတြ ကို တရားဝင္ ဥပေဒ အဆင့္အတန္း ေပးၿပီး၊ ဝန္ေဆာင္မႈေတြ နဲ႔ သူတို႔ ရဲ႕ ကေလးေတြ ပညာသင္ၾကားႏိုင္ေအာင္ ေဆာင္႐ြက္ေပးျခင္းအားျဖင့္ ဒီလမ္း ကို ဦးေဆာင္ေနၾကပါတယ္။ ႏိုင္ငံတကာ အဖြဲ႕အစည္းေတြ နဲ႔ အစိုးရ မဟုတ္တဲ့ အဖြဲ႕အုပ္စုေတြ ဟာ ဥတုရာသီ နဲ႔ ဆက္စပ္ ျဖစ္ေပၚလာတဲ့ ေဘးအႏၲရာယ္ေတြ ႀကဳံရၿပီးတဲ့ေနာက္ ပံ့ပိုး ကူညီခဲ့ၾကပါတယ္။ ခံႏိုင္ရည္ရွိရွိ ေလွ်ာက္လမ္းၾကရာမွာ ေဒသခံ တာဝန္ရွိသူေတြ ကို ေလ့က်င့္ ပညာေပးၾကပါတယ္။ ရာသီဥတု အက်ပ္အတည္းေၾကာင့္ ေ႐ႊ႕ေျပာင္း ေနထိုင္ရေလာက္ေအာင္ အၿခိမ္းေျခာက္ခံေနရတဲ့ ရပ္႐ြာ အသိုက္အဝန္းေတြ ကို ေ႐ႊ႕ေျပာင္းေနထိုင္ရာမွာ အသားက်ေစဖို႔ ကူညီၾကပါတယ္။

ရရွိၿပီး တိုးတက္မႈေတြ အေပၚမွာ ဆက္လက္ တိုးတက္ေအာင္ အေမရိကန္ ျပည္ေထာင္စု က မိတ္ဘက္ေတြ နဲ႔ နီးနီးကပ္ကပ္ အလုပ္လုပ္သြားပါမယ္။ ဇြန္လ မွာ က်င္းပမယ့္ အေမရိကတိုက္ ထိပ္သီး ညီလာခံ မွာ “ကြၽန္ေတာ္တို႔ ရဲ႕ ကမာၻဘက္ျခမ္းမွာ ႀကဳံေတြ႕ေနရတဲ့ ပုံမွန္မဟုတ္တဲ့ ေ႐ႊ႕ေျပာင္းေနထိုင္မႈမ်ိဳး အေပၚ တုန႔္ျပန္ၾကရာမွာ ကြၽန္ေတာ္တို႔ ဆက္လက္ ပူ‌ေပါင္းတုန႔္ျပန္သြားၾကပါမယ္” လို႔ ဝန္ႀကီး ဘလင္ကန္ က ေျပာပါတယ္။ “ဘာေၾကာင့္ လူေတြ က သူတို႔ ရဲ႕ အိမ္ေတြ ကို စြန႔္ခြါေျပးခဲ့ၾကတာလဲ ဆိုတာ ကို ကိုင္တြယ္ဖို႔ ပုံမွန္မဟုတ္တဲ့ ေ႐ႊ႕ေျပာင္း ေနထိုင္ၾကတဲ့ အေၾကာင္းရင္းျမစ္ေတြ အေပၚမွာ ကြၽန္ေတာ္တို႔ လုပ္ေဆာင္ေနပါတယ္။ အဲဒီ အေၾကာင္းရင္းေတြထဲမွာ စီးပြါးေရး အခြင့္အလမ္း ကင္းမဲ့မႈ၊ မလုံၿခဳံမႈ၊ အက်င့္ပ်က္ျခစားၿပီး ဖိႏွိပ္လိုတဲ့ အုပ္ခ်ဳပ္ေရး၊ ရာသီဥတု နဲ႔ ဆက္စပ္ အေရးေပၚ အေျခအေနေတြ ပါဝင္ၾကပါတယ္။” လို႔ ဘလင္ကန္ က ဆိုပါတယ္။

ဒီႏွစ္မွာ ယာယီ လုပ္သား ဗီဇာ ၅ ေသာင္းေက်ာ္ ထပ္တိုး ခ်ထားေပးတာ အပါအဝင္ ေ႐ႊ႕ေျပာင္းေနထိုင္တာ တရားဝင္ ျဖစ္ေရး ဥပေဒ လမ္းေၾကာင္းကိုလည္း အေမရိကန္ ျပည္ေထာင္စု က ခ်ဲ႕ေပးေနပါတယ္။ မိသားစု ျပန္လည္ေပါင္းစုံေရး အစီအစဥ္ ကိုလည္း ခ်ဲ႕ေနပါတယ္။ ကမာၻတဝွမ္း က ဒုကၡသည္ေတြ နဲ႔ အားနည္းတဲ့ ေ႐ႊ႕ေျပာင္းေနထိုင္သူေတြ ကို ပံပိုးေပးေနပါတယ္။

ကမာၻတဝွမ္းမွာ စိတ္ခ်ရၿပီး၊ စနစ္တက် နဲ႔ လူဆန္တဲ့ ေ႐ႊ႕ေျပာင္းေနထိုင္ေရး ျဖစ္ေပၚဖို႔အတြက္ အေမရိကန္ ျပည္ေထာင္စု က ဆက္လက္ ေဆာင္႐ြက္ပါမယ္။ ေ႐ႊ႕ေျပာင္းေနထိုင္ၾကသူေတြ နဲ႔ပဲ တည္ေဆာက္ ႂကြယ္ဝလာခဲ့တဲ့ ႏိုင္ငံျဖစ္တဲ့အတိုင္း ဒီ ကိစၥ က ကြၽန္ေတာ္တို႔ ႏွလုံးသားထဲမွာ အထူးသျဖင့္ ရွိေနတာပါ။

....................................

ရွှေ့ပြောင်းနေထိုင်သူတွေကို အကာကွယ်ပေးရေး အမေရိကန်ပူးပေါင်းဆောင်ရွက်မည်

{{Zawgyi/Unicode}}

အရင်တုန်းက မကြုံခဲ့ဖူးတဲ့ အချိန်တွေကို ကြုံနေရတယ်လို့ ကုလသမဂ္ဂ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်မှု သုံးသပ်ရေး ဆွေးနွေးပွဲမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ကြေညာလိုက်ပါတယ်။ ဒီနေ့ ကမ္ဘာတဝှမ်းမှာ ရွှေ့ပြောင်းနေထိုင်သူ ၉၅ သန်းကျော် ရှိပါတယ်။ ဒုတိယ ကမ္ဘာစစ်ကတည်းဆိုရင် ဘယ်ကာလထက်မဆို များပါတယ်။ “စိတ်ချလုံခြုံမှု နဲ့ အခွင့်အလမ်း ကို ရှာဖွေဖို့ လူတွေက အိမ်တွေကနေ ထွက်ကြပြီး၊ ဘေးအန္တရာယ် များလှတဲ့ ခရီးကို နှင်ကြတဲ့အခါ၊ ဒီလို ရွှေ့ပြောင်းသွားလာကြတာပိုပြီး စိတ်ချလုံခြုံအောင်၊ စနစ်တကျ ဖြစ်အောင် အဖွဲ့အစည်းနဲ့ ကျင့်ထုံးပိုင်းလို့ အဓိပ္ပါယ်ရတဲ့ အင်စတီကျူးရှင်းတွေနဲ့ တိုင်းပြည်တွေက အတူတကွ အလုပ်လုပ်ကြဖို့ အရေးကြီးပါတယ်။” လို့ ဝန်ကြီး ဘလင်ကန် က အလေးထား ပြောသွားပါတယ်။

ရွှေ့ပြောင်းနေထိုင်တာ အပေါ် စီမံခန့်ခွဲရေး၊ အားနည်းတဲ့သူတွေကို အကာအကွယ်ပေးရေး ဆိုင်ရာ ဘုံ ချဉ်းကပ်ပုံ တရပ် ရရှိရေးဟာ တကမ္ဘာလုံးဆိုင်ရာ ရွှေ့ပြောင်းနေထိုင်မှု တရားဝင် သဘောတူညီချက်ရဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ ဒီ သဘောတူညီချက်ဟာ ကုလသမဂ္ဂရဲ့ ထောက်ပံ့ကူညီအားပေးမှု အောက်မှာ အစိုးရတွေကြား ပထမဆုံး ညှိနှိုင်း သဘောတူညီချက် ဖြစ်ပါတယ်။ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်ခြင်းဆိုင်ရာ ကိစ္စရပ်တွေ အားလုံး အကျုုံးဝင်၊ ခြုံငုံ စဉ်းစားခဲ့တဲ့ သဘောတူညီချက်လည်း ဖြစ်ပါတယ်။ လူ့အခွင့်အရေး၊ လူသားဂုဏ်ရည်၊ ပွင့်လင်းမြင်သာမှုနဲ့ နိုင်ငံတော် အချုပ်အခြာအာဏာတွေပေါ်မှာ

အခြေအမြစ်ကျကျ တည်ထားတဲ့ ရှေ့ပြောင်းနေထိုင်မှု ဆိုင်ရာ မူဝါဒတွေ ဖြစ်လာအောင် အမေရိကန် ပြည်ထောင်စု က ကြိုးပမ်းပါတယ် လို့ ဘလင်ကန် က ပြောပါတယ်။ “အရပ်ဘက် အဖွဲ့အစည်းတွေ၊ အစိုးရတွေ၊ ပုဂ္ဂလိက ကဏ္ဍ၊ ကုလသမဂ္ဂလို နိုင်ငံတကာ အဖွဲ့အစည်းတွေ နဲ့ တွဲဘက်ဆောင်ရွက်ဖို့ ကျွန်တော်တို့ က ကတိကဝတ်ပြုထားပါတယ်။ ဘာ‌ကြောင့်လဲဆိုတော့ တစ်နိုင်ငံတည်း နဲ့ ဖြေရှင်းလို့ မရနိုင်တဲ့ စိန်ခေါ်ချက် ဖြစ်လို့ပါ။” လို့ ဝန်ကြီး က ဆိုပါတယ်။

သဘောတူညီချက် ကို လက်မှတ်ရေးထိုးထားတဲ့ အနောက်ကမ္ဘာ က တိုင်းပြည် အတော်များများ ဟာ ဖိနှိပ်မှုအောက်ကနေ ထွက်ပြေးလာကြတဲ့ သူတွေ ကို တရားဝင် ဥပဒေ အဆင့်အတန်း ပေးပြီး၊ ဝန်ဆောင်မှုတွေ နဲ့ သူတို့ ရဲ့ ကလေးတွေ ပညာသင်ကြားနိုင်အောင် ဆောင်ရွက်ပေးခြင်းအားဖြင့် ဒီလမ်း ကို ဦးဆောင်နေကြပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေ နဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အုပ်စုတွေ ဟာ ဥတုရာသီ နဲ့ ဆက်စပ် ဖြစ်ပေါ်လာတဲ့ ဘေးအန္တရာယ်တွေ ကြုံရပြီးတဲ့နောက် ပံ့ပိုး ကူညီခဲ့ကြပါတယ်။ ခံနိုင်ရည်ရှိရှိ လျှောက်လမ်းကြရာမှာ ဒေသခံ တာဝန်ရှိသူတွေ ကို လေ့ကျင့် ပညာပေးကြပါတယ်။ ရာသီဥတု အကျပ်အတည်းကြောင့် ရွှေ့ပြောင်း နေထိုင်ရလောက်အောင် အခြိမ်းခြောက်ခံနေရတဲ့ ရပ်ရွာ အသိုက်အဝန်းတွေ ကို ရွှေ့ပြောင်းနေထိုင်ရာမှာ အသားကျစေဖို့ ကူညီကြပါတယ်။

ရရှိပြီး တိုးတက်မှုတွေ အပေါ်မှာ ဆက်လက် တိုးတက်အောင် အမေရိကန် ပြည်ထောင်စု က မိတ်ဘက်တွေ နဲ့ နီးနီးကပ်ကပ် အလုပ်လုပ်သွားပါမယ်။ ဇွန်လ မှာ ကျင်းပမယ့် အမေရိကတိုက် ထိပ်သီး ညီလာခံ မှာ “ကျွန်တော်တို့ ရဲ့ ကမ္ဘာဘက်ခြမ်းမှာ ကြုံတွေ့နေရတဲ့ ပုံမှန်မဟုတ်တဲ့ ရွှေ့ပြောင်းနေထိုင်မှုမျိုး အပေါ် တုန့်ပြန်ကြရာမှာ ကျွန်တော်တို့ ဆက်လက် ပူ‌ပေါင်းတုန့်ပြန်သွားကြပါမယ်” လို့ ဝန်ကြီး ဘလင်ကန် က ပြောပါတယ်။ “ဘာကြောင့် လူတွေ က သူတို့ ရဲ့ အိမ်တွေ ကို စွန့်ခွါပြေးခဲ့ကြတာလဲ ဆိုတာ ကို ကိုင်တွယ်ဖို့ ပုံမှန်မဟုတ်တဲ့ ရွှေ့ပြောင်း နေထိုင်ကြတဲ့ အကြောင်းရင်းမြစ်တွေ အပေါ်မှာ ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်။ အဲဒီ အကြောင်းရင်းတွေထဲမှာ စီးပွါးရေး အခွင့်အလမ်း ကင်းမဲ့မှု၊ မလုံခြုံမှု၊ အကျင့်ပျက်ခြစားပြီး ဖိနှိပ်လိုတဲ့ အုပ်ချုပ်ရေး၊ ရာသီဥတု နဲ့ ဆက်စပ် အရေးပေါ် အခြေအနေတွေ ပါဝင်ကြပါတယ်။” လို့ ဘလင်ကန် က ဆိုပါတယ်။

ဒီနှစ်မှာ ယာယီ လုပ်သား ဗီဇာ ၅ သောင်းကျော် ထပ်တိုး ချထားပေးတာ အပါအဝင် ရွှေ့ပြောင်းနေထိုင်တာ တရားဝင် ဖြစ်ရေး ဥပဒေ လမ်းကြောင်းကိုလည်း အမေရိကန် ပြည်ထောင်စု က ချဲ့ပေးနေပါတယ်။ မိသားစု ပြန်လည်ပေါင်းစုံရေး အစီအစဉ် ကိုလည်း ချဲ့နေပါတယ်။ ကမ္ဘာတဝှမ်း က ဒုက္ခသည်တွေ နဲ့ အားနည်းတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ ကို ပံပိုးပေးနေပါတယ်။

ကမ္ဘာတဝှမ်းမှာ စိတ်ချရပြီး၊ စနစ်တကျ နဲ့ လူဆန်တဲ့ ရွှေ့ပြောင်းနေထိုင်ရေး ဖြစ်ပေါ်ဖို့အတွက် အမေရိကန် ပြည်ထောင်စု က ဆက်လက် ဆောင်ရွက်ပါမယ်။ ရွှေ့ပြောင်းနေထိုင်ကြသူတွေ နဲ့ပဲ တည်ဆောက် ကြွယ်ဝလာခဲ့တဲ့ နိုင်ငံဖြစ်တဲ့အတိုင်း ဒီ ကိစ္စ က ကျွန်တော်တို့ နှလုံးသားထဲမှာ အထူးသဖြင့် ရှိနေတာပါ။