Accessibility links

Breaking News

ျပည္သူလူထုအေပၚ ျပစ္မႈက်ဴးလြန္သူေတြ တာဝန္ခံမႈရွိေစဖို႔ အေမရိကန္ ဦးေဆာင္ႀကိဳးပမ္း


FILE- Soldiers stand next to military vehicles as people gather to protest against the military coup, in Yangon, Myanmar, Feb. 15, 2021.
FILE- Soldiers stand next to military vehicles as people gather to protest against the military coup, in Yangon, Myanmar, Feb. 15, 2021.

ျပည္သူလူထုအေပၚ ျပစ္မႈက်ဴးလြန္သူေတြ တာဝန္ခံမႈရွိေစဖို႔ အေမရိကန္ ဦးေဆာင္ႀကိဳးပမ္း

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္ၿပီး အၾကမ္းဖက္မႈေတြေၾကာင့္ အားလုံးပါဝင္တဲ့ ဒီမိုကေရစီ လမ္းေၾကာင္းရပ္ခဲ့တာ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီ လ ၁ ရက္ေန႔ကတည္းကဆိုရင္ တႏွစ္ ရွိခဲ့ပါၿပီ။ ႏိုင္ငံျခားေရး ဝန္ႀကီး Antony Blinken ထုတ္ျပန္ခ်က္ထဲမွေျပာသလိုပါပဲ .. “ထိန္းခ်ဳပ္မႈ ခိုင္မာေအာင္ ဆက္လက္ အၾကမ္းဖက္ ဖိႏွိပ္ေနရာမွာ စစ္ေကာင္စီ ဟာ အမ်ိဳးသမီး နဲ႔ ကေလးေတြ အပါအဝင္ လူေပါင္း ၁၅၀၀ နီးနီး ကို သတ္ခဲ့ၿပီး အရပ္သား အစိုးရ ဝန္ထမ္းေတြ၊ အရပ္ဘက္ အဖြဲ႕အစည္း နဲ႔ ေဒသခံ တက္ႂကြလႈပ္ရွားသူေတြ၊ သတင္းသမားေတြ နဲ႔ ႏိုင္ငံျခားသားေတြ အပါအဝင္ လူ ၁၀၀၀၀ ေက်ာ္ ကို ထိန္းသိမ္းခဲ့ပါတယ္။”

ျမန္မာျပည္သူေတြအေပၚ က်ဴးလြန္ခဲ့တဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြနဲ႔ မေတာ္မတရားလုပ္မႈေတြအတြက္ တာဝန္ခံေရး ႏိုင္ငံတကာက အားထုတ္ေနရာမွာ အေမရိကန္ ျပည္ေထာင္စု က ဦးေဆာင္ေနပါတယ္။ အာဏာသိမ္း တႏွစ္ျပည့္ ႏွစ္ပတ္လည္မွာ မိတ္ဘက္ ယူေက နဲ႔ ကေနဒါ ႏိုင္ငံတို႔ နဲ႔ လက္တြဲၿပီး ေနာက္ဆုံး ပိတ္ဆို႔ အေရးယူတာေတြကို ေၾကညာခဲ့ပါတယ္။

ျမန္မာ စစ္ေကာင္စီ နဲ႔ ဆက္စပ္ေနတဲ့ လူပုဂၢိဳလ္ ခုနစ္ေယာက္ နဲ႔ အဖြဲ႕အစည္း ၂ ဖြဲ႕ ကို ပိတ္ဆို႔ အေရးယူခဲ့တာပါ။

ျပည္ေထာင္စု ေရွ႕ေနခ်ဳပ္ ေဒၚ သီတာဦး ဟာ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတ ဦးဝင္းျမင့္ နဲ႔ အျခား ဒီမိုကေရစီ လိုလားတဲ့ ေခါင္းေဆာင္ေတြ ကို ႏိုင္ငံေရး ေစ့ေဆာ္မႈအရ အမႈ စြဲဆိုခဲ့တဲ့ ႐ုံး ကို ဦးေဆာင္ခဲ့သူပါ။ ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ ဒီမိုကေရစီ လိုလားတဲ့ ေခါင္းေဆာင္ေတြ ကို တရားစြဲဆိုရာမွာ ပတ္သက္ေနခဲ့ၾကတဲ့ တရားလႊတ္ေတာ္ခ်ဳပ္ တရားသူႀကီးခ်ဳပ္ ဦးထြန္းထြန္းဦး နဲ႔ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္ ဥကၠဌ ဦးတင္ဦး တို႔အေပၚလည္း ပိတ္ဆို႔ အေရးယူခဲ့ပါတယ္။

ဒါ့အျပင္ စစ္ေကာင္စီကို ပံ့ပိုးေထာက္ခံတဲ့ ထင္ရွားတဲ့ စီးပြါးေရး လုပ္ငန္းရွင္ ဦးေတဇ အေပၚလည္း အေမရိကန္က ပိတ္ဆို႔အေရးယူခဲ့ပါတယ္။ အ႐ြယ္ေရာက္ၿပီး သားေတြ ျဖစ္ၾကတဲ့ ထူးထက္ေတဇ နဲ႔ ျပည့္ၿဖိဳးေတဇ တို႔လည္း ပါဝင္ၾကပါတယ္။ ေနာက္ထပ္ စီးပြါးေရး လုပ္ငန္းေတြနဲ႔ ပံ့ပိုးေနသူ ဦး ေဂ်ာ္နသန္ မ်ိဳးေက်ာ္ေသာင္း ကိုလည္း အေရးယူခဲ့ပါတယ္။ သူ႔ ကုမၸဏီ ေကတီ ဝန္ေဆာင္မႈ နဲ႔ ေထာက္ပို႔ေရး ကုမၸဏီ လိမိတက္ နဲ႔ ကာကြယ္ေရးဝန္ႀကီးဌာန ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး ေထာက္ပံ့ပို႔ေဆာင္ေရး ၫႊန္ၾကားေရးမႉး ႐ုံးကိုလည္း ပိတ္ဆို႔ အေရးယူလိုက္ပါတယ္။

ျမန္မာႏိုင္ငံမွာ အထူးသျဖင့္ စစ္ေကာင္စီနဲ႔ စီးပြါးေရးလုပ္တာဟာ အႏၲရာယ္မ်ားလွတယ္လို႔ လူပုဂၢိဳလ္ေတြ၊ ကုမၸဏီေတြနဲ႔ ဘ႑ာေရးဆိုင္ရာ အဖြဲ႕အစည္းေတြ ကို အေမရိကန္ အစိုးရ က ဇန္နဝါရီ လ ၂၆ ရက္ေန႔ မွာ စီးပြါးေရး လုပ္ငန္းဆိုင္ရာ သတိေပး အေၾကာင္းၾကားစာ ထုတ္ျပန္ခဲ့ပါတယ္။

ဘ႑ာေရးဝန္ႀကီးဌာန၊ အၾကမ္းဖက္မႈနဲ႔ ဘ႑ာေရးဆိုင္ရာ သတင္းအခ်က္အလက္ စုေဆာင္းေရးဌာန လက္ေထာက္ အတြင္းေရးမႈး Brian Nelson ကလည္း ခုလို ေၾကညာခ်က္ ထုတ္ျပန္ေျပာခဲ့ပါတယ္။ “ယူေက နဲ႔ ကေနဒါ မဟာမိတ္ ႏိုင္ငံေတြ နဲ႔ အတူ အေမရိကန္ ျပည္ေထာင္စုဟာ လြတ္လပ္ခြင့္ နဲ႔ ဒီမိုကေရစီ ကို ရွာေဖြေနၾကတဲ့ ျမန္မာ ျပည္သူေတြနဲ႔အတူ ရပ္တည္ေနပါတယ္။ အာဏာသိမ္းရာမွာ၊ ဆက္လက္ အၾကမ္းဖက္ေနရာမွာ တာဝန္ရွိသူေတြ၊ စစ္ေကာင္စီက ရက္ရက္စ္စက္ ဖိႏွိပ္ႏိုင္ေအာင္ စြမ္းေဆာင္ေပးၾကသူေတြ နဲ႔ သူတို႔ ကို ေငြေရးေၾကးေရး အရ ပံ့ပိုးေနၾကသူေတြ ကို ကြၽန္ေတာ္တို႔ ဆက္လက္ ပစ္မွတ္ထားအေရးယူၾကပါမယ္။” လို႔ ထုတ္ျပန္ခဲ့ပါတယ္။

“ျမန္မာျပည္သူမ်ား ခင္ဗ်ား။ ခင္ဗ်ားတို႔ ရဲ႕ တိုက္ပြဲ ကို ကြၽန္ေတာ္တို႔ မေမ့ၾကပါဘူး။ ခင္ဗ်ားတို႔ ရဲ႕ တိုင္းျပည္ မွာ ဒီမိုကေရစီ နဲ႔ တရား ဥပေဒ စိုးမိုးေရး ျပန္လည္ ေပၚထြန္းလာေစရမယ္ ဆိုတဲ့ ခင္ဗ်ားတို႔ ရဲ႕ ႐ြပ္႐ြပ္ခြၽံခြၽံ ပိုင္းျဖတ္ခ်က္ ကို ကြၽန္ေတာ္တို႔ ဆက္လက္ ေထာက္ခံသြားၾကမွာပါလို႔ စစ္တပ္က အာဏာသိမ္း အၿပီး တစ္ႏွစ္ အၾကာ ဇန္နဝါရီ လ ၃၁ ရက္ေန႔ မွာ သမၼတ ဘိုင္ဒင္ က ေျပာဆိုလိုက္ေၾကာင္းပါခင္ဗ်ား။

..........................................

ပြည်သူလူထုအပေါ် ပြစ်မှုကျူးလွန်သူတွေ တာဝန်ခံမှုရှိစေဖို့ အမေရိကန် ဦးဆောင်ကြိုးပမ်း

{{Unicode}}

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်ပြီး အကြမ်းဖက်မှုတွေကြောင့် အားလုံးပါဝင်တဲ့ ဒီမိုကရေစီ လမ်းကြောင်းရပ်ခဲ့တာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လ ၁ ရက်နေ့ကတည်းကဆိုရင် တနှစ် ရှိခဲ့ပါပြီ။ နိုင်ငံခြားရေး ဝန်ကြီး Antony Blinken ထုတ်ပြန်ချက်ထဲမှပြောသလိုပါပဲ .. “ထိန်းချုပ်မှု ခိုင်မာအောင် ဆက်လက် အကြမ်းဖက် ဖိနှိပ်နေရာမှာ စစ်ကောင်စီ ဟာ အမျိုးသမီး နဲ့ ကလေးတွေ အပါအဝင် လူပေါင်း ၁၅၀၀ နီးနီး ကို သတ်ခဲ့ပြီး အရပ်သား အစိုးရ ဝန်ထမ်းတွေ၊ အရပ်ဘက် အဖွဲ့အစည်း နဲ့ ဒေသခံ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ နဲ့ နိုင်ငံခြားသားတွေ အပါအဝင် လူ ၁၀၀၀၀ ကျော် ကို ထိန်းသိမ်းခဲ့ပါတယ်။”

မြန်မာပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ မတော်မတရားလုပ်မှုတွေအတွက် တာဝန်ခံရေး နိုင်ငံတကာက အားထုတ်နေရာမှာ အမေရိကန် ပြည်ထောင်စု က ဦးဆောင်နေပါတယ်။ အာဏာသိမ်း တနှစ်ပြည့် နှစ်ပတ်လည်မှာ မိတ်ဘက် ယူကေ နဲ့ ကနေဒါ နိုင်ငံတို့ နဲ့ လက်တွဲပြီး နောက်ဆုံး ပိတ်ဆို့ အရေးယူတာတွေကို ကြေညာခဲ့ပါတယ်။

မြန်မာ စစ်ကောင်စီ နဲ့ ဆက်စပ်နေတဲ့ လူပုဂ္ဂိုလ် ခုနစ်ယောက် နဲ့ အဖွဲ့အစည်း ၂ ဖွဲ့ ကို ပိတ်ဆို့ အရေးယူခဲ့တာပါ။

ပြည်ထောင်စု ရှေ့နေချုပ် ဒေါ် သီတာဦး ဟာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် နဲ့ အခြား ဒီမိုကရေစီ လိုလားတဲ့ ခေါင်းဆောင်တွေ ကို နိုင်ငံရေး စေ့ဆော်မှုအရ အမှု စွဲဆိုခဲ့တဲ့ ရုံး ကို ဦးဆောင်ခဲ့သူပါ။ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒီမိုကရေစီ လိုလားတဲ့ ခေါင်းဆောင်တွေ ကို တရားစွဲဆိုရာမှာ ပတ်သက်နေခဲ့ကြတဲ့ တရားလွှတ်တော်ချုပ် တရားသူကြီးချုပ် ဦးထွန်းထွန်းဦး နဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌ ဦးတင်ဦး တို့အပေါ်လည်း ပိတ်ဆို့ အရေးယူခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီကို ပံ့ပိုးထောက်ခံတဲ့ ထင်ရှားတဲ့ စီးပွါးရေး လုပ်ငန်းရှင် ဦးတေဇ အပေါ်လည်း အမေရိကန်က ပိတ်ဆို့အရေးယူခဲ့ပါတယ်။ အရွယ်ရောက်ပြီး သားတွေ ဖြစ်ကြတဲ့ ထူးထက်တေဇ နဲ့ ပြည့်ဖြိုးတေဇ တို့လည်း ပါဝင်ကြပါတယ်။ နောက်ထပ် စီးပွါးရေး လုပ်ငန်းတွေနဲ့ ပံ့ပိုးနေသူ ဦး ဂျော်နသန် မျိုးကျော်သောင်း ကိုလည်း အရေးယူခဲ့ပါတယ်။ သူ့ ကုမ္ပဏီ ကေတီ ဝန်ဆောင်မှု နဲ့ ထောက်ပို့ရေး ကုမ္ပဏီ လိမိတက် နဲ့ ကာကွယ်ရေးဝန်ကြီးဌာန ကာကွယ်ရေး ဦးစီးချုပ်ရုံး ထောက်ပံ့ပို့ဆောင်ရေး ညွှန်ကြားရေးမှူး ရုံးကိုလည်း ပိတ်ဆို့ အရေးယူလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အထူးသဖြင့် စစ်ကောင်စီနဲ့ စီးပွါးရေးလုပ်တာဟာ အန္တရာယ်များလှတယ်လို့ လူပုဂ္ဂိုလ်တွေ၊ ကုမ္ပဏီတွေနဲ့ ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းတွေ ကို အမေရိကန် အစိုးရ က ဇန်နဝါရီ လ ၂၆ ရက်နေ့ မှာ စီးပွါးရေး လုပ်ငန်းဆိုင်ရာ သတိပေး အကြောင်းကြားစာ ထုတ်ပြန်ခဲ့ပါတယ်။

ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကြမ်းဖက်မှုနဲ့ ဘဏ္ဍာရေးဆိုင်ရာ သတင်းအချက်အလက် စုဆောင်းရေးဌာန လက်ထောက် အတွင်းရေးမှုး Brian Nelson ကလည်း ခုလို ကြေညာချက် ထုတ်ပြန်ပြောခဲ့ပါတယ်။ “ယူကေ နဲ့ ကနေဒါ မဟာမိတ် နိုင်ငံတွေ နဲ့ အတူ အမေရိကန် ပြည်ထောင်စုဟာ လွတ်လပ်ခွင့် နဲ့ ဒီမိုကရေစီ ကို ရှာဖွေနေကြတဲ့ မြန်မာ ပြည်သူတွေနဲ့အတူ ရပ်တည်နေပါတယ်။ အာဏာသိမ်းရာမှာ၊ ဆက်လက် အကြမ်းဖက်နေရာမှာ တာဝန်ရှိသူတွေ၊ စစ်ကောင်စီက ရက်ရက်စ်စက် ဖိနှိပ်နိုင်အောင် စွမ်းဆောင်ပေးကြသူတွေ နဲ့ သူတို့ ကို ငွေရေးကြေးရေး အရ ပံ့ပိုးနေကြသူတွေ ကို ကျွန်တော်တို့ ဆက်လက် ပစ်မှတ်ထားအရေးယူကြပါမယ်။” လို့ ထုတ်ပြန်ခဲ့ပါတယ်။

“မြန်မာပြည်သူများ ခင်ဗျား။ ခင်ဗျားတို့ ရဲ့ တိုက်ပွဲ ကို ကျွန်တော်တို့ မမေ့ကြပါဘူး။ ခင်ဗျားတို့ ရဲ့ တိုင်းပြည် မှာ ဒီမိုကရေစီ နဲ့ တရား ဥပဒေ စိုးမိုးရေး ပြန်လည် ပေါ်ထွန်းလာစေရမယ် ဆိုတဲ့ ခင်ဗျားတို့ ရဲ့ ရွပ်ရွပ်ချွံချွံ ပိုင်းဖြတ်ချက် ကို ကျွန်တော်တို့ ဆက်လက် ထောက်ခံသွားကြမှာပါလို့ စစ်တပ်က အာဏာသိမ်း အပြီး တစ်နှစ် အကြာ ဇန်နဝါရီ လ ၃၁ ရက်နေ့ မှာ သမ္မတ ဘိုင်ဒင် က ပြောဆိုလိုက်ကြောင်းပါခင်ဗျား။

XS
SM
MD
LG