ယေန႔ေခတ္အတြက္ တရုတ္ႏုိင္ငံရဲ႕စိန္ေခၚမႈ

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

အေမရိကန္ျပည္ေထာင္စုနဲ႔ တရုတ္ႏိုင္ငံဆက္ဆံေရး စတင္ႏိုင္ဖို႔ ႏွစ္ဘက္ေဆြးေႏြးခဲ့ၾကတာ အႏွစ္ ၅၀ ျပည့္ကာနီးပါၿပီ။ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo က တရုတ္ႏိုင္ငံနဲ႔ ဆက္ဆံေရးကေန စိတ္ပိုင္းျဖတ္မႈနဲ႔ ပူးေပါင္းေဆာင္ရြက္ၾကမယ္ဆိုတဲ့ ထူးျခားတဲ့ ကတိကဝတ္ေတြနဲ႔ အနာဂတ္တရပ္ေပၚထြန္းလာလိမ့္မယ္လို႔ စိတ္ကူးယဥ္ခဲ့ၾကတယ္လို႔ ဆိုပါတယ္။

ဒီကတိကဝတ္ေတြက မစစ္မွန္တဲ့ အတုေတြျဖစ္ကုန္ပါၿပီ။ ၁၀ စုႏွစ္ေတြၾကာခဲ့ေပမဲ့ တရုတ္ျပည္တြင္းမွာ ႀကီးက်ယ္လွတဲ့ သာယာဝေျပာမႈက လြပ္လပ္မႈကို က်ယ္က်ယ္ျပန္႔ျပန္႔ မေဆာင္က်ဥ္းႏိုင္ခဲ့ပါဘူး။ တရုတ္ရဲ႕ ျပည္ပကို ျခိမ္းေျခာက္မႈကသာ ပိုတိုးလာခဲ့ပါတယ္။

တရုတ္ကြန္ျမဴနစ္ပါတီက တရုတ္ျပည္သူေတြအေပၚ လူ႔အခြင့္အေရးခ်ိဳးေဖါက္ခဲ့ပါတယ္။ ေတာင္တရုတ္ပင္လယ္တြင္းမွာလည္း ပိုင္နက္နယ္ေျမပိုၿပီး တိုးခ်ဲ႕ေနပါတယ္။ထိုင္ဝမ္ရဲ႕ မိတ္ေဆြႏိုင္ငံေတြကို အက်ပ္ကိုင္ၿခိမ္းေျခာက္ဖို႔ လုပ္ေနသလို ေဟာင္ေကာင္က လြတ္လပ္မႈကိုျမတ္ႏိုးသူေတြကို ေခ်မႈန္းေနပါတယ္။ ႏိုင္ငံတကာကူးသန္းေရးဝယ္ေရးမွာ အခ်က္အျခာက်တဲ့ ကမၻာ့ပင္လယ္ေရေၾကာင္းကိုလည္း လံုၿခံဳမႈေလ်ာ့ပါးေအာင္ လုပ္ေနသလို တရုတ္နဲ႔ စီးပြားေရးလုပ္ရာမွာ ေစ်းေလွ်ာ့ေပးေအာင္လိုက္ေလ်ာေနရတဲ့ သေဘာျဖစ္ေနပါတယ္။ ဆိုးဆိုးဝါးဝါး လူ႔အခြင့္အေရးခ်ိဳးေဖါက္မႈေတြကိုႏုတ္ပိတ္ေစၿပီး၊ အေနာက္ႏိုင္ငံက ကုမၼဏီေတြရဲ႔ နည္းပညာေတြကို အလားအလာရွိတဲ့ တရုတ္ၿပိဳင္ဘက္ေတြကို လႊဲေျပာင္းေပးဖို႔ တြန္းအားေပးေပါတယ္။

ဝန္ႀကီး Pompeo က အေမရိကန္ျပည္ေထာင္စုက တရုတ္ႏိုင္ငံသားေတြကို လက္ကမ္းႀကိဳဆို ေနခ်ိန္မွာ တရုတ္ကြန္ျမဴနစ္ပါတီက သူတို႔ရဲ႕ ဝါဒျဖန္႔သမားေတြ၊ စပိုင္ သူလွ်ိဳေတြ ကို အေမရိကန္သတင္းစာရွင္းလင္းပြဲေတြ၊ သုေတသနဌာနေတြနဲ႔ တကၠသိုလ္ေတြကို ေစလႊတ္ေနပါတယ္လို႔ ေျပာပါတယ္။

“က်ေနာ္တို႔ရဲ႕ အဖိုးတန္တဲ့ ဉာဏပစၥည္းေတြနဲ႔ တျခား နည္းပညာေတြကို ခိုးယူေနတာေၾကာင့္ အေမရိကန္တခြင္ သန္းနဲ႔ ခ်ီတဲ့အလုပ္ေတြ ဆံုးရံႈးခဲ့ရတယ္” လို႔ ဆိုပါတယ္။

တရုတ္ကြန္ျမဴနစ္ပါတီျပဳျပင္ေျပာင္းလဲမွျဖစ္မယ္လို႔ ဝန္ႀကီး Pompeo က ေၾကညာပါတယ္။

သမၼတ Donald Trump စီစဥ္တဲ့ အျပန္လွန္မွ်တေရးဆိုတဲ့ ရည္မွန္းခ်က္ကို မျဖစ္မေန လက္ခံၿပီး စတင္ရပါလိမ့္မယ္။ တရုတ္ျပည္သူေတြအေနနဲ႔ တရုတ္ကြန္ျမဴနစ္ပါတီနဲ႔ လံုးဝမတူကြဲျပားၿပီး တက္ၾကြစြာ လြတ္လပ္မႈကို ျမတ္ႏိုးတဲ့သူေတြျဖစ္ေအာင္ က်ေနာ္တို႔ ဆက္ၿပီး အားေပးၾကရပါလိမ့္မယ္ လို႔ ဆိုပါတယ္။

" က်ေနာ္တို႔ ရင္ဆိုင္ေနရတဲ့ တရုတ္အစိုးရရဲ႕ သေဘာသဘာဝကိုသတၱိရွိရွိသတိေပးခဲ့တဲ့ တရုတ္အတိုက္အခံ လႈပ္ရွားသူေတြကို ၁၀ စုႏွစ္ေတြနဲ႔ခ်ီၿပီး က်ေနာ္တို႔ရဲ႕ ေခါင္းေဆာင္ေတြကလ်စ္လ်ဳရႈခဲ့ၾကပါတယ္။ အခု က်ေနာ္တို႕ လ်စ္လ်ဴရႈၿပီး မေနႏိုင္ေတာ့ပါဘူး။"

ဒါေပမဲ့ တရုတ္ကြန္ျမဳနစ္ပါတီရဲ႕ အျပဳအမႈေတြကို ေျပာင္းလဲဖို႔ဟာ တရုတ္ျပည္ေတြကဘဲ လုပ္ၾကဖို႔မျဖစ္ႏိုင္ပါဘူး။ လြတ္ေျမာက္မႈကို ခုခံကာကြယ္ဖို႔ အတြက္ လြတ္လပ္တဲ့ႏိုင္ငံေတြကလည္း ပူးေပါင္းေဆာင္ရြက္ရမွာျဖစ္ပါတယ္လို႔ ဆိုပါတယ္။

“က်ေနာ္အေနနဲ႔ ႏိုင္ငံတိုင္းကေခါင္းေဆာင္ေတြကို အေမရိကန္က လုပ္ခဲ့တဲ့အတိုင္း စတင္ၾကဖို႔ေတာင္းဆိုပါရေစ။တရုတ္ကြန္ျမဳနစ္ပါတီအေနနဲ႔ ပြင့္လင္းျမင္သာစြာ၊ တာဝန္ခံမႈရွိေအာင္ အျပန္အလွန္တြန္းအားေပးဖို႔ဘဲျဖစ္ပါတယ္။ တရုတ္ကြန္ျမဴနစ္ပါတီကို ဆက္ဆံေရးမွာ သူတို႔စိတ္ႀကိဳက္လုပ္ခြင့္ေပးခဲ့တာ သိပ္ၾကာခဲ့ပါၿပီ။ ဒါေပမဲ့ အခုမဟုတ္ေတာ့ပါဘူး။ လြတ္လပ္တဲ့ႏိုင္ငံေတြကလည္း ေလသံေျပာင္းၾကပါ။ တူညီတဲ့အေျခခံ မူနဲ႔ က်ေနာ္တို႔ ဆက္ဆံၾကမွ ျဖစ္ပါလိမ့္မယ္။

တကယ္လို႔ က်ေနာ္တို႔အခု မလႈပ္ရွားရင္၊ ေနာက္ဆံုးမွာ တရုတ္ကြန္ျမဴနစ္ပါတီက က်ေနာ္တို႔ရဲ႔ လြတ္လပ္မႈကို တိုက္စားၿပီး၊ က်ေနာ္တို႔ ေတြ စည္းကမ္းတက်တည္ေဆာက္ထားတဲ့ အသိုင္းအဝိုင္း ဖရိုဖရဲျဖစ္ေအာင္လုပ္ပါလိမ့္မယ္”

“ဒီအခ်ိန္မွာ က်ေနာ္တို႔ရဲ႕ လြတ္လပ္မႈကို တရုတ္ကြန္ျမဴနစ္ပါတီရဲ႕ လက္ခ်က္ကေန လံုၿခံဳစိတ္ခ်ရေအာင္ကာကြယ္ၾကဖို႔တာဝန္ရွိၾကပါတယ္။” လို႔ ဝန္ႀကီး Pompeo ကေထာက္ျပပါတယ္။

Your browser doesn’t support HTML5

ယေန႔ေခတ္အတြက္ တရုတ္ႏုိင္ငံရဲ႕စိန္ေခၚမႈ


..........

ယနေ့ခေတ်အတွက် တရုတ်နိုင်ငံရဲ့စိန်ခေါ်မှု

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံဆက်ဆံရေး စတင်နိုင်ဖို့ နှစ်ဘက်ဆွေးနွေးခဲ့ကြတာ အနှစ် ၅၀ ပြည့်ကာနီးပါပြီ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကနေ စိတ်ပိုင်းဖြတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုတဲ့ ထူးခြားတဲ့ ကတိကဝတ်တွေနဲ့ အနာဂတ်တရပ်ပေါ်ထွန်းလာလိမ့်မယ်လို့ စိတ်ကူးယဉ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီကတိကဝတ်တွေက မစစ်မှန်တဲ့ အတုတွေဖြစ်ကုန်ပါပြီ။ ၁၀ စုနှစ်တွေကြာခဲ့ပေမဲ့ တရုတ်ပြည်တွင်းမှာ ကြီးကျယ်လှတဲ့ သာယာဝပြောမှုက လွပ်လပ်မှုကို ကျယ်ကျယ်ပြန့်ပြန့် မဆောင်ကျဉ်းနိုင်ခဲ့ပါဘူး။ တရုတ်ရဲ့ ပြည်ပကို ခြိမ်းခြောက်မှုကသာ ပိုတိုးလာခဲ့ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီက တရုတ်ပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖေါက်ခဲ့ပါတယ်။ တောင်တရုတ်ပင်လယ်တွင်းမှာလည်း ပိုင်နက်နယ်မြေပိုပြီး တိုးချဲ့နေပါတယ်။ထိုင်ဝမ်ရဲ့ မိတ်ဆွေနိုင်ငံတွေကို အကျပ်ကိုင်ခြိမ်းခြောက်ဖို့ လုပ်နေသလို ဟောင်ကောင်က လွတ်လပ်မှုကိုမြတ်နိုးသူတွေကို ချေမှုန်းနေပါတယ်။ နိုင်ငံတကာကူးသန်းရေးဝယ်ရေးမှာ အချက်အခြာကျတဲ့ ကမ္ဘာ့ပင်လယ်ရေကြောင်းကိုလည်း လုံခြုံမှုလျော့ပါးအောင် လုပ်နေသလို တရုတ်နဲ့ စီးပွားရေးလုပ်ရာမှာ ဈေးလျှော့ပေးအောင်လိုက်လျောနေရတဲ့ သဘောဖြစ်နေပါတယ်။ ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေးချိုးဖေါက်မှုတွေကိုနုတ်ပိတ်စေပြီး၊ အနောက်နိုင်ငံက ကုမ္မဏီတွေရဲ့ နည်းပညာတွေကို အလားအလာရှိတဲ့ တရုတ်ပြိုင်ဘက်တွေကို လွှဲပြောင်းပေးဖို့ တွန်းအားပေးပေါတယ်။

ဝန်ကြီး Pompeo က အမေရိကန်ပြည်ထောင်စုက တရုတ်နိုင်ငံသားတွေကို လက်ကမ်းကြိုဆို နေချိန်မှာ တရုတ်ကွန်မြူနစ်ပါတီက သူတို့ရဲ့ ဝါဒဖြန့်သမားတွေ၊ စပိုင် သူလျှိုတွေ ကို အမေရိကန်သတင်းစာရှင်းလင်းပွဲတွေ၊ သုတေသနဌာနတွေနဲ့ တက္ကသိုလ်တွေကို စေလွှတ်နေပါတယ်လို့ ပြောပါတယ်။

“ကျနော်တို့ရဲ့ အဖိုးတန်တဲ့ ဉာဏပစ္စည်းတွေနဲ့ တခြား နည်းပညာတွေကို ခိုးယူနေတာကြောင့် အမေရိကန်တခွင် သန်းနဲ့ ချီတဲ့အလုပ်တွေ ဆုံးရှုံးခဲ့ရတယ်” လို့ ဆိုပါတယ်။

တရုတ်ကွန်မြူနစ်ပါတီပြုပြင်ပြောင်းလဲမှဖြစ်မယ်လို့ ဝန်ကြီး Pompeo က ကြေညာပါတယ်။

သမ္မတ Donald Trump စီစဉ်တဲ့ အပြန်လှန်မျှတရေးဆိုတဲ့ ရည်မှန်းချက်ကို မဖြစ်မနေ လက်ခံပြီး စတင်ရပါလိမ့်မယ်။ တရုတ်ပြည်သူတွေအနေနဲ့ တရုတ်ကွန်မြူနစ်ပါတီနဲ့ လုံးဝမတူကွဲပြားပြီး တက်ကြွစွာ လွတ်လပ်မှုကို မြတ်နိုးတဲ့သူတွေဖြစ်အောင် ကျနော်တို့ ဆက်ပြီး အားပေးကြရပါလိမ့်မယ် လို့ ဆိုပါတယ်။

" ကျနော်တို့ ရင်ဆိုင်နေရတဲ့ တရုတ်အစိုးရရဲ့ သဘောသဘာဝကိုသတ္တိရှိရှိသတိပေးခဲ့တဲ့ တရုတ်အတိုက်အခံ လှုပ်ရှားသူတွေကို ၁၀ စုနှစ်တွေနဲ့ချီပြီး ကျနော်တို့ရဲ့ ခေါင်းဆောင်တွေကလျစ်လျုရှုခဲ့ကြပါတယ်။ အခု ကျနော်တို့ လျစ်လျူရှုပြီး မနေနိုင်တော့ပါဘူး။"

ဒါပေမဲ့ တရုတ်ကွန်မြုနစ်ပါတီရဲ့ အပြုအမှုတွေကို ပြောင်းလဲဖို့ဟာ တရုတ်ပြည်တွေကဘဲ လုပ်ကြဖို့မဖြစ်နိုင်ပါဘူး။ လွတ်မြောက်မှုကို ခုခံကာကွယ်ဖို့ အတွက် လွတ်လပ်တဲ့နိုင်ငံတွေကလည်း ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါတယ်လို့ ဆိုပါတယ်။

“ကျနော်အနေနဲ့ နိုင်ငံတိုင်းကခေါင်းဆောင်တွေကို အမေရိကန်က လုပ်ခဲ့တဲ့အတိုင်း စတင်ကြဖို့တောင်းဆိုပါရစေ။တရုတ်ကွန်မြုနစ်ပါတီအနေနဲ့ ပွင့်လင်းမြင်သာစွာ၊ တာဝန်ခံမှုရှိအောင် အပြန်အလှန်တွန်းအားပေးဖို့ဘဲဖြစ်ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီကို ဆက်ဆံရေးမှာ သူတို့စိတ်ကြိုက်လုပ်ခွင့်ပေးခဲ့တာ သိပ်ကြာခဲ့ပါပြီ။ ဒါပေမဲ့ အခုမဟုတ်တော့ပါဘူး။ လွတ်လပ်တဲ့နိုင်ငံတွေကလည်း လေသံပြောင်းကြပါ။ တူညီတဲ့အခြေခံ မူနဲ့ ကျနော်တို့ ဆက်ဆံကြမှ ဖြစ်ပါလိမ့်မယ်။

တကယ်လို့ ကျနော်တို့အခု မလှုပ်ရှားရင်၊ နောက်ဆုံးမှာ တရုတ်ကွန်မြူနစ်ပါတီက ကျနော်တို့ရဲ့ လွတ်လပ်မှုကို တိုက်စားပြီး၊ ကျနော်တို့ တွေ စည်းကမ်းတကျတည်ဆောက်ထားတဲ့ အသိုင်းအဝိုင်း ဖရိုဖရဲဖြစ်အောင်လုပ်ပါလိမ့်မယ်”

“ဒီအချိန်မှာ ကျနော်တို့ရဲ့ လွတ်လပ်မှုကို တရုတ်ကွန်မြူနစ်ပါတီရဲ့ လက်ချက်ကနေ လုံခြုံစိတ်ချရအောင်ကာကွယ်ကြဖို့တာဝန်ရှိကြပါတယ်။” လို့ ဝန်ကြီး Pompeo ကထောက်ပြပါတယ်။