ကုလလူ႔အခြင္႔အေရး မဟာမင္းႀကီးရဲ႕တ႐ုတ္ခရီးစဥ္ အေပၚ အေမရိကန္ ဘဝင္မက်

UN- Michelle Bachelet

ကုလလူ႔အခြင္႔အေရး မဟာမင္းႀကီးရဲ႕တ႐ုတ္ခရီးစဥ္ အေပၚ အေမရိကန္ ဘဝင္မက်

ကုလသမဂၢ လူ႕အခြင့္အေရးမဟာမင္းၾကီး Michelle Bachelet နဲ႔ သူမရဲ႕ အဖြဲ႕ဟာ ၆ ရက္ၾကာ တရုတ္နိုင္ငံ ခရီးစဥ္ သြားေရာက္ခဲ့ပါတယ္။ သူမရဲ႕ ခရီးစဥ္ကို တရုတ္အစိုးရကေန ထိန္းခ်ဳပ္၊ ၾကိဳးကိုင္ ျခယ္လွယ္ဖို႕ ၾကိဳးပမ္းတာကို အေမရိကန္အစိုးရအေနနဲ႔ အလြန္အမင္း စိုးရိမ္မကင္းျဖစ္ရတယ္လို႕ အေမရိကန္နိုင္ငံျခားေရးဝန္ၾကီး Antony Blinken က ေျပာပါတယ္။

တရုတ္အစိုးရရဲ႕ လူ႕အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို တရုတ္အစိုးရကို အစဥ္တဆက္ တိုက္ရိုက္ေျပာဆိုေနသလို အလားတူ ေျပာဆိုေနသူေတြကိုလည္း ေထာက္ခံပါတယ္။ ဒီ ခရီးစဥ္အတြင္း တရုတ္အစိုးရ ခ်မွတ္တဲ့ အေျခအေနေတြေၾကာင့္ တရုတ္နိုင္ငံတြင္းက လူ႕အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ ရွင္က်င္းေဒသက လူမ်ိဳးတုန္း သတ္ျဖတ္မႈေတြကိုလည္း သူမရဲ႕ ခရီးစဥ္အတြင္း ျပီးျပည့္စံုျပီး လြတ္လပ္စြာ ေလ့လာခြင့္ မရပါဘူး။

ဒါ့အျပင္ ထပ္သိရတာက ရွင္က်င္းေဒသခံေတြကို ေစာဒကမတက္ဖို႕ ၊ ေဒသတြင္းက အေျခအေနေတြကို ပြင့္ပြင့္လင္းလင္းမေျပာဖို႕ ၾကိဳ သတိေပးထားတာေတြေၾကာင့္ ရာခ်ီ ေပ်ာက္ဆံုးေနတဲ့ ဝီဂါလူမ်ိဳးေတြနဲ႕ ထိန္းသိမ္းေရးစခန္းထဲက သန္းနဲ႔ ခ်ီတဲ့ လူေတြရဲ႕ အေျခအေနေတြကို သိခြင့္မရပါဘူး။ လူ႕အခြင့္အေရးမဟာမင္းၾကီး အေနနဲ႕ ဝီဂါမိသားစုဝင္ေတြနဲ႔ ရွင္က်င္းေဒသက ထိန္းသိမ္းေရးစခန္းမွာမဟုတ္ေပမဲ႕ ျပင္ပေဒသေတြကို သြားလာခြင့္မရွိတဲ့ အျခားေသာ လူနည္းစုဝင္ေတြနဲ႕ ယံုယံုၾကည္ၾကည္ လြပ္လပ္စြာေျပာဆို ေဆြးေႏြးခြင့္ ေပးသင့္ပါတယ္။ လူ႕အခြင့္အေရးမဟာမင္းၾကီးခရီးစဥ္မွာ ရွင္က်င္းအလုပ္သမား ေျပာင္းေရႊ႕ေရးအစီအစဥ္နဲ႔ တရုတ္ျပည္ထဲ့က အျခား ေဒသကို ေျပာင္းေရႊ႕ခံရတဲ့ သူေတြနဲ႔လည္း ေတြ႔ခြင့္မရခဲ့ပါဘူး။

လတ္တေလာထြက္ေပၚလာတဲ့ ရွင္က်င္းေဒသတြင္းမွာ ထိန္းသိမ္းခံထားရတဲ့ လူ တစ္သန္းေက်ာ္ သက္ေသ သတင္းေတြေၾကာင့္ အေမရိကန္အစိုးရအေနနဲ႕ တရုတ္ျပည္တြင္းက အေျခအေနကို စိုးရိမ္ရပါတယ္။ ထိန္းသိမ္းေရးစခန္းထဲမွာ စိတ္ဓါတ္ပ်က္ျပားေအာင္ ဆက္ဆံမႈေတြ၊ ႏွိပ္စက္မႈေတြ၊ မ်ိဳးဆက္ျပတ္ေအာင္ ထိန္းခ်ဳပ္မႈေတြ၊ အတင္းအဓၶမ ခိုင္းေစမႈေတြ၊ လိင္အၾကမ္းဖက္မႈ၊ မိဘနဲ႕ ကေလးေတြကို ခဲြဲတာေတြရွိတယ္လို႕ လြတ္ေျမာက္လာသူေတြနဲ႕ ထိန္းသိမ္းခံထားရသူေတြရဲ႕ မိသားစုဝင္ေတြရဲ႕ ေျပာၾကားခ်က္ေတြအရသိရပါတယ္။ ဒါ့အျပင္ တိဘက္နဲ႕ ေဟာင္ေကာင္မွာ ေနထိုင္သူေတြရဲ႕ ေတြရဲ႕ အခြင့္အေရးကို ေလးစားဖို႕နဲ႕ တကမာၻလံုးဆိုင္ရာ လူႈ႕အခြင့္အေရးေၾကျငာခ်က္ထဲကအတိုင္း လူ႕အခြင့္အေရး လႈပ္ရွားမႈေတြ အေျခခံအခြင့္အေရးကို ျငိမ္းခ်မ္းစြာ ေဖာ္ေဆာင္ဖို႕ ၾကိဳးစားေနသူေတြရဲ႕ အခြင့္အေရးကို ေလးစားဖို႕ နိုင္ငံျခားေရးဝန္ၾကီး Blinken က တိုက္တြန္းပါတယ္။

တရုတ္ အစိုးရအေနနဲ႕ ရွင္က်င္းေဒသတြင္းက ရက္စက္ၾကမ္းၾကဳတ္စြာဆက္ဆံမႈေတြ ခ်က္ခ်င္းရပ္ဖို႕ မတရားဖမ္းဆီးခံရသူေတြ လႊတ္ေပးဖို႕ ၊ ေပ်ာက္ဆံုးသြားသူေတြအေၾကာင္း ေျဖရွင္းဖို႕၊ အမွီအခိုကင္းတဲ့ အခ်က္အလက္ရွာေဖြေရးေတြသမားေတြ အတားအဆီးမရွိဘဲ တိဘက္၊ ရွင္က်င္း နဲ႕ တရုတ္နိုင္ငံတြင္းက တျခား ေဒသေတြကို ေလ့လာခြင့္ေပးဖို႕ကို အေမရိကန္အစိုးရက ထပ္မံေတာင္းဆိုပါတယ္။

====================

ကုလလူ့အခွင့်အရေး မဟာမင်းကြီးရဲ့တရုတ်ခရီးစဉ် အပေါ် အမေရိကန် ဘဝင်မကျ

ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီး Michelle Bachelet နဲ့ သူမရဲ့ အဖွဲ့ဟာ ၆ ရက်ကြာ တရုတ်နိုင်ငံ ခရီးစဉ် သွားရောက်ခဲ့ပါတယ်။ သူမရဲ့ ခရီးစဉ်ကို တရုတ်အစိုးရကနေ ထိန်းချုပ်၊ ကြိုးကိုင် ခြယ်လှယ်ဖို့ ကြိုးပမ်းတာကို အမေရိကန်အစိုးရအနေနဲ့ အလွန်အမင်း စိုးရိမ်မကင်းဖြစ်ရတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောပါတယ်။

တရုတ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တရုတ်အစိုးရကို အစဉ်တဆက် တိုက်ရိုက်ပြောဆိုနေသလို အလားတူ ပြောဆိုနေသူတွေကိုလည်း ထောက်ခံပါတယ်။ ဒီ ခရီးစဉ်အတွင်း တရုတ်အစိုးရ ချမှတ်တဲ့ အခြေအနေတွေကြောင့် တရုတ်နိုင်ငံတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှင်ကျင်းဒေသက လူမျိုးတုန်း သတ်ဖြတ်မှုတွေကိုလည်း သူမရဲ့ ခရီးစဉ်အတွင်း ပြီးပြည့်စုံပြီး လွတ်လပ်စွာ လေ့လာခွင့် မရပါဘူး။

ဒါ့အပြင် ထပ်သိရတာက ရှင်ကျင်းဒေသခံတွေကို စောဒကမတက်ဖို့ ၊ ဒေသတွင်းက အခြေအနေတွေကို ပွင့်ပွင့်လင်းလင်းမပြောဖို့ ကြို သတိပေးထားတာတွေကြောင့် ရာချီ ပျောက်ဆုံးနေတဲ့ ဝီဂါလူမျိုးတွေနဲ့ ထိန်းသိမ်းရေးစခန်းထဲက သန်းနဲ့ ချီတဲ့ လူတွေရဲ့ အခြေအနေတွေကို သိခွင့်မရပါဘူး။ လူ့အခွင့်အရေးမဟာမင်းကြီး အနေနဲ့ ဝီဂါမိသားစုဝင်တွေနဲ့ ရှင်ကျင်းဒေသက ထိန်းသိမ်းရေးစခန်းမှာမဟုတ်ပေမဲ့ ပြင်ပဒေသတွေကို သွားလာခွင့်မရှိတဲ့ အခြားသော လူနည်းစုဝင်တွေနဲ့ ယုံယုံကြည်ကြည် လွပ်လပ်စွာပြောဆို ဆွေးနွေးခွင့် ပေးသင့်ပါတယ်။ လူ့အခွင့်အရေးမဟာမင်းကြီးခရီးစဉ်မှာ ရှင်ကျင်းအလုပ်သမား ပြောင်းရွှေ့ရေးအစီအစဉ်နဲ့ တရုတ်ပြည်ထဲ့က အခြား ဒေသကို ပြောင်းရွှေ့ခံရတဲ့ သူတွေနဲ့လည်း တွေ့ခွင့်မရခဲ့ပါဘူး။

လတ်တလောထွက်ပေါ်လာတဲ့ ရှင်ကျင်းဒေသတွင်းမှာ ထိန်းသိမ်းခံထားရတဲ့ လူ တစ်သန်းကျော် သက်သေ သတင်းတွေကြောင့် အမေရိကန်အစိုးရအနေနဲ့ တရုတ်ပြည်တွင်းက အခြေအနေကို စိုးရိမ်ရပါတယ်။ ထိန်းသိမ်းရေးစခန်းထဲမှာ စိတ်ဓါတ်ပျက်ပြားအောင် ဆက်ဆံမှုတွေ၊ နှိပ်စက်မှုတွေ၊ မျိုးဆက်ပြတ်အောင် ထိန်းချုပ်မှုတွေ၊ အတင်းအဓ္ဓမ ခိုင်းစေမှုတွေ၊ လိင်အကြမ်းဖက်မှု၊ မိဘနဲ့ ကလေးတွေကို ခွဲတာတွေရှိတယ်လို့ လွတ်မြောက်လာသူတွေနဲ့ ထိန်းသိမ်းခံထားရသူတွေရဲ့ မိသားစုဝင်တွေရဲ့ ပြောကြားချက်တွေအရသိရပါတယ်။ ဒါ့အပြင် တိဘက်နဲ့ ဟောင်ကောင်မှာ နေထိုင်သူတွေရဲ့ တွေရဲ့ အခွင့်အရေးကို လေးစားဖို့နဲ့ တကမ္ဘာလုံးဆိုင်ရာ လူှု့အခွင့်အရေးကြေငြာချက်ထဲကအတိုင်း လူ့အခွင့်အရေး လှုပ်ရှားမှုတွေ အခြေခံအခွင့်အရေးကို ငြိမ်းချမ်းစွာ ဖော်ဆောင်ဖို့ ကြိုးစားနေသူတွေရဲ့ အခွင့်အရေးကို လေးစားဖို့ နိုင်ငံခြားရေးဝန်ကြီး Blinken က တိုက်တွန်းပါတယ်။

တရုတ် အစိုးရအနေနဲ့ ရှင်ကျင်းဒေသတွင်းက ရက်စက်ကြမ်းကြုတ်စွာဆက်ဆံမှုတွေ ချက်ချင်းရပ်ဖို့ မတရားဖမ်းဆီးခံရသူတွေ လွှတ်ပေးဖို့ ၊ ပျောက်ဆုံးသွားသူတွေအကြောင်း ဖြေရှင်းဖို့၊ အမှီအခိုကင်းတဲ့ အချက်အလက်ရှာဖွေရေးတွေသမားတွေ အတားအဆီးမရှိဘဲ တိဘက်၊ ရှင်ကျင်း နဲ့ တရုတ်နိုင်ငံတွင်းက တခြား ဒေသတွေကို လေ့လာခွင့်ပေးဖို့ကို အမေရိကန်အစိုးရက ထပ်မံတောင်းဆိုပါတယ်။