အေမရိကန္ျပည္ေထာင္စု သမၼတမ်ားေန႔  ၂၀၂၃ 

  • VOA Policy

[[Zawgyi/Unicode]]

အေမရိကန္ျပည္သူေတြဟာ အတိတ္ကသူတို႔ရဲ႕ေခါင္းေဆာင္ေတြကို ဂုဏ္ျပဳၿပီး ႏွစ္စဥ္ ေဖေဖၚဝါရီလရဲ႕ တတိယေျမာက္ တနလၤာေန႔ကို သမၼတမ်ားေန႔အျဖစ္ သတ္မွတ္ဂါရဝျပဳၾကပါတယ္။

ဒီအားလပ္ရက္ေန႔ဟာ အေမရိကန္ျပည္ေထာင္စုရဲ႕ ၾသဇာအရွိဆုံးနဲ႔ ဂုဏ္ျပဳ အေလးစားအခံရဆုံး သမၼတႏွစ္ဦးရဲ႕ ေမြးေန႔မ်ားၾကားက်ေရာက္ပါတယ္။ သမၼတေအဘရာဟမ္လင္ကြန္း (Abraham Lincoln) ရဲ႕ေမြးေန႔ ေဖေဖာ္ဝါရီလ ၁၂ ရက္ေန႔နဲ႔ သမၼတ ေဂ်ာ့ခ်္ ဝါရွင္တန္ (George Washington) ရဲ႕ေမြးေန႔ ေဖေဖာ္ဝါရီလ ၂၂ ရက္ေန႔ေတြၾကားမွာ ျဖစ္ပါတယ္။

ၿဗိတိသွ်အင္ပါယာကို ပုန္ကန္အႏိုင္ယူၿပီး လြတ္လပ္ေရးအရယူႏိုင္ခဲ့တဲ့ ေတာ္လွန္ေရးတပ္ရဲ႕ေခါင္းေဆာင္ ျဖစ္သူ ေဂ်ာ့ခ်္ဝါရွင္တန္ကို အေမရိကန္ျပည္ေထာင္စုရဲ႕ သူရဲေကာင္းအေနနဲ႔ ၾကည္ညိဳေလးစားၾကၾကပါတယ္။

သူဟာ ႀကီးမားတဲ့သူ႔ရဲ႕ၾသဇာလႊမ္းမိုးမႈကို အသုံးျပဳၿပီး တိုင္းျပည္သစ္အတြက္ အေျခခံအုတ္ျမစ္ခ် ပုံေဖာ္ေပးႏိုင္ခဲ့ပါတယ္။

သူဟာ အေမရိကန္ျပည္ေထာင္စုႀကီး ထူေထာင္စကာလမွာ ႀကဳံေတြ႕ခဲ့ရတဲ့ အခက္အခဲေတြကို ဦးေဆာင္ ရင္ဆိုင္ေက်ာ္လႊားႏိုင္ခဲ့ၿပီး အဆုံးမွာေတာ့ ဒီမိုကေရစီနည္းလမ္းတက်နဲ႔ တည္ၿငိမ္ၿပီး တရားဥေပေဒစိုးမိုးတဲ့ အစိုးရတရပ္ အုပ္ခ်ဳပ္တဲ့ ျပည္ေထာင္စုတခုကို မီးရႈးသန႔္စင္ ေမြးဖြားေပးႏိုင္ခဲ့ပါတယ္။

သမၼတ ေအဘရာဟမ္လင္ကြန္းကေတာ့ ျပည္တြင္းစစ္ႀကီးအတြင္း ၿပိဳကြဲလုနီး ၿခိမ္း‌ေျခာက္ခံခဲ့ရတဲ့ တိုင္းျပည္ကို ဦးေဆာင္ႏိုင္ခဲ့သူ ျဖစ္ပါတယ္။

သမၼတလင္ကြန္းဟာ ျပည္တြင္းစစ္ၿပီးဆုံးခါနီးအခ်ိန္မွာ ၿငိမ္းခ်မ္းတဲ့ကာလ အကူးအေျပာင္းအတြက္ ဖယ္ဒရယ္ဗဟိုအစိုးရနဲ႔ ျပည္နယ္အစိုးရေတြၾကား အာဏာခြဲေဝေရး အတြက္ စတင္ ျပင္ဆင္ခဲ့ပါတယ္။

ရလဒ္အေနနဲ႔ အေမရိကန္ျပည္ေထာင္စုဟာ ျပည္တြင္းစစ္အၿပီးမွာ အားေကာင္းတဲ့ ဖယ္ဒရယ္ဗဟိုအစိုးရရဲ႕ ဦးေဆာင္မႈေအာက္မွာ ျပည္နယ္ေတြ စုစုစည္းစုည္း ေပါင္းစည္းထားတဲ့ ပိုၿပီး ႀကံ့ခိုင္သန္စြမ္းတဲ့ျပည္ေထာင္စု ေပၚထြန္းလာႏိုင္ခဲ့ပါတယ္။

မ်က္ေမွာက္ေခတ္မွာေတာ့ သမၼတမ်ားေန႔ဟာ တိုင္းျပည္ရဲ႕အျမင့္မားဆုံး အ႐ိုက္အရာ ရာထူးကို တာဝန္ရယူခဲ့ၾကတဲ့ အေမရိကန္သမၼတ အဆက္ဆက္ကို ဂုဏ္ျပဳ က်င္းပတာ ျဖစ္ပါတယ္။

ဒါေပမယ့္ သမၼတဝါရွင္တန္နဲ႔လင္ကြန္းလို စံနမူနာေကာင္းမ်ားနဲ႔ တိုင္းျပည္ကို စုစည္းညီၫြတ္ေစၿပီး လက္ရွိတိုင္ အေမရိကန္ျပည္ေထာင္စုနဲ႔ အေမရိကန္ ျပည္သူေတြကို ပုံေဖာ္ လႊမ္းမိုးႏိုင္စြမ္းတဲ့ ႀကီးမားတဲ့ အက်ိဳးသက္ေရာက္ေစတဲ့ သမၼတမ်ိဳး မေပၚထြန္းေတာ့ပါဘူး ခင္ဗ်ာ။

Your browser doesn’t support HTML5

အေမရိကန္ျပည္ေထာင္စု သမၼတမ်ားေန႔ ၂၀၂၃.mp3

================

[[Unicode]]

အမေရိကန်ပြည်ထောင်စု သမ္မတများနေ့ ၂၀၂၃

အမေရိကန်ပြည်သူတွေဟာ အတိတ်ကသူတို့ရဲ့ခေါင်းဆောင်တွေကို ဂုဏ်ပြုပြီး နှစ်စဉ် ဖေဖေါ်ဝါရီလရဲ့ တတိယမြောက် တနင်္လာနေ့ကို သမ္မတများနေ့အဖြစ် သတ်မှတ်ဂါရဝပြုကြပါတယ်။

ဒီအားလပ်ရက်နေ့ဟာ အမေရိကန်ပြည်ထောင်စုရဲ့ သြဇာအရှိဆုံးနဲ့ ဂုဏ်ပြု အလေးစားအခံရဆုံး သမ္မတနှစ်ဦးရဲ့ မွေးနေ့များကြားကျရောက်ပါတယ်။ သမ္မတအေဘရာဟမ်လင်ကွန်း (Abraham Lincoln) ရဲ့မွေးနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့နဲ့ သမ္မတ ဂျော့ချ် ဝါရှင်တန် (George Washington) ရဲ့မွေးနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွေကြားမှာ ဖြစ်ပါတယ်။

ဗြိတိသျှအင်ပါယာကို ပုန်ကန်အနိုင်ယူပြီး လွတ်လပ်ရေးအရယူနိုင်ခဲ့တဲ့ တော်လှန်ရေးတပ်ရဲ့ခေါင်းဆောင် ဖြစ်သူ ဂျော့ချ်ဝါရှင်တန်ကို အမေရိကန်ပြည်ထောင်စုရဲ့ သူရဲကောင်းအနေနဲ့ ကြည်ညိုလေးစားကြကြပါတယ်။

သူဟာ ကြီးမားတဲ့သူ့ရဲ့သြဇာလွှမ်းမိုးမှုကို အသုံးပြုပြီး တိုင်းပြည်သစ်အတွက် အခြေခံအုတ်မြစ်ချ ပုံဖော်ပေးနိုင်ခဲ့ပါတယ်။

သူဟာ အမေရိကန်ပြည်ထောင်စုကြီး ထူထောင်စကာလမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို ဦးဆောင် ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ပြီး အဆုံးမှာတော့ ဒီမိုကရေစီနည်းလမ်းတကျနဲ့ တည်ငြိမ်ပြီး တရားဥပေဒေစိုးမိုးတဲ့ အစိုးရတရပ် အုပ်ချုပ်တဲ့ ပြည်ထောင်စုတခုကို မီးရှုးသန့်စင် မွေးဖွားပေးနိုင်ခဲ့ပါတယ်။

သမ္မတ အေဘရာဟမ်လင်ကွန်းကတော့ ပြည်တွင်းစစ်ကြီးအတွင်း ပြိုကွဲလုနီး ခြိမ်း‌ခြောက်ခံခဲ့ရတဲ့ တိုင်းပြည်ကို ဦးဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။

သမ္မတလင်ကွန်းဟာ ပြည်တွင်းစစ်ပြီးဆုံးခါနီးအချိန်မှာ ငြိမ်းချမ်းတဲ့ကာလ အကူးအပြောင်းအတွက် ဖယ်ဒရယ်ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတွေကြား အာဏာခွဲဝေရေး အတွက် စတင် ပြင်ဆင်ခဲ့ပါတယ်။

ရလဒ်အနေနဲ့ အမေရိကန်ပြည်ထောင်စုဟာ ပြည်တွင်းစစ်အပြီးမှာ အားကောင်းတဲ့ ဖယ်ဒရယ်ဗဟိုအစိုးရရဲ့ ဦးဆောင်မှုအောက်မှာ ပြည်နယ်တွေ စုစုစည်းစုည်း ပေါင်းစည်းထားတဲ့ ပိုပြီး ကြံ့ခိုင်သန်စွမ်းတဲ့ပြည်ထောင်စု ပေါ်ထွန်းလာနိုင်ခဲ့ပါတယ်။

မျက်မှောက်ခေတ်မှာတော့ သမ္မတများနေ့ဟာ တိုင်းပြည်ရဲ့အမြင့်မားဆုံး အရိုက်အရာ ရာထူးကို တာဝန်ရယူခဲ့ကြတဲ့ အမေရိကန်သမ္မတ အဆက်ဆက်ကို ဂုဏ်ပြု ကျင်းပတာ ဖြစ်ပါတယ်။

ဒါပေမယ့် သမ္မတဝါရှင်တန်နဲ့လင်ကွန်းလို စံနမူနာကောင်းများနဲ့ တိုင်းပြည်ကို စုစည်းညီညွတ်စေပြီး လက်ရှိတိုင် အမေရိကန်ပြည်ထောင်စုနဲ့ အမေရိကန် ပြည်သူတွေကို ပုံဖော် လွှမ်းမိုးနိုင်စွမ်းတဲ့ ကြီးမားတဲ့ အကျိုးသက်ရောက်စေတဲ့ သမ္မတမျိုး မပေါ်ထွန်းတော့ပါဘူး ခင်ဗျာ။