အာရွတုိက္ရဲ႕က်န္းမာေရးစနစ္ ခုိင္မာအားေကာင္းလာေအာင္ ေဆာင္ရြက္ျခင္း 

USAID အေမရိကန္ ႏုိင္ငံတကာ ဖြံ႔ၿဖိဳးေရးေအဂ်င္စီက ေထာက္ပံ့တဲ့ ပစၥည္းမ်ား

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

အာရွတုိက္တ၀န္း ကုိဗစ္-၁၉ ကုိ ႀကိဳးစား တုိက္ဖ်က္ေနၾကခ်ိန္မွာဘဲ ေဒသတြင္း ဒီေရာဂါပုိး ကူးစက္ပ်ံ႕ႏွံ႔မႈ ေလ်ာ့က်ေအာင္ ေဆာင္ရြက္တာ အပါအ၀င္ ေဒသတြင္း က်န္းမာေရးဆုိင္ရာ အေျခခံလုိအပ္ခ်က္ေတြနဲ႔ တျခား အကူအညီေတြကုိ USAID အေမရိကန္ ႏုိင္ငံတကာ ဖြံ႔ၿဖိဳးေရးေအဂ်င္စီက ေထာက္ပံ့ေပးေနပါတယ္။

USAID ရဲ႕ အာရွေဒသဆုိင္ရာ လက္ေထာက္အုပ္ခ်ဳပ္ေရးမွဴး Gloria Steele

“လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၅၀ အတြင္း ကမၻာ့က်န္းမာေရးခုိင္မာမႈအတြက္ အမ်ားဆုံး ေထာက္ပံ့ ေပးတဲ့ႏုိင္ငံဟာ အေမရိကန္ျပည္ေထာင္စုျဖစ္ေၾကာင္း” USAID ရဲ႕ အာရွေဒသဆုိင္ရာ လက္ေထာက္အုပ္ခ်ဳပ္ေရးမွဴး Gloria Steele က ေျပာပါတယ္။ “ကမၻာ့က်န္းမာေရးစနစ္ႀကီးရဲ႕ အေျခခံအုတ္ျမစ္ကုိ အေမရိကန္ျပည္ေထာင္စုက ခ်မွတ္ေပးခဲ့သလုိ ၂၁ ရာစုအတြင္း ကမၻာ့က်န္းမာေရးအတြက္ ေဒၚလာ ၁၄၀ ဘီလီယံ ကူညီ ေထာက္ပံ့ေပးခဲ့ၿပီး ျဖစ္တယ္လုိ႔ လက္ေထာက္အုပ္ခ်ဳပ္ေရးမွဴးက ေျပာပါတယ္။

တဦးနဲ႔တဦး ထိေတြ႔ဆက္ဆံမႈနဲ႔ ေရြ႕ေျပာင္းသြားလာမႈေတြ ကမၻာနဲ႔အ၀န္း အရွိန္ျမင့္ ျဖစ္ေပၚတာေၾကာင့္ က်န္းမာေရးဆုိင္ရာ စုိးရိမ္ရမယ့္ အႏၱရာယ္ေတြလည္း မွ်ေ၀ ခံစားေနၾကရတာပါ။ ဒါေၾကာင့္လည္း ကုိဗစ္-၁၉ လုိ ကူးစက္ေရာဂါေတြဟာ လူသူအေရာက္နည္းတဲ့ ေက်းရြာေလး တရြာကေန ကမၻာ့ေနရာအႏွံ႔က ၿမိဳ႕ႀကီး ျပႀကီးေတြအထိ ၃၆ နာရီအတြင္း ေရာက္ရွိသြားႏုိင္ပါတယ္။ လူထုက်န္းမာေရးနဲ႔ဆုိင္တဲ့ အေရးေပၚအေျခအေနေတြဟာ ရပ္ရြာ၊ ေဒသတြင္းကေန တကမၻာလုံးရဲ႕ စီးပြားေရးကုိပါ သက္ေရာက္မႈေတြ ျဖစ္ေပၚေစႏုိင္ပါတယ္။ အဲဒီ သက္ေရာက္မႈေတြကေန ေစ်းကြက္ ဖရုိဖရဲျဖစ္ေစတာ၊ ႏုိင္ငံေရးမတည္ၿငိမ္မႈ၊ စီးပြားလည္ပတ္မႈကုိ ၿခိမ္းေျခာက္မႈနဲ႔ ၀န္ထမ္းေတြရဲ႕ က်န္းမာေရးကုိ အႏၱရာယ္ျပဳမႈေတြ ျဖစ္ေပၚေစပါတယ္။ ဒါေၾကာင့္လည္း အေမရိကန္ျပည္ေထာင္စုဟာ ကမၻာ့က်န္းမာေရးခုိင္မာမႈအတြက္ ရင္းႏွီး ျမဳပ္ႏွံေနတာ ျဖစ္ပါတယ္။

“လက္ရွိကပ္ေရာဂါစတင္တဲ့အခ်ိန္ကစလုိ႔ USAID နဲ႔ ႏုိင္ငံျခားေရးဌာနတုိ႔ဟာ တကမၻာလုံး အတုိင္းအတာနဲ႔ ေဒၚလာ ၁ ဘီလီယံ ေထာက္ပံ့ေပးခဲ့ၿပီး ျဖစ္ပါတယ္။ အာရွတုိက္တခုထဲမွာတင္ ႏုိင္ငံေပါင္း ၃၀ အတြက္ ေဒၚလာ ၁၈၂ သန္း ေထာက္ပံ့ေပးခဲ့ၿပီး ျဖစ္ပါတယ္” လုိ႔ USAID ရဲ႕ အာရွေဒသဆုိင္ရာ လက္ေထာက္အုပ္ခ်ဳပ္ေရးမွဴး Gloria Steele က ေျပာပါတယ္။

အဲဒီႏုိင္ငံေတြမွာ က်န္းမာေရးအတြက္ ေရရွည္ ရင္းႏွီးျမဳပ္ႏွံခဲ့မႈေတြေၾကာင့္ ကုိဗစ္-၁၉ အတြက္ အလ်င္အျမန္ တုံ႔ျပန္ ေဆာင္ရြက္မႈေတြ လုပ္ေဆာင္ႏုိင္ခဲ့ပါတယ္။

“ကူးစက္ေရာဂါ ႀကိဳတင္ကာကြယ္ေရးနဲ႔ ကုသမႈပုိင္းက႑ေတြ၊ စိတ္က်န္းမာေရးနဲ႔ ကေလးငယ္ေတြရဲ႕ က်န္းမာေရးက႑ေတြအျပင္ ကမၻာ့က်န္းမာေရး ခုိင္မာမႈတုိ႔အတြက္ က်မတုိ႔အေနနဲ႔ ရင္းႏွီးျမဳပ္ႏွံမႈေတြ ေတာက္ေလွ်ာက္ လုပ္လာခဲ့တာပါ။ ကုိဗစ္-၁၉ အတြက္ ေပးတဲ့အကူအညီေတြဟာ ႏွစ္ေပါင္းမ်ားစြာ အေမရိကန္ျပည္ေထာင္စုက ေပးလာခဲ့တဲ့ ကူးစက္ေရာဂါတုိက္ဖ်က္ေရးဆုိင္ရာ အကူအညီေတြ အေပၚမွာ ထပ္ေဆာင္း ေပးအပ္တဲ့ အကူအညီျဖစ္ပါတယ္” လုိ႔ Gloria Steele က ေျပာခဲ့တာပါ။

“အင္ဒုိနီးရွားႏုိင္ငံမွာေပးခဲ့တဲ့ အကူအညီကုိ ဥပမာအေနနဲ႔ ေျပာရမယ္ဆင္ရင္ - လူနာေတြကုိ က်န္းမာေရးဆုိင္ရာ အႀကံျပဳခ်က္ေတြ ေပးႏုိင္ေရးအျပင္ ေဆးရုံတင္ႏုိင္ဖုိ႔အတြက္ ညြန္ၾကားခ်က္ေတြ ထုတ္ေပးႏုိင္မယ့္ ၀န္ထမ္းေပါင္း ၇ ေသာင္းေလာက္ကုိ အခ်ိန္တုိတုိအတြင္း ေလ့က်င့္ သင္ၾကားေပးႏုိင္ခဲ့ပါတယ္” လုိ႔ လက္ေထာက္ အုပ္ခ်ဳပ္ေရးမွဴး Steele က ေျပာပါတယ္။

“အလားတူအေျခအေနမ်ဳိး အိႏၵိယမွာလည္း ေဆာင္ရြက္ေပးခဲ့ပါတယ္။ အဲဒီမွာ က်မတုိ႔ရဲ႕ မိခင္နဲ႔ ကေလးသူငယ္ က်န္းမာေရးဆုိင္ရာ ကၽြမ္းက်င္မႈေတြကုိ အသုံးခ်ၿပီး ကေလးငယ္ေတြကုိ ကုိဗစ္-၁၉ မကူးစက္ေအာင္ ဘယ္လုိ ႀကိဳတင္ ကာကြယ္သင့္တယ္ဆုိတာနဲ႔ မိခင္နဲ႔ ကေလးငယ္ေတြရဲ႕ က်န္းမာေရးအတြက္ ကမၻာ့က်န္းမာေရး ျပဌာန္းခ်က္ေတြနဲ႔အညီ ဘယ္လုိ လုိက္နာ ေဆာင္ရြက္သင့္တယ္ဆုိတာေတြကုိ မွ်ေ၀ေပးႏုိင္ပါတယ္” လုိ႔ လက္ေထာက္ညြန္ၾကားေရးမွဴး Steele က ေျပာပါတယ္။

“က်မတုိ႔အေနနဲ႔ က်န္းမာေရးနဲ႔ ပညာေရးက႑ေတြမွာ အမ်ားအျပား ရင္းႏွီးျမဳပ္ႏွံပါတယ္။ အဲဒီလုိ ေဆာင္ရြက္ျခင္းအားျဖင့္ ဖြံ႔ၿဖိဳး တုိးတက္မႈေတြမွာ လူေတြ အတတ္ႏုိင္ဆုံး အမ်ားဆုံး ပါ၀င္ခြင့္ရၾကမွာ ျဖစ္ပါတယ္။ က်န္းမာေရးစံနစ္ကုိ အကာကြယ္ေပးမထားဘူးဆုိရင္ လူသားတဦးအေနနဲ႔ ပါ၀င္ ေဆာင္ရြက္ခြင့္နဲ႔ စီးပြားေရး ဖြံ႔ၿဖိဳးတုိးတက္မႈေတြ ဆုံးရႈံးတာတင္မကဘဲ အဲဒီကေန က်န္တဲ့ေနရာေတြအားလုံးကုိ သက္ေရာက္မႈေတြ ျဖစ္ေပၚေစပါတယ္။ ဒါဟာ အာရွေဒသအတြက္ က်မတုိ႔ရဲ႕ မဟာျဗဴဟာျဖစ္ပါတယ္” လုိ႔ USAID ရဲ႕ အာရွေဒသဆုိင္ရာ လက္ေထာက္အုပ္ခ်ဳပ္ေရးမွဴး Gloria Steele က ေျပာပါတယ္။

Your browser doesn’t support HTML5

အာရွတုိက္ရဲ႕က်န္းမာေရးစနစ္ ခုိင္မာအားေကာင္းလာေအာင္ ေဆာင္ရြက္ျခင္း


............

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

အာရှတိုက်တဝန်း ကိုဗစ်-၁၉ ကို ကြိုးစား တိုက်ဖျက်နေကြချိန်မှာဘဲ ဒေသတွင်း ဒီရောဂါပိုး ကူးစက်ပျံ့နှံ့မှု လျော့ကျအောင် ဆောင်ရွက်တာ အပါအဝင် ဒေသတွင်း ကျန်းမာရေးဆိုင်ရာ အခြေခံလိုအပ်ချက်တွေနဲ့ တခြား အကူအညီတွေကို USAID အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီက ထောက်ပံ့ပေးနေပါတယ်။

“လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ အတွင်း ကမ္ဘာ့ကျန်းမာရေးခိုင်မာမှုအတွက် အများဆုံး ထောက်ပံ့ ပေးတဲ့နိုင်ငံဟာ အမေရိကန်ပြည်ထောင်စုဖြစ်ကြောင်း” USAID ရဲ့ အာရှဒေသဆိုင်ရာ လက်ထောက်အုပ်ချုပ်ရေးမှူး Gloria Steele က ပြောပါတယ်။ “ကမ္ဘာ့ကျန်းမာရေးစနစ်ကြီးရဲ့ အခြေခံအုတ်မြစ်ကို အမေရိကန်ပြည်ထောင်စုက ချမှတ်ပေးခဲ့သလို ၂၁ ရာစုအတွင်း ကမ္ဘာ့ကျန်းမာရေးအတွက် ဒေါ်လာ ၁၄၀ ဘီလီယံ ကူညီ ထောက်ပံ့ပေးခဲ့ပြီး ဖြစ်တယ်လို့ လက်ထောက်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

တဦးနဲ့တဦး ထိတွေ့ဆက်ဆံမှုနဲ့ ရွေ့ပြောင်းသွားလာမှုတွေ ကမ္ဘာနဲ့အဝန်း အရှိန်မြင့် ဖြစ်ပေါ်တာကြောင့် ကျန်းမာရေးဆိုင်ရာ စိုးရိမ်ရမယ့် အန္တရာယ်တွေလည်း မျှေ၀ ခံစားနေကြရတာပါ။ ဒါကြောင့်လည်း ကိုဗစ်-၁၉ လို ကူးစက်ရောဂါတွေဟာ လူသူအရောက်နည်းတဲ့ ကျေးရွာလေး တရွာကနေ ကမ္ဘာ့နေရာအနှံ့က မြို့ကြီး ပြကြီးတွေအထိ ၃၆ နာရီအတွင်း ရောက်ရှိသွားနိုင်ပါတယ်။ လူထုကျန်းမာရေးနဲ့ဆိုင်တဲ့ အရေးပေါ်အခြေအနေတွေဟာ ရပ်ရွာ၊ ဒေသတွင်းကနေ တကမ္ဘာလုံးရဲ့ စီးပွားရေးကိုပါ သက်ရောက်မှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ အဲဒီ သက်ရောက်မှုတွေကနေ ဈေးကွက် ဖရိုဖရဲဖြစ်စေတာ၊ နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားလည်ပတ်မှုကို ခြိမ်းခြောက်မှုနဲ့ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးကို အန္တရာယ်ပြုမှုတွေ ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့်လည်း အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာ့ကျန်းမာရေးခိုင်မာမှုအတွက် ရင်းနှီး မြုပ်နှံနေတာ ဖြစ်ပါတယ်။

“လက်ရှိကပ်ရောဂါစတင်တဲ့အချိန်ကစလို့ USAID နဲ့ နိုင်ငံခြားရေးဌာနတို့ဟာ တကမ္ဘာလုံး အတိုင်းအတာနဲ့ ဒေါ်လာ ၁ ဘီလီယံ ထောက်ပံ့ပေးခဲ့ပြီး ဖြစ်ပါတယ်။ အာရှတိုက်တခုထဲမှာတင် နိုင်ငံပေါင်း ၃၀ အတွက် ဒေါ်လာ ၁၈၂ သန်း ထောက်ပံ့ပေးခဲ့ပြီး ဖြစ်ပါတယ်” လို့ USAID ရဲ့ အာရှဒေသဆိုင်ရာ လက်ထောက်အုပ်ချုပ်ရေးမှူး Gloria Steele က ပြောပါတယ်။

အဲဒီနိုင်ငံတွေမှာ ကျန်းမာရေးအတွက် ရေရှည် ရင်းနှီးမြုပ်နှံခဲ့မှုတွေကြောင့် ကိုဗစ်-၁၉ အတွက် အလျင်အမြန် တုံ့ပြန် ဆောင်ရွက်မှုတွေ လုပ်ဆောင်နိုင်ခဲ့ပါတယ်။

“ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးနဲ့ ကုသမှုပိုင်းကဏ္ဍတွေ၊ စိတ်ကျန်းမာရေးနဲ့ ကလေးငယ်တွေရဲ့ ကျန်းမာရေးကဏ္ဍတွေအပြင် ကမ္ဘာ့ကျန်းမာရေး ခိုင်မာမှုတို့အတွက် ကျမတို့အနေနဲ့ ရင်းနှီးမြုပ်နှံမှုတွေ တောက်လျှောက် လုပ်လာခဲ့တာပါ။ ကိုဗစ်-၁၉ အတွက် ပေးတဲ့အကူအညီတွေဟာ နှစ်ပေါင်းများစွာ အမေရိကန်ပြည်ထောင်စုက ပေးလာခဲ့တဲ့ ကူးစက်ရောဂါတိုက်ဖျက်ရေးဆိုင်ရာ အကူအညီတွေ အပေါ်မှာ ထပ်ဆောင်း ပေးအပ်တဲ့ အကူအညီဖြစ်ပါတယ်” လို့ Gloria Steele က ပြောခဲ့တာပါ။

“အင်ဒိုနီးရှားနိုင်ငံမှာပေးခဲ့တဲ့ အကူအညီကို ဥပမာအနေနဲ့ ပြောရမယ်ဆင်ရင် - လူနာတွေကို ကျန်းမာရေးဆိုင်ရာ အကြံပြုချက်တွေ ပေးနိုင်ရေးအပြင် ဆေးရုံတင်နိုင်ဖို့အတွက် ညွန်ကြားချက်တွေ ထုတ်ပေးနိုင်မယ့် ဝန်ထမ်းပေါင်း ၇ သောင်းလောက်ကို အချိန်တိုတိုအတွင်း လေ့ကျင့် သင်ကြားပေးနိုင်ခဲ့ပါတယ်” လို့ လက်ထောက် အုပ်ချုပ်ရေးမှူး Steele က ပြောပါတယ်။

“အလားတူအခြေအနေမျိုး အိန္ဒိယမှာလည်း ဆောင်ရွက်ပေးခဲ့ပါတယ်။ အဲဒီမှာ ကျမတို့ရဲ့ မိခင်နဲ့ ကလေးသူငယ် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်မှုတွေကို အသုံးချပြီး ကလေးငယ်တွေကို ကိုဗစ်-၁၉ မကူးစက်အောင် ဘယ်လို ကြိုတင် ကာကွယ်သင့်တယ်ဆိုတာနဲ့ မိခင်နဲ့ ကလေးငယ်တွေရဲ့ ကျန်းမာရေးအတွက် ကမ္ဘာ့ကျန်းမာရေး ပြဌာန်းချက်တွေနဲ့အညီ ဘယ်လို လိုက်နာ ဆောင်ရွက်သင့်တယ်ဆိုတာတွေကို မျှဝေပေးနိုင်ပါတယ်” လို့ လက်ထောက်ညွန်ကြားရေးမှူး Steele က ပြောပါတယ်။

“ကျမတို့အနေနဲ့ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေမှာ အများအပြား ရင်းနှီးမြုပ်နှံပါတယ်။ အဲဒီလို ဆောင်ရွက်ခြင်းအားဖြင့် ဖွံ့ဖြိုး တိုးတက်မှုတွေမှာ လူတွေ အတတ်နိုင်ဆုံး အများဆုံး ပါဝင်ခွင့်ရကြမှာ ဖြစ်ပါတယ်။ ကျန်းမာရေးစံနစ်ကို အကာကွယ်ပေးမထားဘူးဆိုရင် လူသားတဦးအနေနဲ့ ပါဝင် ဆောင်ရွက်ခွင့်နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေ ဆုံးရှုံးတာတင်မကဘဲ အဲဒီကနေ ကျန်တဲ့နေရာတွေအားလုံးကို သက်ရောက်မှုတွေ ဖြစ်ပေါ်စေပါတယ်။ ဒါဟာ အာရှဒေသအတွက် ကျမတို့ရဲ့ မဟာဗြူဟာဖြစ်ပါတယ်” လို့ USAID ရဲ့ အာရှဒေသဆိုင်ရာ လက်ထောက်အုပ်ချုပ်ရေးမှူး Gloria Steele က ပြောပါတယ်