ဆိုင္ဘာ ရာဇ၀တ္မႈ

VOA cyber crime graphics

{{Zawgyi/Unicode}}

ကြန္ျပဴတာ အင္တာနက္ကေန လိမ္လည္လွည့္ျဖား၊ အလြဲသုံးစားမႈ ကာကြယ္တားဆီးေရးအက္ဥပေဒကို ခ်ိဳးေဖါက္ၿပီး၊ အေမရိကန္ျပည္ေထာင္စုရဲ႕ အေရးပါတဲ့ အေျခခံအေဆာက္အဦေတြရဲ႕ ကြန္ျပဴတာ နည္းပညာနဲ႔ စံနစ္ေတြ အေႏွာက္အယွက္ျဖစ္ေအာင္ Cyber တိုက္ခိုက္မႈမွာ ပါ၀င္ပတ္သက္သူ မည္သူ႔ ကိုမဆို အမည္နဲ႔ ေနထိုင္ရာ လိပ္စာ၊ သို႔မဟုတ္ ႏိုင္ငံျခားအစိုးရတရပ္ရဲ႕ ထိန္းခ်ဳပ္ၫႊန္ၾကားတာျဖစ္ေစ၊ သတင္းေပးႏိုင္သူကို ဆုေငြေဒၚလာ ၁၀ သန္းအထိ ခ်ီးျမင့္မယ္လို႔ အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီးဌာန၊ တရားမွ်တေရးအတြက္ ဆုေငြထုတ္တဲ့အစီအစဥ္ကေန ေၾကညာခ်က္ထုတ္ျပန္လိုက္ပါတယ္။

Cyber အင္တာနက္ကေန အေမရိကန္ျပည္ေထာင္စုရဲ႕ အေရးပါတဲ့ အေျခခံအေဆာက္အဦကို တိုက္ခိုက္မႈအခ်ိဳ႕ဟာ CFAA လို႔အတိုေကာက္ေခၚတဲ့ ကြန္ျပဴတာ အင္တာနက္ကေန လိမ္လည္လွည့္ျဖား၊ အလြဲသုံးစားမႈ ကာကြယ္တားဆီးေရးအက္ဥပေဒကို ခ်ိဳးေဖါက္ရာက်ပါတယ္။

ကြန္ျပဴတာစံနစ္ကို ေဖါက္ထြင္းၿပီး အလုပ္ဆက္လုပ္လို႔မရေအာင္ ထိန္းခ်ဳပ္၊ ေငြညႇစ္ အက်ပ္ကိုင္တာ၊ အသုံးျပဳခြင့္မရွိဘဲ ရည္႐ြယ္ခ်က္ရွိရွိ ထိုးေဖါက္တာ၊ ကာကြယ္ေရးစံနစ္ကို ခြင့္ျပဳခ်က္မရွိဘဲ သတင္းအခ်က္အလက္ေတြ ခိုးယူတာ၊ လုပ္ငန္းလည္ပတ္မႈကို ေႏွာက္ယွက္တာ၊ သတင္းအခ်က္အလက္၊ လွ်ိဳ႕၀ွက္သင္ေကတေတြ၊ ၫႊန္ၾကားခ်က္ေတြ ေဖါက္ထြင္းယူတာေတြဟာ CFAA ဥပေဒကို ခ်ိဳးေဖါက္တာျဖစ္ပါတယ္။

ကာကြယ္ေရးစံနစ္ နည္းပညာထည့္သြင္းထားတဲ့ ကြန္ျပဴတာေတြဟာ အေမရိကန္ ျပည္ေထာင္စု ဗဟိုအစိုးရနဲ႔ ဘဏ္စံနစ္ေတြမွာဘဲ ရွိတာမဟုတ္ပါဘူး။ တျခားျပည္နယ္ေတြ၊ ႏိုင္ငံျခားကူးသန္းေရာင္း၀ယ္ေရးနဲ႔ ဆက္သြယ္ေရးေတြမွာပါ စံနစ္တက် ကာကြယ္ထားတာပါ။

သတင္းေပးသူရဲ႕ လုံၿခဳံေရးအတြက္ RFJ ေခၚThe Rewards for Justice တရားမွ်တေရးအတြက္ ဆုေငြထုတ္တဲ့အစီအစဥ္ကို Dark Web Tor-based tips မွာ တင္ေပးထားပါတယ္။ ကိန္းဂဏန္းေတြနဲ႔ အဂ္လိပ္အက္ခရာေတြ ၅၆ လုံး ေရာထားတဲ့စာတမ္းေနာက္မွာ .onion လို႔ေဖၚျပထားပါတယ္။ ဆုေငြေပးေရး ျမန္ဆန္ထိေရာက္ေအာင္ RFJ အစီအစဥ္က တျခားဌာနဆိုင္ရာ မိတ္ဖက္ေတြနဲ႔ သတင္းေတြဖလွယ္သလို၊ ဆုေငြကို ေနရာေဒသမေ႐ြး ထုတ္ေပးႏိုင္ဖို႔ စီစဥ္ထားပါတယ္။ ဆုေငြကို Cryptocurrency ေခၚ Bitcoin ေတြနဲ႔လည္း ထုတ္ေပးႏိုင္ဖြယ္ရွိပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ တရားမွ်တေရးအတြက္ ဆုေငြထုတ္တဲ့ အစီအစဥ္ကို ၁၉၈၄ ခုႏွစ္ကစတင္အေကာင္အထည္ေဖၚခဲ့ၿပီး ဥပေဒခ်ိးေဖါက္သူေတြကို တရားဥပေဒအရ အေရးယူႏိုင္ေအာင္ ကူညီသတင္းေပးခဲ့သူ၊ သို႔မဟုတ္၊ အေမရိကန္အမ်ိဳးသားလုံၿခဳံေရးထိပါးမယ့္ အန္တရာယ္ကို ႀကိဳတင္ကာကြယ္ဖို႔ သတင္းေပးသူေပါင္း ၁၀၀ ေက်ာ္ကို ေဒၚလာသန္း ၂၀၀ ေက်ာ္ ဆုေငြခ်ီးျမႇင့္ခဲ့ၿပီးျဖစ္ပါတယ္။ RFJ ရဲ႕ Twitter လိပ္စာ https://twitter.com/RFJ_USA.

ေနာက္၊ ႏိုင္ငံရပ္ျခားက Cyber အင္တာနက္ကေန တိုက္ခိုက္ႏိုင္တဲ့ သတင္းအခ်က္အလက္ေတြ ေပးပို႔ႏိုင္တဲ့ RFJ ရဲ႕ website လိပ္စာ www.rewardsforjustice.net.
ျဖစ္ပါတယ္။

က်ေနာ္တို႔ရဲ႕ အမွာစကားက ျပတ္သားပါတယ္။ Cyber ရာဇ၀တ္သားေတြကို အေရးယူအျပစ္ေပးဖို႔ သူတို႔ကို လက္ခံထားတဲ့ ႏိုင္ငံေတြမွာ တာ၀န္ရွိပါတယ္။ အဲဒီႏိုင္ငံေတြက အေရးမယူလ်င္ေတာ့ က်ေနာ္တို႔က အေရးယူသြားမွာျဖစ္ပါတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီး Anotny Blinken ကေျပာဆိုလိုက္ေၾကာင္းပါခင္ဗ်ား။

.............................................

{{Unicode}}

ကွန်ပြူတာ အင်တာနက်ကနေ လိမ်လည်လှည့်ဖြား၊ အလွဲသုံးစားမှု ကာကွယ်တားဆီးရေးအက်ဥပဒေကို ချိုးဖေါက်ပြီး၊ အမေရိကန်ပြည်ထောင်စုရဲ့ အရေးပါတဲ့ အခြေခံအဆောက်အဦတွေရဲ့ ကွန်ပြူတာ နည်းပညာနဲ့ စံနစ်တွေ အနှောက်အယှက်ဖြစ်အောင် Cyber တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်သူ မည်သူ့ ကိုမဆို အမည်နဲ့ နေထိုင်ရာ လိပ်စာ၊ သို့မဟုတ် နိုင်ငံခြားအစိုးရတရပ်ရဲ့ ထိန်းချုပ်ညွှန်ကြားတာဖြစ်စေ၊ သတင်းပေးနိုင်သူကို ဆုငွေဒေါ်လာ ၁၀ သန်းအထိ ချီးမြင့်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ တရားမျှတရေးအတွက် ဆုငွေထုတ်တဲ့အစီအစဉ်ကနေ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

Cyber အင်တာနက်ကနေ အမေရိကန်ပြည်ထောင်စုရဲ့ အရေးပါတဲ့ အခြေခံအဆောက်အဦကို တိုက်ခိုက်မှုအချို့ဟာ CFAA လို့အတိုကောက်ခေါ်တဲ့ ကွန်ပြူတာ အင်တာနက်ကနေ လိမ်လည်လှည့်ဖြား၊ အလွဲသုံးစားမှု ကာကွယ်တားဆီးရေးအက်ဥပဒေကို ချိုးဖေါက်ရာကျပါတယ်။

ကွန်ပြူတာစံနစ်ကို ဖေါက်ထွင်းပြီး အလုပ်ဆက်လုပ်လို့မရအောင် ထိန်းချုပ်၊ ငွေညှစ် အကျပ်ကိုင်တာ၊ အသုံးပြုခွင့်မရှိဘဲ ရည်ရွယ်ချက်ရှိရှိ ထိုးဖေါက်တာ၊ ကာကွယ်ရေးစံနစ်ကို ခွင့်ပြုချက်မရှိဘဲ သတင်းအချက်အလက်တွေ ခိုးယူတာ၊ လုပ်ငန်းလည်ပတ်မှုကို နှောက်ယှက်တာ၊ သတင်းအချက်အလက်၊ လျှို့ဝှက်သင်ကေတတွေ၊ ညွှန်ကြားချက်တွေ ဖေါက်ထွင်းယူတာတွေဟာ CFAA ဥပဒေကို ချိုးဖေါက်တာဖြစ်ပါတယ်။

ကာကွယ်ရေးစံနစ် နည်းပညာထည့်သွင်းထားတဲ့ ကွန်ပြူတာတွေဟာ အမေရိကန် ပြည်ထောင်စု ဗဟိုအစိုးရနဲ့ ဘဏ်စံနစ်တွေမှာဘဲ ရှိတာမဟုတ်ပါဘူး။ တခြားပြည်နယ်တွေ၊ နိုင်ငံခြားကူးသန်းရောင်းဝယ်ရေးနဲ့ ဆက်သွယ်ရေးတွေမှာပါ စံနစ်တကျ ကာကွယ်ထားတာပါ။

သတင်းပေးသူရဲ့ လုံခြုံရေးအတွက် RFJ ခေါ် The Rewards for Justice တရားမျှတရေးအတွက် ဆုငွေထုတ်တဲ့အစီအစဉ်ကို Dark Web Tor-based tips မှာ တင်ပေးထားပါတယ်။ ကိန်းဂဏန်းတွေနဲ့ အဂ်လိပ်အက်ခရာတွေ ၅၆ လုံး ရောထားတဲ့စာတမ်းနောက်မှာ .onion လို့ဖေါ်ပြထားပါတယ်။ ဆုငွေပေးရေး မြန်ဆန်ထိရောက်အောင် RFJ အစီအစဉ်က တခြားဌာနဆိုင်ရာ မိတ်ဖက်တွေနဲ့ သတင်းတွေဖလှယ်သလို၊ ဆုငွေကို နေရာဒေသမရွေး ထုတ်ပေးနိုင်ဖို့ စီစဉ်ထားပါတယ်။ ဆုငွေကို Cryptocurrency ခေါ် Bitcoin တွေနဲ့လည်း ထုတ်ပေးနိုင်ဖွယ်ရှိပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တရားမျှတရေးအတွက် ဆုငွေထုတ်တဲ့ အစီအစဉ်ကို ၁၉၈၄ ခုနှစ်ကစတင်အကောင်အထည်ဖေါ်ခဲ့ပြီး ဥပဒေချိးဖေါက်သူတွေကို တရားဥပဒေအရ အရေးယူနိုင်အောင် ကူညီသတင်းပေးခဲ့သူ၊ သို့မဟုတ်၊ အမေရိကန်အမျိုးသားလုံခြုံရေးထိပါးမယ့် အန်တရာယ်ကို ကြိုတင်ကာကွယ်ဖို့ သတင်းပေးသူပေါင်း ၁၀၀ ကျော်ကို ဒေါ်လာသန်း ၂၀၀ ကျော် ဆုငွေချီးမြှင့်ခဲ့ပြီးဖြစ်ပါတယ်။ RFJ ရဲ့ Twitter လိပ်စာ https://twitter.com/RFJ_USA.

နောက်၊ နိုင်ငံရပ်ခြားက Cyber အင်တာနက်ကနေ တိုက်ခိုက်နိုင်တဲ့ သတင်းအချက်အလက်တွေ ပေးပို့နိုင်တဲ့ RFJ ရဲ့ website လိပ်စာ www.rewardsforjustice.net.
ဖြစ်ပါတယ်။

ကျနော်တို့ရဲ့ အမှာစကားက ပြတ်သားပါတယ်။ Cyber ရာဇဝတ်သားတွေကို အရေးယူအပြစ်ပေးဖို့ သူတို့ကို လက်ခံထားတဲ့ နိုင်ငံတွေမှာ တာဝန်ရှိပါတယ်။ အဲဒီနိုင်ငံတွေက အရေးမယူလျင်တော့ ကျနော်တို့က အရေးယူသွားမှာဖြစ်ပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anotny Blinken ကပြောဆိုလိုက်ကြောင်းပါခင်ဗျား။