ရုရွားရဲ႕ မရုိးသားတဲ့လႊမ္းမုိးမႈအစီအစဥ္ USAID တုံ႔ျပန္ 

USAID လက္ေထာက္ အုပ္ခ်ဳပ္ေရးမွဴး Brock Bierman ႏွင့္ အဖြဲ႔၀င္မ်ား သတင္းစာရွင္းလင္းပြဲျပဳလုပ္

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

ရုရွားအစုိးရဟာ သူ႔ရဲ႕ အိမ္နီးခ်င္းႏုိင္ငံေတြ သူ႔အေပၚ မီွခုိအားထားလာေအာင္ လုပ္ေဆာင္တဲ့အေနနဲ႔ အထူးသျဖင့္ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္အတြင္း အတၱလႏၲိတ္သမုဒၵရာ တဖက္တခ်က္စီမွာရွိေနတဲ့ႏုိင္ငံေတြက ဒီမုိကရက္တစ္ အေဆာက္အဦးေတြ အားနည္းလာေအာင္ လုပ္ေဆာင္ေနပါတယ္။

ဒါေၾကာင့္လည္း ရုရွားအစုိးရရဲ႕ မရုိးသားတဲ့ အဲဒီလုပ္ရပ္ေတြကုိ ခုခံ တြန္းလွန္ႏုိင္မယ့္ Malign Kremlin Influence Development Framework (CMKI) ဆုိတဲ့အဖြဲ႔ကုိ USAID က ၿပီးခဲ့တဲ့ ေႏြရာသီအတြင္း တည္ေထာင္ခဲ့ပါတယ္။ ဥေရာပ၊ အာရွနဲ႔ဥေရာပအၾကားက မိတ္ဖက္ႏုိင္ငံေတြက ဒီမုိကေရစီစနစ္ေတြ အားနည္းလာေအာင္ လုပ္ေဆာင္ေနတဲ့ ရုရွားအစုိးရရဲ႕ ေဆာင္ရြက္မႈေတြကုိ စီးပြားေရးနဲ႔ ဒီမုိကရက္တစ္နည္းလမ္းအရ ခုခံ တြန္းလွန္ႏုိင္မယ့္ အစီအစဥ္ေတြကုိ USAID က ခ်မွတ္ ေဆာင္ရြက္ေနပါတယ္။

CMKI ဟာ ရုရွားႏုိင္ငံနဲ႔ ရုရွားလူမ်ဳိးေတြအတြက္ ရည္ရြယ္ လုပ္ေဆာင္ျခင္းမဟုတ္ေၾကာင္း ဥေရာပ၊ အာရွနဲ႔ ဥေရာပၾကားႏုိင္ငံေတြဆုိင္ရာ USAID လက္ေထာက္ အုပ္ခ်ဳပ္ေရးမွဴး Brock Bierman က ေျပာပါတယ္။

“ဒါဟာ တုိင္းျပည္ေတြအေနနဲ႔ သူတုိ႔ကုိယ္ပုိင္ ဆုံးျဖတ္ခ်ႏုိင္ဖုိ႔၊ ကုိယ့္အားကုိယ္ကုိးႏုိင္ဖုိ႔၊ သီးျခားလြတ္လပ္ၿပီး ကုိယ့္ေျခေထာက္ေပၚကုိယ္ ရပ္တည္ႏုိင္ဖုိ႔၊ သူတုိ႔ကုိ ဆုံးျဖတ္ခ်က္ခ်ခြင့္ေပးဖုိ႔ စီမံေပးထားတာျဖစ္ပါတယ္” - လုိ႔ USAID လက္ေထာက္ အုပ္ခ်ဳပ္ေရးမွဴး Brock Bierman က ေျပာခဲ့ပါတယ္။

CMKI ဟာ က႑ (၄) ခုကုိ အဓိကအာရုံစုိက္ ေဆာင္ရြက္ေနတယ္လုိ႔လည္း သူက ဆက္ေျပာပါတယ္။

“ပထမဆုံးအခ်က္ကေတာ့ ဒီမုိကရစီနဲ႔ အုပ္ခ်ဳပ္မႈျဖစ္ပါတယ္။ အေျခခံအားျဖင့္ ႏုိင္ငံတုိင္းမွာ ဒီမုိကေရစီ ထြန္းကားလာေရးအတြက္ ကူညီ ေဆာင္ရြက္ေပးတာ၊ ျပည္သူလူထုအေနနဲ႔ အုပ္ခ်ဳပ္တဲ့အစုိးဟာ ဘယ္လုိပုံစံကုိ လုိခ်င္တယ္ဆုိတာကုိ ဆုံးျဖတ္ခြင့္ေပးတာ၊ အစုိးရအဖြဲ႔ထဲမွာ ကုိယ့္ကုိ ကုိယ္စားျပဳတဲ့ ကုိယ္စားလွယ္ကုိ ေရြးခ်ယ္ပုိင္ခြင့္ေပးတာ ျဖစ္ပါတယ္။ ဒုတိယအခ်က္ကေတာ့ က်ေနာ္တုိ႔အေနနဲ႔ သတင္းမွားေတြ ဟန္႔တားေရးနဲ႔ လြတ္လပ္တဲ့ မီဒီယာထြန္းကားလာေရး လုပ္ေဆာင္ေပးတာပါတယ္။ လူထုအေနနဲ႔ သတင္းေတြအေပၚ ယုံၾကည္ စိတ္ခ်ရမႈ ရွိေရးဟာ အေရးႀကီးပါတယ္။ တတိယအခ်က္ကေတာ့ ေလာင္စာစြမ္းအင္ပါ၊ ႏုိင္ငံတုိင္းဟာ ေလာင္စာဆီ ဖူလုံမႈရွိဖုိ႔ လုိအပ္ပါတယ္” - လုိ႔ လက္ေထာက္ အုပ္ခ်ဳပ္ေရးမွဴး Bierman က ေျပာပါတယ္။

စတုတၳနဲ႔ ေနာက္ဆုံးအခ်က္ကေတာ့ စီးပြားေရးက႑ ျဖစ္ပါတယ္၊ ႏုိင္ငံတုိင္းဟာ သူတုိ႔ႀကိဳက္ႏွစ္သက္ရာတုိင္းျပည္နဲ႔ ကုန္သြယ္ေရး လုပ္ေဆာင္ခြင့္ ရွိသင့္ပါတယ္ - လုိ႔ ဆုိပါတယ္။

တုိင္းျပည္ေတြ မွီခုိအားထားမႈျပဳလာေအာင္ လုပ္ေဆာင္ေနတာ ရုရွားအစုိးရနဲ႔ သူရဲ႕ တဆင့္ခံ ႏုိင္ငံေတြခ်ည္းဘဲ မဟုတ္ပါဘူး။ အားနည္းတဲ့ႏုိင္ငံေတြကုိ အခြင့္ေကာင္းယူ အသုံးခ်ဖုိ႔ ႀကိဳးစားေနၾကတဲ့ မေကာင္းတဲ့ႏုိင္ငံအမ်ားအျပား ရွိေနပါတယ္။ အဲဒီအထဲမွာ တရုတ္ျပည္သူ႔သမၼတႏုိင္ငံနဲ႔ သူ႔ရဲ႕ မူမမွန္တဲ့ လုပ္ရပ္ေတြကုိ ပံ့ပုိးေပးေနတဲ့ ကုမၸဏီေတြလည္း ပါ၀င္တယ္လုိ႔ အုပ္ခ်ဳပ္ေရးမွဴး Bierman က ေျပာပါတယ္။

“က်ေနာ္တုိ႔ႏုိင္ငံေတြအားလုံး ကုိယ့္ေျခေထာက္ေပၚကုိယ္ရပ္တည္ႏုိင္ေအာင္ က်ေနာ္တုိ႔က ကူညီ ေဆာင္ရြက္ေပးေနတာပါ။ တရုတ္ႏုိင္ငံနဲ႔ သေဘာတူညီမႈလုပ္ရင္ ဘယ္လုိ အက်ဳိးဆက္ေတြျဖစ္မယ္ဆုိတာ သူတုိ႔ နားလည္ သေဘာေပါက္ၾကပါတယ္။ သူတုိ႔ အသုံးျပဳေနတဲ့ နည္းပညာေတြနဲ႔ စက္ပစၥည္းေတြဟာ စိတ္ခ်ယုံၾကည္ရရဲ႕လား၊ တစုံတေယာက္ရဲ႕ ကုိယ္ေရးကုိယ္တာ အခ်က္အလက္ေတြ ပါသြားမလာဆုိတာ ေသခ်ာေအာင္ လုပ္ေဆာင္ဖုိ႔ လုိပါတယ္။ နည္းပညာရယူဖုိ႔ဘဲျဖစ္ျဖစ္၊ ေငြခ်ည္းဖုိ႔အတြက္ဘဲျဖစ္ျဖစ္ ထုိးလုိက္တဲ့ လက္မွတ္ဟာ ဘယ္လုိ အက်ဳိးသက္ေရာက္မႈေတြ ရွိမလဲဆုိတာကုိ နားလည္ သေဘာေပါက္ဖုိ႔ လုိအပ္ပါတယ္” လုိ႔ USAID လက္ေထာက္ အုပ္ခ်ဳပ္ေရးမွဴး Brock Bierman က ေျပာခဲ့တာပါ။

CKMI အေၾကာင္း စိတ္၀င္စားသူေတြအေနနဲ႔ https://www.usaid.gov ၀က္ဆုိက္ကုိသြားေရာက္ၿပီး USAID ရဲ႕ လုပ္ေဆာင္မႈေတြကုိ ေလ့လာ ၾကည့္ရႈႏုိင္ေၾကာင္းလည္း USAID လက္ေထာက္ အုပ္ခ်ဳပ္ေရးမွဴး Brock Bierman က အႀကံျပဳ ေျပာၾကားခဲ့ပါတယ္။

Your browser doesn’t support HTML5

ရုရွားရဲ႕ မရုိးသားတဲ့လႊမ္းမုိးမႈအစီအစဥ္ USAID တုံ႔ျပန္


............

ရုရှားရဲ့ မရိုးသားတဲ့လွှမ်းမိုးမှုအစီအစဉ် USAID တုံ့ပြန်

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

ရုရှားအစိုးရဟာ သူ့ရဲ့ အိမ်နီးချင်းနိုင်ငံတွေ သူ့အပေါ် မှီခိုအားထားလာအောင် လုပ်ဆောင်တဲ့အနေနဲ့ အထူးသဖြင့် လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အတ္တလန္တိတ်သမုဒ္ဒရာ တဖက်တချက်စီမှာရှိနေတဲ့နိုင်ငံတွေက ဒီမိုကရက်တစ် အဆောက်အဦးတွေ အားနည်းလာအောင် လုပ်ဆောင်နေပါတယ်။

ဒါကြောင့်လည်း ရုရှားအစိုးရရဲ့ မရိုးသားတဲ့ အဲဒီလုပ်ရပ်တွေကို ခုခံ တွန်းလှန်နိုင်မယ့် Malign Kremlin Influence Development Framework (CMKI) ဆိုတဲ့အဖွဲ့ကို USAID က ပြီးခဲ့တဲ့ နွေရာသီအတွင်း တည်ထောင်ခဲ့ပါတယ်။ ဥရောပ၊ အာရှနဲ့ဥရောပအကြားက မိတ်ဖက်နိုင်ငံတွေက ဒီမိုကရေစီစနစ်တွေ အားနည်းလာအောင် လုပ်ဆောင်နေတဲ့ ရုရှားအစိုးရရဲ့ ဆောင်ရွက်မှုတွေကို စီးပွားရေးနဲ့ ဒီမိုကရက်တစ်နည်းလမ်းအရ ခုခံ တွန်းလှန်နိုင်မယ့် အစီအစဉ်တွေကို USAID က ချမှတ် ဆောင်ရွက်နေပါတယ်။

CMKI ဟာ ရုရှားနိုင်ငံနဲ့ ရုရှားလူမျိုးတွေအတွက် ရည်ရွယ် လုပ်ဆောင်ခြင်းမဟုတ်ကြောင်း ဥရောပ၊ အာရှနဲ့ ဥရောပကြားနိုင်ငံတွေဆိုင်ရာ USAID လက်ထောက် အုပ်ချုပ်ရေးမှူး Brock Bierman က ပြောပါတယ်။

“ဒါဟာ တိုင်းပြည်တွေအနေနဲ့ သူတို့ကိုယ်ပိုင် ဆုံးဖြတ်ချနိုင်ဖို့၊ ကိုယ့်အားကိုယ်ကိုးနိုင်ဖို့၊ သီးခြားလွတ်လပ်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ဖို့၊ သူတို့ကို ဆုံးဖြတ်ချက်ချခွင့်ပေးဖို့ စီမံပေးထားတာဖြစ်ပါတယ်” - လို့ USAID လက်ထောက် အုပ်ချုပ်ရေးမှူး Brock Bierman က ပြောခဲ့ပါတယ်။

CMKI ဟာ ကဏ္ဍ (၄) ခုကို အဓိကအာရုံစိုက် ဆောင်ရွက်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

“ပထမဆုံးအချက်ကတော့ ဒီမိုကရစီနဲ့ အုပ်ချုပ်မှုဖြစ်ပါတယ်။ အခြေခံအားဖြင့် နိုင်ငံတိုင်းမှာ ဒီမိုကရေစီ ထွန်းကားလာရေးအတွက် ကူညီ ဆောင်ရွက်ပေးတာ၊ ပြည်သူလူထုအနေနဲ့ အုပ်ချုပ်တဲ့အစိုးဟာ ဘယ်လိုပုံစံကို လိုချင်တယ်ဆိုတာကို ဆုံးဖြတ်ခွင့်ပေးတာ၊ အစိုးရအဖွဲ့ထဲမှာ ကိုယ့်ကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်ကို ရွေးချယ်ပိုင်ခွင့်ပေးတာ ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ ကျနော်တို့အနေနဲ့ သတင်းမှားတွေ ဟန့်တားရေးနဲ့ လွတ်လပ်တဲ့ မီဒီယာထွန်းကားလာရေး လုပ်ဆောင်ပေးတာပါတယ်။ လူထုအနေနဲ့ သတင်းတွေအပေါ် ယုံကြည် စိတ်ချရမှု ရှိရေးဟာ အရေးကြီးပါတယ်။ တတိယအချက်ကတော့ လောင်စာစွမ်းအင်ပါ၊ နိုင်ငံတိုင်းဟာ လောင်စာဆီ ဖူလုံမှုရှိဖို့ လိုအပ်ပါတယ်” - လို့ လက်ထောက် အုပ်ချုပ်ရေးမှူး Bierman က ပြောပါတယ်။

စတုတ္ထနဲ့ နောက်ဆုံးအချက်ကတော့ စီးပွားရေးကဏ္ဍ ဖြစ်ပါတယ်၊ နိုင်ငံတိုင်းဟာ သူတို့ကြိုက်နှစ်သက်ရာတိုင်းပြည်နဲ့ ကုန်သွယ်ရေး လုပ်ဆောင်ခွင့် ရှိသင့်ပါတယ် - လို့ ဆိုပါတယ်။

တိုင်းပြည်တွေ မှီခိုအားထားမှုပြုလာအောင် လုပ်ဆောင်နေတာ ရုရှားအစိုးရနဲ့ သူရဲ့ တဆင့်ခံ နိုင်ငံတွေချည်းဘဲ မဟုတ်ပါဘူး။ အားနည်းတဲ့နိုင်ငံတွေကို အခွင့်ကောင်းယူ အသုံးချဖို့ ကြိုးစားနေကြတဲ့ မကောင်းတဲ့နိုင်ငံအများအပြား ရှိနေပါတယ်။ အဲဒီအထဲမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ သူ့ရဲ့ မူမမှန်တဲ့ လုပ်ရပ်တွေကို ပံ့ပိုးပေးနေတဲ့ ကုမ္ပဏီတွေလည်း ပါဝင်တယ်လို့ အုပ်ချုပ်ရေးမှူး Bierman က ပြောပါတယ်။

“ကျနော်တို့နိုင်ငံတွေအားလုံး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်အောင် ကျနော်တို့က ကူညီ ဆောင်ရွက်ပေးနေတာပါ။ တရုတ်နိုင်ငံနဲ့ သဘောတူညီမှုလုပ်ရင် ဘယ်လို အကျိုးဆက်တွေဖြစ်မယ်ဆိုတာ သူတို့ နားလည် သဘောပေါက်ကြပါတယ်။ သူတို့ အသုံးပြုနေတဲ့ နည်းပညာတွေနဲ့ စက်ပစ္စည်းတွေဟာ စိတ်ချယုံကြည်ရရဲ့လား၊ တစုံတယောက်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ပါသွားမလာဆိုတာ သေချာအောင် လုပ်ဆောင်ဖို့ လိုပါတယ်။ နည်းပညာရယူဖို့ဘဲဖြစ်ဖြစ်၊ ငွေချည်းဖို့အတွက်ဘဲဖြစ်ဖြစ် ထိုးလိုက်တဲ့ လက်မှတ်ဟာ ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိမလဲဆိုတာကို နားလည် သဘောပေါက်ဖို့ လိုအပ်ပါတယ်” လို့ USAID လက်ထောက် အုပ်ချုပ်ရေးမှူး Brock Bierman က ပြောခဲ့တာပါ။

CKMI အကြောင်း စိတ်ဝင်စားသူတွေအနေနဲ့ https://www.usaid.gov ဝက်ဆိုက်ကိုသွားရောက်ပြီး USAID ရဲ့ လုပ်ဆောင်မှုတွေကို လေ့လာ ကြည့်ရှုနိုင်ကြောင်းလည်း USAID လက်ထောက် အုပ်ချုပ်ရေးမှူး Brock Bierman က အကြံပြု ပြောကြားခဲ့ပါတယ် ။