စစ္ျပန္မ်ားေန႔

U.S. President-elect Joe Biden, accompanied by his wife Jill, attends a Veterans Day observance in Philadelphia, Pennsylvania, U.S., Nov. 11, 2020.

U.S. President-elect Joe Biden, accompanied by his wife Jill, attends a Veterans Day observance in Philadelphia, Pennsylvania, U.S., Nov. 11, 2020.

{{Zawgyi/Unicode}}

ႏိုဝင္ဘာ ၁၁ ရက္ေန႔ဟာ အေမရိကန္ျပည္ေထာင္စုရဲ႕ စစ္ျပန္မ်ားေန႔ ျဖစ္ပါတယ္။ ဒီေန႔မွာ အေမရိကန္ေတြဟာ ကမ႓ာတလႊားက အျခားေသာလူမ်ိဳးေတြနဲ႔အတူ စစ္ကာလေတြ ၿငိမ္းခ်မ္းေရးကာလေတြမွာ တာဝန္ထမ္းေဆာင္ခဲ႔တဲ႔ စစ္သည္ေတာ္ေတြကို ဂုဏ္ျပဳၾကပါတယ္။

ဒီလို အခမ္းအနား က်င္းပတာဟာ ပထမကမ႓ာစစ္ကို ျမစ္ဖ်ားခံစတင္ခဲ႔တာ ျဖစ္ပါတယ္။ ၄ ႏွစ္ခဲြနီးပါး ျဖစ္ပြားခဲ့တဲ့ ဒီစစ္ေရး ပဋိပကၡဟာ ကမ႓ာတဝွမ္းလုံးကို က်ယ္ျပန္႔ခဲ့တာပါ။ ဥေရာပ စစ္ေျမျပင္ေတြအပါအဝင္ ႐ုရွားမွာေရာ၊ အာဖရိကမွာေရာ ၊ သမုဒၵရာထဲမွာ ျပန္႔က်ဲေနတဲ့ ကၽြန္းစုေတြ ၊ ဥေရာပ ေတာင္အေမရိက ကမ္းလြန္ပင္လယ္ျပင္ေတြမွာ တိုက္ခိုက္ခဲ့ၾကတာ ျဖစ္ပါတယ္။

အဲဒီကာလတုန္းက ဒီစစ္ပြဲကို The Great War (မဟာစစ္ပြဲႀကီး) သို႔တည္းမဟုတ္ The War to End All Wars စစ္ပြဲေတြ အားလုံးကို အဆုံးသတ္ေစမယ့္ စစ္ပဲြႀကီးလို႔ တခါတရံ ေခၚေဝၚခဲ့ၾကပါတယ္။

၄ ႏွစ္တာ တိုက္ခိုက္ခဲ့ၾကၿပီးေနာက္ ၁၉၁၈ ႏိုဝင္ဘာ (၁၁)ရက္ေန႔ မြန္းလဲြခ်ိန္မတိုင္ခင္ (၁)နာရီအလိုမွာေတာ႔ စစ္ေျပၿငိမ္းေရး သေဘာတူညီခ်က္ တရပ္ စတင္ အသက္ဝင္လာခဲ့ပါတယ္။ ဒီ ပထမကမ႓ာစစ္ပဲြႀကီးဟာ ၁၉၁၉ ဇြန္(၂၈)မွာ ဗာဆိုင္းၿငိမ္းခ်မ္းေရး စာခ်ဳပ္ကို လက္မွတ္ေရးထိုးၿပီး တရားဝင္ အဆုံးသတ္ခဲ့တယ္ ဆိုေပမယ့္ ၊ လူထုကေတာ့ ၁၉၁၈ ခုႏွစ္ ႏိုဝင္ဘာ(၁၁)ရက္ေန႔ကိုပဲ စစ္ပြဲ ၿပီးဆုံးတဲ့ေန႔အျဖစ္ မွတ္ယူ ထားၾကတာပါ။

ေနာက္ တႏွစ္ အၾကာမွာေတာ့ အေမရိကန္သမၼတ Woodrow Wilson က ႏိုဝင္ဘာ(၁၁)ရက္ေန႔ကိုပဲ စစ္ေျပၿငိမ္းေရး ေန႔အျဖစ္ ပထမဆုံးအႀကိမ္ ေၾကညာခဲ့ပါတယ္။ အဲဒီေန႔မွာ စစ္ေရးျပ အခမ္းအနားေတြ လူထုပဲြလမ္းသဘင္ေတြ က်င္းပၿပီး ၊ မနက္(၁၁)နာရီမွာ လူတိုင္း-လူတိုင္း သူတို႔လုပ္လက္စ အရာေတြ ရပ္တန္႔ၿပီး ၊ စစ္ျပန္စစ္မႈထမ္းေတြကို ဂုဏ္ျပဳတဲ့အေနနဲ႔ ၿငိမ္သက္အေလးျပဳၾကပါတယ္။

ဒီေန႔ေခတ္မွာေတာ့ အဲဒီ ပထမ ကမ႓ာစစ္တုန္းက ပါဝင္ပတ္သက္ခဲ့တဲ့ ႏိုင္ငံေတြ အားလုံးဟာ ဒီစစ္ျပန္မ်ားေန႔ အခမ္းအနားကို က်င္းပေနၾကၿပီ ျဖစ္ပါတယ္။

ဒါေပမဲ့ ေနာက္ထပ္ စစ္ပြဲေတြ ျဖစ္လာၿပီးတဲ့ေနာက္ ၊ ၁၉၄၅ မွာ အေမရိကန္သမၼတ Dwight Eisenhower က စစ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးကာလ ႏွစ္ခုစလုံးမွာ တာဝန္ထမ္းေဆာင္ခဲ့ၾကတဲ့ ၊ စစ္သည္ေတာ္ေတြ အားလုံးကို ဂုဏ္ျပဳမယ့္ အားလပ္ရက္အျဖစ္ တိုးခ်ဲ႕သတ္မွတ္ လိုက္ပါတယ္။

အႏွစ္သာရအားျဖင့္ အေမရိကန္ စစ္ျပန္မ်ားေန႔ဟာ စစ္ပြဲနဲ႔ မပတ္သက္ဘူး ဆိုေပမယ့္ ၿဗိတိန္၊ ကေနဒါ၊ ေတာင္အာဖရိကနဲ႔ အျခားႏိုင္ငံမ်ားရဲ႕ အလားတူ အားလပ္ရက္ေတြလိုပဲ ၊ စစ္ျပန္ေတြကို သူတို႔ရဲ႕ တာဝန္ ထမ္းေဆာင္မႈနဲ႔ စြန္႔လႊတ္ စြန္႔စားမႈေတြအတြက္ ဂုဏ္ျပဳတဲ့ေန႔ပဲ ျဖစ္ပါတယ္။

.................................

{{Unicode}}

နိုဝင်ဘာ ၁၁ ရက်နေ့ဟာ အမေရိကန်ပြည်ထောင်စုရဲ့ စစ်ပြန်များနေ့ ဖြစ်ပါတယ်။ ဒီနေ့မှာ အမေရိကန်တွေဟာ ကမ္ဘာတလွှားက အခြားသောလူမျိုးတွေနဲ့အတူ စစ်ကာလတွေ ငြိမ်းချမ်းရေးကာလတွေမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်သည်တော်တွေကို ဂုဏ်ပြုကြပါတယ်။

ဒီလို အခမ်းအနား ကျင်းပတာဟာ ပထမကမ္ဘာစစ်ကို မြစ်ဖျားခံစတင်ခဲ့တာ ဖြစ်ပါတယ်။ ၄ နှစ်ခွဲနီးပါး ဖြစ်ပွားခဲ့တဲ့ ဒီစစ်ရေး ပဋိပက္ခဟာ ကမ္ဘာတဝှမ်းလုံးကို ကျယ်ပြန့်ခဲ့တာပါ။ ဥရောပ စစ်မြေပြင်တွေအပါအဝင် ရုရှားမှာရော၊ အာဖရိကမှာရော ၊ သမုဒ္ဒရာထဲမှာ ပြန့်ကျဲနေတဲ့ ကျွန်းစုတွေ ၊ ဥရောပ တောင်အမေရိက ကမ်းလွန်ပင်လယ်ပြင်တွေမှာ တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီကာလတုန်းက ဒီစစ်ပွဲကို The Great War (မဟာစစ်ပွဲကြီး) သို့တည်းမဟုတ် The War to End All Wars စစ်ပွဲတွေ အားလုံးကို အဆုံးသတ်စေမယ့် စစ်ပွဲကြီးလို့ တခါတရံ ခေါ်ဝေါ်ခဲ့ကြပါတယ်။

၄ နှစ်တာ တိုက်ခိုက်ခဲ့ကြပြီးနောက် ၁၉၁၈ နိုဝင်ဘာ (၁၁)ရက်နေ့ မွန်းလွဲချိန်မတိုင်ခင် (၁)နာရီအလိုမှာတော့ စစ်ပြေငြိမ်းရေး သဘောတူညီချက် တရပ် စတင် အသက်ဝင်လာခဲ့ပါတယ်။ ဒီ ပထမကမ္ဘာစစ်ပွဲကြီးဟာ ၁၉၁၉ ဇွန်(၂၈)မှာ ဗာဆိုင်းငြိမ်းချမ်းရေး စာချုပ်ကို လက်မှတ်ရေးထိုးပြီး တရားဝင် အဆုံးသတ်ခဲ့တယ် ဆိုပေမယ့် ၊ လူထုကတော့ ၁၉၁၈ ခုနှစ် နိုဝင်ဘာ(၁၁)ရက်နေ့ကိုပဲ စစ်ပွဲ ပြီးဆုံးတဲ့နေ့အဖြစ် မှတ်ယူ ထားကြတာပါ။

နောက် တနှစ် အကြာမှာတော့ အမေရိကန်သမ္မတ Woodrow Wilson က နိုဝင်ဘာ(၁၁)ရက်နေ့ကိုပဲ စစ်ပြေငြိမ်းရေး နေ့အဖြစ် ပထမဆုံးအကြိမ် ကြေညာခဲ့ပါတယ်။ အဲဒီနေ့မှာ စစ်ရေးပြ အခမ်းအနားတွေ လူထုပွဲလမ်းသဘင်တွေ ကျင်းပပြီး ၊ မနက်(၁၁)နာရီမှာ လူတိုင်း-လူတိုင်း သူတို့လုပ်လက်စ အရာတွေ ရပ်တန့်ပြီး ၊ စစ်ပြန်စစ်မှုထမ်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ငြိမ်သက်အလေးပြုကြပါတယ်။

ဒီနေ့ခေတ်မှာတော့ အဲဒီ ပထမ ကမ္ဘာစစ်တုန်းက ပါဝင်ပတ်သက်ခဲ့တဲ့ နိုင်ငံတွေ အားလုံးဟာ ဒီစစ်ပြန်များနေ့ အခမ်းအနားကို ကျင်းပနေကြပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ နောက်ထပ် စစ်ပွဲတွေ ဖြစ်လာပြီးတဲ့နောက် ၊ ၁၉၄၅ မှာ အမေရိကန်သမ္မတ Dwight Eisenhower က စစ်ရေးနဲ့ ငြိမ်းချမ်းရေးကာလ နှစ်ခုစလုံးမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ၊ စစ်သည်တော်တွေ အားလုံးကို ဂုဏ်ပြုမယ့် အားလပ်ရက်အဖြစ် တိုးချဲ့သတ်မှတ် လိုက်ပါတယ်။

အနှစ်သာရအားဖြင့် အမေရိကန် စစ်ပြန်များနေ့ဟာ စစ်ပွဲနဲ့ မပတ်သက်ဘူး ဆိုပေမယ့် ဗြိတိန်၊ ကနေဒါ၊ တောင်အာဖရိကနဲ့ အခြားနိုင်ငံများရဲ့ အလားတူ အားလပ်ရက်တွေလိုပဲ ၊ စစ်ပြန်တွေကို သူတို့ရဲ့ တာဝန် ထမ်းဆောင်မှုနဲ့ စွန့်လွှတ် စွန့်စားမှုတွေအတွက် ဂုဏ်ပြုတဲ့နေ့ပဲ ဖြစ်ပါတယ်။