{{Zawgyi/Unicode}}
တရားဥပေဒစိုးမိုးေရး မူဝါဒအရ ျပည္သူေတြ၊ အဖြဲ႕အစည္းေတြ၊ အစုအဖြဲ႕တြ၊ အစိုးရနဲ႔ပုဂၢလိကအပါအဝင္ လူတိုင္းဟာ ဥပေဒေရွ႕ေမွာက္မွာတာဝန္ခံရမယ္လို႔ ျပဌာန္းထားပါတယ္။ တရားဥပေဒစိုးမိုးမႈ အားေကာင္းရင္ အားနည္းတဲ့သူေတြကို အကာအကြယ္ေပးစြမ္းပါတယ္။
ဒါ့ျပင္ ခြဲျခားဆက္ဆံတာ၊ ေစာ္ကားေႏွာင့္ယွက္တာ၊ အၾကမ္းဖက္တာေတြကိုလည္း တားဆီးႏိုင္ၿပီး လူ႔အသိုင္းအဝန္း လူမႈအေဆာက္အအုံေတြအေပၚ ယုံၾကည္မႈကိုခိုင္ခံ့လာေစကာ ခိုင္မာ အားေကာင္း တရားမွ်တၿပီး အားလုံးပါဝင္ႏိုင္တဲ့ လူအဖြဲ႕အစည္းေတြ ေပၚထြန္းေရးကို အေထာက္အကူျပဳပါတယ္။
ဒါဟာ ႏိုင္ငံတကာ ပူးေပါင္းေဆာင္႐ြက္မႈနဲ႔ လူမ်ိဳးစုံ ဝါဒရဲ႕ အေျခခံလည္းျဖစ္ပါတယ္။
"ဝန္ႀကီးခ်ဳပ္ မို႔လို႔ ဒါမွမဟုတ္ သမၼတမို႔လို႔ ဆိုတာမရွိပါဘူး၊ ဘယ္သူ တဦးတေယာက္မွ၊ ဘယ္ တိုင္းျပည္ႏိုင္ငံမွ ဥပေဒအထက္မွာ မရွိပါဘူး" လို႔ ကုလသမဂၢဆိုင္ရာ အေမရိကန္ အၿမဲတမ္း သံအမတ္ႀကီး လင္ဒါ ေသာမတ္စ္-ဂရင္းဖီလ္ က ေျပာပါတယ္။
“ဒါဟာ အေမရိကန္ျပည္ေထာင္စုအတြက္ ခိုင္လုံတဲ့ကတိကဝတ္ျဖစ္သလို ကုလသမဂၢရဲ႕ အေျခခံမူလည္း ျဖစ္ပါတယ္။ အဖြဲ႕ဝင္ႏိုင္ငံအားလုံးအတြက္အက်ိဳးရွိေစမယ့္ ဥပေဒအကာအကြယ္ေတြကို ေပးစြမ္းႏိုင္တဲ့ ကုလသမဂၢပဋိညာဥ္စာတမ္းနဲ႔အညီ ဒါကို တင္းတင္းက်ပ္က်ပ္ကိုင္ဆြဲထားၿပီး လုပ္ေဆာင္သြားဖို႔ ကတိျပဳပါ။”
ကုလသမဂၢပဋိညာဥ္စာတမ္းက လူ႔အခြင့္အေရးအေပၚ ေလးစားမႈနဲ႔ အေျခခံလြတ္လပ္ခြင့္ေတြကို ျမႇင့္တင္ေပးစြမ္းပါတယ္။ ဒါက ၿခိမ္းေျခာက္တာ၊ ဒါမွမဟုတ္ အင္အားကိုအသုံးျပဳတာေတြကိုလည္း တားျမစ္ထားပါတယ္။
ဒါေပမယ့္ အခုအခါ ကမာၻႀကီးဟာ တရားမဲ့၊ တရားလက္လြတ္ျပဳမူတာေတြရဲ႕ ဆိုး႐ြားတဲ့အႏၲရာယ္ကို ရင္ဆိုင္ေနရပါတယ္။
“မ်က္ေမွာက္ေခတ္မွာ တခ်ိဳ႕ တိုင္းျပည္ေတြဟာ ကုလသမဂၢပဋိညာဥ္စာတမ္းရဲ႕ အေျခခံမူေတြကို ကတိကဝတ္ျပဳရာမွာ ပ်က္ကြက္တာ၊ ဒါမွမဟုတ္ အေျခခံမူေတြ ခ်ိဳးေဖာက္သူေတြကို တာဝန္ခံမႈ မရွိဘဲ ဆက္လက္က်ဴးလြန္ခြင့္ေပးေနတယ္” လို႔ သံအမတ္ႀကီး ေသာမတ္စ္-ဂရင္းဖီးလ္ (Thomas-Greenfield) က ေျပာပါတယ္။
“႐ုရွားမွာ၊ ေျမာက္ကိုရီးယားမွာ၊ အီရန္၊ နီကာရာဂြာနဲ႔ ဆီးရီးယားမွာ ၾကည့္ပါ။ အစိုးရေတြဟာ ႏိုင္ငံေရး အတိုက္အခံေတြ၊ တက္ႂကြလႈပ္ရွားသူေတြ၊ လူ႔အခြင့္အေရး ကာကြယ္သူေတြ၊ သတင္းေထာက္ေတြကို မတရား ဖမ္းဆီးေထာင္ခ်တာ၊ ညႇဥ္းပန္းႏွိပ္စက္တာ၊ ဒါမွမဟုတ္ သတ္ျဖတ္ေနတာေတြကို ထိတ္လန႔္စရာေကာင္းလွတဲ့ အစီရင္ခံစာေတြက အေသးစိတ္ ၫြန္ျပေနပါတယ္။
ၿပီးေတာ့ ျမန္မာႏိုင္ငံ၊ ဘီလာ႐ုစ္၊ က်ဴးဘား၊ အီရန္နဲ႔ ဆူဒန္မွာလည္း ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြ၊ သူတို႔ရဲ႕ အေျခခံလူ႔အခြင့္အေရးကို ေတာင္းဆိုေနတဲ့လူေတြဟာ အၾကမ္းဖက္ တိုက္ခိုက္ခံေနရတာကို က်မတို႔ ေတြ႕ျမင္ေနရပါတယ္။"
“ၿပီးေတာ့၊ ႐ုရွားက ယူကရိန္းကို အလုံးစုံက်ဴးေက်ာ္တိုက္ခိုက္ေနပါတယ္။ ဒါက ႏိုင္ငံတကာ တရား ဥပေဒအရ မွန္ကန္မႈမရွိသလို ဘယ္လိုမွ လက္သင့္ခံစရာမဟုတ္ဘူး” လို႔ ေသာမတ္စ္-ဂရင္းဖီးလ္ (Thomas-Greenfield) က ေထာက္ျပပါတယ္။
(ဒီက်ဴးေက်ာ္မႈ အတြက္) ႐ုရွားကတာဝန္ခံေစဖို႔ က်မတို႔ မျဖစ္မေန ေဆာင္႐ြက္ရပါမယ္။ အလားတူ အခ်ဳပ္အျခာအာဏာ၊ နယ္ေျမပိုင္ဆိုင္မႈနဲ႔ လူ႔အခြင့္အေရး၊ အေျခခံလြတ္လပ္ခြင့္ေတြကို မေလးစားတဲ့သူေတြအားလုံးကိုလည္း မျဖစ္မေန တာဝန္ခံေစရမွာပါ။
“က်မတို႔အေနနဲ႔ကေတာ့ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ႏိုင္ငံတကာမွာေရာ ျပည္တြင္းမွာပါ တရားဥပေဒစိုးမိုးေရးကို ဆက္လက္ျမႇင့္တင္သြားမွာျဖစ္ပါတယ္။ ၿပီးေတာ့ အလားတူ လုပ္ေဆာင္လိုတဲ့ သူေတြနဲ႔လည္း လက္တြဲလုပ္ေဆာင္ဖို႔ ဆႏၵရွိပါတယ္” လို႔ သံအမတ္ႀကီး ေသာမတ္စ္-ဂရင္းဖီးလ္ (Thomas-Greenfield) က ေျပာပါတယ္။
“အလႊာေပါင္းစုံမွာ လူ႔အခြင့္အေရးေလးစားလိုက္နာဖို႔နဲ႔ တရားဥပေဒစိုးမိုးေရး ျမႇင့္တင္ႏိုင္ဖို႔ စြမ္းေဆာင္ႏိုင္တဲ့ အရာမွန္သမွ်ကို က်မတို႔ ဆက္လက္လုပ္ေဆာင္သြားမွာပါ” လို႔ သူက ဆိုပါတယ္။
"အျပည္ျပည္ဆိုင္ရာ တရားဥပေဒက က်မတို႔ကို မႏွစ္ၿမိဳ႕ဖြယ္ ဒုကၡ ငရဲကေန ကယ္တင္ႏိုင္မွာျဖစ္ၿပီး ကံေကာင္းေထာက္မခဲ့ရင္ ႏွစ္လိုဖြယ္ ၿငိမ္းခ်မ္းေရးဆီကို ပိုနီးစပ္လာပါလိမ့္မယ္။” လို႔လည္း ကုလသမဂၢဆိုင္ရာ အေမရိကန္ အၿမဲတမ္းသံအမတ္ႀကီး လင္ဒါ ေသာမတ္စ္-ဂရင္းဖီလ္ က ေျပာပါတယ္ ခင္ဗ်ာ။
===============
{{Unicode}}
ထိန်းသိမ်းစောင့်ရှောက်ရမယ့် တရားဥပဒေစိုးမိုးရေး
တရားဥပဒေစိုးမိုးရေး မူဝါဒအရ ပြည်သူတွေ၊ အဖွဲ့အစည်းတွေ၊ အစုအဖွဲ့တွ၊ အစိုးရနဲ့ပုဂ္ဂလိကအပါအဝင် လူတိုင်းဟာ ဥပဒေရှေ့မှောက်မှာတာဝန်ခံရမယ်လို့ ပြဌာန်းထားပါတယ်။ တရားဥပဒေစိုးမိုးမှု အားကောင်းရင် အားနည်းတဲ့သူတွေကို အကာအကွယ်ပေးစွမ်းပါတယ်။
ဒါ့ပြင် ခွဲခြားဆက်ဆံတာ၊ စော်ကားနှောင့်ယှက်တာ၊ အကြမ်းဖက်တာတွေကိုလည်း တားဆီးနိုင်ပြီး လူ့အသိုင်းအဝန်း လူမှုအဆောက်အအုံတွေအပေါ် ယုံကြည်မှုကိုခိုင်ခံ့လာစေကာ ခိုင်မာ အားကောင်း တရားမျှတပြီး အားလုံးပါဝင်နိုင်တဲ့ လူအဖွဲ့အစည်းတွေ ပေါ်ထွန်းရေးကို အထောက်အကူပြုပါတယ်။
ဒါဟာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနဲ့ လူမျိုးစုံ ဝါဒရဲ့ အခြေခံလည်းဖြစ်ပါတယ်။
"ဝန်ကြီးချုပ် မို့လို့ ဒါမှမဟုတ် သမ္မတမို့လို့ ဆိုတာမရှိပါဘူး၊ ဘယ်သူ တဦးတယောက်မှ၊ ဘယ် တိုင်းပြည်နိုင်ငံမှ ဥပဒေအထက်မှာ မရှိပါဘူး" လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် အမြဲတမ်း သံအမတ်ကြီး လင်ဒါ သောမတ်စ်-ဂရင်းဖီလ် က ပြောပါတယ်။
“ဒါဟာ အမေရိကန်ပြည်ထောင်စုအတွက် ခိုင်လုံတဲ့ကတိကဝတ်ဖြစ်သလို ကုလသမဂ္ဂရဲ့ အခြေခံမူလည်း ဖြစ်ပါတယ်။ အဖွဲ့ဝင်နိုင်ငံအားလုံးအတွက်အကျိုးရှိစေမယ့် ဥပဒေအကာအကွယ်တွေကို ပေးစွမ်းနိုင်တဲ့ ကုလသမဂ္ဂပဋိညာဉ်စာတမ်းနဲ့အညီ ဒါကို တင်းတင်းကျပ်ကျပ်ကိုင်ဆွဲထားပြီး လုပ်ဆောင်သွားဖို့ ကတိပြုပါ။”
ကုလသမဂ္ဂပဋိညာဉ်စာတမ်းက လူ့အခွင့်အရေးအပေါ် လေးစားမှုနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို မြှင့်တင်ပေးစွမ်းပါတယ်။ ဒါက ခြိမ်းခြောက်တာ၊ ဒါမှမဟုတ် အင်အားကိုအသုံးပြုတာတွေကိုလည်း တားမြစ်ထားပါတယ်။
ဒါပေမယ့် အခုအခါ ကမ္ဘာကြီးဟာ တရားမဲ့၊ တရားလက်လွတ်ပြုမူတာတွေရဲ့ ဆိုးရွားတဲ့အန္တရာယ်ကို ရင်ဆိုင်နေရပါတယ်။
“မျက်မှောက်ခေတ်မှာ တချို့ တိုင်းပြည်တွေဟာ ကုလသမဂ္ဂပဋိညာဉ်စာတမ်းရဲ့ အခြေခံမူတွေကို ကတိကဝတ်ပြုရာမှာ ပျက်ကွက်တာ၊ ဒါမှမဟုတ် အခြေခံမူတွေ ချိုးဖောက်သူတွေကို တာဝန်ခံမှု မရှိဘဲ ဆက်လက်ကျူးလွန်ခွင့်ပေးနေတယ်” လို့ သံအမတ်ကြီး သောမတ်စ်-ဂရင်းဖီးလ် (Thomas-Greenfield) က ပြောပါတယ်။
“ရုရှားမှာ၊ မြောက်ကိုရီးယားမှာ၊ အီရန်၊ နီကာရာဂွာနဲ့ ဆီးရီးယားမှာ ကြည့်ပါ။ အစိုးရတွေဟာ နိုင်ငံရေး အတိုက်အခံတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေး ကာကွယ်သူတွေ၊ သတင်းထောက်တွေကို မတရား ဖမ်းဆီးထောင်ချတာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ ဒါမှမဟုတ် သတ်ဖြတ်နေတာတွေကို ထိတ်လန့်စရာကောင်းလှတဲ့ အစီရင်ခံစာတွေက အသေးစိတ် ညွန်ပြနေပါတယ်။
ပြီးတော့ မြန်မာနိုင်ငံ၊ ဘီလာရုစ်၊ ကျူးဘား၊ အီရန်နဲ့ ဆူဒန်မှာလည်း ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေ၊ သူတို့ရဲ့ အခြေခံလူ့အခွင့်အရေးကို တောင်းဆိုနေတဲ့လူတွေဟာ အကြမ်းဖက် တိုက်ခိုက်ခံနေရတာကို ကျမတို့ တွေ့မြင်နေရပါတယ်။"
“ပြီးတော့၊ ရုရှားက ယူကရိန်းကို အလုံးစုံကျူးကျော်တိုက်ခိုက်နေပါတယ်။ ဒါက နိုင်ငံတကာ တရား ဥပဒေအရ မှန်ကန်မှုမရှိသလို ဘယ်လိုမှ လက်သင့်ခံစရာမဟုတ်ဘူး” လို့ သောမတ်စ်-ဂရင်းဖီးလ် (Thomas-Greenfield) က ထောက်ပြပါတယ်။
(ဒီကျူးကျော်မှု အတွက်) ရုရှားကတာဝန်ခံစေဖို့ ကျမတို့ မဖြစ်မနေ ဆောင်ရွက်ရပါမယ်။ အလားတူ အချုပ်အခြာအာဏာ၊ နယ်မြေပိုင်ဆိုင်မှုနဲ့ လူ့အခွင့်အရေး၊ အခြေခံလွတ်လပ်ခွင့်တွေကို မလေးစားတဲ့သူတွေအားလုံးကိုလည်း မဖြစ်မနေ တာဝန်ခံစေရမှာပါ။
“ကျမတို့အနေနဲ့ကတော့ အမေရိကန်ပြည်ထောင်စုအနေနဲ့ နိုင်ငံတကာမှာရော ပြည်တွင်းမှာပါ တရားဥပဒေစိုးမိုးရေးကို ဆက်လက်မြှင့်တင်သွားမှာဖြစ်ပါတယ်။ ပြီးတော့ အလားတူ လုပ်ဆောင်လိုတဲ့ သူတွေနဲ့လည်း လက်တွဲလုပ်ဆောင်ဖို့ ဆန္ဒရှိပါတယ်” လို့ သံအမတ်ကြီး သောမတ်စ်-ဂရင်းဖီးလ် (Thomas-Greenfield) က ပြောပါတယ်။
“အလွှာပေါင်းစုံမှာ လူ့အခွင့်အရေးလေးစားလိုက်နာဖို့နဲ့ တရားဥပဒေစိုးမိုးရေး မြှင့်တင်နိုင်ဖို့ စွမ်းဆောင်နိုင်တဲ့ အရာမှန်သမျှကို ကျမတို့ ဆက်လက်လုပ်ဆောင်သွားမှာပါ” လို့ သူက ဆိုပါတယ်။
"အပြည်ပြည်ဆိုင်ရာ တရားဥပဒေက ကျမတို့ကို မနှစ်မြို့ဖွယ် ဒုက္ခ ငရဲကနေ ကယ်တင်နိုင်မှာဖြစ်ပြီး ကံကောင်းထောက်မခဲ့ရင် နှစ်လိုဖွယ် ငြိမ်းချမ်းရေးဆီကို ပိုနီးစပ်လာပါလိမ့်မယ်။” လို့လည်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် အမြဲတမ်းသံအမတ်ကြီး လင်ဒါ သောမတ်စ်-ဂရင်းဖီလ် က ပြောပါတယ် ခင်ဗျာ။