Accessibility links

Breaking News

ပိတ္ဆို႔ဒဏ္ခတ္မႈေတြေၾကာင့္ စာနာမႈအကူအညီေပးေရး မထိခိုက္ေစမယ့္ ကုလအစီအစဥ္


စစ္ေရွာင္ဒုကၡသည္မ်ား (photo: C J)
စစ္ေရွာင္ဒုကၡသည္မ်ား (photo: C J)

[[Zawgyi/Unicode]]

ပိတ္ဆို႔ဒဏ္ခတ္ခံထားရတဲ့လူပုဂၢိဳလ္ေတြ၊ အဖြဲ႕အစည္းေတြ၊ ပတ္သက္ဆက္ႏြယ္ေနသူေတြရဲ႕ထိန္းခ်ဳပ္မႈေတြေအာက္မွာ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီေတြေပးအပ္ရာမွာ လြယ္ကူေခ်ာေမြ႕ေစေရး ပိတ္ဆို႔အေရးယူမႈေတြကိုဖယ္ရွားဖို႔ မျဖစ္မေနလိုက္နာရမယ့္ ကုလသမဂၢရဲ႕ဆုံးျဖတ္ခ်က္တရပ္ကို ႏိုင္ငံတကာလူ႔အခြင့္ေရးေန႔ မတိုင္ခင္တရက္ျဖစ္တဲ့ ဒီဇင္ဘာလ ၉ ရက္ေန႔မွာပဲ ကုလသမဂၢက ခ်မွတ္ခဲ့ပါတယ္။

ဒီဆုံးျဖတ္ခ်က္မူၾကမ္းကို အေမရိကန္နဲ႔ အိုင္ယာလန္တို႔က ပူးတြဲ ကမကထျပဳေရးဆြဲၿပီး ႏိုင္ငံေပါင္း ၅၃ ႏိုင္ငံက ပါဝင္ ေထာက္ခံခဲ့ၾကတာျဖစ္ပါတယ္။

ဒီလုပ္ေဆာင္ခ်က္ဟာ ေနရာတိုင္းက အကူအညီလိုအပ္ေနသူေတြအတြက္ လူသားစာနာမႈ အကူညီေပးသူေတြ သြားေရာက္ေပးအပ္ႏိုင္မယ့္ ေအာင္ျမင္မႈတခုျဖစ္ေၾကာင္း ကုလသမဂၢဆိုင္ရာ အေမရိကန္သံအမတ္ႀကီး Linda Thomas-Greenfield ကေျပာပါတယ္။

“ဒဏ္ခတ္အေရးယူမႈေတြဟာ က်မတို႔အတြက္ အေရးပါတဲ့ လက္နက္တခုပါ။ မဟုတ္တာလုပ္တဲ့လူေတြ၊ အၾကမ္းဖက္ဝါဒီေတြနဲ႔ လူ႔အခြင့္အေရး ခ်ိဳးေဖာက္သူေတြကို အင္အားသုံးစရာမလိုဘဲ ထိန္းခ်ဳပ္တဲ့ေနရာမွာ အေထာက္အကူျဖစ္ေစပါတယ္။ တခ်ိန္တည္းမွာပဲ ကုသသမဂၢရဲ႕ဒဏ္ခတ္အေရးယူူမႈေတြကေန ေနာက္ဆက္တြဲ ႐ိုက္ခတ္မႈဒဏ္ေတြခံေနရတယ္လို႔ လူသားစာနာမႈ အကူညီေပးေနသူတခ်ိဳ႕ ေျပာဆိုတာလည္း ၾကားရပါတယ္။ မရည္႐ြယ္ဘဲ အေထာက္အကူေပးေရးပိုခက္ေအာင္လုပ္သလို ျဖစ္ေနတယ္။” လို႔ ေျပာပါတယ္။

ဒီလိုမရည္႐ြယ္ဘဲ ႀကဳံလာရတဲ့႐ိုက္ခတ္မႈေတြေလ်ာ့ပါးေရးအတြက္ ကုလသမဂၢရဲ႕ပိတ္ဆို႔ဒဏ္ခတ္မႈေတြမွာ လူသားခ်င္း စာနာေထာက္ထားတဲ့အေနနဲ႔ ႁခြင္းခ်က္ထားဖို႔ အေမရိကန္ျပည္ေထာာင္စုက ေထာက္ခံခဲ့ပါတယ္။ လူသားစာနာမႈကူညီေရး အဖြဲ႕ေတြကလည္း ဒီလုပ္ေဆာင္မႈဟာ အေထာက္အကူႀကီးႀကီးမားမား ရေစတဲ့အတြက္ ႀကိဳဆိုခဲ့ပါတယ္။ ဒါေပမယ့္ ကုလသမဂၢရဲ႕ အေရးယူဒဏ္ခတ္မႈေတြကို စာနာမႈအတြက္ ကင္းလြတ္ခြင့္ေပးရာမွာ စံသတ္မွတ္ေပးဖို႔လိုတယ္လို႔လည္း ဆက္လက္ ေထာက္ျပခဲ့ၾကတာပါ။

ပန္ၾကားခ်က္ကို ဒီကေန႔အခ်ိန္မွာ ျဖည့္ဆည္းေပးလိုက္ၿပီလို႔လည္း သံအမတ္ႀကီး Thomas-Greenfield ကေျပာပါတယ္။ ကုလသမဂၢရဲ႕ ဒဏ္ခတ္မႈေတြကေန ကင္းလြတ္ခြင့္ေပးမယ့္ အပိုင္းေတြကို ရွင္းရွင္းလင္းလင္း ျပဌာန္းလိုက္ျခင္းအားျဖင့္ ကုလသမဂၢရဲ႕အေရးယူမႈေတြ ပိုထိေရာက္ေစမွာ ျဖစ္သလို ဆိုးဝါးတဲ့လူေတြအတြက္ပိုေကာင္းတဲ့ ပစ္မွတ္ထားအေရးယူမႈေတြ လုပ္ေဆာင္ႏိုင္မွာျဖစ္ေၾကာင္းလည္း သံအမတ္ႀကီး Thomas-Greenfield က ေျပာပါတယ္။

“ျမန္ျမန္ဆန္ဆန္ ေဆာင္႐ြက္ႏိုင္ျခင္းအားျဖင့္ လူ႔အသက္ေတြကို ကယ္တင္ႏိုင္ပါတယ္။ ေဆးဝါးလိုအပ္ေနသူေတြ ေဆးရဖို႔၊ အေအးဒဏ္ခံေနရသူေတြအတြက္ အမိုးအကာရဖို႔၊ ငတ္မြတ္ေနတဲ့ ကေလးငယ္ေတြ အစားအစာရဖို႔၊ လူသားစာနာမႈအကူညီေပးဖို႔ အျမန္လုပ္ဖို႔ လိုပါတယ္။ အခုဆို ရံပုံေငြရတာနဲ႔ လူသားစာနာမႈအကူညီေပးသူေတြ အသင့္ျဖစ္တာနဲ႔ ခ်က္ခ်င္း အျမန္လုပ္ေဆာင္ေပးႏိုင္သလို ကမာၻတလႊား အသက္ေတြ ပိုကယ္ဆယ္လာႏိုင္ေတာ့မွာျဖစ္ၿပီး ဒါဟာ အားလုံးအတြက္ ဂုဏ္ယူစရာလည္း ျဖစ္ပါတယ္။” - လို႔ေျပာသြားတာပါ။

ဒီဆုံးျဖတ္ခ်က္ထဲမွာ အေထာက္အကူေပးမႈေတြအတြက္ လမ္းလြဲေအာင္လုပ္တာမ်ိဳးကို ေဖၚထုတ္ၿပီး အစီရင္ခံစာတင္ဖို႔နဲ႔ ဒါကိုေလ်ာ့ပါးေအာင္လုပ္ဖို႔အပါအဝင္ အေရးယူခံထားရတဲ့ လူပုဂၢိဳလ္အဖြဲ႕အစည္းေတြရဲ႕စည္းမ်ဥ္းခ်ိဳးေဖါက္မႈေတြ ေရွာင္တိမ္းမႈေတြကေနကာကြယ္ဖု႔ိလည္း ထည့္သြင္းထားတယ္-လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Anthony Blinken ရဲ႕ ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။

ပိတ္ဆို႔ဒဏ္ခတ္မႈေတြကေန ႁခြင္းခ်က္ေပးဖို႔ ကုလသမဂၢရဲ႕ဆုံးျဖတ္ခ်က္ဟာ ႏိုင္ငံတကာအသိုင္းအဝိုင္းနဲ႔ လူသားစာနာမႈအကူညီေပးေနသူေတြအျပင္ အထူးသျဖင့္ ဒီလုပ္ငန္းအတြက္ ဝန္ေဆာင္မႈေပးေနသူေတြအတြက္ ရွင္းရွင္းလင္းလင္း သိသင့္တာေတြကိုခ်ျပလိုက္တာျဖစ္ၿပီး ဒါဟာ ကမာၻတလႊား အသက္ေတြ ကယ္ဆယ္ေရးအတြက္ အေရးပါတဲ့လူသားစာနာမႈနဲ႔ အကူညီပစၥည္းေတြေပးပို႔ေရး ပိုမိုေခ်ာေမာေအာင္ လုပ္ေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္းလည္း ဝန္ႀကီး Blinken က ေျပာၾကားခဲ့ပါတယ္။

===============

[[Unicode]]

ပိတ်ဆို့ဒဏ်ခတ်မှုတွေကြောင့် စာနာမှုအကူအညီပေးရေး မထိခိုက်စေမယ့် ကုလအစီအစဉ်

ပိတ်ဆို့ဒဏ်ခတ်ခံထားရတဲ့လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ၊ ပတ်သက်ဆက်နွယ်နေသူတွေရဲ့ထိန်းချုပ်မှုတွေအောက်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးအပ်ရာမှာ လွယ်ကူချောမွေ့စေရေး ပိတ်ဆို့အရေးယူမှုတွေကိုဖယ်ရှားဖို့ မဖြစ်မနေလိုက်နာရမယ့် ကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက်တရပ်ကို နိုင်ငံတကာလူ့အခွင့်ရေးနေ့ မတိုင်ခင်တရက်ဖြစ်တဲ့ ဒီဇင်ဘာလ ၉ ရက်နေ့မှာပဲ ကုလသမဂ္ဂက ချမှတ်ခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်မူကြမ်းကို အမေရိကန်နဲ့ အိုင်ယာလန်တို့က ပူးတွဲ ကမကထပြုရေးဆွဲပြီး နိုင်ငံပေါင်း ၅၃ နိုင်ငံက ပါဝင် ထောက်ခံခဲ့ကြတာဖြစ်ပါတယ်။

ဒီလုပ်ဆောင်ချက်ဟာ နေရာတိုင်းက အကူအညီလိုအပ်နေသူတွေအတွက် လူသားစာနာမှု အကူညီပေးသူတွေ သွားရောက်ပေးအပ်နိုင်မယ့် အောင်မြင်မှုတခုဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield ကပြောပါတယ်။

“ဒဏ်ခတ်အရေးယူမှုတွေဟာ ကျမတို့အတွက် အရေးပါတဲ့ လက်နက်တခုပါ။ မဟုတ်တာလုပ်တဲ့လူတွေ၊ အကြမ်းဖက်ဝါဒီတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်သူတွေကို အင်အားသုံးစရာမလိုဘဲ ထိန်းချုပ်တဲ့နေရာမှာ အထောက်အကူဖြစ်စေပါတယ်။ တချိန်တည်းမှာပဲ ကုသသမဂ္ဂရဲ့ဒဏ်ခတ်အရေးယူူမှုတွေကနေ နောက်ဆက်တွဲ ရိုက်ခတ်မှုဒဏ်တွေခံနေရတယ်လို့ လူသားစာနာမှု အကူညီပေးနေသူတချို့ ပြောဆိုတာလည်း ကြားရပါတယ်။ မရည်ရွယ်ဘဲ အထောက်အကူပေးရေးပိုခက်အောင်လုပ်သလို ဖြစ်နေတယ်။” လို့ ပြောပါတယ်။

ဒီလိုမရည်ရွယ်ဘဲ ကြုံလာရတဲ့ရိုက်ခတ်မှုတွေလျော့ပါးရေးအတွက် ကုလသမဂ္ဂရဲ့ပိတ်ဆို့ဒဏ်ခတ်မှုတွေမှာ လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့ ခြွင်းချက်ထားဖို့ အမေရိကန်ပြည်ထောာင်စုက ထောက်ခံခဲ့ပါတယ်။ လူသားစာနာမှုကူညီရေး အဖွဲ့တွေကလည်း ဒီလုပ်ဆောင်မှုဟာ အထောက်အကူကြီးကြီးမားမား ရစေတဲ့အတွက် ကြိုဆိုခဲ့ပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂရဲ့ အရေးယူဒဏ်ခတ်မှုတွေကို စာနာမှုအတွက် ကင်းလွတ်ခွင့်ပေးရာမှာ စံသတ်မှတ်ပေးဖို့လိုတယ်လို့လည်း ဆက်လက် ထောက်ပြခဲ့ကြတာပါ။

ပန်ကြားချက်ကို ဒီကနေ့အချိန်မှာ ဖြည့်ဆည်းပေးလိုက်ပြီလို့လည်း သံအမတ်ကြီး Thomas-Greenfield ကပြောပါတယ်။ ကုလသမဂ္ဂရဲ့ ဒဏ်ခတ်မှုတွေကနေ ကင်းလွတ်ခွင့်ပေးမယ့် အပိုင်းတွေကို ရှင်းရှင်းလင်းလင်း ပြဌာန်းလိုက်ခြင်းအားဖြင့် ကုလသမဂ္ဂရဲ့အရေးယူမှုတွေ ပိုထိရောက်စေမှာ ဖြစ်သလို ဆိုးဝါးတဲ့လူတွေအတွက်ပိုကောင်းတဲ့ ပစ်မှတ်ထားအရေးယူမှုတွေ လုပ်ဆောင်နိုင်မှာဖြစ်ကြောင်းလည်း သံအမတ်ကြီး Thomas-Greenfield က ပြောပါတယ်။

“မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ခြင်းအားဖြင့် လူ့အသက်တွေကို ကယ်တင်နိုင်ပါတယ်။ ဆေးဝါးလိုအပ်နေသူတွေ ဆေးရဖို့၊ အအေးဒဏ်ခံနေရသူတွေအတွက် အမိုးအကာရဖို့၊ ငတ်မွတ်နေတဲ့ ကလေးငယ်တွေ အစားအစာရဖို့၊ လူသားစာနာမှုအကူညီပေးဖို့ အမြန်လုပ်ဖို့ လိုပါတယ်။ အခုဆို ရံပုံငွေရတာနဲ့ လူသားစာနာမှုအကူညီပေးသူတွေ အသင့်ဖြစ်တာနဲ့ ချက်ချင်း အမြန်လုပ်ဆောင်ပေးနိုင်သလို ကမ္ဘာတလွှား အသက်တွေ ပိုကယ်ဆယ်လာနိုင်တော့မှာဖြစ်ပြီး ဒါဟာ အားလုံးအတွက် ဂုဏ်ယူစရာလည်း ဖြစ်ပါတယ်။” - လို့ပြောသွားတာပါ။

ဒီဆုံးဖြတ်ချက်ထဲမှာ အထောက်အကူပေးမှုတွေအတွက် လမ်းလွဲအောင်လုပ်တာမျိုးကို ဖေါ်ထုတ်ပြီး အစီရင်ခံစာတင်ဖို့နဲ့ ဒါကိုလျော့ပါးအောင်လုပ်ဖို့အပါအဝင် အရေးယူခံထားရတဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေရဲ့စည်းမျဉ်းချိုးဖေါက်မှုတွေ ရှောင်တိမ်းမှုတွေကနေကာကွယ်ဖု့ိလည်း ထည့်သွင်းထားတယ်-လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ပိတ်ဆို့ဒဏ်ခတ်မှုတွေကနေ ခြွင်းချက်ပေးဖို့ ကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက်ဟာ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ လူသားစာနာမှုအကူညီပေးနေသူတွေအပြင် အထူးသဖြင့် ဒီလုပ်ငန်းအတွက် ဝန်ဆောင်မှုပေးနေသူတွေအတွက် ရှင်းရှင်းလင်းလင်း သိသင့်တာတွေကိုချပြလိုက်တာဖြစ်ပြီး ဒါဟာ ကမ္ဘာတလွှား အသက်တွေ ကယ်ဆယ်ရေးအတွက် အရေးပါတဲ့လူသားစာနာမှုနဲ့ အကူညီပစ္စည်းတွေပေးပို့ရေး ပိုမိုချောမောအောင် လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ဝန်ကြီး Blinken က ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG