Accessibility links

Breaking News

ျမန္မာနဲ႔ဘဂၤလားေဒ့ရ္ွ ေနာက္ထပ္အကူအညီေပးမယ္လို႔ ကန္ေၾကညာ 


Blinken Human Rights
Blinken Human Rights

{{Zawgyi/Unicode}}

ဘဂၤလားေဒ့ရွ္နဲ႔ေဒသတြင္းက ႐ိုဟင္ဂ်ာဒုကၡသည္ေတြကို လူသားခ်င္းစာနာေထာက္ထားေရးအကူအညီအတြက္ေဒၚလာ ၂၆ သန္းနီးနီး ထပ္မံကူညီမယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က မၾကာခင္က ေၾကညာခဲ့ပါတယ္။ အၾကမ္းဖက္မႈေတြ ဆက္လက္ျဖစ္ပြါးေနၿပီး ဒါရဲ႕သက္ေရာက္မႈကိုခံၾကရတဲ့ ျမန္မာျပည္ကလူေတြနဲ႔ ျမန္မာျပည္ကဒုကၡသည္ေတြကို လက္ခံထားၾကတဲ့ ရပ္႐ြာအသိုက္အဝန္းအတြက္ ဒီရံပုံေငြက အကူအညီေပးမွာပါ။

ရခိုင္ျပည္နယ္နဲ႔ ႐ိုဟင္ဂ်ာအက်ပ္အတည္းကို အေမရိကန္က ၂၀၁၇ ခုႏွစ္ ၾသဂုတ္လကတည္းက စုစုေပါင္း ေထာက္ကူေနခဲ့တာက ဒီ ရံပုံေငြအသစ္နဲ႔ပါဆိုရင္ ေဒၚလာ ၂.၁ ဘီလီယံနီးနီးေရာက္သြားခဲ့ပါၿပီ။ အဲဒီတုန္းက ႐ိုဟင္ဂ်ာ ၇ သိန္း ၄ ေသာင္းေက်ာ္ဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံက Cox’s Bazar ကို သူတို႔လုံၿခဳံေရးအတြက္ ထြက္ေျပးခဲ့ၾကရတာပါ။

“ျမန္မာ ဘဂၤလားေဒ့ရွ္နယ္စပ္ ဟိုဘက္ဒီဘက္မွာရွိေနၾကတဲ့ အၾကမ္းဖက္ခံ ရပ္႐ြာအသိုက္အဝန္းေတြကို ဒီရံပုံေငြေၾကာင့္ က်ေနာ္တို႔ရဲ႕ လူသားခ်င္းစာနာေထာက္ထားေရး လုပ္ေဖာ္ကိုက္ဖက္အဖြဲ႕ေတြက အကူအညီေပးႏိုင္ၾကမွာပါ” လို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ Ned Price က ခုလို ေျပာပါတယ္။

“ျမန္မာစစ္တပ္က ရခိုင္ျပည္နယ္မွာ လူမ်ိဳးသုဥ္းသတ္ျဖတ္မႈ၊ လူသားမ်ိဳးႏြယ္အေပၚက်ဴးလြန္တဲ့ရာဇဝတ္မႈ၊ လူမ်ိဳးရွင္းလင္းမႈနဲ႔ တျခား ထိတ္လန႔္ဖြယ္ ရက္စက္ၾကမ္းၾကဳတ္မႈေတြကို ထပ္ခါတလဲက်ဴးလြန္ခဲ့တာေၾကာင့္ ၂၀၁၇ ခုႏွစ္ ၾသဂုတ္လဝန္းက်င္လေတြမွာ ႐ိုဟင္ဂ်ာ ၇ သိန္း ၄ ေသာင္း ထြက္ေျပးခဲ့ၾကရၿပီး အဲဒီေနာက္ပိုင္းလေတြမွာ ထြက္ေျပးလာၾကသူေတြနဲ႔ဆိုရင္ ၉ သိန္း ၈ ေသာင္း နီးနီး ရွိလာခဲ့ပါတယ္။ သူတို႔အပါအဝင္ ဘဂၤလားေဒ့ရွ္က လက္ခံေပးထားတဲ့ ရပ္႐ြာအသိုက္အဝန္းဝင္ လူဦးေရ ၅ သိန္း ၄ ေသာင္းနီးနီးနဲ႔ ျမန္မာႏိုင္ငံတြင္း ဆက္လက္ျဖစ္ပြါးေနတဲ့ အၾကမ္းဖက္ခံ အျခားသူေတြကို ဒီ ရံပုံေငြက ေထာက္ကူေပးမွာ ျဖစ္ပါတယ္။”

ျမန္မာႏိုင္ငံတြင္း အၾကမ္းဖက္ခံရတာေၾကာင့္ ထြက္ေျပးလာၾကသူေတြကို တိုးၿပီး ကူညီပံ့ပိုးဖို႔နဲ႔ လူသားခ်င္းစာနာေထာက္ထားေရးကို ခိုင္ခိုင္မာမာ တုံ႔ျပန္ေဆာင္႐ြက္ၾကဖို႔ တျခားအလႉရွင္ေတြကိုလည္း ႏိုင္ငံျခားေရးဝန္ႀကီး Blinken က ထုတ္ျပန္ခ်က္မွာ တိုက္တြန္းလိုက္ပါတယ္။

တျခားႏိုင္ငံေတြနဲ႔ ဘဂၤလားေဒ့ရွ္အစိုးရရဲ႕ သေဘာထားႀကီး ရက္ေရာမႈနဲ႔ ႐ိုဟင္ဂ်ာဒုကၡသည္ေတြကို လက္ခံထားၾကတဲ့ ဘဂၤလားေဒ့ရွ္ျပည္သူေတြရဲ႕ ဧည့္ဝတ္ေက်ပြန္မႈကိုလည္း အေမရိကန္ျပည္ေထာင္စုက အထူးသျဖင့္ အခုလို အက်ပ္အတည္းက ၆ ႏွစ္ထဲေရာက္လာတဲ့အခါမွာ အသိအမွတ္ျပဳလိုက္ပါတယ္လို႔ ေျပာေရးဆိုခြင့္ရွိသူ Price က ေျပာပါတယ္။

“ဒီ အက်ပ္အတည္းအတြက္ ေရရွည္ခံတဲ့ ေျဖရွင္းႏိုင္ပုံရရွိေအာင္ လုပ္ေဆာင္ၾကဖို႔ က်ေနာ္တို႔ ကတိကဝတ္ျပဳ လုပ္ေဆာင္ေနၾကဆဲ ျဖစ္ပါတယ္။ လူသားခ်င္းစာနာေထာက္ထားေရး အက်ပ္အတြည္းကို ေပါင္းစပ္ညႇိႏႈိင္း၊ အေထာက္အကူေကာင္းေကာင္းနဲ႔ တုံ႔ျပန္ၾကရာမွာ ဘဂၤလားေဒ့ရွ္အစိုးရ၊ ႐ိုဟင္ဂ်ာ အသိုက္အဝန္း၊ အိမ္ရွင္ရပ္႐ြာအသိုက္အဝန္းနဲ႔ ျမန္မာျပည္ထဲက ျပည္သူေတြနဲ႔ ဆက္လက္ လက္တြဲလုပ္ေဆာင္သြားပါမယ္။ ကမာၻမွာ အထိခိုက္ခံရေျခ အႀကီးမားဆုံးလူေတြရဲ႕ဒုကၡေတြ နည္းပါးသြားေအာင္ ႐ိုဟင္ဂ်ာအက်ပ္အတည္း တုံ႔ျပန္ေရးကတဆင့္ ႏိုင္ငံတကာအသိုက္အဝန္းဟာ က်ေနာ္တို႔ထားရွိတဲ့ ကတိကဝတ္ေတြအတိုင္း တည္ၾကည္ခိုင္မာစြာ ဆက္လက္ ေဆာင္႐ြက္ၾကရပါမယ္။”

ျမန္မာႏိုင္ငံရဲ႕အေျခအေနက ခြင့္ျပဳလာတဲ့အခါ အိုးအိမ္စြန႔္ခြါေျပာင္းေ႐ႊ႕ေနထိုင္ေနၾကရတဲ့ ႐ိုဟင္ဂ်ာေတြအေနနဲ႔ လုံၿခဳံစိတ္ခ်၊ မိမိသေဘာအေလ်ာက္၊ ဂုဏ္သိကၡာရွိရွိ၊ ေရရွည္တည္တံ့ၿပီး ျပန္လည္ေပါင္းစည္းႏိုင္မယ့္ အိမ္အျပန္ခရီး ကို အေမရိကန္ျပည္ေထာင္စုက ေထာက္ခံပါတယ္။ “ဒီ အက်ပ္အတည္းၿပီးဆုံးဖို႔ မရွိမျဖစ္ အေရးပါတဲ့အဆင့္ကေတာ့ မိမိျပည္သူေတြအေပၚ စစ္အစိုးရက ရက္စက္ၾကမ္းၾကဳတ္ ဖိႏွိပ္ေနမႈ အဆုံးသတ္ေရးနဲ႔ အားလုံးပါဝင္ႏိုင္တဲ့ ပါတီစုံဒီမိုကေရစီလမ္းေၾကာင္းအေပၚ သေဘာတူညီေရးပဲ ျဖစ္ပါတယ္။” လို႔ ႏိုင္ငံျခားေရးဝန္ႀကီး Blinken က ေၾကညာပါတယ္။ အဲဒီအခ်ိန္တိုင္ေအာင္ အေမရိကန္ ျပည္ေထာင္စုရဲ႕ လူသားခ်င္းစာနာေထာက္ထားေရး လုပ္ေဖာ္ကိုင္ဘက္ေတြက ေန႔စဥ္ အသက္ကယ္တင္ေရး အလုပ္ေတြလုပ္ေနတာအတြက္ အေမရိကန္ျပည္ေထာင္စုက ခ်ီးက်ဴးဂုဏ္ျပဳလိုက္ပါတယ္။

ျမန္မာနဲ႔ဘဂၤလားေဒ့ရ္ွ ေနာက္ထပ္အကူအညီေပးမယ္လို႔ ကန္ေၾကညာ
please wait

No media source currently available

0:00 0:03:56 0:00

============

{{Unicode}}

မြန်မာနဲ့ဘင်္ဂလားဒေ့ရ်ှ နောက်ထပ်အကူအညီပေးမယ်လို့ ကန်ကြေညာ

ဘင်္ဂလားဒေ့ရှ်နဲ့ဒေသတွင်းက ရိုဟင်ဂျာဒုက္ခသည်တွေကို လူသားချင်းစာနာထောက်ထားရေးအကူအညီအတွက် ဒေါ်လာ ၂၆ သန်းနီးနီး ထပ်မံကူညီမယ်လို့ နိုင်ငံခြားရေးဝန်ကြီး Antony Blinken က မကြာခင်က ကြေညာခဲ့ပါတယ်။ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွါးနေပြီး ဒါရဲ့သက်ရောက်မှုကိုခံကြရတဲ့ မြန်မာပြည်ကလူတွေနဲ့ မြန်မာပြည်ကဒုက္ခသည်တွေကို လက်ခံထားကြတဲ့ ရပ်ရွာအသိုက်အဝန်းအတွက် ဒီရံပုံငွေက အကူအညီပေးမှာပါ။

ရခိုင်ပြည်နယ်နဲ့ ရိုဟင်ဂျာအကျပ်အတည်းကို အမေရိကန်က ၂၀၁၇ ခုနှစ် သြဂုတ်လကတည်းက စုစုပေါင်း ထောက်ကူနေခဲ့တာက ဒီ ရံပုံငွေအသစ်နဲ့ပါဆိုရင် ဒေါ်လာ၂.၁ ဘီလီယံနီးနီးရောက်သွားခဲ့ပါပြီ။ အဲဒီတုန်းက ရိုဟင်ဂျာ ၇ သိန်း ၄ သောင်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက Cox’s Bazar ကို သူတို့လုံခြုံရေးအတွက် ထွက်ပြေးခဲ့ကြရတာပါ။

“မြန်မာ ဘင်္ဂလားဒေ့ရှ်နယ်စပ် ဟိုဘက်ဒီဘက်မှာရှိနေကြတဲ့ အကြမ်းဖက်ခံ ရပ်ရွာအသိုက်အဝန်းတွေကို ဒီရံပုံငွေကြောင့် ကျနော်တို့ရဲ့ လူသားချင်းစာနာထောက်ထားရေး လုပ်ဖော်ကိုက်ဖက်အဖွဲ့တွေက အကူအညီပေးနိုင်ကြမှာပါ” လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Ned Price က ခုလို ပြောပါတယ်။

“မြန်မာစစ်တပ်က ရခိုင်ပြည်နယ်မှာ လူမျိုးသုဉ်းသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှု၊ လူမျိုးရှင်းလင်းမှုနဲ့ တခြား ထိတ်လန့်ဖွယ် ရက်စက်ကြမ်းကြုတ်မှုတွေကို ထပ်ခါတလဲကျူးလွန်ခဲ့တာကြောင့် ၂၀၁၇ ခုနှစ် သြဂုတ်လဝန်းကျင်လတွေမှာ ရိုဟင်ဂျာ ၇ သိန်း ၄ သောင်း ထွက်ပြေးခဲ့ကြရပြီး အဲဒီနောက်ပိုင်းလတွေမှာ ထွက်ပြေးလာကြသူတွေနဲ့ဆိုရင် ၉ သိန်း ၈ သောင်း နီးနီး ရှိလာခဲ့ပါတယ်။ သူတို့အပါအဝင် ဘင်္ဂလားဒေ့ရှ်က လက်ခံပေးထားတဲ့ ရပ်ရွာအသိုက်အဝန်းဝင် လူဦးရေ ၅ သိန်း ၄ သောင်းနီးနီးနဲ့ မြန်မာနိုင်ငံတွင်း ဆက်လက်ဖြစ်ပွါးနေတဲ့ အကြမ်းဖက်ခံ အခြားသူတွေကို ဒီ ရံပုံငွေက ထောက်ကူပေးမှာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံတွင်း အကြမ်းဖက်ခံရတာကြောင့် ထွက်ပြေးလာကြသူတွေကို တိုးပြီး ကူညီပံ့ပိုးဖို့နဲ့ လူသားချင်းစာနာထောက်ထားရေးကို ခိုင်ခိုင်မာမာ တုံ့ပြန်ဆောင်ရွက်ကြဖို့ တခြားအလှူရှင်တွေကိုလည်း နိုင်ငံခြားရေးဝန်ကြီး Blinken က ထုတ်ပြန်ချက်မှာ တိုက်တွန်းလိုက်ပါတယ်။

တခြားနိုင်ငံတွေနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ သဘောထားကြီး ရက်ရောမှုနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံထားကြတဲ့ ဘင်္ဂလားဒေ့ရှ်ပြည်သူတွေရဲ့ ဧည့်ဝတ်ကျေပွန်မှုကိုလည်း အမေရိကန်ပြည်ထောင်စုက အထူးသဖြင့် အခုလို အကျပ်အတည်းက ၆ နှစ်ထဲရောက်လာတဲ့အခါမှာ အသိအမှတ်ပြုလိုက်ပါတယ်လို့ ပြောရေးဆိုခွင့်ရှိသူ Price က ပြောပါတယ်။

“ဒီ အကျပ်အတည်းအတွက် ရေရှည်ခံတဲ့ ဖြေရှင်းနိုင်ပုံရရှိအောင် လုပ်ဆောင်ကြဖို့ ကျနော်တို့ ကတိကဝတ်ပြု လုပ်ဆောင်နေကြဆဲ ဖြစ်ပါတယ်။ လူသားချင်းစာနာထောက်ထားရေး အကျပ်အတွည်းကို ပေါင်းစပ်ညှိနှိုင်း၊ အထောက်အကူကောင်းကောင်းနဲ့ တုံ့ပြန်ကြရာမှာ ဘင်္ဂလားဒေ့ရှ်အစိုးရ၊ ရိုဟင်ဂျာ အသိုက်အဝန်း၊ အိမ်ရှင်ရပ်ရွာအသိုက်အဝန်းနဲ့ မြန်မာပြည်ထဲက ပြည်သူတွေနဲ့ ဆက်လက် လက်တွဲလုပ်ဆောင်သွားပါမယ်။ ကမ္ဘာမှာ အထိခိုက်ခံရခြေ အကြီးမားဆုံးလူတွေရဲ့ဒုက္ခတွေ နည်းပါးသွားအောင် ရိုဟင်ဂျာအကျပ်အတည်း တုံ့ပြန်ရေးကတဆင့် နိုင်ငံတကာအသိုက်အဝန်းဟာ ကျနော်တို့ထားရှိတဲ့ ကတိကဝတ်တွေအတိုင်း တည်ကြည်ခိုင်မာစွာ ဆက်လက် ဆောင်ရွက်ကြရပါမယ်။”

မြန်မာနိုင်ငံရဲ့အခြေအနေက ခွင့်ပြုလာတဲ့အခါ အိုးအိမ်စွန့်ခွါပြောင်းရွှေ့နေထိုင်နေကြရတဲ့ ရိုဟင်ဂျာတွေအနေနဲ့ လုံခြုံစိတ်ချ၊ မိမိသဘောအလျောက်၊ ဂုဏ်သိက္ခာရှိရှိ၊ ရေရှည်တည်တံ့ပြီး ပြန်လည်ပေါင်းစည်းနိုင်မယ့် အိမ်အပြန်ခရီး ကို အမေရိကန်ပြည်ထောင်စုက ထောက်ခံပါတယ်။ “ဒီ အကျပ်အတည်းပြီးဆုံးဖို့ မရှိမဖြစ် အရေးပါတဲ့အဆင့်ကတော့ မိမိပြည်သူတွေအပေါ် စစ်အစိုးရက ရက်စက်ကြမ်းကြုတ် ဖိနှိပ်နေမှု အဆုံးသတ်ရေးနဲ့ အားလုံးပါဝင်နိုင်တဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်းအပေါ် သဘောတူညီရေးပဲ ဖြစ်ပါတယ်။” လို့ နိုင်ငံခြားရေးဝန်ကြီး Blinken က ကြေညာပါတယ်။ အဲဒီအချိန်တိုင်အောင် အမေရိကန် ပြည်ထောင်စုရဲ့ လူသားချင်းစာနာထောက်ထားရေး လုပ်ဖော်ကိုင်ဘက်တွေက နေ့စဉ် အသက်ကယ်တင်ရေး အလုပ်တွေလုပ်နေတာအတွက် အမေရိကန်ပြည်ထောင်စုက ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။

XS
SM
MD
LG