Accessibility links

Breaking News

အင္ဒုိနီးရွား အာေခ်းေရာက္ ႐ုိဟင္ဂ်ာဒုကၡသည္ေတြ ေနာက္ဆုံးအေျခအေန 


Indonesia Rohingya Refugees
Indonesia Rohingya Refugees

[[Zawgyi/Unicode]]

႐ိုဟင္ဂ်ာဒုကၡသည္ ၁၈၄ ေယာက္ဟာ ၿပီးခဲ့တဲ့ ဇႏၷဝါရီလ ၈ ရက္၊ တနဂၤေႏြေန႔က အင္ဒိုနီးရွားႏိုင္ငံ အာေခ်းျပည္နယ္ Kuala Gigeng Lamnga ကမ္းေျခကို စက္ေလွနဲ႔ေရာက္ရွိလာခဲ့တယ္လို႔ အာေခ်းရဲတပ္ဖဲြ႕ေျပာေရးဆိုခြင့္ရွိသူ Joko Krisdiyanto ကေျပာပါတယ္။
ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာမဟာမင္းႀကီး႐ုံး UNHCR ၊ ႏိုင္ငံတကာေရႊ႕ေျပာင္းေနထိုင္သူမ်ားဆိုင္ရာအဖဲြ႕ IOM၊ အင္ဒိုနီးရွားစစ္တပ္နဲ႔အျခားဌာနဆိုင္ရာတာ၀န္ရွိသူေတြက ဒုကၡသည္ေတြကိုေရတြက္လက္ခံခဲ့ရာမွာ ၁၈၄ ေယာက္ရွိတယ္လို႔ ရဲအရာရွိ Joko Krisdiyanto ကသတင္းစာရွင္းလင္းပြဲမွာေျပာခဲ့ပါတယ္။ အဲဒိအထဲမွာ အမ်ိဳးသား ၆၉ ၊ အမ်ိဳးသမီး ၇၅ ဦးနဲ႔ကေလး ၄၀ ေက်ာ္ပါ၀င္ပါတယ္။ သူတို႔ကို ေဒသဆိုင္ရာ လူမႈကူညီေစာင့္ေရွာက္ေရးဌာန အေဆာက္အဦးမွာေနရာခ်ထားေပးတယ္လို႔လည္းရဲအရာရွိ Joko ကေျပာပါတယ္။

ေနာက္ပိုင္းမွာဒီဒုကၡသည္ေတြကို ေဘးအႏၱရယ္တုံ႔ျပန္ေဆာင္ရြက္ေရးဌာန၊ လူ၀င္မႈႀကီးၾကပ္ေရးဌာန၊ အာေခ်းလူမႈကူညီ ေရးဌာနနဲ႔အျခားသင့္ေတာ္တဲ့ဌာနေတြကို လဲႊေျပာင္းေပးအပ္သြားမယ္လို႔ လည္း ရဲအရာရွိကေျပာပါတယ္။ ဒီဒုကၡသည္ေတြတင္ေဆာင္လာတဲ့ေလွကို လြန္ခဲ့တဲ့ရက္အနည္းငယ္ကတည္းက အင္ဒိုနီးရွားနဲ႔ အိႏိၵယေရပိုင္နက္အစပ္ ကပၸလီပင္လယ္ျပင္အတြင္းမွာ ေတြ႕ရွိေနေၾကာင္း သတင္းရရွိခဲ့တယ္လို႔ အာေခ်းပင္လယ္ျပင္ဆိုင္ရာစီမံခန္႔ခဲြမႈ အတြင္းေရးမႉး Miftach Tjut Adek ကေျပာပါတယ္။
“ သူတို႔ Saban ေရပိုင္နက္ထဲကို ၀င္ေရာက္လာတာကို လြန္ခဲ့တဲ့ ၃ ရက္ကတည္းကေတြ႕ရွိခဲ့ပါတယ္” လို႔ အာေခ်း ပင္လယ္ ျပင္အတြင္းေရးမႉး Miftach Tjut Adek ကေျပာသြားခဲ့တာပါ။

စက္ေလွဟာ ေကာင္းမြန္စြာအလုပ္လုပ္လ်က္ရွိၿပီး ဒုကၡသည္ေတြဟာ အေျခအေနေကာင္းမြန္တာကိုေတြ႕ရတာေၾကာင့္ သူတို႔ဟာ အစကတည္းက အာေခ်းကိုသြားဖို႔ရည္ရြယ္ထြက္ခြါလာခဲ့ပုံရတယ္လို႔လည္း Miftach ကေျပာပါတယ္။ ၿပီးခဲ့တဲ့ ၂၀၂၂ ခုႏွစ္ ႏို၀င္ဘာလကစၿပီး အာေခ်းကို ႐ိုဟင္ဂ်ာဒုကၡသည္ ၆ ဖဲြ႕ေရာက္ရွိခဲ့ပါတယ္။ အင္ဒိုနီးရွားအစိုးရအေနနဲ ႔ဒီကိစၥကိုပိုမိုအာ႐ုံစိုက္ၿပီး ေျဖရွင္းေဆာင္ရြက္သင့္တယ္လို႔ လူ႔အခြင့္အေရးအဖဲြ႕တဖဲြ႕ျဖစ္တဲ့ Kontra S အဖဲြ႕ရဲ႔ အာေခ်းဌာနခဲြရဲ႔အႀကီးအကဲ Azharul Husna ကေျပာပါတယ္။

“ အင္ဒိုနီးရွားအစိုးရအေနနဲ႔ ဒီကိစၥကိုအေလးအနက္ထားေၾကာင္းျပသသင့္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ႏိုင္ငံတကာ ဒုကၡသည္ကိစၥ ကိုင္တြယ္ေဆာက္ရြက္ရတာ အလြန္ေရးႀကီးတဲ့ကိစၥျဖစ္လို႔ပါ။ ” လို႔ Azharul Husna ကေျပာဆိုသြားတာပါ။

ဒုကၡသည္ကိစၥနဲ႔ပတ္သက္ၿပီး အင္ဒိုနီးရွားအစိုးရအေနနဲ႔ ကုလသမဂၢရဲ႕ ၁၉၅၁ ခုႏွစ္ ဒုကၡသည္မ်ားဆိုင္ရာ ႏိုင္ငံတကာသေဘာတူညီခ်က္ကိုလက္မွတ္ေရးထိုးသင့္ပါတယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ အင္ဒိုနီးရွားမွာ ၂၀၁၆ ခုႏွစ္က အင္ဒိုနီးရွားသမၼတအမိန္႔နဲ႔ထုတ္ျပန္ခဲ့တဲ့ စည္းမ်ဥ္းဥပေဒ အမွတ္ ၁၂၆ ဟာ ႏိုင္ငံတကာ ဒုကၡသည္ေတြကိစၥကိုကိုင္တြယ္ေဆာင္ရြက္ဖို႔လုံ ေလာက္တဲ့အေနအထားမွာ မရွိဘူး”လို႔ Husna ကေျပာပါတယ္။

အင္ဒိုနီးရွား ဗဟိုအစိုးရအေနနဲ႔ အာေခ်းေဒသဆိုင္ရာအစိုးရနဲ႔ အလ်င္အျမန္ပူးေပါင္းေဆာင္ရြက္ၿပီး ႏိုင္ငံတကာ ဒုကၡသည္ေတြကိစၥကို ကိုင္တြယ္ေဆာင္ရြက္မယ့္အဖဲြ႕တဖဲြ႕ကိုဖဲြ႕စည္းသင့္တယ္လို႔လည္း လူ႔အခြင့္အေရးအဖဲြ႕ Kontra S ရဲ႕အာေခ်းတာဝန္ရွိသူ Azharul Husna ကေျပာခဲ့ပါတယ္။

========================

[[Unicode]]

အင်ဒိုနီးရှား အာချေးရောက် ရိုဟင်ဂျာဒုက္ခသည်တွေ နောက်ဆုံးအခြေအနေ

ရိုဟင်ဂျာဒုက္ခသည် ၁၈၄ ယောက်ဟာ ပြီးခဲ့တဲ့ ဇန္နဝါရီလ ၈ ရက်၊ တနင်္ဂနွေနေ့က အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် Kuala Gigeng Lamnga ကမ်းခြေကို စက်လှေနဲ့ရောက်ရှိလာခဲ့တယ်လို့ အာချေးရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Joko Krisdiyanto ကပြောပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR ၊ နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာအဖွဲ့ IOM၊ အင်ဒိုနီးရှားစစ်တပ်နဲ့အခြားဌာနဆိုင်ရာတာဝန်ရှိသူတွေက ဒုက္ခသည်တွေကိုရေတွက်လက်ခံခဲ့ရာမှာ ၁၈၄ ယောက်ရှိတယ်လို့ ရဲအရာရှိ Joko Krisdiyanto ကသတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။ အဲဒိအထဲမှာ အမျိုးသား ၆၉ ၊ အမျိုးသမီး ၇၅ ဦးနဲ့ကလေး ၄၀ ကျော်ပါဝင်ပါတယ်။ သူတို့ကို ဒေသဆိုင်ရာ လူမှုကူညီစောင့်ရှောက်ရေးဌာန အဆောက်အဦးမှာနေရာချထားပေးတယ်လို့လည်းရဲအရာရှိ Joko ကပြောပါတယ်။

နောက်ပိုင်းမှာဒီဒုက္ခသည်တွေကို ဘေးအန္တရယ်တုံ့ပြန်ဆောင်ရွက်ရေးဌာန၊ လူဝင်မှုကြီးကြပ်ရေးဌာန၊ အာချေးလူမှုကူညီ ရေးဌာနနဲ့အခြားသင့်တော်တဲ့ဌာနတွေကို လွဲှပြောင်းပေးအပ်သွားမယ်လို့ လည်း ရဲအရာရှိကပြောပါတယ်။ ဒီဒုက္ခသည်တွေတင်ဆောင်လာတဲ့လှေကို လွန်ခဲ့တဲ့ရက်အနည်းငယ်ကတည်းက အင်ဒိုနီးရှားနဲ့ အိန္ဒိယရေပိုင်နက်အစပ် ကပ္ပလီပင်လယ်ပြင်အတွင်းမှာ တွေ့ရှိနေကြောင်း သတင်းရရှိခဲ့တယ်လို့ အာချေးပင်လယ်ပြင်ဆိုင်ရာစီမံခန့်ခွဲမှု အတွင်းရေးမှူး Miftach Tjut Adek ကပြောပါတယ်။
“ သူတို့ Saban ရေပိုင်နက်ထဲကို ဝင်ရောက်လာတာကို လွန်ခဲ့တဲ့ ၃ ရက်ကတည်းကတွေ့ရှိခဲ့ပါတယ်” လို့ အာချေး ပင်လယ် ပြင်အတွင်းရေးမှူး Miftach Tjut Adek ကပြောသွားခဲ့တာပါ။

စက်လှေဟာ ကောင်းမွန်စွာအလုပ်လုပ်လျက်ရှိပြီး ဒုက္ခသည်တွေဟာ အခြေအနေကောင်းမွန်တာကိုတွေ့ရတာကြောင့် သူတို့ဟာ အစကတည်းက အာချေးကိုသွားဖို့ရည်ရွယ်ထွက်ခွါလာခဲ့ပုံရတယ်လို့လည်း Miftach ကပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလကစပြီး အာချေးကို ရိုဟင်ဂျာဒုက္ခသည် ၆ ဖွဲ့ရောက်ရှိခဲ့ပါတယ်။ အင်ဒိုနီးရှားအစိုးရအနေနဲ့ဒီကိစ္စကိုပိုမိုအာရုံစိုက်ပြီး ဖြေရှင်းဆောင်ရွက်သင့်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ Kontra S အဖွဲ့ရဲ့ အာချေးဌာနခွဲရဲ့အကြီးအကဲ Azharul Husna ကပြောပါတယ်။

“ အင်ဒိုနီးရှားအစိုးရအနေနဲ့ ဒီကိစ္စကိုအလေးအနက်ထားကြောင်းပြသသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာ ဒုက္ခသည်ကိစ္စ ကိုင်တွယ်ဆောက်ရွက်ရတာ အလွန်ရေးကြီးတဲ့ကိစ္စဖြစ်လို့ပါ။ ” လို့ Azharul Husna ကပြောဆိုသွားတာပါ။

ဒုက္ခသည်ကိစ္စနဲ့ပတ်သက်ပြီး အင်ဒိုနီးရှားအစိုးရအနေနဲ့ ကုလသမဂ္ဂရဲ့ ၁၉၅၁ ခုနှစ် ဒုက္ခသည်များဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်ကိုလက်မှတ်ရေးထိုးသင့်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အင်ဒိုနီးရှားမှာ ၂၀၁၆ ခုနှစ်က အင်ဒိုနီးရှားသမ္မတအမိန့်နဲ့ထုတ်ပြန်ခဲ့တဲ့ စည်းမျဉ်းဥပဒေ အမှတ် ၁၂၆ ဟာ နိုင်ငံတကာ ဒုက္ခသည်တွေကိစ္စကိုကိုင်တွယ်ဆောင်ရွက်ဖို့လုံ လောက်တဲ့အနေအထားမှာ မရှိဘူး”လို့ Husna ကပြောပါတယ်။

အင်ဒိုနီးရှား ဗဟိုအစိုးရအနေနဲ့ အာချေးဒေသဆိုင်ရာအစိုးရနဲ့ အလျင်အမြန်ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံတကာ ဒုက္ခသည်တွေကိစ္စကို ကိုင်တွယ်ဆောင်ရွက်မယ့်အဖွဲ့တဖွဲ့ကိုဖွဲ့စည်းသင့်တယ်လို့လည်း လူ့အခွင့်အရေးအဖွဲ့ Kontra S ရဲ့အာချေးတာဝန်ရှိသူ Azharul Husna ကပြောခဲ့ပါတယ်။

XS
SM
MD
LG