Accessibility links

Breaking News

အြန္လိုင္းလြတ္လပ္ခြင့္ အကာအကြယ္ေပးေရး  


Laptop/Internet
Laptop/Internet

[[Zawgyi/Unicode]]

ဒစ္ဂ်စ္တဲလ္နည္းပညာေတြဟာ စီးပြားေရးဖြံ႕ၿဖိဳးမႈကို အရွိန္အဟုန္ျမင့္ေစႏိုင္သလို ပြင့္လင္းျမင္သာရွိမႈနဲ႔ သတင္းအခ်က္အလက္ရယူပိုင္ခြင့္ကို ျမႇင့္တင္ေပးၿပီး ၿငိမ္းခ်မ္းေရးနဲ႔လုံၿခဳံေရးကို ေရွ႕ရႈေစပါတယ္။ ဒါေပမဲ့တဘက္မွာလည္း လူထုအေပၚ ဖိႏွိပ္အုပ္ခ်ဳပ္တဲ့အစိုးရေတြဟာ နည္းပညာကို တလြဲအသုံးခ်ၿပီး ျပည္သူကို ထိန္းခ်ဳပ္တာ၊ သေဘာထားကြဲလြဲသူေတြကို ႏွိပ္ကြပ္တာ၊ သတင္းအခ်က္အလက္စီးဆင္းမႈကို ျဖတ္ေတာက္တာ၊ မဟုတ္မမွန္တဲ့သတင္းေတြကို ျဖန႔္ေဝတာနဲ႔ အတိုက္အခံေတြရဲ႕အသံေတြကို ေစာင့္ၾကည့္ၿပီး ဆင္ဆာျဖတ္ေတာက္တာေတြလုပ္ေလ့ရွိပါတယ္။

ဒါေၾကာင့္ ေဟာ္လန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ စတင္အဆိုျပဳမႈနဲ႔အတူ အင္တာနက္အြန္လိုင္း လြပ္လပ္ခြင့္ၫြန႔္ေပါင္းအဖြဲ႕ကို ၂၀၁၁ ခုႏွစ္မွာ ဖြဲ႕စည္းခဲ့ပါတယ္။ အခုဆိုရင္ အဲဒီအဖြဲ႕မွာ ကမာၻ႔တိုက္ႀကီး ၅ ခုက အဖြဲ႕ဝင္ႏိုင္ငံေပါင္း ၃၅ ႏိုင္ငံအထိ ရွိလာခဲ့ပါၿပီ။

အင္တာနက္အြန္လိုင္း လြပ္လပ္ခြင့္ၫြန႔္ေပါင္းအဖြဲ႕ဟာ ဒစ္ဂ်စ္တဲလ္နည္းပညာ ေနာက္ခံရပ္ဝန္းနဲ႔ အြန္လိုင္းေပၚမွာ လူ႔အခြင့္အေရးကို ေလးစားလိုက္နာ ျမႇင့္တင္ ပံ့ပိုးဖို႔ သီးသန႔္ရည္႐ြယ္ၿပီးဖြဲ႕စည္းထားတဲ့ အျပည္ျပည္ဆိုင္ရာက ႏိုင္ငံ့အစုအဖြဲ႕ေတြ ပါဝင္တဲ့ တခုတည္းေသာအဖြဲ႕ႀကီးျဖစ္တယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာေရးဆိုခြင့္ရွိသူ နက္ပ႐ိုက္စ္ (Ned Price) က ေျပာပါတယ္။

ဒီအဖြဲ႕ရဲ႕ရည္႐ြယ္ခ်က္က အင္တာနက္ ဆက္သြယ္မႈကြန္ရက္ကို လြပ္လပ္၊ လုံၿခဳံ၊ စိတ္ခ်ရၿပီး အျပန္အလွန္ ကူးလူးလုပ္ေဆာင္ႏိုင္တဲ့ ကမာၻလုံးဆိုင္ရာ ‘ကြန္ရက္မ်ားရဲ႕ကြန္ရက္’ ျဖစ္ေစရမယ္ဆိုတဲ့ ကတိကဝတ္ကို ကာကြယ္ဖို႔ပါ။ ဒါ့ျပင္ ေျမျပင္ဘဝက လူ႔အခြင့္အေရးအတိုင္း အြန္လိုင္းမွာလည္း အကာအကြယ္ေပးႏိုင္ဖို႔ ရည္႐ြယ္ပါတယ္။

ဒီႏွစ္မွာ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ အင္တာနက္အြန္လိုင္းလြပ္လပ္ခြင့္ ၫြန႔္ေပါင္းအဖြဲ႕ႀကီးရဲ႕ေခါင္းေဆာင္မႈေနရာမွာ တာဝန္ယူမွာျဖစ္ပါတယ္။ “အဖြဲ႕ စတင္ဖြဲ႕စည္းတဲ့ ၂၀၁၁ ခုႏွစ္ကစၿပီး ပထမဆုံးအႀကိမ္အျဖစ္ အေမရိကန္ဟာ ဒီအဖြဲ႕ရဲ႕ဥကၠ႒အျဖစ္တာဝန္ယူရာမွာ အင္တာနက္ရဲ႕အက်ိဳးေက်းဇူးေတြကို ပိုမို ျမႇင့္တင္ႏိုင္ဖို႔ အေလးထားမွာျဖစ္သလို အင္တာနက္ရဲ႕အႏၲရာယ္ေတြကိုလည္း ေလွ်ာ့ခ်ႏိုင္ဖို႔ ဂ႐ုျပဳမွာျဖစ္ပါတယ္။” လို႔ ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီဘလင္ကန္က ေျပာပါတယ္။

“ပထမဦးဆုံးအေနနဲ႔ အဖြဲ႕ရဲ႕ပင္မလုပ္ငန္းေဆာင္တာျဖစ္တဲ့ အေျခခံလြတ္လပ္ခြင့္ေတြကိုကာကြယ္ဖို႔ အာ႐ုံစိုက္ရာမွာပါ။ ဒါကို စိတ္တူသေဘာတူ အစိုးရေတြ၊ အရပ္ဘက္အဖြဲ႕အစည္းေတြ၊ နည္းပညာကုမၸဏီေတြ၊ ႏိုင္ငံသားေတြနဲ႔ ပူးေပါင္းၿပီး အင္တာနက္သုံးစြဲပိုင္ခြင့္အေပၚ ဟန႔္တားေႏွာင့္ယွက္တာေတြကို တန္ျပန္ရပါမယ္။”

“ဒုတိယအခ်က္အေနနဲ႔ကေတာ့ ဒစ္ဂ်စ္တဲလ္နည္းပညာကို အလြဲသုံးစားလုပ္မႈနဲ႔ အြန္လိုင္းဖိႏွိပ္မႈေတြကို ခံႏိုင္ရည္ရွိေစဖို႔တည္ေဆာက္ၿပီး ႀကံ့ႀကံ့ခံသြားပါမယ္။” လို႔ ဝန္ႀကီးဘလင္ကန္က ေျပာပါတယ္။ “အစိုးရေတြအေနနဲ႔ ေစာင့္ၾကည့္ေထာက္လွမ္းတဲ့ နည္းပညာရပ္ေတြကိုအသုံးျပဳရာမွာ လူ႔အခြင့္အေရးကို အကာအကြယ္ေပးတဲ့ အကာအရံနည္းလမ္း လုပ္ထုံးလုပ္နည္းေတြထားရွိဖို႔ က်ေနာ္တို႔ အစိုးရေတြက တာဝန္ယူ ေဆာင္႐ြက္ႏိုင္ရပါမယ္။”

“တတိယအခ်က္ကေတာ့ တာဝန္သိ ဖြံ႔ၿဖိဳးမႈနဲ႔ ဉာဏ္ရည္တုနည္းပညာ အသုံးခ်မႈ လို ထြန္းသစ္စနည္းပညာေတြအတြက္ စံႏႈန္းနဲ႔စည္းကမ္းသတ္မွတ္ခ်က္ေတြကို ပုံေဖာ္ဖို႔နဲ႔ ရွိႏွင့္ၿပီးသားနည္းပညာေတြအေပၚမွာလည္း ဒါေတြကို သက္ေရာက္ေစဖို႔ က်ေနာ္တို႔ လုပ္ေဆာင္သြားမွာပါ။ စတုတၳအေနနဲ႔ကေတာ့ အမ်ိဳးသမီး၊ ကေလးသူငယ္၊ လိင္တူခ်င္းတိမ္းၫြတ္သူ၊ လိင္စိတ္ကြဲျပားသူ LGBTQ+ ေတြ၊ လူမ်ိဳးစု၊ လူမ်ိဳးေရးရာနဲ႔ ဘာသာေရးအရ လူနည္းစုျဖစ္ေနသူေတြ၊ မသန္စြမ္းသူေတြနဲ႔ အျခား ဖယ္က်ဥ္ခံရတဲ့ လူအုပ္စုေတြအတြက္ ဒစ္ဂ်စ္တဲလ္အင္တာနက္ နည္းပညာေတြ အသုံးျပဳခြင့္ရေရး၊ အားလုံးပါဝင္နိင္ေရးနဲ႔ သူတို႔အတြက္ လုံၿခဳံစိတ္ခ်ရတဲ့ အြန္လိုင္းရပ္ဝန္းျဖစ္ေစဖို႔ ကြၽန္ေတာ္တို႔အေနနဲ႔ ျမႇင့္တင္ ေဆာင္႐ြက္သြားမွာပါ။”

“စတင္ ေပၚေပါက္ၿပီးေနာက္ပိုင္း အင္တာနက္ရဲ႕ အနာဂတ္လားရာအတြက္ အဆုံးအျဖတ္ ေပးမယ့္ကာလကို က်ေနာ္တို႔ ေရာက္ရွိေနတာပါ။ “က်ေနာ္တို႔အေရးတႀကီးနဲ႔ ရည္႐ြယ္ခ်က္ခ်ၿပီး ေဆာင္႐ြက္ဖို႔ လိုပါလိမ့္မယ္။ ဘာေၾကာင့္လဲဆိုေတာ့ အင္တာနက္ရဲ႕အနာဂတ္ကို က်ေနာ္တို႔ရဲ႕ စံႏႈန္းတန္ဖိုးေတြနဲ႔အညီ ပုံမေဖာ္ဘူးဆိုရင္ အာဏာရွင္တိုင္းျပည္ေတြက သူတို႔ စိတ္ႀကိဳက္ ပုံေဖာ္သြားမွာပါ။”လို႔လည္း ဝန္ႀကီး ဘလင္ကန္က ေျပာပါတယ္။

အြန္လိုင္းလြတ္လပ္မႈ အကာအကြယ္ေပးေရး.mp3
please wait

No media source currently available

0:00 0:03:38 0:00

=============

[Unicode]]

အွန်လိုင်းလွတ်လပ်ခွင့် အကာအကွယ်ပေးရေး

ဒစ်ဂျစ်တဲလ်နည်းပညာတွေဟာ စီးပွားရေးဖွံ့ဖြိုးမှုကို အရှိန်အဟုန်မြင့်စေနိုင်သလို ပွင့်လင်းမြင်သာရှိမှုနဲ့ သတင်းအချက်အလက်ရယူပိုင်ခွင့်ကို မြှင့်တင်ပေးပြီး ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကို ရှေ့ရှုစေပါတယ်။ ဒါပေမဲ့တဘက်မှာလည်း လူထုအပေါ် ဖိနှိပ်အုပ်ချုပ်တဲ့အစိုးရတွေဟာ နည်းပညာကို တလွဲအသုံးချပြီး ပြည်သူကို ထိန်းချုပ်တာ၊ သဘောထားကွဲလွဲသူတွေကို နှိပ်ကွပ်တာ၊ သတင်းအချက်အလက်စီးဆင်းမှုကို ဖြတ်တောက်တာ၊ မဟုတ်မမှန်တဲ့သတင်းတွေကို ဖြန့်ဝေတာနဲ့ အတိုက်အခံတွေရဲ့အသံတွေကို စောင့်ကြည့်ပြီး ဆင်ဆာဖြတ်တောက်တာတွေလုပ်လေ့ရှိပါတယ်။

ဒါကြောင့် ဟော်လန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ စတင်အဆိုပြုမှုနဲ့အတူ အင်တာနက်အွန်လိုင်း လွပ်လပ်ခွင့်ညွန့်ပေါင်းအဖွဲ့ကို ၂၀၁၁ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပါတယ်။ အခုဆိုရင် အဲဒီအဖွဲ့မှာ ကမ္ဘာ့တိုက်ကြီး ၅ ခုက အဖွဲ့ဝင်နိုင်ငံပေါင်း ၃၅ နိုင်ငံအထိ ရှိလာခဲ့ပါပြီ။

အင်တာနက်အွန်လိုင်း လွပ်လပ်ခွင့်ညွန့်ပေါင်းအဖွဲ့ဟာ ဒစ်ဂျစ်တဲလ်နည်းပညာ နောက်ခံရပ်ဝန်းနဲ့ အွန်လိုင်းပေါ်မှာ လူ့အခွင့်အရေးကို လေးစားလိုက်နာ မြှင့်တင် ပံ့ပိုးဖို့ သီးသန့်ရည်ရွယ်ပြီးဖွဲ့စည်းထားတဲ့ အပြည်ပြည်ဆိုင်ရာက နိုင်ငံ့အစုအဖွဲ့တွေ ပါဝင်တဲ့ တခုတည်းသောအဖွဲ့ကြီးဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ နက်ပရိုက်စ် (Ned Price) က ပြောပါတယ်။

ဒီအဖွဲ့ရဲ့ရည်ရွယ်ချက်က အင်တာနက် ဆက်သွယ်မှုကွန်ရက်ကို လွပ်လပ်၊ လုံခြုံ၊ စိတ်ချရပြီး အပြန်အလှန် ကူးလူးလုပ်ဆောင်နိုင်တဲ့ ကမ္ဘာလုံးဆိုင်ရာ ‘ကွန်ရက်များရဲ့ကွန်ရက်’ ဖြစ်စေရမယ်ဆိုတဲ့ ကတိကဝတ်ကို ကာကွယ်ဖို့ပါ။ ဒါ့ပြင် မြေပြင်ဘဝက လူ့အခွင့်အရေးအတိုင်း အွန်လိုင်းမှာလည်း အကာအကွယ်ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။

ဒီနှစ်မှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ အင်တာနက်အွန်လိုင်းလွပ်လပ်ခွင့် ညွန့်ပေါင်းအဖွဲ့ကြီးရဲ့ခေါင်းဆောင်မှုနေရာမှာ တာဝန်ယူမှာဖြစ်ပါတယ်။ “အဖွဲ့ စတင်ဖွဲ့စည်းတဲ့ ၂၀၁၁ ခုနှစ်ကစပြီး ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ဟာ ဒီအဖွဲ့ရဲ့ဥက္ကဋ္ဌအဖြစ်တာဝန်ယူရာမှာ အင်တာနက်ရဲ့အကျိုးကျေးဇူးတွေကို ပိုမို မြှင့်တင်နိုင်ဖို့ အလေးထားမှာဖြစ်သလို အင်တာနက်ရဲ့အန္တရာယ်တွေကိုလည်း လျှော့ချနိုင်ဖို့ ဂရုပြုမှာဖြစ်ပါတယ်။” လို့ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပြောပါတယ်။

“ပထမဦးဆုံးအနေနဲ့ အဖွဲ့ရဲ့ပင်မလုပ်ငန်းဆောင်တာဖြစ်တဲ့ အခြေခံလွတ်လပ်ခွင့်တွေကိုကာကွယ်ဖို့ အာရုံစိုက်ရာမှာပါ။ ဒါကို စိတ်တူသဘောတူ အစိုးရတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ နည်းပညာကုမ္ပဏီတွေ၊ နိုင်ငံသားတွေနဲ့ ပူးပေါင်းပြီး အင်တာနက်သုံးစွဲပိုင်ခွင့်အပေါ် ဟန့်တားနှောင့်ယှက်တာတွေကို တန်ပြန်ရပါမယ်။”

“ဒုတိယအချက်အနေနဲ့ကတော့ ဒစ်ဂျစ်တဲလ်နည်းပညာကို အလွဲသုံးစားလုပ်မှုနဲ့ အွန်လိုင်းဖိနှိပ်မှုတွေကို ခံနိုင်ရည်ရှိစေဖို့တည်ဆောက်ပြီး ကြံ့ကြံ့ခံသွားပါမယ်။” လို့ ဝန်ကြီးဘလင်ကန်က ပြောပါတယ်။ “အစိုးရတွေအနေနဲ့ စောင့်ကြည့်ထောက်လှမ်းတဲ့ နည်းပညာရပ်တွေကိုအသုံးပြုရာမှာ လူ့အခွင့်အရေးကို အကာအကွယ်ပေးတဲ့ အကာအရံနည်းလမ်း လုပ်ထုံးလုပ်နည်းတွေထားရှိဖို့ ကျနော်တို့ အစိုးရတွေက တာဝန်ယူ ဆောင်ရွက်နိုင်ရပါမယ်။”

“တတိယအချက်ကတော့ တာဝန်သိ ဖွံ့ဖြိုးမှုနဲ့ ဉာဏ်ရည်တုနည်းပညာ အသုံးချမှု လို ထွန်းသစ်စနည်းပညာတွေအတွက် စံနှုန်းနဲ့စည်းကမ်းသတ်မှတ်ချက်တွေကို ပုံဖော်ဖို့နဲ့ ရှိနှင့်ပြီးသားနည်းပညာတွေအပေါ်မှာလည်း ဒါတွေကို သက်ရောက်စေဖို့ ကျနော်တို့ လုပ်ဆောင်သွားမှာပါ။ စတုတ္ထအနေနဲ့ကတော့ အမျိုးသမီး၊ ကလေးသူငယ်၊ လိင်တူချင်းတိမ်းညွတ်သူ၊ လိင်စိတ်ကွဲပြားသူ LGBTQ+ တွေ၊ လူမျိုးစု၊ လူမျိုးရေးရာနဲ့ ဘာသာရေးအရ လူနည်းစုဖြစ်နေသူတွေ၊ မသန်စွမ်းသူတွေနဲ့ အခြား ဖယ်ကျဉ်ခံရတဲ့ လူအုပ်စုတွေအတွက် ဒစ်ဂျစ်တဲလ်အင်တာနက် နည်းပညာတွေ အသုံးပြုခွင့်ရရေး၊ အားလုံးပါဝင်နိင်ရေးနဲ့ သူတို့အတွက် လုံခြုံစိတ်ချရတဲ့ အွန်လိုင်းရပ်ဝန်းဖြစ်စေဖို့ ကျွန်တော်တို့အနေနဲ့ မြှင့်တင် ဆောင်ရွက်သွားမှာပါ။”

“စတင် ပေါ်ပေါက်ပြီးနောက်ပိုင်း အင်တာနက်ရဲ့ အနာဂတ်လားရာအတွက် အဆုံးအဖြတ် ပေးမယ့်ကာလကို ကျနော်တို့ ရောက်ရှိနေတာပါ။ “ကျနော်တို့အရေးတကြီးနဲ့ ရည်ရွယ်ချက်ချပြီး ဆောင်ရွက်ဖို့ လိုပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အင်တာနက်ရဲ့အနာဂတ်ကို ကျနော်တို့ရဲ့ စံနှုန်းတန်ဖိုးတွေနဲ့အညီ ပုံမဖော်ဘူးဆိုရင် အာဏာရှင်တိုင်းပြည်တွေက သူတို့ စိတ်ကြိုက် ပုံဖော်သွားမှာပါ။”လို့လည်း ဝန်ကြီး ဘလင်ကန်က ပြောပါတယ်။

XS
SM
MD
LG