Accessibility links

Breaking News

သတင္းလြတ္လပ္ခြင့္ကို အေလးထားတဲ့ ဒီမိုကေရစီေန႔


[[ ZAWGYI ]]

သတင္းလြတ္လပ္ခြင့္ကို အေလးထားတဲ့ ဒီမိုကေရစီေန႔

ႏွစ္စဥ◌္ စက္တင္ဘာလ ၁၅ ရက္ကို အျပည္ျပည္ဆိုင္ရာ ဒီမိုကေရစီေန႔ အထိမ္းအမွတ္အျဖစ္ သတ္မွတ္ထားပါတယ္။ ဒါဟာ အားလုံးပါဝင္ႏိုင္တဲ့ ဒီမိုကေရစီအုပ္ခ်ဳပ္ေရး အက်ိဳးရလာဒ္ေတြကို အေလးေပးေဖၚျပဖို႔နဲ႔ ကမာၻတဝွမ္းမွာ ရင္ဆိုင္ေနရတဲ့ စိန္ေခၚမႈေတြကို အသိအမွတ္ျပဳဖို႔ အခြင့္အလမ္းတခုျဖစ္ပါတယ္။

ဒီႏွစ္ ေဆာင္ပုဒ္ကေတာ့ "သတင္းလြတ္လပ္ခြင့္" ျဖစ္ပါတယ္။ ကမာၻတဝွမ္းက ေနရာအမ်ားအျပားမွာ ဒီမိုကေရစီလမ္းေၾကာင္း ေနာက္ျပန္လွည့္သြားတာ၊ အာဏာရွင္စနစ္ ေခါင္းေထာင္လာတာနဲ႔အတူ သတင္းစာနယ္ဇင္းလြတ္လပ္ခြင့္ကို ကာကြယ္ဖို႔အေရးဟာ ဒီမိုကေရစီ ထိန္းသိမ္းေစာင့္ေရွာက္ဖို႔အတြက္ ပိုၿပီး အေရးႀကီးလာပါတယ္။ ဘာေၾကာင့္လဲဆိုရင္ လြတ္လပ္တဲ့ စာနယ္ဇင္းေတြဟာ အက်င့္ပ်က္ျခစားမႈကို ေဖၚထုတ္ႏိုင္ၿပီး ႏိုင္ငံေတာ္ ဥပေဒေတြနဲ႔ မူဝါဒေတြ ကို အမ်ားသိေအာင္ျပဳလုပ္ျခင္းအားျဖင့္ ႏိုင္ငံသားေတြကို သူတို႔ရဲ႕ အခြင့္အေရးေတြ သတိျပဳသိရွိလာေစသလို၊
လူထုေဆြးေႏြးပြဲေတြနဲ႔ အႀကံဉာဏ္ေတြ ဖလွယ္ေပးဖို႔ အေထာက္အကူျပဳတာပါ။
ဒါအျပင္ တရားဥပေဒစိုးမိုးေရးကို ထိခိုက္ေစၿပီး၊ လြတ္လပ္တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲေတြကို ဖိႏွိပ္၊ ႏိုင္ငံသားအခြင့္အေရးနဲ႔ လြတ္လပ္စြာထုတ္ေဖၚေျပာဆိုခြင့္ကို ေနာက္ေၾကာင္းျပန္လွည္ေစတဲ့ အာဏာရွင္ေခါင္းေဆာင္ေတြရဲ႕ ႀကိဳးပမ္းမႈေတြကိုလည္း တြန္းလွန္းႏိုင္ပါတယ္။

အေမရိကန္ျပည္ေထာင္စုဟာ ဒီမိုကေရစီကို တန္ဖိုးထားတဲ့အတြက္ လြတ္လပ္တဲ့ ဒီမိုကေရစီ လူ႔ေဘာင္အဖြဲ႕အစည္းေတြမွာ ပိုၿပီးႀကံ့ခိုင္တဲ့ ႏိုင္ငံသားေတြရွိၾကသလို၊ အၾကမ္းဖက္မႈေတြ ပဋိပကၡေတြလည္း နည္းပါးၿပီ၊ ပိုမိုသာယာဝေျပာတဲ့ လူမႈအသိုက္ဝန္းေတြရွိၾကပါတယ္။ အမွန္တကယ္ပါပဲ။ ဒီမိုကေရစီဟာ လူနည္းစုအတြက္မဟုတ္ပဲ အမ်ားအတြက္ ျဖစ္ပါတယ္ လို႔လည္း ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က ေျပာၾကားခဲ့ပါတယ္။ ဒါအျပင္ ဒီမိုကေရစီဟာ က်ေနာ္တို႔ေခတ္ကာလမွာ အႀကီးမားဆုံးစိန္ေခၚမႈေတြကို အေကာင္းဆုံးေျဖရွင္းေပးေၾကာင္းလည္း ဝန္ႀကီးက ဆိုပါတယ္။

သမၼတ ဂ်ိဳးဘိုင္ဒင္ကလည္း " ျပည္သူလူထုရဲ႕ အစိုးရ၊ ျပည္သူနဲ႔ ျပည္သူ႔အတြက္ ဆိုတဲ့ ဒီမိုကေရစီ စနစ္ဟာ ၿငိမ္းခ်မ္းေရး၊ သာယာဝေျပာေရးနဲ႔ လုံၿခဳံေရးကို တိုးတက္ေစဖို႔ လူသားထုအတြက္ အခိုင္မာဆုံးနည္းလမ္းျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ဒါဟာ လူတိုင္းနဲ႔ သက္ဆိုင္တဲ့ လူ႔အခြင့္အေရး၊ အေျခခံလြတ္လပ္ခြင့္နဲ႔ ဂုဏ္သိကၡာ ကို က်ေနာ္တို႔ အေကာင္းဆုံး ကာကြယ္ေစာင့္ေရွာက္တဲ့နည္းလမ္းပါပဲလို႔လည္း သမၼတ ဘိုင္ဒင္က ေျပာပါတယ္။

ၿပီးျပည့္စုံတဲ့ ဒီမိုကေရစီဆိုတာ မရွိသလို၊ အၿပီးသတ္အဆုံးသတ္သြားတဲ့ ဒီမိုကေရစီဆိုတာလည္း မရွိပါဘူး။ ေအာင္ျမင္မႈတိုင္း၊ အတားအဆီးေတြ က်ိဳးေပါက္လာတိုင္းဟာ ျပတ္ျပတ္သားသား မရပ္မနားလုပ္ေဆာင္မႈေတြရဲ႕ ရလာဒ္ေတြျဖစ္တယ္လို႔ သမၼတ ဘိုင္ဒင္က ဆိုပါတယ္။ ဒီမိုကေရစီႏိုင္ငံေတြအေနနဲ႔ က်ေနာ္တို႔ထားရွိတဲ့ တန္ဖိုးေတြနဲ႔ အတူ ကမာၻႀကီးကို ဆက္လက္ဦးေဆာင္ဖို႔၊ လူသားအားလုံးရဲ႕ လူ႔အခြင့္အေရးကို ေလးစားဖို႔တည္ေဆာက္ထားတဲ့ အနာဂတ္ကို ပုံေဖၚဖို႔အတြက္ လိုအပ္တဲ့ အလုပ္ေတြကို ႀကိဳးစားလုပ္ေဆာင္ဖို႔ အျပည္ျပည္ဆိုင္ရာဒီမိုကေရစီေန႔မွာ က်ေနာ္တို႔ ကတိျပဳပါတယ္ လို႔ သမၼတဘိုင္ဒန္က ေျပာၾကားခဲ့ပါတယ္။

{{ UNICODE }}

သတင်းလွတ်လပ်ခွင့်ကို အလေးထားတဲ့ ဒီမိုကရေစီနေ့

နှစ်စဥ◌် စက်တင်ဘာလ ၁၅ ရက်ကို အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ်အဖြစ် သတ်မှတ်ထားပါတယ်။ ဒါဟာ အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီအုပ်ချုပ်ရေး အကျိုးရလာဒ်တွေကို အလေးပေးဖေါ်ပြဖို့နဲ့ ကမ္ဘာတဝှမ်းမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို အသိအမှတ်ပြုဖို့ အခွင့်အလမ်းတခုဖြစ်ပါတယ်။

ဒီနှစ် ဆောင်ပုဒ်ကတော့ "သတင်းလွတ်လပ်ခွင့်" ဖြစ်ပါတယ်။ ကမ္ဘာတဝှမ်းက နေရာအများအပြားမှာ ဒီမိုကရေစီလမ်းကြောင်း နောက်ပြန်လှည့်သွားတာ၊ အာဏာရှင်စနစ် ခေါင်းထောင်လာတာနဲ့အတူ သတင်းစာနယ်ဇင်းလွတ်လပ်ခွင့်ကို ကာကွယ်ဖို့အရေးဟာ ဒီမိုကရေစီ ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် ပိုပြီး အရေးကြီးလာပါတယ်။ ဘာကြောင့်လဲဆိုရင် လွတ်လပ်တဲ့ စာနယ်ဇင်းတွေဟာ အကျင့်ပျက်ခြစားမှုကို ဖေါ်ထုတ်နိုင်ပြီး နိုင်ငံတော် ဥပဒေတွေနဲ့ မူဝါဒတွေ ကို အများသိအောင်ပြုလုပ်ခြင်းအားဖြင့် နိုင်ငံသားတွေကို သူတို့ရဲ့ အခွင့်အရေးတွေ သတိပြုသိရှိလာစေသလို၊
လူထုဆွေးနွေးပွဲတွေနဲ့ အကြံဉာဏ်တွေ ဖလှယ်ပေးဖို့ အထောက်အကူပြုတာပါ။
ဒါအပြင် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေပြီး၊ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲတွေကို ဖိနှိပ်၊ နိုင်ငံသားအခွင့်အရေးနဲ့ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်ကို နောက်ကြောင်းပြန်လှည်စေတဲ့ အာဏာရှင်ခေါင်းဆောင်တွေရဲ့ ကြိုးပမ်းမှုတွေကိုလည်း တွန်းလှန်းနိုင်ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ဒီမိုကရေစီကို တန်ဖိုးထားတဲ့အတွက် လွတ်လပ်တဲ့ ဒီမိုကရေစီ လူ့ဘောင်အဖွဲ့အစည်းတွေမှာ ပိုပြီးကြံ့ခိုင်တဲ့ နိုင်ငံသားတွေရှိကြသလို၊ အကြမ်းဖက်မှုတွေ ပဋိပက္ခတွေလည်း နည်းပါးပြီ၊ ပိုမိုသာယာဝပြောတဲ့ လူမှုအသိုက်ဝန်းတွေရှိကြပါတယ်။ အမှန်တကယ်ပါပဲ။ ဒီမိုကရေစီဟာ လူနည်းစုအတွက်မဟုတ်ပဲ အများအတွက် ဖြစ်ပါတယ် လို့လည်း နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောကြားခဲ့ပါတယ်။ ဒါအပြင် ဒီမိုကရေစီဟာ ကျနော်တို့ခေတ်ကာလမှာ အကြီးမားဆုံးစိန်ခေါ်မှုတွေကို အကောင်းဆုံးဖြေရှင်းပေးကြောင်းလည်း ဝန်ကြီးက ဆိုပါတယ်။

သမ္မတ ဂျိုးဘိုင်ဒင်ကလည်း " ပြည်သူလူထုရဲ့ အစိုးရ၊ ပြည်သူနဲ့ ပြည်သူ့အတွက် ဆိုတဲ့ ဒီမိုကရေစီ စနစ်ဟာ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ လုံခြုံရေးကို တိုးတက်စေဖို့ လူသားထုအတွက် အခိုင်မာဆုံးနည်းလမ်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါဟာ လူတိုင်းနဲ့ သက်ဆိုင်တဲ့ လူ့အခွင့်အရေး၊ အခြေခံလွတ်လပ်ခွင့်နဲ့ ဂုဏ်သိက္ခာ ကို ကျနော်တို့ အကောင်းဆုံး ကာကွယ်စောင့်ရှောက်တဲ့နည်းလမ်းပါပဲလို့လည်း သမ္မတ ဘိုင်ဒင်က ပြောပါတယ်။

ပြီးပြည့်စုံတဲ့ ဒီမိုကရေစီဆိုတာ မရှိသလို၊ အပြီးသတ်အဆုံးသတ်သွားတဲ့ ဒီမိုကရေစီဆိုတာလည်း မရှိပါဘူး။ အောင်မြင်မှုတိုင်း၊ အတားအဆီးတွေ ကျိုးပေါက်လာတိုင်းဟာ ပြတ်ပြတ်သားသား မရပ်မနားလုပ်ဆောင်မှုတွေရဲ့ ရလာဒ်တွေဖြစ်တယ်လို့ သမ္မတ ဘိုင်ဒင်က ဆိုပါတယ်။ ဒီမိုကရေစီနိုင်ငံတွေအနေနဲ့ ကျနော်တို့ထားရှိတဲ့ တန်ဖိုးတွေနဲ့ အတူ ကမ္ဘာကြီးကို ဆက်လက်ဦးဆောင်ဖို့၊ လူသားအားလုံးရဲ့ လူ့အခွင့်အရေးကို လေးစားဖို့တည်ဆောက်ထားတဲ့ အနာဂတ်ကို ပုံဖေါ်ဖို့အတွက် လိုအပ်တဲ့ အလုပ်တွေကို ကြိုးစားလုပ်ဆောင်ဖို့ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့မှာ ကျနော်တို့ ကတိပြုပါတယ် လို့ သမ္မတဘိုင်ဒန်က ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG