Accessibility links

Breaking News

၂၀၂၂ ခုႏွစ္ အေမရိကန္ စစ္ျပန္မ်ားေန႔


U.S. President Joe Biden attends a wreath laying ceremony to mark Veterans Day
U.S. President Joe Biden attends a wreath laying ceremony to mark Veterans Day

[[ ZAWGYI ]]

၂၀၂၂ ခုႏွစ္ အေမရိကန္ စစ္ျပန္မ်ားေန႔

အေမရိကန္ လက္နက္ကိုင္တပ္ဖြဲ႔ေတြက စစ္မႈထမ္းေဟာင္းေတြကို ဂုဏ္ျပဳတဲ႔ အေနနဲ႔ အေမရိကန္ ျပည္သူေတြက ႏို၀င္ဘာလ ၁၁ ရက္ေန႔ကို စစ္မႈထမ္းေဟာင္းေန႔ အျဖစ္ က်င္းပၾကပါတယ္။ ပထမ ကမ ၻာစစ္ တိုက္ပြဲေတြကို အဆံုးသတ္ေစခဲ႔တဲ႔ ၁၉၁၈ ခုႏွစ္ ၁၁ လပိုင္း ၁၁ ရက္ေန႔ ၁၁ နာရီ အခ်ိန္မွာ စတင္သက္၀င္တဲ႔ စစ္ေျပၿငိမ္းမႈကေန ဆင္းသက္လာတာပါ။

တရား၀င္ အမ်ားျပည္သူ အားလပ္ရက္ အျဖစ္ အေမရိကန္ လႊြတ္ေတာ္က ၁၉၃၈ ခုႏွစ္ ေမလ အတြင္းမွာ ေၾကညာခဲ႔ပါတယ္။ ၁၉၅၄ ခုႏွစ္မွာေတာ့ သမၼတ Dwight Eisenhower က စစ္နဲ႔ ၿငိမ္းခ်မ္းေရး ကာလ ၂ ခုစလံုးမွာ တာ၀န္ထမ္းေဆာင္ခဲ႔ၾကသူ အားလံုးကို ဂုဏ္ျပဳတဲ႔ အားလပ္ရက္ အျဖစ္ တိုးခ်ဲ႕ခဲ႔တာပါ။

အေမရိကန္ စစ္မႈထမ္းေဟာင္း ဆိုတဲ႔ ဂုဏ္ပုဒ္ကို ခံယူရရွိသူ အားလံုးရဲ႕ ထူးျခားလွတဲ႔ မဆုတ္မနစ္ေသာ ရဲစြမ္းသတၱိနဲ႔ သစၥာေစာင့္သိမႈကို ဒီေန႔ က်ေနာ္တို႔ ဂါရ၀ ျပဳပါတယ္။ ဒါဟာဆိုရင္ အေမရိကန္ ရာခိုင္ႏႈန္း အနည္းငယ္သာ ရႏိုင္တဲ႔ ဂုဏ္ျပဳမႈတင္ မကဘဲ ဒီပုဂၢိဳလ္ေတြဟာ ညီအကို၊ ညီအမေတြ အျဖစ္ပါ ခံယူႏိုင္ေစတဲ႔ အခ်က္လည္း ျဖစ္ပါတယ္။

ဒါဟာဆိုရင္ လူမႈေရး ေနာက္ခံ ရာဇ၀င္ေတြကို ထည့္မတြက္ဘဲ အသက္အရြယ္ အားလံုးကို စည္းလံုးညီၫြတ္သြားေစတဲ႔ ရဲစြမ္းသတၱိရဲ႕ အမွတ္တံဆိပ္ ျဖစ္ပါတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ စစ္မႈထမ္းေဟာင္း တဦး ျဖစ္ဖို႔ ရွိရတဲ႔ စိန္ေခၚခ်က္ေတြကို ၾကံံ့ၾကံ့ခံ ေက်ာ္လႊားမႈေတြဟာဆိုရင္ အေမရိကန္ အမ်ားစု ဘယ္ေတာ့မွ မသိႏိုင္တဲ႔ ကိစၥျဖစ္ပါတယ္။

စမ္းသပ္မႈေတြနဲ႔ စစ္ေဆးမႈေတြကို ျဖတ္သန္းခဲ႔ၿပီးေနာက္ အႏၲရာယ္ေတြနဲ႔ ဒုကၡ ဆင္းရဲေတြကို ရဲ၀င့္စြာ ရင္ဆိုင္၊ စစ္နဲ႔ ေသျခင္းတရားရဲ႕ ၀မ္းနည္းဖြယ္အျဖစ္ေတြကို အႏိုင္ယူခဲ႔ၾကပါတယ္။

အတိတ္နဲ႔ လက္ရွိ က်ေနာ္တို႔ရဲ႕ စစ္မႈထမ္းေဟာင္းအားလံုးကို ေက်းဇူးတင္ပါတယ္၊ ဂုဏ္ျပဳပါတယ္၊ ဒါ႔အျပင္ က်ေနာ္တို႔ အတြက္ ေဆာင္ရြက္ေပးခဲ႔မႈေတြ အတြက္ အၿမဲတမ္း ေအာက္ေမ႔ သတိယေနပါတယ္။

===================

{{ UNICODE }}

၂၀၂၂ ခုနှစ် အမေရိကန် စစ်ပြန်များနေ့

အမေရိကန် လက်နက်ကိုင်တပ်ဖွဲ့တွေက စစ်မှုထမ်းဟောင်းတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ အမေရိကန် ပြည်သူတွေက နိုဝင်ဘာလ ၁၁ ရက်နေ့ကို စစ်မှုထမ်းဟောင်းနေ့ အဖြစ် ကျင်းပကြပါတယ်။ ပထမ ကမ ္ဘာစစ် တိုက်ပွဲတွေကို အဆုံးသတ်စေခဲ့တဲ့ ၁၉၁၈ ခုနှစ် ၁၁ လပိုင်း ၁၁ ရက်နေ့ ၁၁ နာရီ အချိန်မှာ စတင်သက်ဝင်တဲ့ စစ်ပြေငြိမ်းမှုကနေ ဆင်းသက်လာတာပါ။

တရားဝင် အများပြည်သူ အားလပ်ရက် အဖြစ် အမေရိကန် လွှွတ်တော်က ၁၉၃၈ ခုနှစ် မေလ အတွင်းမှာ ကြေညာခဲ့ပါတယ်။ ၁၉၅၄ ခုနှစ်မှာတော့ သမ္မတ Dwight Eisenhower က စစ်နဲ့ ငြိမ်းချမ်းရေး ကာလ ၂ ခုစလုံးမှာ တာဝန်ထမ်းဆောင်ခဲ့ကြသူ အားလုံးကို ဂုဏ်ပြုတဲ့ အားလပ်ရက် အဖြစ် တိုးချဲ့ခဲ့တာပါ။

အမေရိကန် စစ်မှုထမ်းဟောင်း ဆိုတဲ့ ဂုဏ်ပုဒ်ကို ခံယူရရှိသူ အားလုံးရဲ့ ထူးခြားလှတဲ့ မဆုတ်မနစ်သော ရဲစွမ်းသတ္တိနဲ့ သစ္စာစောင့်သိမှုကို ဒီနေ့ ကျနော်တို့ ဂါရ၀ ပြုပါတယ်။ ဒါဟာဆိုရင် အမေရိကန် ရာခိုင်နှုန်း အနည်းငယ်သာ ရနိုင်တဲ့ ဂုဏ်ပြုမှုတင် မကဘဲ ဒီပုဂ္ဂိုလ်တွေဟာ ညီအကို၊ ညီအမတွေ အဖြစ်ပါ ခံယူနိုင်စေတဲ့ အချက်လည်း ဖြစ်ပါတယ်။

ဒါဟာဆိုရင် လူမှုရေး နောက်ခံ ရာဇဝင်တွေကို ထည့်မတွက်ဘဲ အသက်အရွယ် အားလုံးကို စည်းလုံးညီညွတ်သွားစေတဲ့ ရဲစွမ်းသတ္တိရဲ့ အမှတ်တံဆိပ် ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ စစ်မှုထမ်းဟောင်း တဦး ဖြစ်ဖို့ ရှိရတဲ့ စိန်ခေါ်ချက်တွေကို ကြံံ့ကြံ့ခံ ကျော်လွှားမှုတွေဟာဆိုရင် အမေရိကန် အများစု ဘယ်တော့မှ မသိနိုင်တဲ့ ကိစ္စဖြစ်ပါတယ်။

စမ်းသပ်မှုတွေနဲ့ စစ်ဆေးမှုတွေကို ဖြတ်သန်းခဲ့ပြီးနောက် အန္တရာယ်တွေနဲ့ ဒုက္ခ ဆင်းရဲတွေကို ရဲဝင့်စွာ ရင်ဆိုင်၊ စစ်နဲ့ သေခြင်းတရားရဲ့ ဝမ်းနည်းဖွယ်အဖြစ်တွေကို အနိုင်ယူခဲ့ကြပါတယ်။

အတိတ်နဲ့ လက်ရှိ ကျနော်တို့ရဲ့ စစ်မှုထမ်းဟောင်းအားလုံးကို ကျေးဇူးတင်ပါတယ်၊ ဂုဏ်ပြုပါတယ်၊ ဒါ့အပြင် ကျနော်တို့ အတွက် ဆောင်ရွက်ပေးခဲ့မှုတွေ အတွက် အမြဲတမ်း အောက်မေ့ သတိယနေပါတယ်။

XS
SM
MD
LG