=== [[ ZAWGYI ]] ===
ျမန္မာကေလးငယ္ေတြနဲ႔ မိခင္ေတြ အဟာရျပည့္ဝေစေရး အေမရိကန္ ရည္မွန္းခ်က္
ႏိုင္ငံေရး၊ စီးပြားေရး မတည္ၿငိမ္မႈေတြနဲ႔အတူ လက္နက္ကိုင္ ပဋိပကၡေတြဟာ စားနပ္ရိကၡာ ဖူလုံမႈမရွိေစတဲ့ ထင္ရွားတဲ့ အေၾကာင္းရင္းေတြ ျဖစ္ပါတယ္။ ဒါေၾကာင့္ ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ ၂ဝ၂၁ ခုႏွစ္က အရပ္သား ေ႐ြးေကာက္ခံ အစိုးရကို စစ္တပ္ကေန ျဖဳတ္ခ်ၿပီး အာဏာသိမ္းလိုက္တဲ့အတြက္ ပဋိပကၡေတြ ျဖစ္ပြားလာၿပီး ႏိုင္ငံတဝွမ္း လူသားခ်င္း စာနာေထာက္ထားမႈဆိုင္ရာ လိုအပ္ခ်က္ေတြ သိသိသာသာ ျမင့္တက္လာတာဟာလည္း အံ့ၾသစရာမဟုတ္ပါဘူး။ အဲဒါေၾကာင့္ မူလကတည္းက စီးပြားေရး အေျခအေနဆိုးဝါးၿပီး ဆင္းရဲမြဲေတမႈေတြ က်ယ္ျပန႔္လာကာ ျပည္တြင္းဒုကၡသည္ ျပႆနာနဲ႔ ကိုဗစ္ကပ္ ေရာဂါဒဏ္လည္း ခံေနရတဲ့ ျမန္မာႏိုင္ငံဟာ အေျခအေနေတြ ပိုမိုဆိုးဝါးလာပါတယ္။
မၾကာေသးခင္ ကုလသမဂၢက ထုတ္ျပန္ထားတဲ့ ၿခဳံငုံသုံးသပ္ခ်က္အရ ဒီႏွစ္မွာ ႏိုင္ငံတဝွမ္း လူ ၁၇ သန္းေက်ာ္ဟာ လူသားခ်င္း စာနာေထာက္ထားမႈ အကူအညီေတြ လိုအပ္ေနပါတယ္။ ဒါဟာ ႏိုင္ငံလူဦးေရရဲ႕ သုံးပုံတပုံဟာ ျဖစ္ၿပီး စစ္တပ္က အာဏာမသိမ္းခင္ ၂ဝ၂ဝ ျပည့္ႏွစ္က လူဦးေရ တသန္းေအာက္ပဲ လူသားခ်င္း စာနာမႈဆိုင္ရာ အကူအညီေတြ လိုအပ္တဲ့ အေျခအေနနဲ႔ ႏႈိင္းယွဥ္ၾကည့္ႏိုင္ပါတယ္။ ဆိုလိုခ်င္တာက လက္ရွိ အေျခအေနအရ ျမန္မာႏိုင္ငံက လူ ၃ ဦးမွာ ၁ ဦးႏႈန္းဟာ အထူးသျဖင့္ ပဋိပကၡေတြ ျဖစ္ပြားေနၾကတဲ့ေဒသေတြမွာ ေနထိုင္ၾကသူေတြက တေန႔တာ လိုအပ္တဲ့ အဟာရျပည့္ဝ အစားစာေတြကို လုံေလာက္ေအာင္ မရရွိၾကပါဘူး။ အဲဒီအထဲမွာ အထူးသျဖင့္ အမ်ိဳးသမီးေတြ၊ မိန္းကေလးေတြ ၊ သက္ႀကီး႐ြယ္အိုေတြ ၊ မသန္းစြမ္းသူေတြနဲ႔ လူနည္းစုေတြဟာ အဆိုးဝါးဆုံး ခံစားၾကရပါတယ္။
အဲဒီလို အဟာရ ခ်ိဳ႕တဲ့မႈဒဏ္ေၾကာင့္ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးေတြ ၊ ႏို႔စို႔ကေလးမိခင္ေတြ ၊ ကေလးသူငယ္ေတြ အထူးသျဖင့္ ၅ ႏွစ္ေအာက္ ကေလးငယ္ေတြမွာ ေနာက္ဆက္တြဲ ျပႆနာေတြ ပိုၿပီး ထူးထူးျခားျခား ႀကဳံေတြ႕ၾကရပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ အမ်ိဳးသမီးေတြ ကိုယ္ဝန္ေဆာင္ေနရစဥ္မွာ အစာအဟာရ ပိုမိုလိုအပ္ၿပီး ကေလးေမြးဖြားရင္လည္း ပထမ ၆ လအတြင္းမွာ မိခင္ႏို႔ တိုက္ဖို႔ လိုအပ္ပါတယ္။ အဲဒီလို မိခင္ ရင္ခြင္ပိုက္အ႐ြယ္မွာ အဟာရျပည့္ဝမွသာ ကေလးဟာ ခႏၵာကိုယ္နဲ႔ ဦးေႏွာက္ ဖြံ႕ၿဖိဳးလာမွာ ျဖစ္ပါတယ္။ ဆိုလိုတာက ႏို႔စို႔ကေလးမိခင္ေတြနဲ႔ ကေလးငယ္ေတြမွာ အစာအဟာရ ျပည့္ဝမွသာ ေမြးဖြားလာတဲ့ ကေလးငယ္ေတြဟာ ခႏၶာကိုယ္ ၊ ဦးေႏွာက္ ဖြံ႕ၿဖိဳးၿပီး ကိုယ္ခံအားလည္း ျပည့္ဝလာကာ ေရာဂါပိုးမႊားေတြကိုလည္း ကာကြယ္ႏိုင္မွာျဖစ္သလို ဉာဏ္ရည္လည္း မႏွိမ့္က်ပဲ ပညာသင္ၾကားေရးေတြမွာလည္း အေထာက္အကူျဖစ္ေစတယ္လို႔ UNICEF ကုလသမဂၢ ကေလးသူငယ္မ်ား ရန္ပုံေငြအဖြဲ႕ က ထုတ္ျပန္ထားပါတယ္။
ဒါေၾကာင့္ အေမရိကန္ ႏိုင္ငံတကာအကူအညီေပးေရး ေအဂ်င္စီ USAID ဒါမွမဟုတ္ အျခားႏိုင္ငံတကာ အကူအညီေပးေရး ေအဂ်င္စီေတြကေန တဆင့္ ျမန္မာႏိုင္ငံကို အေရးေပၚ စားနပ္ရိကၡာနဲ႔ အဟာရ ေထာက္ပံ့ေရးအတြက္ လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီ ေဒၚလာ သန္း ၅ဝ ေပးလႉထားပါတယ္။ အဲဒီအကူအညီေတြကို USAID ကေန ကုလသမဂၢ စားနပ္ရိကၡာအစီအစဥ္ WFP နဲ႔အတူ ပူးေပါင္းေဆာင္႐ြက္ၿပီး ပဋိပကၡျဖစ္ပြားေနတဲ့ ျပည္နယ္ေတြက အစာအဟာရ ခ်ိဳ႕တဲ့ေနၾကတဲ့ လူေပါင္း ၇သိန္းခြဲေက်ာ္ကို ဆီကို ေပးပို႔သြားမွာျဖစ္ပါတယ္။ အဲဒီလို အကူအညီေပးတဲ့ ေငြေတြနဲ႔ ႏို႔တိုက္မိခင္ေတြ ၊ ၅ ႏွစ္ေအာက္ ကေလးငယ္ေတြနဲ႔ တျခားလိုအပ္ေနတဲ့ သူေတြအတြက္ကို အစာအဟာရ ရိကၡာေတြကို လစဥ္ ေထာက္ပံ့ကူညီဖို႔ အသုံးျပဳမွာျဖစ္ပါတယ္။
ေၾကာက္လန႔္ ဆင္းရဲၿပီး ေနထိုင္စားေသာက္ရတဲ့ ကေလးသူငယ္ေတြဟာ ႏိုင္ငံတႏိုင္ငံရဲ႕ အနာဂတ္အတြက္ ေကာင္းတဲ့ အေနအထားမဟုတ္ပါဘူး။ အေမရိကန္ျပည္ေထာင္စု အေနနဲ႔ ျမန္မာျပည္တဝွမ္း လိုအပ္ေနတဲ့ ျပည္သူေတြအတြက္ အသက္ဆက္ႏိုင္မယ့္ အေရးေပၚ အကူအညီေတြကို အျမန္ဆုံး ေပးအပ္သြားဖို႔ ဆက္လက္ သႏၷိဌာန္ခ်မွတ္ ထားသလို၊ ျမန္မာျပည္သူေတြအတြက္ အားလုံးပါဝင္တဲ့ အနာဂတ္ ဒီမိုကေရစီႏိုင္ငံကို ၿငိမ္းခ်မ္းစြာ ခ်ီတက္လႈပ္ရွားေနၾကသူေတြကိုလည္း ခ်ီးက်ဳးဂုဏ္ျပဳလိုက္ပါတယ္။
=== {{ UNICODE }} ===
မြန်မာကလေးငယ်တွေနဲ့ မိခင်တွေ အဟာရပြည့်ဝစေရေး အမေရိကန် ရည်မှန်းချက်
နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှုတွေနဲ့အတူ လက်နက်ကိုင် ပဋိပက္ခတွေဟာ စားနပ်ရိက္ခာ ဖူလုံမှုမရှိစေတဲ့ ထင်ရှားတဲ့ အကြောင်းရင်းတွေ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ်က အရပ်သား ရွေးကောက်ခံ အစိုးရကို စစ်တပ်ကနေ ဖြုတ်ချပြီး အာဏာသိမ်းလိုက်တဲ့အတွက် ပဋိပက္ခတွေ ဖြစ်ပွားလာပြီး နိုင်ငံတဝှမ်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေ သိသိသာသာ မြင့်တက်လာတာဟာလည်း အံ့သြစရာမဟုတ်ပါဘူး။ အဲဒါကြောင့် မူလကတည်းက စီးပွားရေး အခြေအနေဆိုးဝါးပြီး ဆင်းရဲမွဲတေမှုတွေ ကျယ်ပြန့်လာကာ ပြည်တွင်းဒုက္ခသည် ပြဿနာနဲ့ ကိုဗစ်ကပ် ရောဂါဒဏ်လည်း ခံနေရတဲ့ မြန်မာနိုင်ငံဟာ အခြေအနေတွေ ပိုမိုဆိုးဝါးလာပါတယ်။
မကြာသေးခင် ကုလသမဂ္ဂက ထုတ်ပြန်ထားတဲ့ ခြုံငုံသုံးသပ်ချက်အရ ဒီနှစ်မှာ နိုင်ငံတဝှမ်း လူ ၁၇ သန်းကျော်ဟာ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေပါတယ်။ ဒါဟာ နိုင်ငံလူဦးရေရဲ့ သုံးပုံတပုံဟာ ဖြစ်ပြီး စစ်တပ်က အာဏာမသိမ်းခင် ၂ဝ၂ဝ ပြည့်နှစ်က လူဦးရေ တသန်းအောက်ပဲ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်တဲ့ အခြေအနေနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ ဆိုလိုချင်တာက လက်ရှိ အခြေအနေအရ မြန်မာနိုင်ငံက လူ ၃ ဦးမှာ ၁ ဦးနှုန်းဟာ အထူးသဖြင့် ပဋိပက္ခတွေ ဖြစ်ပွားနေကြတဲ့ဒေသတွေမှာ နေထိုင်ကြသူတွေက တနေ့တာ လိုအပ်တဲ့ အဟာရပြည့်ဝ အစားစာတွေကို လုံလောက်အောင် မရရှိကြပါဘူး။ အဲဒီအထဲမှာ အထူးသဖြင့် အမျိုးသမီးတွေ၊ မိန်းကလေးတွေ ၊ သက်ကြီးရွယ်အိုတွေ ၊ မသန်းစွမ်းသူတွေနဲ့ လူနည်းစုတွေဟာ အဆိုးဝါးဆုံး ခံစားကြရပါတယ်။
အဲဒီလို အဟာရ ချို့တဲ့မှုဒဏ်ကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ ၊ နို့စို့ကလေးမိခင်တွေ ၊ ကလေးသူငယ်တွေ အထူးသဖြင့် ၅ နှစ်အောက် ကလေးငယ်တွေမှာ နောက်ဆက်တွဲ ပြဿနာတွေ ပိုပြီး ထူးထူးခြားခြား ကြုံတွေ့ကြရပါတယ်။ ဘာကြောင့်လည်းဆိုတော့ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်နေရစဉ်မှာ အစာအဟာရ ပိုမိုလိုအပ်ပြီး ကလေးမွေးဖွားရင်လည်း ပထမ ၆ လအတွင်းမှာ မိခင်နို့ တိုက်ဖို့ လိုအပ်ပါတယ်။ အဲဒီလို မိခင် ရင်ခွင်ပိုက်အရွယ်မှာ အဟာရပြည့်ဝမှသာ ကလေးဟာ ခန္ဒာကိုယ်နဲ့ ဦးနှောက် ဖွံ့ဖြိုးလာမှာ ဖြစ်ပါတယ်။ ဆိုလိုတာက နို့စို့ကလေးမိခင်တွေနဲ့ ကလေးငယ်တွေမှာ အစာအဟာရ ပြည့်ဝမှသာ မွေးဖွားလာတဲ့ ကလေးငယ်တွေဟာ ခန္ဓာကိုယ် ၊ ဦးနှောက် ဖွံ့ဖြိုးပြီး ကိုယ်ခံအားလည်း ပြည့်ဝလာကာ ရောဂါပိုးမွှားတွေကိုလည်း ကာကွယ်နိုင်မှာဖြစ်သလို ဉာဏ်ရည်လည်း မနှိမ့်ကျပဲ ပညာသင်ကြားရေးတွေမှာလည်း အထောက်အကူဖြစ်စေတယ်လို့ UNICEF ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ က ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် အမေရိကန် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီ USAID ဒါမှမဟုတ် အခြားနိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီတွေကနေ တဆင့် မြန်မာနိုင်ငံကို အရေးပေါ် စားနပ်ရိက္ခာနဲ့ အဟာရ ထောက်ပံ့ရေးအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ဒေါ်လာ သန်း ၅ဝ ပေးလှူထားပါတယ်။ အဲဒီအကူအညီတွေကို USAID ကနေ ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် WFP နဲ့အတူ ပူးပေါင်းဆောင်ရွက်ပြီး ပဋိပက္ခဖြစ်ပွားနေတဲ့ ပြည်နယ်တွေက အစာအဟာရ ချို့တဲ့နေကြတဲ့ လူပေါင်း ၇သိန်းခွဲကျော်ကို ဆီကို ပေးပို့သွားမှာဖြစ်ပါတယ်။ အဲဒီလို အကူအညီပေးတဲ့ ငွေတွေနဲ့ နို့တိုက်မိခင်တွေ ၊ ၅ နှစ်အောက် ကလေးငယ်တွေနဲ့ တခြားလိုအပ်နေတဲ့ သူတွေအတွက်ကို အစာအဟာရ ရိက္ခာတွေကို လစဉ် ထောက်ပံ့ကူညီဖို့ အသုံးပြုမှာဖြစ်ပါတယ်။
ကြောက်လန့် ဆင်းရဲပြီး နေထိုင်စားသောက်ရတဲ့ ကလေးသူငယ်တွေဟာ နိုင်ငံတနိုင်ငံရဲ့ အနာဂတ်အတွက် ကောင်းတဲ့ အနေအထားမဟုတ်ပါဘူး။ အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာပြည်တဝှမ်း လိုအပ်နေတဲ့ ပြည်သူတွေအတွက် အသက်ဆက်နိုင်မယ့် အရေးပေါ် အကူအညီတွေကို အမြန်ဆုံး ပေးအပ်သွားဖို့ ဆက်လက် သန္နိဌာန်ချမှတ် ထားသလို၊ မြန်မာပြည်သူတွေအတွက် အားလုံးပါဝင်တဲ့ အနာဂတ် ဒီမိုကရေစီနိုင်ငံကို ငြိမ်းချမ်းစွာ ချီတက်လှုပ်ရှားနေကြသူတွေကိုလည်း ချီးကျုးဂုဏ်ပြုလိုက်ပါတယ်။