Accessibility links

Breaking News

ဘာသာရေးဖိနှိပ်မှု ရပ်တံ့ဖို့ မြန်မာစစ်ကောင်စီကို ကန်တောင်းဆို


KBC kachin Rev Dr Hkalam Samson
KBC kachin Rev Dr Hkalam Samson
ဘာသာရေးဖိနှိပ်မှု ရပ်တံ့ဖို့ မြန်မာစစ်ကောင်စီကို ကန်တောင်းဆို
please wait

No media source currently available

0:00 0:03:26 0:00

ဘာသာရေးဖိနှိပ်မှု ရပ်တံ့ဖို့ မြန်မာစစ်ကောင်စီကို ကန်တောင်းဆို


မြန်မာစစ်တပ်ဟာ ထင်ရှားတဲ့ ခရစ်ယာန် သင်းအုပ်ဆရာ ကချင်တိုင်းရင်းသား ခေါင်းဆောင်တဦးကို လျှို့ဝှက်ရုံးတင်စစ်ဆေးပြီးနောက် ထောင်ဒဏ် (၆) နှစ် ချမှတ်ခဲ့တာကို အမေရိကန်ပြည်ထောင်စုက “စစ်တပ်က ဦးဆောင်ပြီး၊ ဖန်တီး ထားတဲ့ အကြမ်းဖက်ဝါဒ စွဲချက်တွေနဲ့၊ တရားမဝင် အသင်းအပင်း ဖွဲ့စည်းမှု၊ စစ်အစိုးရကို ဆန့်ကျင်ဖို့ လှုံ့ဆော်မှု” လို့ သတ်မှတ်ပါတယ်။

ခရစ်ယာန်ပြက္ခဒိန်ရဲ့ အမြင့်မြတ်ဆုံးနေ့တွေထဲက တခုဖြစ်တဲ့ Good Friday သန့်ရှင်းတဲ့ မဟာသောကြာနေ့ကြီး ကျရောက်တဲ့ ဧပြီလ ၇ ရက်နေ့မှာ သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စီရင်ချက်ချခဲ့ပါတယ်။ မေလ ၂ ရက်နေ့မှာ အဲဒီတရားရုံးကပဲ သူ့ရဲ့ အယူခံဝင်မှုကို ပယ်ချခဲ့ပါတယ်။

သူ့ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုက တောင်းဆိုထားပါတတယ်။

သိက္ခာတော်ရ ဒေါက်တာ ဆမ်ဆွန်ဟာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းဘာသာရေး ခေါင်းဆောင် ပုဂ္ဂိုလ်တွေထဲက တဦးဖြစ်ပါတယ်။ သူဟာ ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ရဲ့ အကြံပေး ပုဂ္ဂိုလ်ဖြစ်သလို အဲဒီအဖွဲ့မှာ ဆယ်စုနှစ်တစ်ခုကြာ ဥက္ကဋ္ဌနဲ့ အထွေထွေအတွင်းရေးမှူး တာဝန်တွေထမ်းဆောင်ခဲ့ပါတယ်။ သူဟာ ကချင်အမျိုးသား အတိုင်ပင်ခံ လွှတ်တော်ရဲ့ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။

သိက္ခာတော်ရ ဒေါက်တာ ဆမ်ဆွန်ဟာ ဘာသာပေါင်းစုံက လူများအတွက် ဘာသာရေးလွတ်လပ်ခွင့် အပါအဝင် လူ့အခွင့်အရေးအတွက် ထောက်ခံအားပေးသူ အဖြစ် ကျော်ကြားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အလုပ်တွေကြောင့်လည်း သူ့ကို လူသိများပါတယ်။ ၂၀၂၂ ခုနှစ် အောက်တိုဘာလတုန်းက ဖားကန့်မြို့နယ်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၆၀ သေဆုံးခဲ့ရပြီး အဲဒီ ဖြစ်စဉ်မှာ ထိခိုက် သေဆုံး ဒဏ်ရာရရှိသူတွေ အတွက် ကျန်းမာရေး စောင့်ရှောက်မှု ရရှိရေးနဲ့ ဈာပနအခမ်းအနားပြုလုပ်နိုင်ဖို့ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နောက်ပိုင်းမှာ သေဆုံးသူတွေ အဝွက် ကချင်ပြည်နယ် မြို့တော်မှာ ဆုတောင်းပွဲပြုလုပ်ပေးခဲ့ပါတယ်တယ်။

ကြေညာချက်တခုမှာ အမေရိကန်နိုင်ငံခြားရေးဌာန ဒုတိယပြောခွင့်ရ ဗေးဒန့်ပတေး (Vedant Patel) က မြန်မာပြည်က ရက်စက်ကြမ်းကြုတ်တဲ့ စစ်အစိုးရဟာ ဒေါက်တာ ဆမ်ဆွန်ရဲ့ ရဲရင့်တဲ့ လုပ်ဆောင်မှုတွေ အတွက် ပစ်မှတ်ထားနေတယ်လို့ ပြောခဲ့ပါတယ်။ သိက္ခာတော်ရ ဒေါက်တာ ဆမ်ဆွန်ဟာ ကချင်ခရစ်ယာန်များနဲ့ မြန်မာနိုင်ငံတဝန်းလုံးရှိ ခရစ်ယာန်ဘာသာဝင်တွေ အတွက် ငြိမ်းချမ်းရေး ကြိုးပမ်းအားထုတ်မှု၊ မူးယစ်ဆေးဝါး ပပျောက်ရေး၊ တရားမျှတမှုနဲ့ သာတူညီမျှရေး၊ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ကချင်လူမျိုး တသိန်းကျော် ဆန္ဒအလျောက် ဘေးကင်းလုံခြုစွာနဲ့ နေရပ်ပြန်နိုင်ရေး ကူညီဆောင်ရွက်ပေးရေးတွေမှာ သူ့ ရဲ့ သင်းအုပ်ဆရာ ဘဝကို မြှုပ်နှံထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ နောက်ဆုံး ထုတ်ပြန်ထားတဲ့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာမှာ ၁၉၉၉ ခုနှစ် ကတည်း မြန်မာနိုင်ငံဟာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် အပေါ် ပြင်းပြင်းထန်ထန် ချိုးဖောက်နေခြင်းကြောင့် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အက်ဥပဒေ ၁၉၉၈ အရ ဘာသာရေး လွတ်လပ်ခွင့် “အထူး စိုးရိမ်ရ” တဲ့ နိုင်ငံ အဖြစ် သတ်မှတ်ခံရပါတယ်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့မှာလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံကို ဘာသာရေး လွတ်လပ်ခွင့် “အထူး စိုးရိမ်ရ” တဲ့ နိုင်ငံစာရင်းမှာ ပြန်လည်သတ်မှတ်ခဲ့ပါတယ်။။ သိက္ခာတော်ရ ဒေါက်တာ ဆမ်ဆွန် အပေါ် ပြင်းထန်ရက်စက်စွာ စီရင်ချက်ချခဲ့တာက အဲဒီလို သတ်မှတ်ချက်ချက်နဲ့ ထိုက်တန်ကြောင်း ပြသနေပါတယ်။
“မြန်မာပြည်တွင်းက ဘာသာရေး ဆောင်ရွက်သူတွေ၊ လူမှုအသိုင်းအဝိုင်းတွေနဲ့ ဘုရားကျောင်းတွေ အပေါ် ဖိနှိပ်မှုတွေ ရပ်တန့်ဖို့နဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ စစ်အစိုးရကို ကျနော်တို့ တိုက်တွန်းပါတယ်” လို့ ဒုတိယပြောရေးဆိုခွင့်ရှိသူ ပတေးက က ပြောပါတယ်။

XS
SM
MD
LG